ECCD & MIND Education

ECCD & MIND Education

แชร์

ECCD,
Mind Education,
Child psychology
PRE-KG ,KG,Lessonplan ရေးဆွဲနည်းများ
Art & Activity Learning Center
သင်ကြားခြင်း၊ ဆွေးနွေးခြင်းများ။

27/05/2026

ချစ်စရာ ငှက်ရုပ်ကလေး ခေါက်ကြမယ်

26/05/2026

ကလေးငယ် ဆူပူအော်ဟစ်ကာပြန်လည်ပြောဆိုတတ်တာ ဘယ်လို ပြုပြင်ရမလဲ????

24/05/2026

ကလေးငယ် အော်ဟစ်ဆူပူကာ မိဘအပေါ်ကဘာကြောင့်ပြန်ပြောရသလဲ???

အဓိကအကြောင်းရင်းများ အပိုင်း(၁)

(က) အာရုံစူးစိုက်မှုကို မကျေနပ်လို့ (နည်းလမ်းမှားနဲ့ တောင်းဆိုခြင်း)😎

အိမ်/ကျောင်းတွင် ကလေးကို လုံလောက်အောင် သတိမထားမိ၊ နားမထောင်ခံရ၊ ချီးကျူးမခံရလျှင် “ပြန်ခံပြောခြင်း” က သူ့အတွက် အာရုံဖမ်းစားနည်းတစ်ခု ဖြစ်လာတတ်တယ်။

(ခ) အာဏာစမ်းသပ်ခြင်း (Power Testing)😵

အသက် ၃-၆ နှစ်ဝန်းကျင်တွင် “ငါလည်း ဆုံးဖြတ်လို့ရတယ်” ဆိုတာ စတင်သိလာတဲ့အခါ ဆရာ၊ မိဘကို တမင် ချေပပြောခြင်း ဟာ ကိုယ့်စွမ်းရည်ကို စမ်းသပ်တဲ့ သဘာဝအဆင့်တစ်ခုပါ။သူတို့အတွက် စမ်းသက်မှုတစ်ခုသက်သက်ပါ ။

(ဂ) စိတ်ဒဏ်ရာ သို့မဟုတ် မလုံခြုံသော ပတ်ဝန်းကျင်

အိမ်တွင် ရိုက်နှက်ခံရခြင်း၊ အော်ဟစ်ဆူပူမှုများရှိခြင်း၊ မိဘကိုယ်တိုင် ပြန်ခံပြောတတ်ခြင်းကို အတုယူခြင်း။
ကျောင်းတွင် အကြမ်းခံရ၊ မတရားဆက်ဆံခံရလျှင် “ကြိုတင်၍ ရန်လိုခြင်း” အနေနဲ့ ပတ်ဝန်းကျင်ကို အမြင်မကြည်ဆက်ဆံတတ်တယ်။

(ဃ) ခံစားချက်ဖော်ပြနည်းကို မသင်ယူရသေးခြင်း

“စိတ်ဆိုးတယ်၊ ဝမ်းနည်းတယ်၊ မကျေနပ်ဘူး” ကို စကားနဲ့ ပြေပြေလည်လည်ပြောတတ်အောင် မသင်ပေးရသေးလျှင် ပြန်ခံပြောခြင်း၊ ချေပခြင်း က သူ့အတွက် နည်းလမ်းတစ်ခု ဖြစ်သွား​ခြင်းဖြစ်ပါ တယ်။
ဘယ်လိုပြုပြင်ရမလဲ အပိုင်ဲ(၂ )တွင်ဖော်ပြပါမည်

23/05/2026

"ပျော်ရွှင်သောစာသင်ခန်းသို့.ဖန်တီးခြင်း"အပိုင်း(၂)
(ဆရာ၏အခန်းကဏ္ဍ)

KGတန်းစတက်မည့်ကလေးများအတွက်
👉 ကြိုဆိုမှု ကို ထုံးတမ်းအဖြစ်
🌿 ပထမရက်တွင် ကလေးတိုင်း မိဘနှင့်ခွဲခွာရသည်ကို စိတ်လှုပ်ရှားကြသည်။ တင်းကျပ်သော လုပ်စရာစာရင်းကို မပေးလိုက်ပါနှင့်။
🌿 စာသင်ခန်းဝင်တိုင်း ကြိုဆိုသည့် အပြုံးနှင့် ရိုးရှင်းသော လှုပ်ရှားမှု (လက်ခုပ်တီးခြင်း၊ “မင်္ဂလာပါ”ဟုပြုံးချိုသောအပြုအမူ၊ သီချင်းဆိုခြင်း) ကို နေ့စဉ်ပြုလုပ်ပါ။ ကလေးတိုင်း၏ နာမည်ကိုခေါ်ပြီး ကိုယ်ပိုင်ကြိုဆိုမှုခံရသည်ဟု ခံစားရအောင်ဂရုစိုက်ဖန်တီးပါ။

၄. စိတ်ခံစားမှုစီမံခန့်ခွဲရေး အတွက် ဘေးကင်းလုံခြုံသောနေရာ ဖြစ်စေခြင်း (ဆရာ၏အဓိကတာဝန်)

🌲 ငိုခြင်း၊ ရန်ဖြစ်ခြင်း၊ အရုပ်မျှမ​ဆော့ချင်ခြင်းတို့ကို “မကောင်းသောအပြုအမူ” ဟု တံဆိပ်ကပ်ခြင်းမပြုပါနှင့်။နားလည်သဘောပေါက်အောင်မျှဝေသုံးစွဲတတ်စေဖို့လေ့ကျင့်သင်ကြားပေးပါ ။

🌲“ဒေါသထွက်လျှင် လေရှူခန်း”၊ “ဝမ်းနည်းလျှင် ပွေ့ဖက်စရာ ဝက်ဝံရုပ်” ကဲ့သို့သော ခံစားချက်ဖြေလျှော့ရေး ကော်နာ ထားရှိပါ။ ကလေးကို “ငါငိုရတာ မမှားဘူး၊ ဒါပေမဲ့ ငါပြန်တည်ငြိမ်လာနိုင်တယ်” ဆိုတာ သင်ပေးပါ။

🌻 နေ့စဉ်အိမ်ပြန်ရောက်ချိန် ဆရာက “ဒီနေ့ကလေးရဲ့အပြုံးဆုံး အချိန်” ကို မှတ်စုတိုပေးပို့ပါ။ မိဘများက အိမ်တွင် “ဒီနေ့ကျောင်းမှာ ဘာအရောင်စုံနဲ့ ကစားခဲ့လဲ”"ဘာတွေလုပ်ခဲ့ရလဲ" စသည်ဖြင့်တစ်နေ့တာအတွေ့အကြုံကို မေးမြန်း ပါ။

✨ အနှစ်ချုပ်အားဖြင့်
ပျော်စရာ စာသင်ခန်းဆိုသည်မှာ – အသစ်အဆန်းကို ကြောက်ရွံ့စိတ် မရှိ၊ အမှားလုပ်ရဲသော လွတ်လပ်မှုရှိသော၊ ကစားတိုင်း သင်ယူမှုဖြစ်နေသော နေရာဖြစ်သည်။ ဆရာသည် ကလေးအတွက် ဒုတိယရင်ခွင်
အဖြစ်အားကိုးယုံကြည်လာအောင်ဆရာမှ သေချာသင်ယူသိမ်းသွင်းပါ။
Writer ECCD & MIND Education
Nyome Nyome

22/05/2026

ပျော်ရွှင်သောသင်ယူမှုသို့ ......အပိုင်း(၁)
KGတန်းကျောင်းစထားမည့်ကလေးများအတွက်(မိဘအခန်းကဏ္ဍ)

🌿 ကျောင်းကို “စည်းကမ်းကြီးတဲ့နေရာ” သို့မဟုတ် “မိဘနဲ့ခွဲထားခံရတဲ့နေရာ” အနေနဲ့ မပြောမိစေနဲ့။

🌿ကျောင်းသွားခြင်းကို “သူငယ်ချင်းအသစ်တွေနဲ့ ဆော့ရမယ်၊ ပုံပြင်နားထောင်ရမယ်” စသည်ဖြင့် စူးစမ်းစရာ စွန့်စားခန်းတစ်ခု သဖွယ် အဖြစ်ပြောပြပါ။

ကလေးကို ကျောင်းအကြောင်း ကြိုတင်ပြင်ဆင် မိတ်ဆက်​ပေးပြီး ကျောင်းမစမီ စာအုပ်ထဲက ကျောင်းပုံရိပ်များ၊ ကလေးသီချင်းများဖြင့် စိတ်ဝင်စားအောင် လုပ်ပါ။

ကစားခြင်းဖြင့်သင်ယူ စနစ် သေချာထည့်သွင်းခြင်း (မိဘ+ဆရာ ပူးပေါင်းဆောင်ရွက်ခြင်း)

🍀 စာအုပ်စာလုံးကို အလွန်အလေးပေးခြင်းသည် KG ကလေးအတွက် ဖိအားဖြစ်စေနိုင်ပါတယ် ဒါကြောင့်

🍀 သင်ခန်းစာတိုင်းကို ကစားကွက်၊ သဲပုံး၊ ရေကစားနည်း၊ ဆော့ပစ္စည်းများ ဖြင့် ပေါင်းစပ်ပါ။ ဥပမာ – “အက္ခရာ” ကို ရွှံ့စေးနယ်၍ သင်ပါ။ “ရေတွက်” ကို ပိတ်စလုံးများရေတွက်ပြီး သင်ပါ။ မိဘများအနေဖြင့် အိမ်တွင် ပြန်လည်ကစားပုံကို အလေးပေးပူးပေါင်းပေးပါ။
🌻 မိဘများက “ဒီနေ့ သင်ခန်းစာဘာသင်လဲ၊ စာမှားလား” ဟု အာရုံစိုက်မိပြီး ကလေး၏ပျော်ရွှင်မှုကို မေ့လျော့တတ်သည်။
🌻 နေ့စဉ်အိမ်ပြန်ရောက်ချိန် ဆရာက “ဒီနေ့ကလေးရဲ့အပြုံးဆုံး အချိန်” ကို မှတ်စုတိုပေးပို့ပါ။ မိဘများက အိမ်တွင် “ဒီနေ့ကျောင်းမှာ ဘာအရောင်စုံနဲ့ ကစားခဲ့လဲ” ဟု အတွေ့အကြုံကို မေးမြန်း ပါ။ အမှတ်ရပါစေ။ စာမေးပွဲအောင်ခြင်းမဟုတ်ဘဲ နေ့စဉ်အပြုံးလေးများကို ဂုဏ်ပြုပေးပါ။

✨ အနှစ်ချုပ်အားဖြင့်
ပျော်စရာ စာသင်ခန်းဆိုသည်မှာ – အသစ်အဆန်းကို ကြောက်ရွံ့စိတ် မရှိ၊ အမှားလုပ်ရဲသော လွတ်လပ်မှုရှိသော၊ ကစားတိုင်း သင်ယူမှုဖြစ်နေသော နေရာဖြစ်သည်။ မိဘနှင့်ဆရာ နှစ်ဦးစလုံး “ဤကလေးသည် ကျောင်းကိုချစ်စေချင်သည်” ဆိုသော ဘုံရည်မှန်းချက်တစ်ခုတည်းကို ထားပါ။ ထိုအခါ စာသင်ခန်းသည် ကလေးအတွက် ဒုတိယအိမ်လေးဖြစ်လာမည်။
ကျေးဇူးတင်ပါသည်။
ပျော်ရွှင်သောစာသင်ခန်းလေးပိုင်ဆိုင်ကြပါစေ

21/05/2026

စက္ကူပန်းကလေးပြုလုပ်ခြင်း
တီချယ်နဲ့အတူလိုက်လုပ်ကြည့်ရအောင်

19/05/2026

Thanks for being a top engager and making it on to my weekly engagement list! 🎉 လမင္းခ်စ္တဲ ၾကယ္ကေလး, Thet Hnin Aye, Daw Zin Mar Khaing, Mya Thinzar Kyaw, Wyne Chit Htoo, Tun Thiri Zaw, Ei Bo Bo Htun, Noon, Phyu Phyu Thin, Wai Wai, Khin Mar Cho, Kyaw Min Htay, Thin Thin Wai, Yin Min Paing

18/05/2026

🚫ကလေးတို့အတွက် မိဘများသတိပြုစရာ
သင်ရောအဲလိုအမှားမျိုးလုပ်မိနေပြီလား❌
ဘာတွေပြုပြင်ရမလဲ? ????‼‼‼‼‼
သိလိုသမျှ မှတ်ချက်​ရေး ပေးသွားနိုင်ပါတယ်ရှင့်🥰🥰

17/05/2026

စာသင်ချိန်ဘာကြောင့်မပျော်ရသလဲ?????????
👉👉👉 မေမေတို့မှာ အခက်ကြုံနေရပြီလား ဒီစာလေးဖတ်ကြည့်ပါရှင်.

🍀 ဒီနေ့တော့ စာသင်ချိန်ဆရာလာတာပျော်ပေမယ့်စာရေးစာသင်ဖို့ ငြင်းဆန်လာတဲ့ ကလေးမိဘနဲ့ ကလေးအကြောင်းသေချာမေးကြည့်တော့ တစ်ပတ်၅ရက် စာသင်ချိန်အပြည့် စာသင်ပြီးကျူရှင် ပိတ်ရက် online classတက်နေရကြောင်းသိရပြီး အချိန်နှစ်နာရီကြာဆွေးနွေးပြီးသကာလ မိဘတွေကို သိစေချင်တာလေးက စာသင်ခန်းဟာကလေးတို့အတွက်ပျော်စရာလေ့လာစရာမဖြစ်ဘဲ လောဘကြောင့်သူတို့မပျော်ရာ စာသင်ခန်းကို ကြောက်ရွံ့လာရတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်
🌿ကလေးစာသင်ဖို့ ငြင်းရတဲ့ အကြောင်းရင်းအချို့

၁. အနားမရှိလို့ ပင်ပန်းနေတာ
ကလေးက တစ်နေကုန် ကျောင်း၊ ကျောင်းစာ၊ အိမ်စာ၊ သင်တန်းတွေနဲ့ နေရတာ စိတ်ရော ကိုယ်ပါ ပင်ပန်းနေတတ်တယ်။ဥပမာ – ကျောင်းပြီးရင် အင်္ဂလိပ်သင်တန်း၊ အင်္ဂလိပ်ပြီးရင် စန္ဒယားသင်တန်း၊ ညနေကျရင် အိမ်စာ။ ဒီလိုဆိုရင် ကလေးက “စနေ၊ တနင်္ဂနွေ ဆရာနဲ့ထပ်သင်ရမှာလား” လို့တောင်း မျက်နှာငယ်သွားပြီး “မသင်တော့ဘူး” ပြောလိမ့်မယ်။ဒါကြောင့် မိဘအနေနဲ့ တစ်ပတ်ကို အနည်းဆုံး တစ်ရက် လုံးဝသင်တန်းကင်းတဲ့နေ့ ထားပေးဖို့လိုတယ်။

၂. မိဘရဲ့မျှော်လင့်ချက်ကြီးလွန်းလို့ ကြောက်စိတ်ဝင်တာ
မိဘက “ဒီဆရာနဲ့သင်ရင် ဂဏန်းတော့သေချာတက်ရမယ်”၊ “ငါ့သားက အခန်းအကြီးဆုံးဖြစ်ရမယ်” စသဖြင့် ရလဒ်ကိုပဲ အလေးပေးတယ်။ဥပမာ – ဆရာက “ဒီတစ်ပတ် အပိုင်းလေးတွေနဲ့ မိတ်ဆက်သင်မယ်” ဆိုတာနဲ့ မိဘက “ဒါဆို လာမယ့်စာမေးပွဲမှာ ၉၀ အထက်ရမှပေါ့” လို့ပြောတယ်။ ကလေးက “ငါအဲဒီလောက်မှတ်ရမှာလား” ဆိုတဲ့ ကြောက်စိတ်ဝင်လာပြီး မစခင်ကတည်းက “မသင်တော့ဘူး” လို့ ကာကွယ်ပြောတတ်တယ်။မိဘအနေနဲ့ ရလဒ်ထက် ကြိုးစားမှုကို ချီးကျူးပြီး “ကြိုးစားရင် ဝမ်းသာတယ်” လို့ပြောဖို့လိုပါတယ်။

၃. အားလပ်ချိန်မရှိလို့ ငြီးငွေ့လာတာ
မိဘက “အားလပ်ချိန်မရှိရအောင် သင်တန်းအပ်ထားတာ ကောင်းတယ်” ထင်ပေမယ့် ကလေးအတွက် ပျင်းရိဖို့၊ အိပ်မက်မက်ဖို့၊ သူငယ်ချင်းနဲ့ကစားဖို့ အချိန်လည်းလိုတယ်။ဥပမာ – ကျောင်းဆောင်ပိတ်ရက်ဆိုရင် နံနက် သင်္ချာ၊ နေ့လယ် အင်္ဂလိပ်၊ ညနေ ရေကူး၊ ည ပြန်အိမ်စာ။ ဒါဆိုရင် ကလေးက “ဆရာလာတိုင်း ငါ ထပ်ပင်ပန်းရမှာ” လို့တွေးပြီး “မသင်ဘူး” ပြောလိမ့်မယ်။မိဘအနေနဲ့ တစ်ပတ်ကို အနည်းဆုံး တစ်ရက် ဘာသင်တန်းမှမရှိတဲ့နေ့ ထားပေးဖို့လိုတယ်။

၄. ဖုန်းလုံးဝမသုံးရလို့ ခေတ်မီနည်းလမ်းတွေ လက်လွတ်ရတာ
မိဘတော်တော်များများက “ဖုန်းဆိုတာ ဂိမ်းနဲ့ TikTok ပဲ” ထင်တတ်ပေမယ့် တကယ်က YouTube မှာ သင်္ချာ၊ အင်္ဂလိပ်၊ သိပ္ပံသင်ခန်းစာကောင်းတွေ အများကြီးရှိတယ်။ဥပမာ – ဆရာက “ဒီသဒ္ဒါပုံစံကို YouTube မှာ ပြထားတဲ့ ဗီဒီယိုတိုလေး ပို့ပေးမယ်” ဆိုတာနဲ့ မိဘက “ဖုန်းလုံးဝမသုံးရဆိုပြီး ကန့်သတ်ထားလို့ မရဘူး” လို့ပြောရင် ကလေးက “အင်း ဟိုဗီဒီယိုတွေ ကြည့်ရင် လွယ်မှာ၊ ဒါပေမဲ့ မေမေဖုန်းပိတ်ထားတော့ ကျွန်တော်လည်းမသင်တော့ဘူး” ဆိုပြီး ငြင်းတတ်တယ်။မိဘအနေနဲ့ တစ်နေ့ကို ၃၀-၆၀ မိနစ် ပညာရေးအတွက် ဖုန်းသုံးခွင့်ပြုပြီး အတူကြည့်ပေးဖို့လိုတယ်။

၅. စာမလုပ်ရင် ချက်ချင်းဆူလို့ ကြောက်တာ
မိဘတွေက “စာမလုပ်ရင် အနာဂါတ်ပျက်မယ်၊ ငါတို့ အရှက်ကွဲမယ်” ဆိုတဲ့ကြောက်စိတ်နဲ့ ဆူတတ်ကြတယ်။ဥပမာ – ကလေးက တစ်ခါတစ်လေ “ဒီနေ့ နည်းနည်းမောလို့ ဆရာလာရင် တောင်းပန်ပြီး နားချင်တယ်” ဆိုရင် မိဘက “နားမရဘူး၊ ငါပိုက်ဆံပေးထားတယ်၊ မသင်ရင် ဖုန်းသိမ်းမယ်” စသည်ဖြင့် ဆူပါတယ်။ ဒါကြောင့် ကလေးက နောက်တစ်ခါ “မသင်ဘူး” လို့ ရှေ့ကတည်းက ပြောပြီး အဆူခံရချိန်ကို ရှောင်တတ်တယ်။မိဘအနေနဲ့ စာမလုပ်တဲ့အခါ “ဘာလို့မလုပ်ချင်တာလဲ” လို့ စိတ်ရှည်လက်ရှည်မေးပြီး အတူတူဖြေရှင်းဖို့လိုပါတယ်။အဆင်ပြေကြပါစေရှင့်
ဖတ်ရှုအားပေးသူတိုင်းကျေးဇူးတင်စွာဖြင့် (သိလိုတာများလည်းမေးမြန်း​ဆွေးနွေးနိုင်ပါတယ်ရှင့်)
Writer ECCD & MIND Education Nyome Nyome

15/05/2026

" စိန်ရိုင်းတုံးလေးပမာ"
ကလေးတို့ရေ.........
🌿 လူသားတွေက စိန်အရိုင်းတုံးနဲ့သိပ်တူ​​ကြပါတယ်......
🌿 ၅၈ ထောင့်ပါတဲ့ တဖျက်ဖျက်လက်နေတဲ့စိန်တုံး ဖြစ်ဖို့ကတော့ ကိုယ်တိုင်က သင်ယူထားသမျှ အသိပညာအတတ်ပညာတွေနဲ့ ကိုယ်တိုင်မလိုတာတွေ ဖြတ်တောက် သွေးတတ်မှရပါမယ်.......
🌿 တန်ဖိုးရှိ ကျောက်တစ်ပွင့်ဖြစ်ဖို့ ကိုယ်တိုင်က အဆိပ်အတောက်ဖြစ်စေမယ့်စိတ်၊အကျင့် ၊အလုပ်တွေကို ဖြတ်တောက်ထုတ်ပစ်သင့်ထုတ်ပစ်မှသာ ၅၈မျက်နှာပါတဲ့ တောက်ပတဲ့ စိန်ပွင့်လေးဖြစ်လာမှာပါ...........
🌿 အသိပညာ၊ အတတ်ပညာ၊ စိတ်ထားတွေကို ငယ်စဥ်က​စေလို့ သင်ယူနေချိန် ကလေးဘဝကစပြီး လက်ရှိချိန်ထိ အသိတရားဆိုတဲ့ ကျောက်သွေး လက်နက်က သင့်လက်ထဲမှာပိုင်ဆိုင်ထားတာမို့ ကိုယ့်တန်ဖိုးအတွက် ကိုယ်တိုင်ကသာ သွေးပြီးပြုပြင်လိုက်ပါ..........
တောက်ပသောစိန်ပွင့်များဖြစ်ကြပါစေ ......
Writer ECCD & MIND Education
Nyome Nyome

13/05/2026

"လူကြီးအစ ကလေး က"

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Ban Bang Na?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่


Bangkok, Thiland
Ban Bang Na