Oddora

Oddora

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Oddora, เว็บไซต์เพื่อการศึกษา, Amphoe Muang Phuket.

21/01/2025

Passport အရောင်များနဲ့ သူတို့ရဲ့ အဓိပ္ပါယ်များ

ကမ္ဘာမှာ Blue, Red (Burgundy), Green နဲ့ Black ဆိုပြီး Passport အရောင် ၄ ခု ရှိပါတယ်။ Passport အရောင်တွေ ဘာကြောင့် ကွဲပြားနေသလဲ ဆိုတာကို အောက်မှာ ရှင်းပြချင်ပါတယ်။

၁။ Red/ Burgundy

အဲဒီအရောင်ကို လက်ရှိနဲ့ ယခင်က ကွန်မြူနစ် နိုင်ငံတွေက အသုံးပြုကြပါတယ်။ ဥပမာ အနေနဲ့ တရုတ်၊ ဆားဘီးယား၊ လက်ဗီးယား၊ စလိုဗေးနီးယား၊ ရိုမေးနီးယား၊ ရုရှားနဲ့ ဂျော်ဂျီယာတို့ဟာ အဲဒီ အရောင်ကို အသုံးပြုကြပါတယ်။ Burgundy နဲ့ တခြား အနီရောင်တွေကို ဥရောပ သမဂ္ဂနိုင်ငံတွေက အသုံးပြုကြပါတယ်။
တူရကီနဲ့ အယ်ဘေးနီးယား အပါအဝင် ဥရောပ သမဂ္ဂကို ဝင်ရောက်ချင်တဲ့ နိုင်ငံတွေက ပြီးခဲ့တဲ့နှစ်တွေအတွင်း အနီရောင်ကို ပြောင်းလဲလာကြပါတယ်။ အနီရောင် အသုံးပြုတဲ့ နိုင်ငံဟာ ၆၈ နိုင်ငံ ရှိပါတယ်။

၂။ Green

မော်ရိုကို၊ ဆော်ဒီအာရေးဗီးယားနဲ့ ပါကစ္စတန် တို့လို မွတ်စလင် နိုင်ငံအများစုဟာ အစိမ်းရောင် Passport ကို အသုံးပြုကြပါတယ်။ တမန်တော် မိုဟာမက် နှစ်သက်တဲ့ အရောင် ဖြစ်တဲ့အတွက် အစိမ်းကို အသုံးပြုကြတာပါ။ သဘာဝတရားနဲ့ လူနေမှုဘဝရဲ့ သင်္ကတ ဖြစ်တဲ့ အရောင်လို့လည်း ယူဆကြပါတယ်။ နိုင်ဂျီးရီးယား၊ နီဂျာနဲ့ ဆီနီဂေါ အပါအဝင် အနောက် အာဖရိက နိုင်ငံများစွာမှာလည်း အစိမ်းရောင်မျိုးစုံကို အသုံးပြုကြပါတယ်။ အစိမ်းရောင် အသုံးပြုတဲ့ နိုင်ငံဟာ ၄၀ ရှိပါတယ်။

၃။ Black

Passport ထဲမှာ အနက်ရောင်က အရှားပါးဆုံး ဖြစ်ပါတယ်။ ဘော့ဆွာနာ၊ ဇမ်ဘီယာ၊ ဘူရွန်ဒီ၊ ဂါဘွန်၊ အန်ဂိုလာ၊ ချတ်၊ ကွန်ဂိုနဲ့ မာလာဝီ လို အာဖရိက နိုင်ငံတွေက အနက်ရောင်ကို အသုံးပြုကြပါတယ်။ နယူးဇီလန်ကလည်း နိုင်ငံတော် အရောင်ဖြစ်တဲ့အတွက် အနက်ကို အသုံးပြုပါတယ်။ အနက်ရောင် အသုံးပြုတဲ့ နိုင်ငံဟာ ၇ နိုင်ငံ ရှိပါတယ်။

၄။ Blue

Blue or Dark Blue အရောင်ဟာ ဒုတိယ အများဆုံး အသုံးပြုတဲ့ Passport အရောင် ဖြစ်ပါတယ်။ New World လို့ သတ်မှတ်ကြတဲ့ နိုင်ငံတွေမှာ အပြာရောင်ကို အသုံးပြုကြပါတယ်။ အဲဒီ နိုင်ငံတွေထဲမှာ အိန္ဒိယ၊ မြောက်အမေရိက၊ တောင်အမေရိကနဲ့ ဩစတြေးလျ တို့ ပါဝင်ပါတယ်။ ဘရာဇီး၊ အာဂျင်တီးနားနဲ့ ပါရာဂွေး လို တောင်အမေရိက နိုင်ငံတွေကလည်း အပြာရောင်ကို အသုံးပြုကြပါတယ်။ ကာရေဘီယန် နိုင်ငံ ၁၅ ခုကလည်း အပြာကို အသုံးပြုကြပြီး အမေရိကန် နိုင်ငံသားတွေဟာ ၁၉၇၆ ခုနှစ်မှာ အပြာရင့်ရောင်ကို ပြောင်းလဲခဲ့ပါတယ်။ အပြာရောင် Passport အသုံးပြုတဲ့ နိုင်ငံဟာ ၈၄ နိုင်ငံ ရှိပါတယ်။

Ref : travellersclub , kayak

မူရင်းရေးသားသူ - ဘန်ကောက်လမ်းညွှန်ကိုစိုင်း

20/01/2025

ပျင်းစရာကောင်းလို့
စာဖတ်ရုံသာရှိတဲ့ လူမျိုးတဲ့📙
ဂျာမဏီက ပျင်းစရာကောင်းတဲ့ နိုင်ငံဖြစ်တယ် ။ ည ၁၀ နာရီနောက်ပိုင်းဆိုရင် စားသောက်ဆိုင်မှာ ၊ လမ်းပေါ်မှာ လူမတွေ့ရသလောက်ပါပဲ ။ လမ်းပေါ်မှာ ပျော်ပါးနေသူတွေကိုလည်း မတွေ့ရသလောက် ရှားတယ် ။ လူငယ်တွေကလည်း မကြာခဏ ပျော်ပွဲ ရွှင်ပွဲ မလုပ်ကြဘူး ။ ဂျာမဏီက လူကို တိတ်ဆိတ်ငြိမ်သက်တဲ့ အငွေ့အသက် ပေးတယ် ။ အဲဒီမှာနေတဲ့ လူတွေကလည်း ပျင်းလွန်းလို့ စာဖတ်ရုံသာ ရှိတယ်။
ဒါကြောင့်လည်း အဲလို ပျင်းစရာကောင်းတဲ့ တိုင်းပြည်ကနေ ဒဿနပညာရှင် ၊ အတွေးအခေါ်
ပညာရှင် ၊ စာရေးဆရာနဲ့ ကဗျာဆရာအမြောက်အများ မွေးထုတ်ပေးခဲ့တာဖြစ်တယ် ။ စာဖတ်ခြင်းက တိုင်းပြည်ကို သန်မာစေပြီး လူကိုချမ်းသာစေတယ် ။ ဒါဟာ ဂျာမန်စာဖတ်ခြင်းနဲ့ ဆက်စပ်နေတာဖြစ်တယ်။
ဂျာမန်တွေ စာဘယ်လောက်ဖတ်တယ် ၊ ဘယ်လိုဖတ်တယ်ဆိုတာကို အရှည်ကြီး မရေးတော့ဘူး ။ ဘယ်သွားသွား လူတိုင်းရဲ့ အိတ်ထဲမှာ စာအုပ်တစ်အုပ်တော့ အမြဲပါပြီး ကားပေါ်မှာ ၊ ကားမှတ်တိုင်မှာ ၊ ကော်ဖီဆိုင်မှာ အားတာနဲ့ သူတို့ ထုတ်ဖတ်ပါတယ်တဲ့။
စာဖတ်ဖို့ရာ စာဖတ်တဲ့ အလေ့အထလိုတယ် ၊
အငွေ့အသက် ဝန်းကျင်တစ်ခု လိုတယ် ၊
စာဖတ်ခြင်းဆိုင်ရာ အထောက်အကူတွေ လိုတယ် ။ ခေတ်ပျက်ကြီးထဲမှာ ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးဖို့ စာပိုဖတ်ရတယ်။
ပျင်းလွန်းလို့ ဘာလုပ်ရမှန်း မသိတဲ့ အခါ စာအုပ်တစ်အုပ် ကောက်ကိုင် ဖတ်လိုက်ပါလို့ ..
မျှဝေပါတယ်။
💌
#နိုင်းနိုင်းစနေ

20/01/2025

အိပ်ယာကို ထချင်တဲ့ အချိန်မှ
ထနိုင်ဖို့ အတွက် ...
မထချင်ဘဲ ကြိတ်မှိတ်ပြီး
ထခဲ့ရတဲ့ နေ့တွေကို အရင်
ဖြတ်ကျော် ရတတ်တယ်။
စားချင်တာကို စျေးမကြည့်ဘဲ
ဝယ်စားနိုင်ဖို့ အတွက် ...
စားချင်စိတ်ကို ကြိတ်မှိတ်သည်းခံရတဲ့
နေ့တွေကို အရင်ဖြတ်ကျော်ရတတ်တယ်။
သွားချင်တဲ့ ခရီးကို ချက်ချင်း
ထသွားနိုင်ဖို့အတွက် ...
သွားချင်ရဲ့နဲ့ ကြိတ်မှိတ်ပြီး
အလုပ်တွေ လုပ်နေရတဲ့ နေ့တွေကို
အရင် ဖြတ်ကျော်ရတတ်တယ်။
" ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ဖို့
ကိုယ် မလုပ်ချင်တာတွေကို
အရင်လုပ်ပြီး ပေးဆပ်ရတာ
လောကသဘာဝပဲ။ "
အခု " အသာစံပြီး "
နောက်မှ " အပင်ပန်းခံ " မလား။
ဒါမှမဟုတ် ..
အခု " အပင်ပန်းခံပြီး "
နောက်ပိုင်းမှာ " အသာစံ " ချင် တာလား။
သင်စိုက်တဲ့အတိုင်း သင်ရိတ်ရမှာမို့
အဖြေက သင့်မှာပဲ ရှိပါတယ် မိတ်ဆွေ။

24/12/2024

၁၉၅၅ ခုနှစ်ဝန်းကျင်
ဟဲဟိုးလေယာဉ်ကွင်းမှ မြန်မာအမျိုးသမီးလေးများ
နှင့်Dakotaလေယာဉ် နှင့်အတူတွေ့ရစဉ်

ထိုခေတ်ကာလက မန္တလေး~ဟဲဟိုးကို လေယာဉ်ခ ၄၅ကျပ်ပေးရသည်။ လေယာဉ်ပေါ်တွင် ရှားမီးသကြားလုံးနှင့် ငှက်ပျောသီးပဲ ရပါသည်။

လေယာဉ်သံဆူလွန်း၍ နားကိုဝါဂွမ်းဆို့စီးရသောကြောင့် သံစုံလေယာဉ်ဟုခေါ်သေးသည်။ မိုးရွာသည့်အခါ မိုးယို၍ထီးဆောင်းရသေးသည်။

Dal Shan Mung









24/12/2024

ပရဟိတ မင်းသားကြီးကျော်သူ "ရှင်ကြီး ကျားထက်ဆိုး"💖
ကျွန်တော်ကျော်သူသည် ၁၉၈၄ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်လုပ်ငန်းတွင် လက်ဦးဆရာ ဒါရိုက်တာ ဦးမျိုးမြင့်အောင်ရိုက်ကူးသော ချစ်ကြိုး လေးနှစ်မျှင် ရုပ်ရှင်ဇာတ်ကားဖြင့် ရုပ်ရှင်သရုပ်ဆောင်အဖြစ် မြန်မာ့ရုပ်ရှင်လောကထဲသို့ ရောက်ရှိခဲ့သူဖြစ်သည်။
၁၉၉၄ ခုနှစ်တွင် ဒါရိုက်တာ ဇင်ရော်မောင်မောင်ရိုက်ကူးသော တပြည်သူမရွှေထား ရုပ်ရှင်ဇာတ်ကားနှင့် အဓိကသရုပ်ဆောင် အကယ်ဒမီ ထူးချွန်ဆုကို ရရှိခဲ့ပြီးသည့်နောက် ၂၀၀၃ ခုနှစ်တွင် အမေ့နို့ဖိုး ဇာတ်ကားဖြင့် အကောင်းဆုံးဒါရိုက်တာ ထူးချွန်ဆုကိုရရှိခဲ့ကာ ယင်းဇာတ် ကားနှင့် အကယ်ဒမီပေါင်း (၇) ဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိအောင် ရိုက်ကူးဖန်တီးခဲ့သော သူတစ်ယောက်လည်းဖြစ်သည်။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး) မတိုင်ခင်အထိ နိုင်ငံတော်အကျိုးပြုဇာတ်ကားများ၊ နေ့ထူးနေ့မြတ် ဂုဏ်ပြုပဒေ သာကပွဲများ၊ရုပ်မြင်သံကြားဇာတ်လမ်းများအပြင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရံပုံငွေရှာဖွေရေး ဘောလုံးပွဲများ၊ ဗီဒီယိုဇာတ်လမ်း များကို ရိုက်ကူးပေးခဲ့သူလည်း ဖြစ်သည်။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး) မှစ၍ ကျွန်တော့်အား ပြန်ကြားရေး ဝန်ကြီးဋ္ဌာနမှ အနုပညာလုပ်ခွင့်များကိုပိတ်ပင်ထားသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ သို့သော် ကျွန်တော်သည် ရုပ်ရှင်လောကနှင့် ဝေးကွာ သွားသည်တော့မဟုတ်။ အနုပညာသမားများ၏ သတင်းများ၊ အနုပညာလောကအတွင်းဖြစ်ပေါ်နေသောပြဿနာများကို အတွင်းကျကျသိ ရှိနေသူဖြစ်သည်။ အနုပညာလောက တွင် ကျင်လည်ခဲ့စဉ်က အနုပညာမောင်နှမများ၊ ထုတ်လုပ်သူများ၊ ဒါရိုက်တာများနှင့် မည်သည့် ပြဿနာ တစ်စုံတစ်ရာမျှ မပေါ်ပေါက်ခဲ့ပါ။ သို့သော် ၂၀၀၁ ခုနှစ်မှစ၍ ရုပ်ရှင်ဖခင်ကြီးတစ်ဦးဖြစ်သော ဘဘဦးသုခ မျိုးစေ့ချပေးသော နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် တစ်ဖတ်တစ်လမ်းမှပါဝင်၍ အများပြည်သူတို့အား တတတ်တအား ကူညီဖေးမကာ ကုသိုလ်ဖြစ်ပေး ဆပ်ခဲ့သည့်အချိန်မှစ၍ အနုပညာသမားအချို့ သည် ကျွန်တော့်နှင့် လက်တွဲရိုက်ကူးခြင်းကို မပြုလုပ်ကြတော့ပေ။ အဘယ့်ကြောင့်ဆို ကျွန် တော်လုပ်ကိုင်ပေးဆပ်နေသောလုပ်ငန်းသည် လာဘ်ပိတ်ခြင်း၊ နာမ်နှိမ်ခံရခြင်း စသည့်အယူဝါဒအစွဲများကြောင့်ပင် ဖြစ်တော့သည်။ မည် သို့ဖြစ်စေ ကျွန်တော်သည် ဗုဒ္ဓဘာသာမြန်မာလူမျိုးတစ်ယောက်အနေဖြင့် ဒိဋ္ဌိအယူဝါဒများအားတိုက်ဖျက်ကာ မိမိ၏ခံယူချက်၊ ဘဘ ဦးသုခ၏ ရည်ရွယ်ချက်များကို ကြံ့ကြံ့ခံကာ အများပြည်သူတို့အတွက်ပေးဆပ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်တော့သည်။
ဘဘဦးသုခ ကွယ်လွန်သွားသည့်အချိန်မှစ၍ ကျွန်တော်တို့၏ ပေးဆပ်မှုလုပ်ငန်းများအား နာရေးကူညီမှုတင်မက၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် စသည့်လူသားတို့၏ မဖြစ်မနေကြုံတွေ့ရမည့်အခက်အခဲများကို တိုးချဲ့၍ ကူညီဖေးမပေးခဲ့သည်။ ထိုသို့ နာရေးကိစ္စ အခက်အခဲများနှင့် ရန်သူမျိုးငါးပါးဒဏ်ခံခဲ့ရသော ပြည်သူလူထုကို ကူညီဖေးမပေးဆပ်ခဲ့သလို ရုပ်ရှင်အနုပညာသည်များကိုလည်း များစွာ ကူညီဖေးမ ပေးဆပ်ခဲ့ရသည်။
ယခု ၂၀၁၂ ခုနှစ်၊ မတ်လတွင် မြန်မာ့ရုပ်ရှင်လောကသားများ၏ ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရာတွင် အာဏာရှင်စနစ်အား တိုက်ဖျက် လိုခြင်း၊ အနိမ့်ကျဆုံးဖြစ်နေသော မြန်မာ့ရုပ်ရှင်အား မြှင့်တင်လိုခြင်း၊ ရုပ်ရှင်လောကသားများ မိသားစုသဖွယ် စည်းစည်းလုံးလုံး ညီညီညွတ် ညွတ်ဖြစ်စေလိုခြင်း စသည့်ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအား အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းတော့မည်ဟု ကျွန် တော်သိရှိခဲ့ရသည်။ ထို့ကြောင့် ကျွန်တော့်အတွက် ကျေးဇူးမကင်းခဲ့သော မြန်မာ့ရုပ်ရှင်လုပ်ငန်းအား အရှိန်အဟုန်မြှင့်မားစွာဖြင့် တိုးတက် ပြောင်းလဲမှုကို အမှန်တကယ် မျက်ဝါးထင်ထင်မြင်တွေ့လိုချင်စိတ် ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည် ရုပ်ရှင်ရိုက်ခွင့်မရရှိသေး သော်လည်း တဖက်တလမ်းမှ မြန်မာ့ရုပ်ရှင်လုပ်ငန်းအား တိုးတက်စေလိုသောဆန္ဒဖြင့် မိမိတွင်ရှိသော လူမှုရေးစိတ်ဓါတ်၊ အနုပညာ စိတ်ဓါတ်၊ခိုင်မြဲသောသီလတို့ဖြင့် ပြန်လည်၍ကျေးဇူးဆပ်လိုပါသဖြင့် အဓိကသရုပ်ဆောင်အလွှာမှ ဝင်ရောက်အရွေးချယ်ခံရန်အတွက် စဉ်းစားမိတော့သည်။
ထို့ကြောင့် မိမိနှင့်ရင်းနှီးသော အနုပညာလက်တွဲဖော်တစ်ယောက်ဖြစ်သော ရုပ်ရှင်တည်းဖြတ် ပညာရှင်တစ်ဦးအား မိမိ၏ကိုယ်စားလှယ် အဖြစ်လက်ဆင့်ကမ်းကာ ကွန်ပြူတာစာရိုက်၍ မြန်မာ့ရုပ်ရှင်အစည်းအရုံးသို့ အဓိကသရုပ်ဆောင်အလွှာတွင် ဝင်ရောက်ရွေးချယ်မှု လျှောက်လွှာအား တလေးတစားဖြင့် သွားရောက်ယူငင်ခိုင်းခဲ့သည်။ ကျွန်တော်သည် နေ့စဉ်နှင့်အမျှ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးစသည့် လူမှုရေးလုပ်ငန်းများကိုလုပ်ကိုင်နေ၍ ကိုယ်တိုင်သွားရောက်၍ လျှောက်လွှာအား မယူဖြစ်ခဲ့ပါ။ ယင်းနေ့ နံနက် (၁၀း ၀၀) နာရီခန့်တွင် ကျွန်တော်၏မိတ်ဆွေ တည်းဖြတ်ပညာရှင်ထံမှ ကျွန်တော့်ထံသို့ ကိုယ်တိုင်လာမယူ၍ မပေးနိုင်ကြောင်း ရုပ်ရှင် အစည်းအရုံး ရွေးကောက်ပွဲအဖွဲ့ဝင်များကပြောကြားကြောင်း အကြောင်းကြားခဲ့သည်။
ဤတွင် ကျွန်တော်မှ ပြန်လည်၍မေးခွန်းများပြန်လည် မေးမြန်းချင်တော့သည်။
ကျွန်တော့်ကဲ့သို့ အကယ်ဒမီရုပ်ရှင်သရုပ်ဆောင်၊ အကယ်ဒမီဒါရိုက်တာတစ်ဦးအား ကိုယ်တိုင်ကိုယ်ကျလာယူမှပေးမည်ဟု ပြောခဲ့သော် လည်း ဇာတ်ပို့/ရံအလွှာမှ လူရွှင်တော်တစ်ဦးအား တယ်လီဖုန်းဖြင့် လျှောက်လွှာတောင်းခံခြင်းကို အဘယ့်ကြောင့်ပေးခဲ့သနည်း .. ?
နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသော ဇာတ်ညွှန်းအလွှာမှ ဇာတ်ညွှန်းဆရာတစ်ဦးအားလည်း အဘယ့်ကြောင့် လျှောက်လွှာပေးခဲ့သနည်း .. ?
ထို့အပြင် ယင်းစစ်မှန်သောရွေးကောက်ပွဲအား အကောင်အထည်ဖော်မည်ဟု ကြွေးကြော်နေသော အနုပညာသမားများထဲတွင် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး) အပြီး ကျွန်တော်အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသောအချိန်တွင် အနုပညာရှင် တစ်ဦး၏ ဈာပနအခမ်းအနား၌ မောင်မောင် မင်းက အချိန်မတန်သေးဘဲလုပ်တာကိုး ဟု ဆရာကြီးပုံစံနဲ့ပြောဆိုခဲ့သော အခွင့်အရေးသမားတစ်ဦးပါဝင်နေခြင်းနှင့်
ဗိုလ်ချုပ်ခင်ညွန့်အထိန်းသိမ်းခံရာမှ ပြန်လည်လွတ်မြောက်လာစဉ် သွားရောက်တွေ့ဆုံကြသော အနုပညာ သမားများထဲမှ ကျော်သူက တစ်ချိန်လုံးမူးနေတာ၊ ဂျပန်မှာ တော်တော်ဒုက္ခပေးခဲ့တယ် ဟု ပြောကြားခဲ့သော ကိုယ့်ဂုဏ်မြင့်၍ အခြား သူအားအပုပ်ချခဲ့သော
ခွက်ပုံးအနုပညာသမားပါဝင်နေခြင်းတို့အား ကျွန်တော်များစွာ တွေးတောစဉ်းစားမိတော့သည်။ ယခု မြန်မာ့ရုပ်ရှင် အစည်းအရုံးအား ပြန်လည်ဖွဲ့စည်းမည်ဖြစ်သော
ရုပ်ရှင်အနုပညာသည်များပြောကြားကြသော မြန်မာ့ရုပ်ရှင်လောက အနုပညာမောင် နှမ များအား စည်းလုံးညီညွတ်စွာဖြင့် မိသားစုစိတ်ဓါတ်ထားကာ တစ်ဦး၏အခက်အခဲများကို ဝိုင်းဝန်းဖြေရှင်းပေးလိုခြင်း၊ ရုပ်ရှင်အနုပညာ သမားများ၏ သာရေး/နာရေးကိစ္စများကို ဝိုင်းဝန်း၍ကူညီဆောင်ရွက်လိုခြင်း စသည့်စကားများသည် ကျွန်တော်အတွက်မဖြစ်နိုင်တော့ချေ။ အကြောင်းမှာ ကျွန်တော် မြန်မာ့ရုပ်ရှင်အစည်းအရုံးတွင် တာဝန်ထမ်းဆောင်စဉ်ကာလ၌ နိုင်ငံတော်မှ အရေးယူပိတ်ပင်ခံထားရသော အနု ပညာသမားများ၏ အသက်ရှင်သန်မှု၊ အနုပညာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် ထိုစဉ်အခါက နိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံတိုင်း ကျွန်တော်တို့ စဉ်းစားပေးရန်၊ ဖွင့်လှစ်ပေးရန် တိုက်တွန်းမှု၊ အကြံပေးမှု၊ အသနားခံမှုများကို
စဉ်ဆက်မပြတ်လုပ်ကိုင်ခဲ့ပါ၍ ယင်းကဲ့သို့ပိတ်ပင်ခံထားရသောအနုပညာသမားများ ပြန်လည်၍ အနုပညာလောကတွင် သက်ဝင်လှုပ်ရှား ပါဝင်ဆင်နွှဲနိုင်ခဲ့သည်မှာ ငြင်း၍ မရပေ။ သို့သော် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှစ၍ အနုပညာလုပ်ငန်းများအပိတ်ပင်ခံခဲ့ရသော ကျွန်တော်၏ကိစ္စရပ်အား မည်သည့် အနုပညာသမားများ၊ မည်သည့်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များတို့မှ နိုင်ငံတော်အုပ်ချုပ်သူပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ကြ စဉ် တစ်ခွန်းတပါဒမှ ပြောကြားပေးခဲ့ခြင်း မရှိချေ။ မြန်မာ့ရုပ်ရှင်အနုပညာလောကမှ နိုင်ငံတော်မှ အနုပညာလုပ်ခွင့်ပိတ်ပင်ခံရသူ အနုပညာ ရှင်များထဲတွင် ကျွန်တော်သည် ပိတ်ပင်ခံရမှု သက်တမ်းအရှည်ဆုံး အနုပညာသမားဖြစ်ပေလိမ့်မည်။ သို့ရာတွင် ကျွန်တော်သည် ရုပ်ရှင် လောက ဖခင်ကြီးတစ်ဦးဖြစ်သော ဘဘဦးသုခ မျိုးစေ့ချခဲ့သော လူမှုရေးလုပ်ငန်းကြီးအား တိုးတက်မြင့်မားလာအောင် ထမ်းဆောင်ရင်းနှင့် မြန်မာ့ရုပ်ရှင်လောကတွင်ရှိကြသော အဓိကသရုပ်ဆောင်များ၊ ဒါရိုက်တာများ၊ ထုတ်လုပ်သူများ၊ ဇာတ်ပို့/ရံများ၊ လူကြမ်းသရုပ်ဆောင် များမှအစ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ပြန်ကြားရေးဋ္ဌာနမှဝန်ထမ်းများ (ဥက္ကဋ္ဌမှအစ သန့်ရှင်းရေးအဆုံး) ကြုံတွေ့နေရသော နာရေး၊ ကျန်းမာရေးကိစ္စရပ်များအား မနားမနေ ကူညီဖေးမပေးနေသူတစ်ဦးဖြစ်သည်။ သို့သော် ကျွန်တော်သည် ကုသိုလ်ရေးလုပ်ငန်းဖြစ်သော လူမှုရေးလုပ်ငန်းများ ထမ်းရွက်ပေးနေရသည့်အတွက် ကျွန်တော်၏ကျေးဇူးရှင်များဖြစ်ကြသော အများပြည်သူတို့နှင့် ပြင်ပလောကတွင် အနီးကပ်ထိတွေ့ ပေးဆပ်နေရမှုကို ကျေနပ်ပီတိဖြစ်ခဲ့ပါသည်။
ယနေ့ ကျွန်တော့်၏မိတ်ဆွေဖြစ်သူ တည်းဖြတ်ပညာရှင်အား လမ်းကြုံ၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအဆောက်အဦးသို့ ဝင်ရောက်ပို့ ဆောင်ခဲ့ပါသည်။ ရုပ်ရှင်အစည်းအရုံး၏ ဆင်ဝင်အောက်တွင် မော်တော်ယာဉ်အား ခေတ္တရပ်နား၍ ကျွန်တော်၏မိတ်ဆွေ ကားပေါ်မှဆင်း ချိန်တွင် မော်တော်ယာဉ်အနီးတွင်ရှိသော လူကြမ်းသရုပ်ဆောင်တစ်ဦးနှင့်တွေ့ဆုံ၍ လွန်ခဲ့သောနှစ်ရက်ခန့်က ယင်းလူကြမ်းသရုပ်ဆောင် အစ်မဖြစ်သူ၏ နာရေးကိစ္စရပ်အား အဆင်ပြေမှုအားမေးမြန်းနေစဉ် ရုပ်ရှင်လောကမှ ဗီဒီယိုဒါရိုက်တာတစ်ဦးရောက်လာကာ "ဟေ့လူ ဒီနေရာက ကားရပ်ရတဲ့နေရာမဟုတ်ဘူး ဟူ၍ ရင့်သီးစွာပြောဆိုခြင်းကိုခံခဲ့ရသည်။ ကျွန်တော်နားလည်သည်မှာ အဆောက်အဦးများ တွင်ရှိသော ဆင်ဝင်အောက်သည် လူအပို့/ကြို ပြုလုပ်ရန်ထားရှိသော မော်တော်ယာဉ်ခေတ္တရပ်နားရန်နေရာပင်မဟုတ်ပါလား။ ကျွန်တော် သည် မော်တော်ယာဉ်အား စက်ရပ်နားခြင်းလည်း မပြုလုပ်။ မိနစ်ဝက်ခန့်သာ စကားလှမ်းပြောခြင်းကိုသာ လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်၏အပေါ် ယခင်စစ်အစိုးရလက်ထက်ရှိပြန်ကြားရေးဋ္ဌာနမှပိတ်ပင်ထားခဲ့မှုများကို ပြန်လည်ပွင့်လင်းအောင် လုပ်ပေးရ မည်ဖြစ် သော မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် ယခုကဲ့သို့ ရွေးကောက်ပွဲဝင်ခြင်းကို တားမြစ်ခြင်း၊ ကျွန်တော့်အား ယခုကဲ့သို့ ရွေးကောက် ပွဲကော်မတီတွင်ပါဝင်သော ဗီဒီယိုဒါရိုက်တာမှ ရင့်သီးစွာဆက်ဆံခြင်းတို့သည် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီနိုင်ငံတော်ရှိ အနုပညာ သမားများ လုပ်ရမည့် လုပ်ရပ်များမဟုတ်ပေ။
မည်သို့ဖြစ်စေကာမူ ကျွန်တော်သည် မည်သည့်အစိုးရတက်တက်၊ မည်ကဲ့သို့ ရုပ်ရှင်အစည်းအရုံး ပေါ်ပေါက်ပေါ်ပေါက် ကျွန်တော့်၏တာဝန်မှာ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ၊ မိတ်ဆွေရန်သူမရွေးတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် စသည်တို့ကို သေတပန် သက်တစ်ဆုံးလုပ်ကိုင် ပေးဆပ်သွားရမည် ဖြစ်တော့သည်။ အဆုံးသတ်ရသော် မြန်မာ့ရုပ်ရှင်လုပ်ငန်းတိုးတက်မြင့်မားအောင်၊ မြန်မာ့ရုပ်ရှင် အနုပညာသမားများ စည်းလုံးညီညွတ်အောင်၊ အစိုးရအဖွဲ့အစည်းမပါဝင်သော NGO စစ်စစ်
မြန်မာ့ရုပ်ရှင်အစည်းအရုံးပေါ်ပေါက်လာ အောင်၊ မြန်မာ့ရုပ်ရှင်အနုပညာသမားများ ညီရင်းအစ်ကို မောင်နှမသဖွယ် တစ်ဦး၏ကိစ္စရပ်များကို စုပေါင်းဖြေရှင်းပေးနိုင်အောင် စသည့်ရည် ရွယ်ချက်များဖြင့် ပြန်လည်၍ဖွဲ့စည်းမည်ဖြစ်ရာ အနုပညာသမားစစ်စစ်များအနေဖြင့် အရွေးချယ်ခံမည့် လူတစ်ဦးချင်း တစ်ဦးချင်းတွင် အဓိကအားဖြင့် ကိုယ်ကျင့်သီလ၊ ခံယူချက်၊ ရည်ရွယ်ချက်နှင့် စိတ်ဓါတ်ကအရေးကြီးပေသည်။ မြန်မာ့ရုပ်ရှင်အနုပညာဖြင့် ဘဝကိုရပ် တည်နေသောသူများအတွက် ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး ဟူ၍ မဖြစ်အောင် အထူးသတိပြုစေလိုတော့သည်။

#မြန်မာ့ဖြူမည်းရုပ်ရှင်
#ရုပ်ရှင်ချစ်သူ

Photos from Oddora's post 16/12/2024

ယိုးဒယားဘီး ဂွေ Date တစ်ချို့မကြည့်တတ်သူများ အတွက်ပါ
( ခုပုံထဲက ဘီးလေးက Honda Wave 100ပါ)
Eng စာလုံး ၂လုံးအနက်
👉ရှေ့တစ်လုံးမှ ထုတ်လုပ်သည့်လ ကို ဖော်ပြပါသည်
A.B.C.D.E.F.G.H.J.K.L.M A,1လ M .12 လ
I - မပါပါ ခင်ဗျာ
👉 နောက်တစ်လုံးမှာ ထုတ်လုပ်သည့် ခုနှစ်ကို ဖော်ပြပါသည် .
V- 2016
W- 2017
X- 2018
Y- 2019
Z- 2020
A- 2021
B- 2022
C- 2023 Honda Wave 100 / 110 Alpha / RSX
ဖရိန်ချယ်စီ E.F.G.H.J.K.L.M.N.P. ရှိအင်္ဂလိပ်စာလုံးမှာ
E-2015 F-2016, L-2020,M-2021,N-2022,P-2023 Model ကို ရည်ညွှန်းပါတယ်နော်
ဗီယက်နာမ် ဘီးနှင့် NCX များ တူပါသည်
Honda Dream 125 model ကြည့်နည်း/ ဘီး စစ်နည်း ရေးတင်ထားပြီးဖြစ်ပါသည်။
ဆိုင်ကယ် တစ်စီး ဆေးသားသည် အော်ရဂျင်နယ်ဆေး/ ပြန်မှုတ်ထားသောဆေး ကြည့်နည်းလည်းတင်ပေးပါမယ်ဗျ။
အားလုံးသော မိတ်ဆွေများကိုယ်စိတ်နှစ်ဖြာ အေးချမ်းပါစေ ကံကောင်းပါစေလို့ မေတ္တာပို့ပါတယ်🙏

12/11/2023

ခေါင်းနှစ်လုံးရှိတဲ့မြွေတွေကို သိပ္ပံအခေါ်အရ Bicephalic snakes လို့ ခေါ်ကြပါတယ်။

တစ်ခုသော မြွေသန္ဓေသား လောင်းလေးဟာ အမြွှာမြွေလေးတွေမွေးဖို့ ကွဲထွက်ပါတယ်။ ဒါပေမဲ့ သီးခြားအကောင်လေးတွေ အဖြစ်မထွက်ပေါ် မီ၊ ကွဲထွက်ခြင်းဖြစ်စဉ် ရပ်သွားတဲ့အတွက် ခေါင်းနှစ်လုံးမြွေတွေ မွေးဖွားလာရတယ်။ ဒီဖြစ်စဉ်ဟာ လူတွေမှာ ကိုယ်ချင်းဆက်အမွှာတွေမွေးတာနဲ့ အလားတူပါတယ်။

ခေါင်းနှစ်လုံးနဲ့ မြွေကို တစ်ကောင်လို့ သတ်မှတ်မလား၊ သို့မဟုတ် ခန္ဓာကိုယ်တစ်ခုတည်းကိုပဲ မျှဝေသုံးစွဲနေတဲ့ မြွေနှစ်ကောင်လို့ ခေါ်မလား။ ဒီမေးခွန်းကို ဖြေဖို့ ခက်ပါတယ်။

စိန့်ပီတာမိုဟိလာ ရေးတဲ့ catechism (ကဲတကီဇင်) စာအုပ်မှာဆိုရင် ဒီလိုရေးထားပါတယ်။

အကယ်၍ ထင်ရှားခြားနားသော ဦးခေါင်းနှင့် ထင်ရှားခြားနားသော ရင်အုံရှိနေလျှင် သီးခြားလူပုဂ္ဂိုလ်ဟု သတ်မှတ်၍ ပုံမှန်အတိုင်း နှစ်ခြင်းခံစေရမည်။ ဦးခေါင်းနှင့် ရင်အုံတို့သည် သီးခြားကွာပြီးတည်ရှိမနေလျှင် လူတစ်ယောက်အဖြစ်သာ နှစ်ခြင်းခံစေရမယ်လို့ ဆိုပါတယ်။

#ခေါင်းနှစ်လုံးမြွေ #မြွေ

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Amphoe Muang Phuket?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Amphoe Muang Phuket