Merchandisers' Life

Merchandisers' Life အထည်ချုပ်လုပ်ငန်းနဲ့ပတ်သက်ပြီး တတ်သိသလောက် အသိပညာများအား ကြယ်ငါးအဖြစ်သာ မျှဝေပါသည်။

ထိုင်းမှာ အလုပ်လာလုပ်မယ်ဆိုရင် ဘာ visa လျှောက်ရမလဲ ???အလုပ်အတွက်နဲ့ဆိုရင် passport type ကို အရင်ကြည့်ရပါတယ်။ PJ ဆိုရင် M...
12/08/2026

ထိုင်းမှာ အလုပ်လာလုပ်မယ်ဆိုရင် ဘာ visa လျှောက်ရမလဲ ???

အလုပ်အတွက်နဲ့ဆိုရင် passport type ကို အရင်ကြည့်ရပါတယ်။ PJ ဆိုရင် MOU တွေနဲ့ လာကြတော့ ပြဿနာ သိပ်မရှိပါဘူး။

PV ဖြစ်ပြီး ဘတ်လည်းမရိုက်ချင်ဘူး ဆိုရင် Non-B နဲ့ပဲ အလုပ်လုပ်လို့ရပါတယ်။

Non-B အတွက်ကတော့ company က လျှောက်ပေးတာ သို့မဟုတ် agent တွေနဲ့ လျှောက်လို့ရပါတယ်။

Non-B လျှောက်တာက တစ်ခါတစ်လေ ၂-၃ လ လောက် အေးဆေးဖြစ်တတ်လို့ ဒီကြားထဲမှာ ထိုင်းကို အရင်ဆုံး 14days နဲ့လာရင်လာ သို့မဟုတ် မြန်မာမှာကတည်းက တစ်ခါတည်း tourist visa 2 months လျှောက်ခဲ့လို့ ရပါတယ်။

ဒါဆို ကိုယ်က ဒီဘက်ကို ရောက်ပြီးရင် company က
၂-၃လ အတွင်း Non-B visa လျှောက်ပေးပါမယ်။ ဒါဆို work permit ရပြီး တရားဝင် အလုပ်လုပ်လို့ရပါပြီ။

မြန်မာဘက်ကနေ tourist visa နဲ့မလာချင်ရင် 14days နဲ့ အရင်လာလို့ရပါတယ်။ ၁၄ ရက် မတိုင်ခင် လာအိုဘက်ကို ထွက်ပြီး Tourist visa 2 months လျှောက်လို့ရပါတယ်။ ပြီးမှ ထိုင်းကို ပြန်လာပြီး ပထမ process အတိုင်း Non-B လျှောက်လို့ရပါတယ်။

ဒီနည်းလမ်း မဟုတ်ပဲ နောက်တစ်ခုကတော့ ဘတ်ရိုက်ပြီး ၊ ပန်းရောင်ကတ် လုပ်ပြီး work permit နဲ့ အလုပ်လုပ်လို့ရပါတယ်။

ကျန်တဲ့ visa တွေကတော့ တရားဝင် အလုပ်လုပ်ခွင့် မရှိပါဘူး။

A little လေး ဂုဏ်ဆာပါရစေ။ ဒီနှစ်အတွက် နောက်ဆုံး MR Class မဖွင့်ခင် တော်တော် လွန်ဆွဲခဲ့ရတယ်။ ကိုယ်ရည်ရွယ်တာကလည်း ဖွင့်ကို...
12/08/2026

A little လေး ဂုဏ်ဆာပါရစေ။

ဒီနှစ်အတွက် နောက်ဆုံး MR Class မဖွင့်ခင် တော်တော် လွန်ဆွဲခဲ့ရတယ်။ ကိုယ်ရည်ရွယ်တာကလည်း ဖွင့်ကို ဖွင့်မယ်။ တစ်ဖက်ကလည်း အလုပ်များတယ်ဆိုတဲ့ အကြောင်းပြချက်ကြီးနဲ့ ကိုယ့်ကိုကိုယ် ပြန်ပိတ်နေသေးတာ ။

အတန်းတွေပြီးတိုင်း ဒီလိုလေးသင်ခဲ့ရမှာ ၊ ဒီ Activity လေး လုပ်ပေးခဲ့ရမှာ ၊ ဒီလိုလေး စာမေးရမှာဆိုတဲ့ အတွေးတွေ ခဏ ခဏ ပိုပေါ်လာတယ်။

အဲဒါတွေကိုလည်း နောက် class တွေမှာ implement လုပ်ချင်သေးတယ်။ စတာတွေနဲ့ lesson plan တွေ ပြောင်းလိုက် ၊ တစ်ခါတစ်လေလည်း ရယ်ရတယ် ၊ plan အတိုင်း မဟုတ်ပဲ ဒီအတိုင်း သင်မိသွားတဲ့ ရက်တွေလည်း ရှိတယ်။

ရှေ့တစ်ခေါက်က supervisors တွေကို သင်သလိုပေါ့ 😂

အတန်းတိုင်း အတန်းတိုင်း အတွေ့အကြုံသစ်တွေရပါတယ်။

အဲ့အထဲကမှ အတန်းပြီးသွားတဲ့အခါ ရလာတဲ့ comment လေးကတော့ ပျားသကာရည်ပေါ် နောက်ထပ် ပျားရည်ချိုချိုလေးတွေ ထပ်လောင်းသလိုပေါ့ရှင်။

ဒီစာဖတ်ပြီး စိတ်ထဲကြည်နူးပြီး ပြုံးပျော်လို့ ၊ ဒီဝန်းကျင်လေးမှာ ခတ္တခဏနေရတာ ဝမ်းသာလိုက်တာ ။

တကယ်တော့ အလုပ်ထဲမှာ အခုလောက် မချိုသာနိုင်တာ အမှန်ပါ။ ဒါပေမယ့် အတတ်နိုင်ဆုံး ကိုယ်ပေးနိုင်သလောက် ပေးရမှာ ကိုယ့်တာဝန်လို့ပဲ ယူဆပါတယ်။

😂

09/08/2026

ဒါလေး ချစ်လို့
သင်တန်းသားတွေ game ကစားနေတာနဲ့
သီချင်းနဲ့က ကွက်တိဖြစ်သွားတာ

တော်တော်လေးချစ်ဖို့ကောင်းနေရော

ဒီနေ့တော့ စက်ရုံထဲက supervisors တွေအတွက် Communication class လေး short trainingလေး ပေးဖြစ်ခဲ့ပါတယ် ။

တက်တက်ကြွကြွနဲ့ အားလုံးပါဝင်ကြလို့
မောပေမယ့် ပျော်နေရပါတယ်ရှင်

04/08/2026

3 Hours Intensive Communication Training

သင်ကြားမည့် သင်ခန်းစာများ

• The 7Cs of Effective Communication
• 6 Steps of Effective Communication
• Communication Gap

ဘယ်သူတွေ တက်ရောက်နိုင်မှာလဲ ...

• အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေသော အသက် (35) နှစ်အောက် .
• စက်ရုံထဲတွင် Supervising Roles ကို တာဝန်ယူလုပ်ဆောင်နေသူများ
• Team နှင့် ပူးပေါင်းဆောင်ရွက်ရာတွင် Communication တိုးတက်လိုသူများ
• Junior Staff, Sewing Line and Other Department Supervisors များ
• Fresh Graduates နှင့် အလုပ်စဝင်သူများ

သင်တန်းတက်ရောက်မည့်သူများ အောက်ပါ ဇယားအတိုင်း 7-Aug-2026 နောက်ဆုံးထား၍ - [email protected] သို့ ပြန်လည် ပေးပို့၍ သင်တန်းတက်ရန် confirm ပြုလုပ်နိုင်ပါသည်။

1. Full Name (အမည်)
2. Phone Number (ဖုန်းနံပါတ်)
3. Email Address (အီးမေးလ်)
4. Current Factory / Organization (လက်ရှိလုပ်ကိုင်နေသော ကုမ္ပဏီ)
5. Position / Job Title (ရာထူး)

သို့မဟုတ် - အောက်ပါ Google Form Link အတိုင်းဖြည့်စွက်၍ Registration ပြုလုပ်နိုင်ပါသည်။

https://docs.google.com/forms/d/e/1FAIpQLSf9QejlSRM_WxPD8E3vR0pePFTHMnyFWDBRRsmg4sLpSVuiBw/viewform?usp=header

သင်ကြားမည့်ပုံစံ

Online Zoom ဖြင့် သင်ကြားမည် ဖြစ်ပြီး ၊ သင်တန်းသားများ အနေဖြင့် သင်တန်းတက်ရောက်နေစဉ် အတွင်း video ဖွင့်ထားရမည် ဖြစ်ပါသည်။

သင်တန်းအချိန်
Date Time Duration Topic
9-Aug-2026 9:00AM - 12:00PM 3hrs 3 Hours Intensive Communication Training

လူဦး

ယခုသင်တန်းသည် Communication - ပြောဆိုဆက်ဆံခြင်းနှင့် ပတ်သက်၍ အထည်ချုပ်ဝန်ထမ်းများအတွက် ရည်ရွယ်သော အတန်းဖြစ်ပါသည်။ .....

CV Form ရေးသားခြင်းနဲ့ ပတ်သက်ပြီး Free Training လေး တစ်ခုရှိပါတယ်။ အနားနီးမှ post တင်ဖြစ်ရတာ အားနာပါရဲ့ . :D သင်တန်းရက် ...
28/07/2026

CV Form ရေးသားခြင်းနဲ့ ပတ်သက်ပြီး Free Training လေး တစ်ခုရှိပါတယ်။ အနားနီးမှ post တင်ဖြစ်ရတာ အားနာပါရဲ့ . :D

သင်တန်းရက် - ဒီနေ့ ဒီရက် 28-July-2026
သင်တန်းအချိန် - ဒီအချိန် 7:00PM to 8:00PM .

HR နဲ့ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့ ကျွမ်းကျင်သူတစ်ဦးမှ Volunteering Sharing Session ဖြစ်လို့ စိတ်ဝင်စားရင် အောက်ပါ link အတိုင်း တက်ရောက်နိုင်ပါတယ်။

Topic: CV Form Awareness Training
Time: Jul 28, 2026 08:00 PM Bangkok
Join Zoom Meeting
https://us05web.zoom.us/j/81866452737?pwd=bAbBFruQ2qq7PFWPP8T7Uz5ly9FPhj.1

Meeting chat link
https://us05web.zoom.us/launch/jc/81866452737

Meeting ID: 818 6645 2737
Passcode: 123456

Zoom is the leader in modern enterprise cloud communications.

Just for funအခြားဌာနတွေ မှားတာ ကိစ္စ မရှိဘူး Merchandiser များ မှားသောအခါ  😂😂
25/07/2026

Just for fun
အခြားဌာနတွေ မှားတာ ကိစ္စ မရှိဘူး

Merchandiser များ မှားသောအခါ 😂😂

ထိုင်းမှာ MR လုပ်ချင်လို့ ဘယ်လို Requirementsတွေလိုမလဲ ၊ ဘာတွေ သိထားရမလဲဆိုပြီး မေးကြလို့ ဒါလေး ပြောပြပေးလိုက်ရပါတယ် ။ ထ...
19/07/2026

ထိုင်းမှာ MR လုပ်ချင်လို့ ဘယ်လို Requirementsတွေလိုမလဲ ၊ ဘာတွေ သိထားရမလဲဆိုပြီး မေးကြလို့ ဒါလေး ပြောပြပေးလိုက်ရပါတယ် ။

ထိုင်းမှာ MR လုပ်ဖို့အတွက် သီးသန့် skill တော့ မလိုပါဘူး ။ ဘာသာစကားအနေနဲ့ English ရရင်ရပါတယ်။ ထိုင်းစကားရရင် local တွေနဲ့ ပြောတဲ့ အခါ ပိုအဆင်ပြေပါတယ်။

အဓိကကတော့ မတူညီတဲ့ culture နဲ့ working way , working struggle တွေ ရရှိမှာ ဖြစ်ပါတယ်။
ရန်ကုန်မှာ လုပ်ရတဲ့ တစ်ချို့အလုပ်တွေ က လွယ်သလောက် ဒီမှာတော့ တစ်ခါတစ်လေ ခက်ခဲတတ်ပါတယ်။

တစ်ရွာတစ်ဂါထာ ဆန်းပေါ့ရှင်။

ထိုင်းတွေက ပျော်တတ်တယ်
အလုပ်ကို အေးအေးလုပ်တတ်တယ်
သိပ်ပြီး stress မထားတတ်ဘူး
မြန်မာကျတော့ a little လေးserious ဖြစ်တတ်ပါတယ်။


အလုပ်လျှောက်ဖို့အတွက်ဆိုရင် indeed , LinkedIn နဲ့ အခြားသော အလုပ်ခေါ်တဲ့ platformတွေ ရှိပေမယ့် ကျွန်မတို့ကတော့ internal recruitment နဲ့ အချင်းချင်း အသိတွေနဲ့ recommendပေးပြီး ခေါ်ကြတာ များပါတယ်။

အဓိကကတော့ visa ပါ PV type ပဲ ရှိပြီး ရန်ကုန်ကနေ အလုပ်လှမ်းလျှောက််မယ်ဆိုရင် Non-B , work permit လျှောက်ပေးရပါတယ်။ ဒါကလည်း company က လျှောက်ပေးမှ ရပါတယ်။

နောက်တစ်မျိုးက ဒီဘက်ရောက်နေပြီး work permit ပန်းရောင်ကတ်လား မသိဘူး ။ အဲ့ဒီ့ work permit card ရှိထားရင်တော့ အလုပ်ရတာ မြန်ပါတယ်။
အတွေ့အကြုံမရှိရင်တောင် သင်ပေးပြီး ခန့်လိုက်ကြပါတယ်။

တစ်ယောက်တည်းနေတတ်တဲ့သူ မဟုတ်ရင် ကိုယ့်မိသားစု မရှိတဲ့နေရာ မှာself management လုပ်နိုင်မှ တော်ကာကျပါမယ်


11/07/2026

Is it time to ?

30/06/2026

အရမ်းရီရတာ တစ်ခု

စာသင်တိုင်း Soft Skills 30% - Hard Skills 70% လောက် သင်တာ ..

ဒါပေမယ့် ကလေးတွေအကုန်လုံးက ဘာရလဲ ဆိုတော့ ..

MR လုပ်ရတာ ကြိုက်တယ်

MR လုပ်ရတာ ပျော်တယ်

တီချယ်ပြောသလိုပဲ

“သမီးတို့က ပြဿနာတွေရှင်းဖို့ ဒီနေရာမှာ ရှိနေတာ .. အဲဒါကြောင့် ပြဿနာတွေ လာလည်း ပြုံးပြုံးလေးပဲ စောင့်နေတာ”

ကိုယ့်မှာ ရယ်လိုက်ရတာ တအားပဲ ...

အတူတူလုပ်နေတဲ့ သူတွေက .... ဘာပြောလဲဆိုတာတော့ မပြောတော့ဘူး ...။

ที่อยู่

Bang Pa In
Ayutthaya
13160

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Merchandisers' Lifeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ โรงเรียนนี้

ส่งข้อความของคุณถึง Merchandisers' Life:

แชร์