Biology For Fun - Laelar လေ့လာ

Biology For Fun - Laelar လေ့လာ

Share

The target audience of this page are teachers teaching Biology and Science in Myanmar

03/08/2026

🦋𝐑𝐨𝐥𝐞 𝐨𝐟 𝐃𝐍𝐀 𝐢𝐧 𝐂𝐥𝐚𝐬𝐬𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧- 𝐏𝐚𝐫𝐭 𝟏 🦋

ဒီပို့စ်ကရှည်တဲ့ အတွက် အပိုင်း ၂ပိုင်း ခွဲတင်မယ်ဆိုတာရယ်နဲ့ 𝗚𝗿𝗮𝗱𝗲 𝟭𝟭 သင်ကြားနေတဲ့ ဆရာတွေအတွက် ရည်စူးတယ် ဆိုတာကို ကြိုတင်ပြောထားပါမယ်။ 𝐑𝐨𝐥𝐞 𝐨𝐟 𝐃𝐍𝐀 𝐢𝐧 𝐂𝐥𝐚𝐬𝐬𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 အကြောင်းကို ရှင်းပြပေးဖို့ ဆရာမတစ်ဦးက တောင်းဆိုလာတဲ့အတွက် သိသလောက်လေး မျှဝေချင်ပါတယ်။ ဒီသင်ခန်းစာဟာ မသင်တတ်ရင် အလွန်ညီးငွေ့စရာပါ။ အဲ့ဒါကြောင့် ကျောင်းသားတွေ စိတ်ဝင်စားလာအောင် နှိုးဆွပေးဘို့ အတွက် 🚩activity တစ်ခုနဲ့ စတင်နိုင်တယ်။

🚩နိုင်ငံ ၂၀လောက်ရဲ့ အလံတွေကို ပြပြီး ခွဲခြား (classification) လုပ်ခိုင်းပါ။ ကြယ်ပါတာ၊ ကြယ်မပါတာ၊ အစင်းပါတာ၊ မပါတာ။ ပါရင်လဲ ကန့်လန့်စင်းလား၊ ‌‌ဒေါင်လိုက်အစင်းလား၊ စသဖြင့် ခွဲခြားလို့ရတာကို လက်တွေ့လုပ်ခိုင်းကြည့်နိုင်တယ်။ ဒီလိုပဲ သက်ရှိတွေရဲ့ ခန္ဓာကိုယ်ပြင်ပ ပုံသဏ္ဌာန် (morphology) အပါအဝင် မျက်စိနဲ့ မြင်နိုင်တဲ့ လက္ခဏာရပ်များ (observable characteristics) ဖြစ်တဲ့ အရောင်၊ အဆင်၊ စတာ တွေအပြင် အတွင်းတည်ဆောက်ပုံ (anatomy) ကိုသုံးပြီးလဲ သက်ရှိတွေကို အမျိုးအစား ခွဲခြားနိုင်တယ် ဆိုတာကို မှတ်သားခိုင်းပါ။ Morphology နဲ့ anatomy ကို အခြေခံပြီး သက်ရှိတွေကို အမျိုးအစားခွဲခြားတဲ့ အယူအဆဟာ နှစ်ပေါင်း ၂,၀၀၀ ကျော် သမိုင်းရှိပြီး၊ အောက်ပါ ပညာရှင်တွေရဲ့ လုပ်ဆောင်ချက်တွေကို ပြောပြရင် ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။

⏳၄ ရာစုကာလ။ အရစ်စတိုတယ်က နေထိုင်ရာပတ်ဝန်းကျင်ကို အခြေခံပြီး ကုန်းနေသတ္တဝါ၊ ရေနေသတ္တဝါနဲ့ လေနေသတ္တဝါ ဆိုပြီး သတ္တ၀ါတွေကို ခွဲခြားတဲ့နည်းကို အသုံးပြုခဲ့တယ်။

⏳၁၈ ရာစုကာလ။ Linnaeus က morphology နဲ့ anatomy ကိုသုံးပြီး Hierarchical classification system (Kingdom မှ Species အထိ) နည်းနဲ့၊ နာမည်နှစ်လုံးပေး စနစ် (Binomial nomenclature) ကို မိတ်ဆက်ပေးခဲ့တယ်။ ယခုကာလအထိ Linnaeus ရဲ့ Hierarchical classification system ကို ကျယ်ကျယ် ပြန့်ပြန့် သုံးနေဆဲဖြစ်ပေမယ့် ဒီနည်းမှာ အကန့်အသတ်တွေ ရှိပါတယ်။ နေရာတိုင်းမှာ မမှန်ကန်ကြောင်းကို ကျောင်းသားကို ဒီလိုလက်တွေ့ပြပါ။

🚩အလံ နှစ်ခု သုံးခု မှာ ပါတဲ့ ပုံလေး တစ်ခု နှစ်ခုလောက် (ဥပမာ ကြယ်, အစင်း တစ်ခုခုကို) ကို ဖျက်ပြလိုက်ပါ။ classification ပြန်လုပ်ခိုင်းကြည့်ရင် အရင်တစ်ခုနဲ့ မတူတော့တာကို ကျောင်းသားတွေကို သတိပြုစေပါ။ အလံကို အနည်းငယ် ပြောင်းလိုက်တာနဲ့ နိုင်ငံပြောင်းသွားသလား ဆိုတာကိုလည်း မေးကြည့်နိုင်ပါတယ်။ အဖြေကတော့ “No” ပါ။

ဒီလိုပဲ... သက်ရှိတစ်ကောင်ရဲ့ ရှိရမယ့် အပြင်ပုံပန်းလက္ခဏာ တစ်ခုနှစ်ခု ပြောင်းသွားတာနဲ့ သူ့ရဲ့ classification group က ပြောင်းလဲသွားသလားလို့ မေးကြည့်ပါ။ ဥပမာ၊ မူလက ခြေချောင်းငါးချောင်းရှိတဲ့ သတ္တဝါတစ်ကောင်ကို မတော်တဆမှုကြောင့် ခြေချောင်းတစ်ချောင်း ပြတ်သွားပြီးမှ တွေ့ရှိခဲ့တယ်ဆိုပါစို့။ ပြင်ပပုံသဏ္ဌာန်ကိုပဲ ကြည့်မယ်ဆိုရင် ဒီသတ္တဝါကို ခြေချောင်းလေးချောင်းရှိတဲ့ အုပ်စုထဲကို မှားယွင်းစွာ ထည့်မိနိုင်ပါတယ်။ ဒါ့ကြောင့် Linnaeus ရဲ့ နည်းဟာ အမြဲမှန်ကန်စိတ်ချရတဲ့ နည်းမဟုတ်ကြောင်းနဲ့ သင်ခန်းစာ (၁) ကို အဆုံးသတ်နိုင်ပါတယ်။ သင်ခန်းစာ (၂) အတွက်ကတော့ မေးခွန်းတစ်ခုကို ကျောင်းသားတွေ ဆက်လက် စဥ်းစားဘို့ ဒီလိုချန်ခဲ့ပါ။

🤔“ဒါဆိုရင်... သက်ရှိတွေကို ပိုပြီး တိကျမှန်ကန်စွာ အမျိုးအစားခွဲခြားနိုင်မယ့် နည်းလမ်းက ဘာဖြစ်မလဲ။” 🤔

⏭️ အဖြေကို နောက်ပို့စ် (Part 2) မှာ ဆက်လက် မျှဝေပေးပါမယ်။ 🧬

02/08/2026

🎧 Video အသံလေးကို အရင်နားထောင်ကြည့်ပါ။
ပထမဆုံးကြားဖူးသူတိုင်း..."ဘယ်သူတွေ ဒီလောက်အော်ရယ်နေတာလဲ" လို့ လှည့်ကြည့်မိကြတယ်။
ဒါပေမယ့်... ရယ်နေတာ လူမဟုတ်ပါဘူး။ Laughing Kookaburra လို့ခေါ်တဲ့ ငှက်ရဲ့ အသံပါ။

ဒီငှက်ရဲ့ မူလနေရင်းဒေသက သြစတေးလျတိုက် အရှေ့ဘက်အခြမ်းဖြစ်တယ်။ ၁၉ ရာစုနှောင်းပိုင်း ၁၈၉၀ နှစ်ပိုင်းတွေမှာ ဒီငှက်ကို မြွေအရေအတွက်ကို ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ပြီး သြစတေးလျတိုက် အနောက်ဘက်၊ တက်စ်မေးနီးယား နဲ့ နယူးဇီလန်စတဲ့ ဒေသအသစ်တွေဆီကို မိတ်ဆက်ပေးခဲ့ကြတယ်။ ဒီငှက်တွေက မြွေသေးသေးလေး တွေကို စားပေမယ့် လူတွေ မျှော်လင့်ထားသလို မြွေအရေအတွက်ကို ထိရောက်စွာ လျှော့ချနိုင်တဲ့ "အံ့ဖွယ်ဖြေရှင်းချက်"တော့ မဖြစ်ခဲ့ပါဘူး။ မြွေတွေကို စားတာထက် အင်ဆက်၊ ဖါး၊ တွားသွား သတ္တဝါ တွေအပြင် အခြားငှက်အငယ်လေးတွေအပါအဝင် အခြားဒေသခံ တိရစ္ဆာန်လေး‌ တွေကို စားကြတာများတယ်။

Ecology (ဂေဟဗေဒ) ကိုလေ့လာတဲ့သူတွေကြားမှာ လူသိများတဲ့ ဆောင်ပုဒ်တစ်ခုရှိတယ်။ Introducing one species to solve a problem can sometimes create an entirely different problem. မြန်မာစကားပုံတစ်ခုဖြစ်တဲ့ “ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးကာမှ ကြောင်ရုပ်ကြောင့် လေးရတယ်” ဆိုသလိုပဲ တစ်ချိန်က မြွေတွေကို လျော့နည်းစေမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ Laughing Kookaburra ကို ဒေသအသစ်တွေမှာ မိတ်ဆက်ခဲ့ကြတယ်။ ဒါပေမယ့် သဘာဝတရားက လူတွေထင်သလို မရိုးရှင်းဘူး။ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ ကြိုးစားရင်း နောက်ပြဿနာတစ်ခုကို ဖန်တီးမိသွားနိုင်တယ်။

သဘာဝတရားကို လေ့လာလေလေ၊ လူ့ဘဝကို နားလည်လာလေလေပါပဲ။
ဘာသာရပ်တိုင်း မှာ ယူတတ်ရင် ဘဝသင်ခန်းစာတွေ အများကြီးရှိပါတယ်။ Video credit to Rick Schwartz

Photos from Biology For Fun - Laelar လေ့လာ's post 31/07/2026

Mitosis နဲ့ Meiosis ကို မသင်ခင်မှာ "Chromosome ဆိုတာ X ပုံပဲ!" ဆိုတဲ့ ကျောင်းသားအများစုရဲ့ အစွဲ ကို အရင်ချိုးဖျက်ရပါတယ်။

အတန်းထဲမှာ Human karyogram နှစ်ပုံကို ချပြပြီး... "ဒီနှစ်ပုံမှာ ဘာကွာသလဲ?" လို့ မေးလိုက်ရုံနဲ့ သင်ခန်းစာက စိတ်ဝင်စားဖို့ကောင်းသွားပါလိမ့်မယ်။
ပထမပုံမှာ chromosome တွေက အချောင်းပုံ (thread-like) ဖြစ်နေပြီး၊ ဒုတိယပုံမှာတော့ X ပုံသဏ္ဌာန် ဖြစ်နေပါတယ်။ ဒီကနေပြီး ကျွန်မ သင်လေ့ရှိတဲ့ အဆင့်တွေကတော့—

✅ အဆင့် (၁)။ Karyogram ဆိုတာ ဆဲလ်တစ်ခုအတွင်းရှိ chromosome တွေကို ဓာတ်ပုံရိုက်ပြီး အရွယ်အစားမှာ၊ centromere တည်နေရာမှာနဲ့ ပုံသဏ္ဌာန်မှာပါတူတဲ့ chromosome နှစ်ခုစီကို တွဲစီထားတဲ့ ပုံဖြစ်ကြောင်း ရှင်းပြပါတယ်။
✅ အဆင့် (၂)။ Chromosome အတွဲတစ်တွဲကို homologous chromosomes လို့ ခေါ်ကြောင်း၊ တစ်ခုက မိခင်ထံမှ၊ တစ်ခုက ဖခင်ထံမှ အမွေဆက်ခံထားတာဖြစ်ကြောင်း ဆက်လက်ရှင်းပြပါတယ်။
✅ အဆင့် (၃)။ Homologous chromosomes နှစ်ခုမှာ တူညီတဲ့ genes တွေ ရှိပေမယ့် alleles တွေက တော့ တူနိုင်သလို မတူတာတွေလည်း ရှိကြောင်း နားလည်စေပါတယ်။

ဒီအခြေခံကို သေချာနားလည်ပြီးမှ Karyogram နှစ်ပုံ အကြောင်းကို ဆက်သွားပါတယ်။
📌 ပထမ Karyogram မှာ chromosome တစ်ခုစီဟာ DNA replication မလုပ်ရသေးတဲ့ chromosome ဖြစ်ပြီး DNA molecule တစ်ခုတည်း ပါဝင်တဲ့အတွက် အမျှင်ပုံ ဖြစ်နေတယ်။
📌 ဒုတိယ Karyogram မှာတော့ DNA replication ပြီးသွားတဲ့ chromosome တွေဖြစ်တဲ့အတွက် DNA molecule နှစ်ခုစီ ပါဝင်နေတဲ့အတွက် X shaped ဖြစ်နေတယ် ။ အဲဒီ DNA molecule နှစ်ခုကို sister chromatids လို့ ခေါ်ပြီး centromere မှာ ချိတ်ဆက်ထားပါတယ်။

ဒီလို သဘောတရားကို အစကတည်းက ရှင်းသွားရင်—
"Chromosome = X ပုံ" ဆိုတဲ့ အမှားအယူအဆ ပျောက်သွားပြီး Mitosis နဲ့ Meiosis ကို နောက်ပိုင်းသင်တဲ့အခါ ကျောင်းသားတွေ ပိုပြီး နားလည်လွယ်လာပါတယ်။

သင်ကြားရေးမှာ အခက်အခဲအများစုဟာ အသစ်ကို သင်ပေးရတာထက် အမှားအယူအဆ (misconceptions) ကို ပြင်ပေးရတာက ပိုခက်ခဲတတ်ပါတယ်။

Photos from Biology For Fun - Laelar လေ့လာ's post 22/07/2026

တိရစ္ဆာန်တွေက ကမ္ဘာ့ဖလား အနိုင်ရသူကို တကယ်ပဲ ကြိုသိနိုင်ကြသလား... ဒါမှမဟုတ် စွတ်ရွတ်ပြီး ကံကောင်းသွားကြတာလား?
ထိုင်းနိုင်ငံရဲ့ နာမည်ကျော် Moo Deng ရေမြင်းမလေးက အခုပြီးသွားတဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် သူ့ရဲ့ "ရွေးချယ်မှု" ကို ပြုလုပ်ခဲ့ပေမယ့် ဒီတစ်ခေါက်တော့ မှန်ကန်တဲ့ အဖြေကို မရခဲ့ပါဘူး။
ဒါပေမယ့် Moo Deng ဟာ ဒီလို "ဗေဒင်ဟော" ခဲ့တဲ့ ပထမဆုံးတိရစ္ဆာန်တော့ မဟုတ်ပါဘူး။
Paul ဆိုတဲ့ ရေဘဝဲဟာ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်းရဲ့ ပွဲစဉ် ၇ ပွဲနဲ့ ဗိုလ်လုပွဲအပါအဝင် ၈ ပွဲဆက်တိုက် မှန်ကန်စွာ ရွေးချယ်နိုင်ခဲ့တာကြောင့် ကမ္ဘာကျော်သွားခဲ့ပါတယ်။ နောက်ဆုံးပွဲမှာ နယ်သာလန်ကို စပိန်နိုင်လိမ့် မယ်လို့ ရွေးချယ်သွားခဲ့တာမှာလဲ မှန်သွားခဲ့ပြန်တယ်။ တကမ္ဘာလုံးက ဖန်တွေဆီက‌နေ ချီးမွန်းစာ တွေ ထောင်ချီရခဲ့တဲ့အပြင် စပိန်နိုင်ငံက နောက်ပြောင်ပြီး စပိန်နိုင်ငံသားအဖြစ်ပါ ပေးခံခဲ့ရတယ်။ နိုင်ငံများစွာ က Paul ကို ဝယ်ယူဘို့ ကမ်းလှမ်းကြပေမယ့် Sea Life Aquarium (Germany) က မရောင်းချခဲ့ဘူး။ ဘယ် ရောင်းချင်ပါ့မလဲ! Paul ကို လာကြည့်တဲ့ ခရီးသွားဧည့်သည် တွေကြောင့် Aquarium ကလည်း ဝင်ငွေ ကောင်းကောင်း ရနေခဲ့တာကိုး။ ရေဘဝဲလေးကတော့ နှစ်နှစ်ခွဲ အသက်နဲ့ 26 October 2010, မှာ သေဆုံး သွားပြီဖြစ်ပါတယ်။
ဂျာမနီက ဆင်မလေး နယ်လီကတော့ ၂၀၀၆, ၂၀၁၀, နဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေနဲ့ ယူရို ၂၀၁၂ ပွဲတွေမှာ ဂျာမနီအသင်းရဲ့ ပွဲစဉ် ၃၃ ပွဲစဥ်တွေမှာ ပွဲ ၃၀ ကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့လို့ သူမလည်း ဘောလုံး ပရိသတ် တွေအကြား အတော်လေး နာမည်ကြီးသွားခဲ့ပါတယ်။ ဒီဆင်မလေးကို ဘောလုံးတစ်လုံး ချပေးပြီး ကန်ခိုင်းပြီး ခန့်မှန်းကြတာဖြစ်တယ်။ သူကတော့ အခုထက်ထိ Serengeti Park မှာ အသက်ရှင် နေထိုင်နေဆဲဖြစ်တယ်။
Paul နောက်ပိုင်းမှာတော့ စင်ကာပူက Mani ကြက်တော၊ UAE က Shaheen ကုလားအုတ်၊ အင်္ဂလန်က Marcus ဝက်၊ ဂျာမနီက Daisy ဖျံ၊ ကာတာက ပန်ဒါနှစ်ကောင်၊ ဂျပန်က Taiyo ဖျံလေးနဲ့ ဒီနှစ် ထိုင်းက Moo Deng တို့ဟာလည်း သူ့ခေတ်သူ့အခါနဲ့သူ "ဘောလုံးဗေဒင်ဆရာ" တွေအဖြစ် လူသိများခဲ့ကြပါတယ်။
တိရစ္ဆာန်တွေက တကယ်ပဲအနာဂတ်ကို မြင်နိုင်တာလား။
ဒါမှမဟုတ်... အဓိပ္ပာယ်မရှိတဲ့ တိုက်ဆိုင်မှုတွေထဲမှာ အဓိပ္ပာယ်ကို ရှာဖွေချင်တာက လူသားတွေပဲလား။
တိရစ္ဆာန်တွေဟာ အလံ၊ အရောင်၊ အစားအစာထားပုံ၊ အနံ့၊ ဒါမှမဟုတ် အနီးဆုံးနေရာကို သဘာဝအရ ရွေးချယ်လိုက်တာသာ ဖြစ်ပါတယ်။ သူတို့ရဲ့ ရွေးချယ်မှုက သိပ္ပံနည်းကျ ခန့်မှန်းချက်မဟုတ်ဘဲ အခွင့်အလမ်း (chance) နဲ့ တိုက်ဆိုင်သွားတာ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် လူတွေကတော့ ဒီလို ချစ်စရာတိရစ္ဆာန်လေးတွေရဲ့ "ခန့်မှန်းမှု" ကို အားကစားပွဲတွေရဲ့ ပျော်ရွှင်စရာ အစဉ်အလာတစ်ခုအဖြစ် သဘောကျနေကြဆဲပါ။ ဖိအားတွေ၊ တင်းမာမှုတွေ၊ ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ လူ့လောကကြီးထဲမှာ ဒီချစ်စရာတိရစ္ဆာန်လေးတွေကတော့ လူတွေကို ခဏတာပြုံးစေတဲ့ ပျော်ရွှင်စရာလေး တွေ ပေးခဲ့ကြတာပါ။
ဒါပေမယ့်... သူတို့ကို အားကိုးပြီး ဘောလုံးလောင်းမယ်ဆိုရင်တော့...
ဂွမ်း...... ဂွမ်း...... ဂွမ်း......

22/07/2026

🪸"ပန်းရောင်စုံတောကြီးလိုလှပေမယ့် အပင်မဟုတ်ဘူး။
ကျောက်ခဲ ကျောက်သားလိုမာပေမယ့် ကျောက်တုံးမဟုတ်ဘူး။” တဲ့.. ကဲ ဘာဖြစ်မလဲ လေ့လာကြည့်ရအောင်။

သန္တာကျောက်တန်းဆိုတာ အလွန်သေးငယ်တဲ့ coral polyps လို့ခေါ်တဲ့ ပင်လယ်ရေနေသတ္တဝါလေးတွေက ကယ်လ်စီယမ်ကာဗွန်နိတ် (calcium carbonate) ထုံးဓါတ်ကို အလွှာလိုက် တည်ဆောက်ရင်း နှစ်ပေါင်းထောင်ချီအတွင်း ဖန်တီးထားတဲ့ သဘာဝအံ့ဖွယ်တစ်ခုပါ။

ဇူလိုင်လရဲ့ တတိယပတ် ကို 𝐂𝐨𝐫𝐚𝐥 𝐑𝐞𝐞𝐟 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐖𝐞𝐞𝐤 အဖြစ် သတ်မှတ်ထားတာဟာ ဒီသန္တာကျောက်တန်းတွေ ဘယ်လောက်အရေးကြီးပြီး ဘယ်လောက်အန္တရာယ်ကြုံတွေ့နေရတယ်ဆိုတာ လူတိုင်းကို သတိထားစေချင်လို့ဖြစ်တယ်။

ကမ္ဘာ့သမုဒ္ဒရာမျက်နှာပြင်ရဲ့ ၁% ထက်တောင် နည်းတဲ့ ဧရိယာကိုသာ ဖုံးလွှမ်းထားပေမယ့် သန္တာကျောက်တန်းတွေက…
🐠 ငါးနဲ့ အခြားရေနေသတ္တဝါတွေ စတဲ့ ပင်လယ်သက်ရှိမျိုးစိတ်အားလုံးရဲ့ လေးပုံတစ်ပုံခန့် ရဲ့ နေအိမ် ဖြစ်တယ်။
🐠ကမ်းရိုးတန်းတွေကို လှိုင်းကြီးမုန်တိုင်းဒဏ်က ကာကွယ်ပေးတယ်။
🐠လူသန်းပေါင်းများစွာအတွက် အစားအစာနဲ့ အသက်မွေးဝမ်းကျောင်းကို ပံ့ပိုးပေးတယ်။
💊 အနာဂတ်ဆေးဝါးသစ်တွေ ရှာဖွေဖော်ထုတ်နိုင်ဖို့လည်း အရေးပါတဲ့ သဘာဝရတနာတစ်ခု ဖြစ်တယ်။

သို့သော်..... လူတွေဖန်တီးနေတဲ့
💥ကမ္ဘာ့နဲ့ပင်လယ်ရေအပူချိန် မြင့်တက်လာခြင်း (𝐠𝐥𝐨𝐛𝐚𝐥 𝐰𝐚𝐫𝐦𝐢𝐧𝐠)
💥ရာသီဥတုပြောင်းလဲမှု (𝐜𝐥𝐢𝐦𝐚𝐭𝐢𝐜 𝐜𝐡𝐚𝐧𝐠𝐞𝐬)
💥ညစ်ညမ်းမှု (𝐩𝐨𝐥𝐥𝐮𝐭𝐢𝐨𝐧)
💥အလွန်အကျွံ ငါးဖမ်းခြင်း (𝐨𝐯𝐞𝐫𝐟𝐢𝐬𝐡𝐢𝐧𝐠)
💥 ဖျက်ဆီးတတ်တဲ့ ငါးဖမ်းနည်းလမ်း (𝐝𝐞𝐬𝐭𝐫𝐮𝐜𝐭𝐢𝐯𝐞 𝐟𝐢𝐬𝐡𝐢𝐧𝐠 𝐩𝐫𝐚𝐜𝐭𝐢𝐜𝐞𝐬) တွေကြောင့် သန္တာကျောက်တန်းတွေဟာ အရှိန်အဟုန်နဲ့ ပျက်စီးနေပါတယ်။

သန္တာကျောက်တန်းတွေ ပျောက်ကွယ်သွားရင် ပင်လယ်ဇီဝမျိုးစုံမျိုးကွဲ (ocean biodiversity) တွေ လျော့နည်းလာမယ်၊ ငါးအရင်းအမြစ်တွေ ကျဆင်းမယ်၊ ကမ်းရိုးတန်းတွေ မုန်တိုင်းဒဏ်ကို ပိုခံရမယ်၊ လူတွေရဲ့ စားနပ်ရိက္ခာနဲ့ အသက်မွေးဝမ်းကျောင်းတွေလည်း ထိခိုက်လာပါလိမ့်မယ်။

🪸 သန္တာကျောက်တန်းတွေကို ကာကွယ်ကြပါ။ သူတို့ဟာ ပင်လယ်သက်ရှိတွေကိုသာ မက မိမိတို့လူသားတွေရဲ့ အနာဂတ်ကိုပါ ကာကွယ်တာ ဖြစ်ပါတယ်။ 🪸

ပထမ မန့်မှာ 👇🏿သိထားသင့်တဲ့ Coral Reef အကြောင်း စိတ်ဝင်စားဖွယ်အချက် (၅) ချက်ကိုဖော်ပြပေးထားပါမယ်။

20/07/2026

မစုလာပြလို့ အင်ဆက်တစ်ကောင်မှန်းတော့ သိပေမယ့် ဘာအမျိုးအစားလဲဆိုတာ သိချင်လို့ ရှာဖွေ လေ့လာ လိုက်တယ်။
ဒါက Tussock moth လို့ခေါ်တဲ့ ဖလံ (moth) မျိုးပါ။

စိတ်ဝင်စားစရာကတော့ အထီးရော အမမှာပါ abdomen (ဝမ်းဗိုက်) ထိပ်ဖျားနားမှာ အမွှေးတစ်စု ပါနေတာဖြစ်တယ်။ အမကောင်တွေမှာတော့ အဲဒီအမွှေးက ပိုအရွယ်ကြီးပြီး ပိုသိသိသာသာများတယ်။

မိတ်ဖက်ကို ဖိတ်ခေါ်ချင်တဲ့အခါ အမကောင်က ဝမ်းဗိုက်ထိပ်ကို အပေါ်မြှောက်ပြီး pheromone လို့ခေါ်တဲ့ ဓာတုအချက်ပြပစ္စည်းတစ်မျိုးကို ထုတ်လွှတ်တယ်။ အဲဒီ pheromone ကို ထုတ်ပေးတဲ့ ဂလင်းက ဝမ်းဗိုက်ထိပ်ဖျားနားမှာရှိပြီး ထုတ်တဲ့အခါ ဒီအမွှေးစု အဲဒီအနံ့ဓာတ်ကို ပတ်ဝန်းကျင်ထဲ ပိုမိုပြန့်နှံ့စေဖို့ အထောက်အကူပြုတယ်လို့ ယူဆကြတယ်။

ဖလံအထီးတွေကတော့ သူတို့ရဲ့ အလွန်အာရုံခံ‌ကောင်းတဲ့ အမွေးပုံစံ antennae ဦးမျှင်တွေနဲ့ ဒီ pheromone ကို အဝေးကတည်းက အာရုံခံနိုင်ပြီး အနံ့လမ်းကြောင်းအတိုင်း ပျံသန်းလာကာ အမကောင်ကို ရှာတွေ့ ကြတာပါ။
သဘာဝလောကမှာ အနံ့လေးတစ်ခုတည်းနဲ့ ဆက်သွယ်ပြီး မိတ်ဖက်ရှာကြတဲ့ နည်းလမ်းက တကယ် အံ့ဩစရာကောင်းပါတယ်။

(မှတ်ချက်။ အထက်ပါ စာပိုဒ်တွေက ကျွန်မက အချက်အလက်တွေ ပေးလိုက်ပြီး ChatGPT ကို creative writing နဲ့ရေးခိုင်းထားတာဖြစ်တယ်။ အခုတလော စာသင်နေရတာတွေကများတာရယ်၊ စာမေးပွဲတွေက နောက်သုံးလ လောက်ဆို စစ်တော့မှာ ဖြစ်လို့ ပြင်ဆင်ပေးနေရတာတွေကများနေတာရယ် နဲ့ သူ့ပဲ ရေးခိုင်း လိုက်တယ်။)

08/07/2026

တိရစ္ဆာန်တွေ ဒဏ်ရာရရင် ဘာလို့ လျှာနဲ့ယက်ကြတာလဲ? 🤔
ငယ်ငယ်တုန်းက လူတိုင်းနီးပါး အပြေးသန်၊ အဆော့သန်ကြပါတယ်။ ဒူးပွန်း၊ လက်ပွန်း၊ ဒဏ်ရာလေးတွေက နေ့တိုင်းလိုလို ရှိခဲ့တယ်။ နာလာရင်တော့ တံတွေးလေးဆွတ်ပြီး “သက်သာသွားပြီ” လို့ ထင်ပြီး ပြန်ပြေး၊ ပြန်ဆော့ခဲ့ကြတာကို မှတ်မိကြဦးမယ်ထင်ပါတယ်။

တိရစ္ဆာန်တွေကိုလည်း ကြည့်ပါ။ ဒဏ်ရာရတာနဲ့ လျှာနဲ့ အမြဲလိုလို ယက်နေကြတာကို တွေ့ရတယ်။ ဒါက အလေ့အကျင့်သက်သက် မဟုတ်ဘဲ သဘာဝက ဖန်တီးပေးထားတဲ့ ဇီဝဗေဒဆိုင်ရာ ကာကွယ်ရေးစနစ်တစ်ခု ဖြစ်နိုင်ပါတယ်။

လူနဲ့ နို့တိုက်သတ္တဝါတချို့ရဲ့ တံတွေးထဲမှာ opiorphin လို့ခေါ်တဲ့ pentapeptide (Gln–Arg–Phe–Ser–Arg atmino acids ၅ ခုသာ ပါဝင်တဲ့ peptide) တစ်မျိုး ပါရှိပါတယ်။ ဒီ opiorphin က နာကျင်မှုကို တိုက်ရိုက် သက်သာစေတာတော့မဟုတ်ပေမယ့် သူ့တာဝန်က ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်လုပ်ပေးတဲ့ enkephalins လို့ခေါ်တဲ့ natural painkillers တွေကို မပျက်စီးအောင် ကာကွယ်ပေးတာပါ။ အဲ့ဒီအတွက် enkephalins တွေက ပိုကြာကြာ အလုပ်လုပ်နိုင်ပြီး နာကျင်မှုကို သဘာဝအတိုင်း သက်သာစေပါတယ်။ ဒါတင်မကသေး ........

တံတွေးထဲမှာ lysozyme, lactoferrin, peroxidases နဲ့ histatins လို ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေး တဲ့ antimicrobial proteins တွေလည်း ပါဝင်ပါတယ်။ ထို့အပြင် growth factors တွေကလည်း ပျက်စီးသွား တဲ့ တစ်ရှူးတွေကို ပြန်လည်ပြုပြင်ရာမှာ အထောက်အကူပြုပါတယ်။

ဒါကြောင့် တိရစ္ဆာန်တွေ ဒဏ်ရာကို လျှာနဲ့ယက်တာဟာ—
✔️ နာကျင်မှုကို သဘာဝအတိုင်း သက်သာစေဖို့၊
✔️ ရောဂါပိုးဝင်ရောက်မှုကို လျှော့ချဖို့၊
✔️ ဒဏ်ရာပြန်လည်သက်သာဖို့ အတွက် အကျိုးရှိတဲ့ အပြုအမူတစ်ခုလို့ ယူဆကြပါတယ်။

🌿 Science က စာအုပ်ထဲမှာပဲ ရှိတာမဟုတ်ပါဘူး။ နေ့စဉ်မြင်တွေ့နေတဲ့ သဘာဝဖြစ်စဉ်တိုင်းရဲ့ နောက်ကွယ် မှာ Science ရှိနေပါတယ်။ သဘာဝမှာ နေ့စဥ်တွေ့နေ မြင်နေကြ အကြောင်းအရာတွေကို Science concepts နဲ့ တွဲကြည့်လိုက်ရင် အသိပညာ အရမ်းတိုးပါတယ်။ ဆရာတွေ စာသင်ကြားရာမှာလည်း ဒီလိုအကြောင်း အရာတွေကို ညှပ်ထည့် သင်ရင် ကလေးတွေ အရမ်းစိတ်ဝင်စားပြီး ဘာသာရပ်ကို ပိုချစ်လာကြတယ်ဆိုတာ ကိုယ်တွေ့ပါ။

02/07/2026

Grade 12 Chapter 2 🎥 Laelar Video Lesson

🎥နှစ်လကျော်ကျော် အချိန်ယူ ပြင်ဆင်ခဲ့ရတဲ့ Video Lessons (၂၀) ပုဒ်လုံးကို ယခုတော့ Telegram Channel ပေါ်မှာ အပြည့်အစုံ တင်ပြီးသွားပါပြီ။

⏱️စုစုပေါင်း ၁၁ နာရီခန့် ကြာမြင့်တဲ့ ဒီသင်ခန်းစာတွေဟာ တစ်နေ့တည်း အပြီးကြည့်ဖို့ မဟုတ်ပါဘူး။ အချိန်ရသလို တစ်ပုဒ်ချင်း၊ တစ်ဆင့်ချင်း လေ့လာသွားရင်း နားလည်မှုကို တည်ဆောက်သွားဖို့ ရည်ရွယ်ထားတာပါ။

🎯ပညာဆိုတာ အပြေးအလွှား ရောက်သွားရတဲ့ ခရီးမဟုတ်ပါဘူး။ နေ့စဉ် နည်းနည်းစီ လျှောက်လှမ်းရင်း မိမိကိုယ်ကို တိုးတက်လာစေတဲ့ ခရီးရှည်တစ်ခုပါ။

17/06/2026

Biology ကို သင်ကြားလာတဲ့ အနှစ် ၄၄ နှစ်အတွင်းမှာ Evolution topic က သင်ရတာ အပျင်းဆုံးဆိုပေမယ့် အခု Cambridge A2 အတွက် စာသင်ရင်း တဖြည်းဖြည်းစိတ်ဝင်စားသလိုလိုဖြစ်လာတယ်။

Population တစ်ခုအတွင်းမှာ allele frequencies ပြောင်းလဲခြင်း (တနည်း) evolution ကိုဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုက Natural selection ဆိုပေမယ့် အခြားအကြောင်းရင်းတွေလဲရှိသေးတယ်။ အဲ့ဒီအထဲက Genetic drift ဆိုတာကို စိတ်ဝင်စားမိတယ်။

အခု မြန်မာပြည်မှာဖြစ်နေတဲ့ အဖြစ်အပျက်တွေကို Bottleneck effect of Genetic drift လို့ ယူဆမိတယ်။ မျိုးပွားနိုင်တဲ့ အရွယ်ရောက်နေပြီဖြစ်တဲ့ လူငယ်တွေ ပြည်ပနိုင်ငံတွေကို ထွက်ခွာနေကြတာ၊ ပြည်တွင်းစစ်အတွင်း နှစ်ဘက်လုံးမှာ သေကြေနေကြတာတွေက original population ဖြစ်တဲ့ မြန်မာပြည်တွင်းမှာရှိတဲ့ genetic pool ကို အပြောင်းအလဲ အများကြီးဖြစ်စေနေတာဖြစ်တယ်။ နောင်နှစ်များစွာ ကြာလာရင် Myanmar genetic pool မှာ ဘယ် Alleles တွေကျန်ရစ်ခဲ့ပြီး ဘယ် allelel တွေ ထာဝရ ပျောက်ဆုံးသွားမလဲ ဆိုတာ လူကြီးမင်းများ စဥ်းစားမိမယ် မထင်။ သိလဲ ဂရုစိုက်ကြမယ်မထင်။

10/06/2026

Grade12❤️Chapter 2❤️Laelar Video Lesson ❤️

❤️ဆရာတစ်ယောက် အနေနဲ့ မြန်မာပြည်သင်ရိုး၊ IGCSE ၊ IB သင်ရိုး ဘာသင်ရိုးကိုပဲသင်သင်။ ကျောင်းသား တစ်ယောက် အနေနဲ့ ကလဲ ဘယ်သင်ရိုးရဲ့ စာမေးပွဲကိုပဲ ဖြေဖြေ အကြောင်းအရာတွေ ကတော့ ဒါတွေချည်း ပါပဲ။ စာမေးပွဲ မေးခွန်းပုံစံ ပြောင်းလဲသွားတာပဲရှိပါတယ်။ ဒါ့ကြောင့်လဲ ကျွန်မ စာသင်တဲ့ အခါ concepts ကိုပဲ ဦးစားပေးပြီး သင်ကြားလေ့ရှိတယ်။

❤️ဒီနှစ်မှာ Grade 12 အခန်းတွေထဲက အခက်ခဲဆုံး Chapter 2: Molecular Biology ကိုဦးစားပေးပြီး Video lessons တွေဖြင့် telegram channel တစ်ခု ပြုလုပ်ပေးထားပါပြီ။ အချိန်အခက်အခဲရှိတဲ့ အတွက် ကျန် ၅ ခန်းကိုတော့ မလုပ်ဖြစ်သေးကြောင်း အသိပေးအပ်ပါတယ်။

❤️ မြန်မာပြည်သင်ရိုး Grade 10, 11 နဲ့ 12 အပြီးမှာ ကိုယ့်ရဲ့ ကျောင်းသားက IGCSE O level ကိုဖြေချင်ရင်သော်လည်းကောင်း၊ IGCSE A level/ IB တို့ကို ဆက်သွားချင်ရင် သော်လည်းကောင်း အဆင်သင့် ဖြစ်နေရအောင် ပြင်ဆင်ပေးရမှာက ဆရာ့တာဝန် ဖြစ်တယ်လို့ ခံယူထားတဲ့ အတွက် ကျွန်မရဲ့ သင်ခန်းစာတွေမှာ မကြာမီက ဖြည့်စွက်ထည့်လိုက်တဲ့ အကြောင်းအရာတွေပါ ထည့်သွင်း ရှင်းလင်းထားပါတယ်။

❤️ Video lessons နမူနာကြည့်ပါရစေ ဆိုတဲ့သူများအတွက် Biology for Fun page မှာ ဗွီဒီယိုတစ်ဖြတ် တင်ပေး လိုက်ပါတယ်။ Biology (Grade10, Grade 11, Grade 12)Telegram channels တွေကို ဝင်ရောက်ပြီး လေ့လာချင်သူများ အနေဖြင့် လေ့လာအဖွဲ့သားများကို Biology for Fun- Laelar CB https://www.facebook.com/profile.php?id=100063572173421 မှာ လာရောက် ဆက်သွယ်နိုင်ပါတယ်။

Want your school to be the top-listed School/college in Singapore?

Click here to claim your Sponsored Listing.

Location

Website

Address


Singapore