04/12/2024
AI တွေ အများကြီးထဲကမှ အသုံးဝင်မယ်ထင်တဲ့ နာမည်ကျော် ChatGPT အကြောင်း တစ်စေ့တကြောင်း
**Note** သိနေသုံးနေတဲ့သူတွေ များ အတွက် မရည်ရွယ်ပါ
ChatGPT ကဘယ်လို အသုံး၀င်လဲ
သုံးရလဲဆိုရင် အလွယ်စကားနဲ့ ပြောမယ်ဆိုရင် Google မှာ ရိုက်ရှာသလို ChatGPT မှာ အလွယ်တကူရိုက်ရှာ မေးလို့ရပါတယ်
အားနည်းချက်ကတော့ သူ့မှာ free account နဲ့ paid account ရှိတော့ free account က တချို့တော့ information တွေက ယုံလို့မရဘူးပေါ့နော်....
ဥပမာအားဖြင့် “ မြန်မာနိုင်ငံသားတွေ ထိုင်းကို သွားရင် ဗီဇာလိုအပ်မလား ?.. ဗီဇာ ရခဲ့ရင်လည်း ရက်၃၀ရလား ၁၄ရက်ရလား “ စသဖြင့် information တွေ မေးမယ်ဆိုရင်တော့ အမှန်အကန်ရဖို့ခက်ပါတယ်..
ပြောင်းလဲနေတဲ့ ပေါ်လစီ တွေကို သူဆီမှာ update ဖြစ်မဖြစ် မသေချာလို့ပါ..
အဲတော့ ဘယ်လို အရာမျိုးတွေမှာ အသုံး၀င်လဲဆိုရင်တော့
ကိုယ်က နိုင်ငံခြားကို အီးမေးတစောင် ရေးမယ်ပေါ့ ရေးချင်တဲ့ အကြောင်းအရာတွေ ရှိပြီး ကိုယ့်ရဲ့ English စာက အားနည်းနေရင် ကိုယ်ရေးထားတဲ့ အီးမေးကို သူ့ဆီမှာ rephrase လုပ်ခိုင်းလို့ရပါတယ်
မကြိုက်မချင်း ထပ်ခါထပ်ခါ rephrase လုပ်ခိုင်းလို့ရပါတယ်… တဆက်ထဲမှာပဲ ကိုယ်က English စာလေ့လာနေတယ်ဆိုပါစို့ သူ့ရဲ့ rephraseလုပ်ထားတဲ့ အထဲမှာ ကိုယ်နားမလည်တဲ့ English စာအသုံးအနှုန်း Grammar အသုံးတွေကို ရှိလာခဲ့ရင် ရှင်းပြပေးပါလို့ ထပ်ပြီး မေးလို့ရပါသေးတယ်…
တခါတလေမှာ ကိုယ်က သူ့ကို အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး အကြောင်းအရာတခု ရေးခိုင်းတယ်ဆိုပါစို.
ကိုယ်လိုချင်တာက စာမျက်နှာ တစ်မျက်နှာလောက်ပဲ ဒါပေမဲ့သူက ၃မျက်နှာနီးပါးရေးပေးလာခဲ့ရင် သူ့ကိုထပ်ပြီး စာမျက်နှာ ၁မျက်နှာစာနဲ့စာလုံးရေ (ဥပမာ ) ၅၀၀လောက်ပဲ ချုံ့ပေးပါလို့ ပြောလို့ရပါသေးတယ်
အလုပ်ထဲမှာ လုပ်နေတဲ့သူတွေ အတွက် ChatGPT သုံးခြင်းက အရမ်းကို မြန်ဆန်ပြီး အရမ်းကို အသုံး၀င်ပါတယ်
နောက်တခုက (ဥပမာ) Logistics လုပ်နေတဲ့ သူတွေပေါ့ ..
ကိုယ့်က အထုပ်သေးသေးလေးတွေ ထုတ်ရမယ်ဆိုပါတော့ အဲဒီအထုတ်သေးသေးလေးတွေကို တနေရာထဲပို့မှာဆိုတော့ စရိတ်လည်းသက်သာအောင် ကိုယ့်မှာရှိတဲ့ ပုံးတွေထဲကို ဘယ်လို၀◌င်အောင်ထည့်မလဲ လို့ လုပ်တော့မယ်ဆိုရင် အထုတ်နည်းရင်က စမ်းထည့်လို့ရပေမဲ့ အထုတ်တွေကလည်းများတယ် size တွေကလည်း ပုံမှန်တွေ မဟုတ်ဘူး တခုနဲ့တခု အကြီးအသေးတွေက မတူညီဘူးဆိုရင် အချိန်အရမ်းပေးရပါတယ်
အဲလို အခြေအနေမျိုးကို ChatGPT ကို အကူညီတောင်းလို့ရပါတယ်
အရင်ဆုံး ကိုယ်ထည့်ချင်တဲ့ အထုတ်တွေကို နံပါတ်တပ်ပြီး အတိုင်းအတာတွေမှတ်ပါ
ဒုတိယအနေနဲ့ ကိုယ့်မှာရှိတဲ့ ပုံးတွေကို နံပါတ်တပ် ပြီး အတိုင်းအတာတွေ ရေးမှတ်ပါ
ပြီးတော့ ChatGPT ကို ငါ ဒီအထုတ်တွေကို ဒီပုံးထဲ ထည့်ချင် လို့ ကူပြီး လုပ်ပေးပါဆိုရင် သူက တွက်ပေးပါလိမ့်မယ်
ဥပမာအားဖြင့် အထုတ်နံပါတ်ဘယ်လောက်တွေက ပုံးနံပါတ် ၁ စသည်ဖြင့်ပေါ့ တွက်ချက်ပေးပါလိမ့်မယ်.....
မိနစ်ပိုင်းနဲ့ ကို အလုပ်တွေပြီးမြောက်ပါတယ်….
စာလုပ်နေတဲ့ ကျောင်းသားတွေ အနေနဲ့လည်း တချို့စာတွေနားမလည်ရင် သူ့ကို မေးလို့ရပါသေးတယ်
သူကလက်လှမ်းမီသလောက်ရှင်းပြပါသေးတယ် ကိုယ်က Ref စာအုပ်တွေ တောင်းရင် စာအုပ်နာမည်တွေရော sources တွေပါ ပေးပါတယ်…
နောက်တခုက ကိုယ်က ဆယ်တန်းအောင်ထားပြီဆိုပါတော့(ဥပမာအနေနဲ့) ခုနောက်ပိုင်းနာမည်ကြီးတဲ့ computer programing ကို အသက်မွေး၀မ်းကြောင်းအနေနဲ့ တက်ချင် သွားချင်တယ်ဆိုပါတော့ ChatGPT မှာ ကိုယ့်ရဲ့ အခြေခံက ဘယ်လောက်ရှိပါတယ် ကိုယ်က အချိန် ၂နှစ်လောက် အချိန်ပြည့်ပေးနိုင်ပါတယ် .. အသက်မွေး၀မ်းကြောင်းအလုပ်တခုရဖို့ ဘယ်လိုတွေ လေ့လာရမယ် ဘယ်ကျောင်းတွေ တက်ရမယ်ဆိုတာ အကြံတောင်းလို့ရပါတယ်… သူပေးလာတဲ့ အကြံပေါ်မှာ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းနဲ့ လက်ရှိလုပ်ကိုင်နေတဲ့သူတွေဆီမှာ ထပ်တိုင်ပင်လို့ရပါတယ်… ဘာမှ မသိဘဲ့နဲ့ တခြားတယောက်ကို အစအဆုံးမေးတာထက်စာရင် ကိုယ်သိနေပြီးမှ တခြားသူကိုမေးတာက ပိုထိရောက်ပါတယ်
တခုရှိတာက ChatGPT free account ကမေးတာများရင် ဒီနေ့အတွက်တော့ ပြည့်သွားပြီ ဆက်မေးလို့မရတော့ဘူးဆိုတာမျိုးရှိတတ်ပါတယ်…
ကိုယ်မေးချင်တာတွေကို ChatGPT free account ထဲမှာ record မလုပ်ထားလည်းရတယ်ဆိုရင် browser ကနေ login မ၀င်ဘဲနဲ့ သုံးပါ .. ကြိုက်သလောက်မေးလို့ရပါတယ် ..