Qari Yusof - Mawlamyine

Qari Yusof - Mawlamyine မကားမားသ် သံစဉ်(၇)မျိုး ဖတ်ရွတ်နည်းကို ရုပ်သံများဖြင့် ရှင်းလင်းသင်ကြားပို့ချပေးနေခြင်းဖြစ်ပါသည်

24/02/2026

ထိုင်းနိုင်ငံ နိုဖို မြို့ရှိ ဟဇရသ် မောင်လာနာ ကာရီ မိုဟမ္မဒ် ယူဆွဖ်ဆွာဟစ်ဗ်၏
ကျောင်းတော် ဟာဖိဇ်ွကာရီ ဘွဲ့နှင်းသဘင်၌
ကာရီဘွဲ့ စနဒ် ချီးမြှင့်ရန်ရောက်ရှိခိုက်
ရှေဟောင်းအဆိုကဗျာပညာရှင်ကြီး
ကာရီ ဝဟီဒ် ဇဖရ် ကာစိမီ ၏အကျော်ကြားဆုံး ကဗျာ الصبح بد من طلعته ကို
နိုဖိုတောင်ပေါ်၌ ချစ်တပည့် ဟာဂျီ ဟာဖိဇ် ကာရီ ဇိုဘိုင်ရ် ဆွာဟိဗ် နှင့်အတူ သီဆိုခံစားခဲ့ကြသည်၊

Qari Yusof - Mawlamyine

ကျွန်တော် ကာရီ ယူစွဖ် ဆွာဟိဗ် (မောင်ငံ)ရဲ့ မိခင်ကြီးအလ္လာဟ်အရှင်မြတ် အမိန့်ခံယူသွားပါပြီ။မဂ်ဖိရသ်အတွက်အားလုံးပဲ ဒိုအာမှာ...
11/10/2025

ကျွန်တော် ကာရီ ယူစွဖ် ဆွာဟိဗ် (မောင်ငံ)ရဲ့ မိခင်ကြီး
အလ္လာဟ်အရှင်မြတ် အမိန့်ခံယူသွားပါပြီ။

မဂ်ဖိရသ်အတွက်အားလုံးပဲ ဒိုအာမှာသတိရပေးကြပါ။

Qari Yusof - Mawlamyine

 #ဗိစ်မိဟီးတအားလား ----------------------- #ဒုတိယအကြိမ် ဒုတိယဂရု အဆင့်မြင့်မကာမားသ် (ဟွစ်နိကိရာအသ်ဖတ်ရွတ်နည်း)သင်တန်းဖိတ...
12/09/2025

#ဗိစ်မိဟီးတအားလား
-----------------------
#ဒုတိယအကြိမ် ဒုတိယဂရု အဆင့်မြင့်မကာမားသ်
(ဟွစ်နိကိရာအသ်ဖတ်ရွတ်နည်း)သင်တန်းဖိတ်ခေါ်ခြင်း။

#အစဥ်ချစ်ခင်ကြည်ညိုလေးစားရပါသော သူတော်စဥ်
အပေါင်းတို့ခင်များ

#ကျွန်တော်များ အဆင့်မြင့်မကာမားသ် (ဟွစ်နိကိရာအသ်
ဖတ်ရွတ်နည်း)ပညာရပ်နှင့်သဂျ်ဝီးဒ်ပညာရပ် တယ်လီဂရမ်ဂရုတွင် ကာရီ/ကာရီအဟ် သင်တန်းကို လူဦးရည်
အကန့်သက်ဖြင့် ၁၅.၉.၂၀၂၅ (တနင်္လာနေ့) ၌စတင်သင်ကြားပို့ချပေးသွားတော့မည်ဖြစ်သည်အတွက်ကြောင့်
ယခုအချိန်မှစ၍ စရင်းပေးသွင်းကြပါရန် အသိပေး
နိုး​​ဆော်လိုက်ရပါသည် ။

#မှတ်ချက်
#ကာရီ/ကာရီအဟ် ဘွဲ့စနဒ်ရယူရန် သင်တန်းတက်ရောက်မည့် သင်တန်းသား သင်တန်းသူများကိုအထူးအသိပေး
လိုသည်မှာ ကမ္ဘာအဆင့်မှီ မကာမားသ် ကိရာအသ်
အကယ်ဒမီကာရီသင်တန်းသည် အလွန်ခက်ခဲနက်နည်း
သည့်ပညာရပ်ဖြစ်သည့်အတွက်ကြောင့် သင်ခန်းစာ
ပို့ချမှု့တစ်ခုအား လေးငါးဆယ်ကြိမ်မျှလောက် နားထောင်
ကျက်မှတ်လိုက်ယုံဖြင့် မရရှိနိုင်ပါ။ အခေါက်ရေ ရာဂဏန်း
လောက်မျှကျက်မှတ်လေ့ကျင့်ရယူနိုင်မှသာလျှင်ရရှိ
နိုင်ပါမည် ။

#အမှန်တကယ် အားထုတ်ကျက်မှတ်လေ့ကျင့်နိုင်သူ
ကာရီ/ကာရီအဟ် လောင်းများအနေဖြစ်သာလျှင်
စရင်းပေးသွင်းကြဖို့ လေးစားစွာဖြင့် အသိပေးအကြောင်း
ကြားအပ်ပါသည် ။

#သင်တန်းတက်လိုသူများအနေဖြင့် ဤဖုန်းနံပတ်ကို
ဆက်သွယ်စာရင်း​ပေးကြပါရန် 09 962 112 786

#သင်တန်းပို့ချမည့်သူ
#ပြည်တွင်းနှင့်နိုင်ငံတကာပြိုင်ပွဲများမှ ဂုဏ်ထူးဆောင်
ဆုကလပ်တံဆိပ်များ အိဂျာဇာဟ်စနဒ်ဘွဲ့များနှင့်
တမန်တော်(ဆွ)အထိ စနဒ်ဘွဲ့ရရှိထားသူ
#ကာရီမွက္က်ရီမုဟမ္မဒ်ယူစွဖ်မော်လမြိုင်မောင်ငံ

#မကာမားသ်
#ဟွစ်နိကိရာအသ်
Qari Yusof - Mawlamyine

16/05/2025

၁၆.၅.၂၀၂၅ သောကြာနေ့၊ الحمد للهအလ္လာဟ်အရှင့်
အသနားတော်၊အလ္လာဟ် အရှင့်အကူညီ၊
အလ္လာဟ်အရှင့် ရဟ်မသ်တော်ဖြင့်ကျွန်တော်တို့ရဲ့
အဆင့်မြင့် သဂ်ျဝီးဒ် အွန်လိုင်းပို့ချမှုနှင့် အဆင့်မြင့်
မကာမာသ်(ဟွစ်နိကိရာမသ် ဖတ်နည်း)အွန်လိုင်း
ပို့ချမှု ကာရီ သင်တန်းကို ၁၅_၅_၂၀၂၅ ကြာသပတေးနေ့မှ
စတင်၍ပို့ချနေပြီဖြစ်ပါတယ်။
ယခုအချိန်အစပိုင်းမှာလည်း ဝါသနာကြီးပြီ သင်တန်းမှ
ပို့ချပေးလိုက်သည့် အဆင့်မြင့်သဂ်ျဝီးဒ် ဥပဒေများနှင့် အဆင့်မြင့် မကာမာသ်ဥပဒေများကိုကျက်မှတ် အချိန်ပေး
လေ့ကျင့်နိုင့်နိုင်သူများအနေဖြင့် ကွန်မန့်တွင်ပေးထားသော
QR Code အတွင်းဝင်ရောက်၍ လစဥ်‌သင်တန်းကြေးပေးဆောင်ကာ စာရင်းပေးသွင့်လို့ရပါသေးသည်။

Qari Yusof - Mawlamyine

 #အဆင့်မြင့်မကာမာသ်နှင့် သဂ်ျဝီးဒ် ပညာတို့အားအလွန်ကောင်းစွာသင်ယူဆည်းပူးနိုင်သူဖြစ်မှသာအဆင့်မြင့် ကာရီ ဘွဲ့ကိုထိုက်တန်စွာ...
13/05/2025

#အဆင့်မြင့်မကာမာသ်နှင့် သဂ်ျဝီးဒ် ပညာတို့အား
အလွန်ကောင်းစွာသင်ယူဆည်းပူးနိုင်သူဖြစ်မှသာ
အဆင့်မြင့် ကာရီ ဘွဲ့ကိုထိုက်တန်စွာရရှိသူဖြစ်မည်။
ဤ ကုတ် Scan ယူပြီသင်တန်းထဲသို့ဝင်ပေးပါ။
သင်တန်းကို May 5 လပိုင်း 15 ရက်နေ့
စပါမည်။ا
အင်ရှာအလ္လာဟ်
အလ္လာဟ်အရှင့်အသနားတော်ဖြင့်ကူညီတော်မူပါ အာမီန်း

Qari Yusof - Mawlamyine

24/04/2025

၂၀၂၅ခုနှစ် အွန်လိုင်း ကာရီအမြင့်သင်တန်း
ကျေးဇူးပြု၍ ဗီဒီယိုအားစဆုံးကောင်းစွာကြည့်ပြီး
ကောင်းစွာ ကျက်မှတ်လေ့ကျင့်နိုင်မှသာလျင် သင်တန်းတက်ပေးပါနော် စိတ်မဆိုးနဲ့နော်

ဒီလိုပြောလိုက်လို့ ခွင့်လွှတ်ပေးပါနော်။
မကာမာသ် ပညာကိုမလိုက်နိုင်မှာဆိုးလို့ပါ
အလ်ဟမ်ဒိုလိလ္လာဟ် ဘားရကလ္လာဟ်

သင်တန်းတက်မည့်သူများကွန်မန့်က QR Code ကို
စကန်ဖတ်ပြီး Group Join ပေးပါ။

ကျေးကျွန် မိုဟမ္မဒ် ယူဆွဖ် မော်လမြိုင်

28/06/2024

#အွန်လိုင်းဖြင့်အဆင့်မြင့်သဂ်ျဝီဒ်နှင့်ကမ္ဘာ့အဆင့်မီ မကာမာသ်(ဟွစ်နိကိရာအသ်ဖတ်ရွတ်နည်း)ပို့ချမှုကို
၁/၈/၂၀၂၄ နေ့၌စတင်၍ပို့ချပေးတော့မည်ဖြစ်ပါသည်

#သင်တန်းတက်ချင်သူများအောက်ပါ
၁၀ မိနစ်ကျော်ခန့်ရှိ့သည့်ဗီဒီယိုအားကြည့်ရှု
ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်
باركم الله جزاكم الله خيرا
ကျေးဇူးတင်ပါသည်၊
ကာရီ မွက္ကရီ မုဟမ္မဒ် ယူဆွဖ် အစ်အဒီ ရန်ကုန်၊
ဂျအ်ဖရီ မလေးရှား၊သွလ်ဘာဟီ အီဂျစ်နိုင်ငံ။

29/05/2024

#ဒီဂျစ်တယ်ရုပ်ပုံနှင့်စပ်လျဉ်းပြီးဒါရွလ်အူလူးမ်ကရာချီကျောင်းတော်ကြီး၏ ဖသဝါထုတ်ပြန်ချက်

#အမေး - ယနေ့ ခေတ်အခါ၌ TV ပေါ်တွင် အာလင်မ်များရဲ့ အစီအစဉ်တွေ လာနေပါတယ်။ ဒါနဲ့ပါတ်သက်ပြီး ရှရီအသ်ရဲ့ အမိန့်ပညတ်ချက် ဘယ်လို ရှိပါသလဲ။ ၄င်းအာလင်မ်များရဲ့ အစီအစဉ် ကြည့်ခွင့်ရှိပါသလား။
ဒီဂျစ်တယ် ရုပ်ပုံဟာ တားမြစ်ထားတဲ့ ရုပ်ပုံထဲမှာ ပါဝင်ပါသလား။ ဒါနဲ့ ပါတ်သက်ပြီး လူကြီးမင်းတို့ရဲ့ အမြင်ဘယ်လိုရှိပါသလဲ။

#အဖြေ။ အီလက်ထရောနစ် မီဒီယာ တစ်နည်းအားဖြင့် ရုပ်မြင်သံကြား အစရှိသည်တို့တွင် ဂိုနဟ်နှင့်မကင်းသော၊ အရှက်တရားမဲ့သော၊ ကိုယ်ကျင့်တရားပျက်ယွင်းသော အစရှိသည့် ကဏ္ဍများဖြင့် ပြည့်နှက်လျှက်ရှိပါတယ်။ ရှရီအသ်တရားတော်နဲ့ မဆန့်ကျင်တဲ့ကဏ္ဍတွေဟာ ရုပ်မြင်သံကြားတွေမှာ အလွန်ပင် ရှားပါးလှပါတယ်။ ဒါကြောင့် TV အိမ်မှာ ထားခြင်းဟာ ဖော်ပြပါ ဂိုနဟ်တွေနဲ့ မကင်းနိုင်တာကြောင့် လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။

#မေးခွန်းပါမေးမြန်းချက်ကိုဖြေရလျှင် TV နှင့် ဒီဂျစ်တယ် ကင်မရာများ၌ မြင်ရသော အရာသည် ရုပ်ပုံရဲ့ အမိန့်ထဲမှာ ပါဝင်သလား/ မပါဝင်သလား ဆိုတာဟာ အကယ်၍ ၄င်းအရာများကို စက္ကူပေါ် ပရင့်ထုတ်လိုက်မယ် ပုံနှိပ်လိုက်မယ်ဆိုရင် ရှရီအသ်အရ ရုပ်ပုံရဲ့အမိန့်ထဲ ပါဝင်သွားပါလိမ့်မယ်။

#အကယ်၍ ပရင့်ထုတ်တာ ပုံနှိပ်တာ မရှိသေးသ၍ (တစ်နည်း ဖန်သားပြင်၌ ရှိနေသော ပုံ) နှင့် စပ်လျဉ်းပြီး ခေတ်အခါရဲ့ ပညာရှင်များ အကြား အဆိုအမျိုးမျိုးရှိကြပါတယ်။

၁။
#အချို့ပညာရှင်တွေက ဒါကို (ဖန်သားပြင်ပေါ်က ပုံကိုလည်း) ရုပ်ပုံလို့သာ သတ်မှတ်ပါတယ်။

၂။
#အချို့ပညာရှင်တွေက ဒါကို (ဖန်သားပြင်ပေါ်က ပုံကို) ရုပ်ပုံလို့ မယူဆပါဘူး။

၃။
#အချို့ပညာရှင်တွေက ဒါကို (ဖန်သားပြင်ပေါ်က ပုံကို) ရုပ်ပုံလို့တော့ သတ်မှတ်တယ်။ သို့ပေမယ့် ရုပ်ပုံဟုတ်ခြင်း မဟုတ်ခြင်းအပေါ် ဖိကဟ်ပညာရှင်များအကြား အမြင်ကွဲပြားမှုရှိတဲ့အတွက် (မွဂျ်သဟဒ်ဖီးဟ်) လို့ သတ်မှတ်ကာ ရှရီအသ်အရ လိုအပ်ချက် (ဥပမာ ဂျိဟားဒ် အစရှိသဖြင့်) အခြေအနေတွေမှာ သုံးစွဲခြင်းခွင့်ပြုထားပါတယ်။

#ကျွန်ုပ်တို့ဓမ္မသတ်ဌာနမှပညာရှင်များ၏ ထံမှာ ဒုတိယအဆိုကို ပို၍ ဦးစားပေးပါတယ်။ အရာတစ်ခုခုအပေါ် ရိုက်နှပ်ထားတာ မရှိဘူးဆိုရင် (ဖန်သားပြင်ပေါ်က ပုံကို) ရုပ်ပုံလို့ မယူဆပါဘူး။ အခြေအနေ တစ်ခုအရ ကြည့်လျှင် ပထမအဆိုက ကျင့်သုံးရန် ပို၍ သင့်တော်ပြီး အခြေအနေ နောက်တစ်ခုအရ ကြည့်လျှင် ဒုတိယနှင့် တတိယအဆိုက ကျင့်သုံးရန် ပို၍ သင့်တော်ပါတယ်။

#ဘာကြောင့်လဲဆိုတော့ အစ္စလာမ်သာသနာကို ရန်သူတွေဟာ မီဒီယာကို အသုံးချပြီး စနစ်တကျ တိုက်ခိုက်လျှက်ရှိပါတယ်။ ဒါတွေကို ပြန်လည်ချေပဖို့က အွမ္မသ်အပေါ်တာဝန်ရှိပါတယ်။ ဒီတာဝန်ကို ကျေပွန်ဖို့အတွက် အီလက်ထရောနစ်မီဒီယာ/ တယ်လီဗွီးရှင်းကို သုံးစွဲလာဖို့လည်း လိုအပ်ပါတယ်။

#ဒါကြောင့်ဖော်ပြပါ အဆို (၃) ရပ်အရ ဘယ်အဆိုအပေါ်မှာ မဆို ကျင့်သုံးခွင့်ရှိပါတယ်။ဒီ အဆိုအားလုံးပေါ်မှာ ရပ်တည်နေတဲ့ ပညာရှင်တိုင်းဟာ ကျွန်တော်တို့ လေးစားကည်ညိုထိုက်သူတွေပါ။ ဘယ်သူ့ကို မှ ဝေဖန် ပြစ်တင်ခွင့်မရှိပါဘူး။

#ဖြေကြားသူ
#မှဖျသီသကီးအုစျမာနီ
ဓမ္မသတ်မှူးနှင့် ဒု/ကျောင်းအုပ်
ဒါရုလ်အူလူးမ် ကရာချီ

#ထောက်ခံသူများ

#မွဖ်သီရဖီးအ်အုစ်မာနီ (ဓမ္မသတ်မှူး)
#မွဖ်သီမဟ်မူးဒ်အရှ်ရဖ်အုစ်မာနီ (လက်ထောက်ဓမ္မသတ်မှူး)
#မွဖ်သီအဗ်ဒွရ်ရအူးဖ်စခရ်ဝီ (လက်ထောက်ဓမ္မသတ်မှူး)
#မွဖ်သီအဗ်ဒုလ်မနားန် (လက်ထောက်ဓမ္မသတ်မှူး)

The Lamp Of Islamic Deen

28/05/2024

#မလေးရှားနိုင်ငံသားများနှင့်အတူ #လန်ကာဝီပင်လယ်ကမ်းဘေး၌
#ဟွစ်နိကိရာအသ်ဖတ်ရွတ်မှု

#ကာရီယူစွဖ်

Qari Yusof - Mawlamyine

 #လောင်နေတဲ့သူတွေအတွက်
27/05/2024

#လောင်နေတဲ့သူတွေအတွက်

ကျွန်တော်ရဲ့ ကိုယ်ပိုင် Youtube Channel ပျက်သွားတဲ့အတွက် ယခုအသစ် Channel လေးကို Subscribeပြန်လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပ...
08/09/2023

ကျွန်တော်ရဲ့ ကိုယ်ပိုင် Youtube Channel ပျက်သွားတဲ့အတွက် ယခုအသစ် Channel လေးကို Subscribe
ပြန်လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

Share your videos with friends, family, and the world

ที่อยู่

Ban Muang Thi

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Qari Yusof - Mawlamyineผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท