22/08/2026
📢 ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ မင်္ဂလာပွဲတော် ဖိတ်ကြားခြင်း
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ပရပ်ကွက် (၈)၊ ခြေတော်ရာ သင်္ဘောဦးဆိပ်တောရကျောင်းတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ မင်္ဂလာပွဲတော်ကို အောက်ပါအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
📅 ဩဂုတ်လ ၂၂ ရက်၊ ည ၇:၀၀ နာရီ
• လိပ်ပြာခေါ်ခြင်း အစီအစဉ်
• ကရင်တေးသံရှင်များ၏ တေးဂီတဖျော်ဖြေတင်ဆက်မှုများ
📅 ဩဂုတ်လ ၂၃ ရက်၊ နံနက် ၇:၀၀ နာရီ
• လိပ်ပြာခေါ်ခြင်း အစီအစဉ်
• ကရင်ရိုးရာ လက်ချည် မင်္ဂလာအခမ်းအနား ကျင်းပခြင်း
• ကရင်တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ
• ကရင်ဒုံးအဖွဲ့များ၏ ရိုးရာဒုံးအကဖြင့် ဖျော်ဖြေတင်ဆက်ခြင်း
ထိုသို့ ကရင်ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းဖော်ထုတ်ကာ အစဉ်အလာမပျက် ဆက်လက်ကျင်းပနိုင်ရန်အတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး မိသားစုများနှင့်အတူ တက်ရောက်ပူးပေါင်းပါဝင်၍ မင်္ဂလာအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ဆင်နွှဲပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
“ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းကြစို့၊ စည်းလုံးညီညွတ်စွာ မင်္ဂလာယူကြစို့”
အားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။ 🙏🌿