Nyo Coaching

Nyo Coaching

Share

Learn More. Earn More. Live More.

10/08/2026

✅ဘဝမှာ ပျော်ရွှင်ဖို့ ပြဿနာအားလုံး
ပျောက်သွားဖို့ မလိုပါဘူး...
ကိုယ့်စိတ်ကို ပင်ပန်းစေတဲ့အရာတွေကို
လွှတ်ချတတ်ဖို့ပဲ လိုပါတယ်...

ပျော်ချင်ရင်
ဘဝမှာ မှတ်ထားသင့်တဲ့ စည်းမျဉ်း (၇) ချက်ရှိတယ်

၁။ အတိတ်နဲ့ ငြိမ်းချမ်းရေးယူပါ...
ပြန်ပြင်လို့မရတဲ့ အတိတ်ကြောင့်
လက်ရှိဘဝကို မပျက်စီးပါစေနဲ့...
ဖြစ်ခဲ့တာတွေကို လက်ခံပြီး
ရခဲ့တဲ့သင်ခန်းစာကိုယူကာ ရှေ့ဆက်ပါ...

၂။ အချိန်ကို အချိန်ပေးပါ...
နာကျင်မှုတိုင်း ချက်ချင်းပျောက်မသွားနိုင်ပါဘူး...
တချို့ဒဏ်ရာတွေ သက်သာလာဖို့ အချိန်လိုပါတယ်...
ကိုယ့်ကိုယ်ကို အလျင်မလိုဘဲ ဖြည်းဖြည်းချင်း
ပြန်တည်ဆောက်ခွင့်ပေးပါ...

၃။ တခြားသူတွေ ကိုယ့်အပေါ်
ဘယ်လိုထင်လဲဆိုတာကို
အလွန်အကျွံမစိုးရိမ်ပါနဲ့...
လူတိုင်းသဘောကျအောင် နေထိုင်နေရင်
ကိုယ်တကယ်လိုချင်တဲ့ဘဝကို နေထိုင်ဖို့ မေ့သွားနိုင်ပါတယ်...
ကိုယ့်တန်ဖိုးကို တခြားသူရဲ့အမြင်နဲ့ မဆုံးဖြတ်ပါနဲ့...

၄။ ကိုယ့်ဘဝကို တခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့...
လူတိုင်းရဲ့ စတင်ရာနေရာ၊ အခွင့်အရေးနဲ့
အချိန်ဇယား မတူကြပါဘူး...
တခြားသူရဲ့ Chapter 20 နဲ့ ကိုယ့်ရဲ့
Chapter 2 ကို မနှိုင်းယှဉ်ပါနဲ့...
မနေ့ကကိုယ့်ထက် ဒီနေ့ပိုကောင်းလာဖို့ပဲ အာရုံစိုက်ပါ...

၅။ အတွေးလွန်တာကို ရပ်ပါ...
မေးခွန်းတိုင်းအတွက် အခုချက်ချင်း အဖြေရဖို့မလိုပါဘူး...
မသေချာသေးတဲ့အချိန်မှာလည်း
တစ်လှမ်းချင်း ရှေ့ဆက်လို့ရပါတယ်...
တချို့အဖြေတွေက စဉ်းစားနေရင်း
ရလာတာမဟုတ်ဘဲ လက်တွေ့စလုပ်လိုက်မှ ပေါ်လာတာပါ...

၆။ ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်တိုင်တာဝန်ယူပါ...
ကိုယ့်ကို ပျော်ရွှင်အောင်ထားပေးဖို့ တခြားသူတွေကို မစောင့်ပါနဲ့...
ကိုယ်ကြိုက်တဲ့အရာလုပ်ပါ...
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ...
ကိုယ်လိုချင်တဲ့ဘဝကို ကိုယ်တိုင်တည်ဆောက်ပါ...

၇။ ပြုံးပါ...
ကိုယ့်မှာရှိနေတဲ့ ပြဿနာတိုင်းကို
တစ်နေ့တည်း ဖြေရှင်းဖို့မလိုပါဘူး...
ဒီနေ့ကို ရင်ဆိုင်နိုင်ခဲ့တာအတွက်
ကိုယ့်ကိုယ်ကို ချီးကျူးပြီး
နောက်တစ်လှမ်း ဆက်လျှောက်ပါ...
ဘဝပေါ့ပါးလာတာက
ပြဿနာမရှိတော့လို့ မဟုတ်ပါဘူး...

မထိန်းချုပ်နိုင်တဲ့အရာတွေကို လွှတ်ချပြီး
ထိန်းချုပ်နိုင်တဲ့ ကိုယ့်အတွေး၊
ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ့်လုပ်ရပ်တွေကို
ပြန်ဂရုစိုက်တတ်လာလို့ပါ...

ဒီ (၇) ချက်ထဲက အခုအချိန်မှာ
ကိုယ်အလိုအပ်ဆုံး စည်းမျဉ်းက
ဘယ်နံပါတ်လဲ ဖြေခဲ့ပါ...



06/08/2026

"တစ်နေ့ကျရင် Coach ဖြစ်ချင်တယ်..."
ဆိုတဲ့ အိပ်မက်ကို...

"ကျွန်တော်/ကျွန်မ လုပ်နိုင်ပြီ..."
ဆိုတဲ့ ယုံကြည်မှုအဖြစ် ပြောင်းလဲပေးခဲ့တဲ့ ၅ ရက်...
နောက်ဆုံးနေ့...

PLCT Batch-8...
Congratulations to our Future Professional Coaches



03/08/2026

“အဖြေပေးတတ်သူ” တိုင်းက Coach မဟုတ်ပါဘူး။
“အဖြေကို ကိုယ်တိုင်ရှာတွေ့အောင် မေးခွန်းထုတ်ပေးတတ်သူ” ကသာ Coach ကောင်းတစ်ယောက်ပါ။

လူတစ်ယောက်ရဲ့ အတွေးနဲ့ အလားအလာကို ဖွင့်ပေးနိုင်တဲ့ မေးခွန်း (၁၀) ခု 👇

1️⃣ ဘယ်နေရာမှာ အကူအညီပိုလိုအပ်နေလဲ။
2️⃣ အခုကြောက်ရွံ့မှုအပေါ် ဘယ်လိုခံစားနေရလဲ။
3️⃣ ဒီတစ်ပတ် ဘာတွေစတင်လုပ်ဆောင်ခဲ့လဲ။
4️⃣ ဒီတစ်ပတ် ဘာတွေကောင်းမွန်ခဲ့လဲ။
5️⃣ ဒီဆွေးနွေးမှုမှာ ဘာကိုအဓိကအာရုံစိုက်ချင်လဲ။
6️⃣ အခု ဘယ်လိုမေးခွန်းတွေ ပေါ်လာနေလဲ။
7️⃣ နောက်ထပ် ဘာကူညီပေးရဦးမလဲ။
8️⃣ ဒီအကြောင်းကို ဘယ်လိုခံစားရလဲ။
9️⃣ အခုစိတ်ထဲမှာ ဘာတွေပေါ်လာနေလဲ။
🔟 ဒီနေ့ဆွေးနွေးမှုကနေ အရေးအကြီးဆုံး ဘာရလိုက်လဲ။

ကောင်းမွန်တဲ့မေးခွန်းတစ်ခုက
အကြံပေးချက်တစ်ရာထက် ပိုပြီး ဘဝကိုပြောင်းလဲပေးနိုင်တယ်။

စကားပြောရုံမလုပ်ပါနဲ့။
အတွေးတွေ နိုးထလာအောင် မေးခွန်းထုတ်ပါ။ 🎯




03/08/2026

နောက်မှလုပ်မယ်” ဆိုတဲ့ စကားက
ကိုယ့်အိပ်မက်တွေကို တိတ်တိတ်လေး သတ်နေတာပါ...
အောင်မြင်ဖို့ Motivation ရှိလာတဲ့အထိ စောင့်မနေပါနဲ့
စတင်လိုက်မှ Momentum ဖြစ်လာတာပါ...
🎯 ပန်းတိုင်ကို တိတိကျကျထားပါ
📝 တစ်နေ့တာကို ကြိုတင်စီစဉ်ပါ
⏱️ ၅ မိနစ်ပဲဖြစ်ဖြစ် စလုပ်ပါ
📵 အာရုံပျက်စရာတွေကို ဖယ်ရှားပါ
🧠 ပြီးပြည့်စုံဖို့ထက် တိုးတက်ဖို့ အာရုံစိုက်ပါ
🏆 သေးငယ်တဲ့အောင်မြင်မှုတိုင်းကို အသိအမှတ်ပြုပါ
📈 နေ့စဉ်တိုးတက်မှုကို မှတ်တမ်းတင်ပါ ...
မင်းရဲ့အနာဂတ်ကို ပြောင်းလဲပေးမယ့်အရာက
“တစ်နေ့နေ့” မဟုတ်ဘူး…
“ဒီနေ့ စလုပ်လိုက်ခြင်း” ပါ...
မစောင့်နဲ့။ မရွှေ့ဆိုင်းနဲ့
အခုပဲ စလိုက်ပါ... 🔥




02/08/2026

လက်ရှိ ကိုယ်ဘာကောင်ဖြစ်နေလဲဆိုတာ
နေ့စဉ် ကိုယ်ဘာတွရွေးချယ်နေလဲဆိုတဲ့
အလေ့အကျင့်တွေက လာတယ် ...
ဖုန်းကို အဆုံးမရှိ Scroll လုပ်တာ လွယ်တယ်
အိပ်ရာထဲမှာ အချိန်ပိုဖြုန်းတာ လွယ်တယ်
စားချင်တာစားပြီး ကိုယ့်ကျန်းမာရေးကို
လျစ်လျူရှုထားတာ လွယ်တယ်...
ဒါပေမယ့်...
အခုလွယ်တာကိုပဲ အမြဲရွေးချယ်နေရင်
နောင်တစ်ချိန်မှာ ဘဝက ပိုခက်လာမယ်...
စာဖတ်ဖို့ ခက်တယ်...
ကိုယ့်တစ်နေ့တာကို Plan ဆွဲဖို့ ခက်တယ်...
စိတ်မပါသေးတဲ့နေ့မှာတောင် ဆက်လုပ်ဖို့ ခက်တယ်...
ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ ခက်တယ်...
ဒါပေမယ့်...
အခုခက်တာကို ရွေးချယ်နိုင်ရင်
နောင်တစ်ချိန်မှာ ကိုယ်လိုချင်တဲ့ဘဝနဲ့ ပိုနီးလာမယ်...
Discipline ဆိုတာ စိတ်ပါမှလုပ်တာ မဟုတ်ဘူး...
စိတ်မပါတဲ့နေ့မှာတောင် ကိုယ့်ရည်မှန်းချက်အတွက်
လုပ်သင့်တာကို ရွေးချယ်နိုင်ခြင်းပဲ...
ဘဝပြောင်းလဲဖို့ ကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခု မလိုပါဘူး...
နေ့တိုင်း မှန်ကန်တဲ့ရွေးချယ်မှု
အသေးလေးတွေ လုပ်ဖို့ပဲလိုတာပါ...
အခုလွယ်တာကို ရွေးမလား...
အနာဂတ်မှာလွယ်ဖို့ အခုခက်တာကို ရွေးမလား...
ဒီနေ့ကစပြီး ကိုယ်ပြောင်းလဲမယ့်
အလေ့အကျင့်တစ်ခုကို Comment မှာ ရေးခဲ့ပါ...



31/07/2026

ကိုယ့်အစွမ်းအစတွေ ထွက်လာစေချင်ရင် မေးခွန်းပြောင်းမေးကြည့်ပါ‼️

30/07/2026

📌ဝေဖန်တိုက်ခိုက်သူတွေကို ဘယ်လိုတုန့်ပြန်မလဲ ⁉️

28/07/2026

📌Professional Coach တစ်ယောက်မှာ ရှိရမဲ့ အရည်အချင်း ၅ချက် ‼️

27/07/2026

📌ကြိုးစားဖို့
ခိုင်မာတဲ့ အကြောင်းပြချက် မရှိတဲ့ခါ
လွယ်လွယ် လက်လျော့ အရှုံးပေးတတ်တဲ့
အကျင့်ဆိုး ဖြစ်လာတော့တာပဲ...

📌ဘာကြောင့် ကြိုးစားနေရတာလဲဆိုတာမှ မသိရင်
အခက်အခဲသေးသေးလေးကိုလည်း
သည်းမခံတတ်တော့ဘူး...

📌ဒါကြောင့် အောင်မြင်ချင်ရင်
ကြိုးစားနေရခြင်း အဓိပ္ပယ်ကိုရှာ...
ဘာကြောင့် မအောင်မြင်လို့ မဖြစ်တာလဲဲ? ဆိုတာ
ခဏ ခဏ မေးကြည့်...

📌အဖြေမရသေးရင်
ခဏ ခဏ အရှုံးပေးနေအုံးမှာ...
သင့်မှာရော အဖြေ ရှိပြီလား
ရှိရင် Yes လို့ မန့်ခဲ့ပေးပါအုံး ...



27/07/2026

ဘဝကို ပြောင်းလဲစေတဲ့အဖြေတွေက ဘယ်မှာရှိသလဲ ⁉️

Want your school to be the top-listed School/college in Singapore?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Singapore