CSN

CSN

Share

Caring, Sharing and Nurturing

Photos from CSN's post 25/04/2026

AEIS/S AEIS

Result outs yesterday.

Congratulations 🥳🥳🧚‍♀️🦹

All your hardwork, dedication, long hours study , finally paid off.

Is AEIS/S AEIS difficult??

""Yes"" လို့ ​ဖြေ ပါမယ်၊

Highly Competitive ဖြစ် ပါတယ်၊ ​ထောင်​ပေါင်း များစွာ​သော ​နိုင်ငံတကာ ​ကျောင်းသား များ​ဖြေဆိုကြရာမှာ ရာဂဏန်း အနည်း ငယ်သာ ​အောင်မြင် ​ကျောင်းတက်ခွင့်ရပါတယ်

CSN မှ( S _AEIS) တွင် 75% ​အောင်မြင်ကြပါတယ်

This Success is a wonderful Stepping Stone for Your Future.

Well_done.

Congratulations again.😇🥳🥳

11/02/2026

Exercise your Brain

AEIS""ဖြေဆိုကြ မည့် ကျောင်းသားများ ၊ မိဖ များ ဟာ AEIS မေးခွန်း များ ရဲ့ မေးခွန်း ပုံစံ များကို MOE Website တွင် လေ့ လာ ကြည့် ရူ နိုင် ပါ သည်၊

English ဘာသာ နှင့် Maths""ဘာသာ ၊နှစ်ဘာသာ ဖြေ ကြားရ ပါ မည် ၊ ဖြေ ဆို မည့် ကျောင်းသား သည်၊ လျှောက် ထား သည့် ၊ အတန်း မတိုင်ခင် (P2 လျှောက် လျှင် P1 level ကို သိထား ပြီး ဖြစ်ရပါမည် )

အတန်း အလိုက်၊ သင်ကြား သည့် သင်ရိုး ""Syllabus (Maths ဘာသာရပ် ) အရ၊ စစ်ဆေး သည့် မေးခွန်း များ အပါ အဝင် ၊ ( IQ test ) ဉာဏ်စမ်း မေးခွန်း များ ပါ ဖြေကြား ရ ပါ သည် ၊ ဉာဏ်စမ်း မေးခွန်းများ၏၊ ပါဝင်မှူ့ အရေအတွက် သည် ၊ မေးခွန်း အားလုံး ၏ သုံးပုံ ၊ ငါးပုံ ခန့် ပါဝင်ပါ သည်၊

IQ သည် (Intelligence Quotient) ၏ အတို ကောက် ဖြစ်ပါ သည် ၊ မူလ အစ ၊ ကျွန်မ တို့ နားလည် ထား ချက် အရ "" IQ score ""များ ခြင်း၊ နည်း ခြင်း သည်၊ ""Genetic"" ဖြစ်သည်၊ ""Fixed "'ဖြစ်သည် ဟု ယူဆ ခဲ့ကြပါ သည်၊ ယခု နောက်ဆုံး တွေ့ ရှိ ချက် အရ (Study at Michigan University ) IQ score များ သည် ၊ တိုးတက်အောင် လုပ်ပေးနိုင်သည် ဟု ဆို ပါ သည်၊

ယေဘူယျ အားဖြင့် ""IQ test "များ သည်၊ မည်မျှ လေ့လာထားသည်၊ မှတ်သား ထားသည်(amount of informations ) ကို တိုင်းတာ သော မေးခွန်းများ မဟုတ်ဘဲ၊ ဘယ် လောက် အတိုင်းအတာ (Capacity) အထိ လေ့လာ နိုင်သည် ကို ဆန်းစစ်ခြင်း ဖြစ်ကြပါ သည် ၊

မှတ်သားထားနိုင်စွမ်း မဟုတ်ဘဲ ၊ လေ့လာ နိုင်စွမ်း အတွက်၊ ကြိုတင် သင်ကြား နိုင်ခြင်း ရှိမရှိ၊ ပြင်ဆင်ပေး နိုင်ခြင်း ရှိမရှိ----------------- ဆိုသော မေးခွန်း ကိုတော့ ၊

ပြင်ဆင်ပေး နိုင်သည်""( 60% )နှင့် ၊ မွေးရာပါ တွေးတောနိုင်စွမ်း"""( 40% )ဟု ကျွန်မ သုံးသပ်ပါ သည် ၊ ကျွန်မ ၏ ယူဆချက်ကို"" Dr Branch Weiss" ၏ အဆို တစ်ခု က ထောက်ခံ ထားသည့် အနေ ဖြင့်တွေ့ရှိရပါ သည်၊

""The ability to think does not come naturally.
Thinking must be taught in regular schools through professional methods, the sooner in life the better----------------

CSN""" အနေ ဖြင့် သင်ကြားမှူ့ အတွေ့ အကြုံ အရ"" IQ test ""များအား လေ့ကျင့် ပေးနိုင်သည် ဟု 60% လက်ခံ ထား ပြီး ဖြစ် ၍ "" IQ test"" များအား တစ်ပတ်လျှင် အနည်းဆုံး ၊ တစ်ချိန်၊ ထည့်သွင်း လေ့ကျင့် ပေး ပါ သည်။

(ယခု ကာလ အတွင်း မှာတော့ ၊ မြန်မာပြည်မှ ကလေးများ ဟာ စင်ကာပူ နိုင်ငံ ကို လာရောက်ပညာသင်ကြားဘို့ ကြိုးစား လာကြပါတယ်၊
AEIS ကို ဖြေကြား ကြရပါမယ်၊ ပြင်ဆင် ဖြေကြားကြမဲ့ ၊ ကျောင်းသား၊ အရေအတွက် များ ဟာ များများလာတာမို့၊ ဗဟုသုတ ရရန် ရည်ရွယ်ပါ သည် )

Photos from CSN's post 09/02/2026

""Perfect makes perfect ""(Attaining Mastery)

ကျွန်မ တို့ ငယ်စဥ်ပညာရေးစနစ်သည် ၊ ထပ်ခါ ထပ်ခါ လေ့ကျင့် ခြင်း အခြေ ခံ သည်။ အလွတ်ကျက် ပညာရေးစနစ် ဖြစ် သည်။ အထပ်ထပ် လေ့ကျင့် စေ ခြင်း ဖြစ် သည် ၊မှတ်ဉာဏ် ဗဟိုပြု သင်ကြားခြင်းဖြစ်သည်၊

အကြိမ်ကြိမ် လေ့ကျင့်ခြင်းသည် ၊ ပို၍ မှတ်မိနိုင်သည်၊ စွဲမြဲ စေနိုင်ပါသည် ၊မှတ်မိ နိုင်စွမ်းသည် သင်ကြား မှူ့ တွင် အရေး မပါဟု ဆိုနေခြင်း မဟုတ် သော်လည်း ယေဘူယျ ကျစွာ စဉ်းစားနိုင်မှူ့ ၊ တစ်ခုနှင့်တစ်ခု နိူင်းယှဉ် ဝေခွဲ နိူင်မှူ့၊ တွေးခေါ်နိုင်စွမ်းသည် မှတ်မိ နိုင်စွမ်းမှ လာသည် မဟုတ်၊ မှတ်မိနိုင်စွမ်းသည် အရည်အသွေးတစ်ရပ်(Skill)သာ ဖြစ်သည်။

China ၏ ပညာရေးစနစ်သည် Memory ဗဟိုပြု သင်ကြားရေး ဖြစ်သည်၊ Finland နိုင်ငံ ၏ ပညာရေးသည်၊ စာမေးပွဲ များကို မည်သို့ ဖြေဆိုရမည်ဟု သင်ကြားခြင်းမဟုတ်ဘဲ၊ ပညာရပ်ကို ဘယ်သို့ လေ့လာရမည်ဟု သင်ကြားခြင်းဖြစ်သည်။Singapore နိုင်ငံ ပညာရေး ဌာန ၏ Philosophy သည်၊ "Thinking School, Learning Nation" ဖြစ်သည်။
ကမ္ဘာ့ပညာရေး အကောင်းဆုံး ငါးနေရာမြှောက် Canada နိုင်ငံ သည် China နှင့် Finland နိုင်ငံ တို့ကျင့်သုံး နေသည့် ပညာရေးစနစ်၏ ကြား ၊ ကျင့်သုံးနေခြင်းဟု မှတ်သားဘူးသည်။

သင်ခန်းစာ တစ်ခု(Maths ဘာသာရပ် အားရည်ညွှန်း ပါသည်) ကို လေ့လာ ရာတွင်၊အခြေခံ အဆင့်ဆင့် လေ့လာခြင်း၊ ""Procedural Learning" " Step-by-Step" နှင့် တွေးခေါ် စဉ်းစားခြင်း "Critical Thinking "ပါ လိုအပ်သည်၊

"Thinking routines" အားပြု Functional questions များအပြင် Critical thinking အား ပေး "Parallel questions" များ၊ လေ့ကျင့်ရန် လိုအပ်သည်။
Functions questions များသည် Key concepts ကို လေ့လာစေခြင်းဖြစ်သည်။

Parallel questions များ သည် Same context but different key words များ၊ ပုစ္ဆာ တစ်ပုဒ် နှင့် တစ်ပုဒ် ကွဲပြား ခြားနား ခြင်းကို ၊လေ့လာစေခြင်းဖြစ်သည်။

စဉ်းစား မှူ့ မပါဘဲ၊ ထပ်ခါ ထပ်ခါ လေ့လာခြင်း သည်၊ပို၍ စဉ်းစား တတ် စေ မည် မဟုတ် ၊ တွေး ခေါ်စေခြင်း၊ သူ ၏ အတွေး ကို လေ့လာ စေခြင်း ၊ ရှာဖွေစေခြင်း၊ ပြန်လည် အသုံးပြုစေခြင်း ကသာ၊ စဉ်းစားဉာဏ် ရင့်သန် နိုင်မည် ဖြစ်သည်၊ ပညာရပ် တစ်ခု ကို လေ့လာ ခြင်း ဖြစ်သည်။ သင်ချာဘာသာရပ် အတွက်သာမက၊ ဘယ်ဘာသာရပ် အသိပညာ၊ အတတ်ပညာ မဆို၊ ပို၍ ကောင်းမွန်အောင် ၊ လေ့လာ ခြင်း ဖြစ်သည် ။

ထပ်ခါ ထပ်ခါ လေ့ကျင့် မှူ့ သည် စွဲမြဲ စေ သည်ဟူသော ၊""Practice make perfect"" အဆို သ ည် ၊မှန်ကန် ၏၊၊၊

သူ့ ချည်း နှင့်တော့ မလုံလောက် ၊ စဉ်းစား မှူ့ပါရမည် ၊

""တွေးခေါ် မှူ့ပါ ပုစ္ဆာများ လေ့ ကျင့် စေခြင်းဖြင့် ၊ Attaining Mastery ဖြစ်စေရန် "Perfect make perfect" ဖြစ်အောင် လေ့ကျင့်ပေး ရန် လိုအပ်ပါသည်။

18/01/2026

Warmest Congratulations on your achievement!!!!,🎉🎉🎉🌄🌈

Wishing you all even more Success in the Future.🎈

• Moe Thu Kha

A1 for E Maths in 2024 GCE O level Exam

• Eint Phu Kabyar Myo

A1 for E Maths and A1 for A Maths in 2025 GCE O level Exam

• Su Lei Hnin Nicole

A2 for E Maths and A2 for A Maths in 2025 GCE O level Exam

• Noel

A2 for E Maths in 2025 GCE O level Exam

15/01/2026

Why did Ice wrap in metal gauze??(Conduction in liquids Experiment)

Did you know?

Ice is less dense than water and floats on water.
To make the ice cube sink, it is wrapped with a metal gauze.

CSN provides Science lessons.

06/01/2026

The ability to think does not come naturally.

Thinking must be taught in Schools, Tuition (CSN) through professional methods.

We provide "" thinking through the conceptual Approach """

We belive that ""Every Child can Think "".

20/12/2025

CSN (2026)

CSN အ​နေဖြင့် 2026 အတွက် အတန်းများကို အစိုးရ ​ကျောင်းများ ၏ ​ကျောင်းစ ချိန် အတိုင်း ပြန်လည်စတင်ပါမည်။

Weekends အတန်း များ နှင့် Weekdays အတန်းများ ရှိပါသည်။

P2 Level မှ " A " level အထိသင်ကြား​ပေးပါသည်။

AEIS အတွက် ပြင်ဆင်​ပေး ပါသည်။

သင်ကြားသည့်ဘာသာရပ်များ...

P2 to P6: English, Mathematics, Science

Sec1 to Sec4: English, E Maths, A Maths

JC : Maths

(S-AEIS ပြင်ဆင်​ပေးသည့်သင်တန်း စတင်​နေပါပြီ။)

Contact: 65-96438294, 65-91161647

Caring, Sharing and Nurthuring

ပွင့်​သော ပန်းတိုင်း လန်း​ပါ​စေ

15/12/2025

2021 က ပို့စ်ပါ ရှင်

There is no rainbow 🌈🌈 without rain

2021 တစ်နှစ်လုံး ကမ္ဘာကြီး ဟာ ၊ ဖျားနာ ခဲ့ပါတယ်၊ကျွန်မတို့ အားလုံး ဟာ၊ ဆုံးရူံး မှူ့ ပေါင်းများစွာ၊ ကြေကွဲ ဝမ်းနည်း မှူ့ များစွာ၊ မသေချာ မှူ့ ပေါင်းများစွာ နဲ့ ဖြတ်ကျော်ခဲ့ကြရ ပါတယ်၊

သည် လို အခြေ အနေ ကြား ထဲ က နေ သားတို့သမီး တို့ဟာ၊ ဇွဲ ၊ လုံ့လ ၊ ဝိရိယ ကြီးစွာ၊ စဉ်ဆက် မပြတ် ကြိုးပမ်း ၊ ဖြတ်ကျော် ခဲ့ကြတယ်၊

Pls let's me share this Exciting moment .

ယနေ့ မနက် ဘဲ ""AEIS""(Admissions Exercise for International Students) အောင်စရင်း ထွက်ပါတယ် ၊ ဖြေဆိုသူ ကျောင်းသား ရဲ့"" 70 ""ရာခိုင်နူန်း အောင်မြင်ပါတယ်၊

Singapore ရဲ့ Covid Rules and Restrictions တွေကြား ထဲ က ဘဲ၊ဆရာ ကျောင်းသား အပါ အဝင် "" CSN ""ဟာ Online ကော၊ Physical ပါ သင်ယူ ကြရပါတယ်၊ အားထုတ် ကြိုးပမ်း မှူ့ သာ ရှိ မည် ဆိုပါလျှင် အောင်မြင် မှူ့ ကို ဘယ်အရာ မှ ဟန့်တား နိုင်မှာ မဟုတ်ပါဘူး

Congratulations on this Impressive achievement.
It is a fantastic results .

03/10/2025

"Crd ပါရှင်

Copy လုပ်ခွင့်ပြုပါ(Dr Mie page က ပါရှင်)

စာလုပ်ရင် ဂနာမငြိမ်တဲ့ ကလေး ပိုင်ဆိုင်ထားရလား?"

သားကို သင်္ချာအိမ်စာလုပ်ဖို့ ထိုင်ခိုင်းလိုက်တယ်။
ခဏနေတော့ ကုလားထိုင်ကို နောက်လှန်ယိမ်းနေပြီး လက်ကလဲ ဘောပင်ကို တစ်တောက်တောက်နဲ့
ဆော့နေတယ်။

ဒီလိုအခြေအနေတွေမှာ မိဘတွေအနေနဲ့
"ငါ့ကလေးပဲ စည်းကမ်းမရှိတာလား"၊
"စာ ကို အလေးမထားတာလား"၊
"အာရုံစူးစိုက်မှုရော ရှိရဲ့လား" ဆိုပြီး
စိတ်ညစ်ဒေါသထွက်ရတာ အကြိမ်ကြိမ်ပါပဲ။

ခုလို ကြုံတွေ့နေရတယ်ဆိုရင်
ဖေဖေမေမေတို့ရဲ့
ကလေးပဲ ဖြစ်တာ မဟုတ်ပါဘူး။ ❎️

မိဘအများစု ကြုံနေရတာက
ကလေး က စာသင်ရင် ငြိမ်မနေလို့
ကလေး က စာမလုပ်ဘူးဆိုပြီး
အတန်းထဲမှာ အဆူခံရတယ်
ခဏခဏအတိုင်ခံရတယ်လို့
ပြောကြပါတယ်။

ဒီလို အပြုအမူရှိတဲ့ ကလေးရဲ့
လှုပ်ရှားမှုတွေဟာ စာကိုအာရုံမစိုက်တာ၊
စည်းကမ်းမဲ့တာမဟုတ်ဘဲ၊

သူတို့ရဲ့ဦးနှောက်က သင်ယူဖို့အတွက်
အကောင်းဆုံးကြိုးစားနေတဲ့
"နည်းလမ်း" တစ်ခုဆိုရင်ရော
သင်လက်ခံနိုင်မလား !!!

တချို့ကလေးတွေ ဘာလို့ စာသင်ရင်
ငြိမ်ငြိမ်မနေတာလဲ ဆိုတဲ့အချက်ကို
Mie ရှင်းပြပေးပါမယ်။

တကယ်တမ်းက သင့်ကလေးက
ငြိမ်ငြိမ်မနေတာ မဟုတ်ပါဘူး။

လူတိုင်းမှာ ကိုယ်နဲ့ကိုက်ညီတဲ့
သင်ယူမှုပုံစံ (𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐒𝐭𝐲𝐥𝐞) ရှိပြီး
ဒါဟာ တစ်သက်လုံး အပြောင်းအလဲ
သိပ်မရှိတတ်ပါဘူး။

သင့်ကလေးက ငြိမ်ငြိမ်ထိုင်ပြီး
စာသင်ရတာကို ငြင်းဆန်နေရင်
𝐊𝐢𝐧𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐋𝐞𝐚𝐫𝐧𝐞𝐫
(ကိုယ်လက်လှုပ်ရှားမှုဖြင့် သင်ယူသူ) ဖြစ်နေဖို့
သေချာသလောက်ပါပဲ။ ✅

𝐊𝐢𝐧𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐋𝐞𝐚𝐫𝐧𝐞𝐫 တွေရဲ့
ဦးနှောက်ဟာ ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့မှ
အကောင်းဆုံး ချိတ်ဆက်မိတာပါ။

သူတို့အတွက် ငြိမ်ငြိမ်ထိုင်ပြီး
စာသင်ခန်းထဲမှာ တစ်နာရီကြာ
နားထောင်နေရတာဟာ
ရုပ်ရှင်တစ်ကားကို အသံပိတ်ပြီး
ကြည့်နေရသလိုပါပဲ။

မြင်တော့မြင်နေရတယ်၊
ဒါပေမဲ့ ဘာမှခေါင်းထဲမရောက်ပါဘူး။

သူတို့ရဲ့ ခန္ဓာကိုယ် လှုပ်ရှားလိုက်မှ၊
လက်က တစ်ခုခုကို လုပ်လိုက်မှ
ဦးနှောက်ကို"ဖွင့်" ပေးလိုက်သလိုဖြစ်ပြီး
သင်ယူမှု က ထိရောက်သွားတာပါ။

ဆယ်ကျော်သက်ကလေး နှစ်ယောက်ကို
ယှဉ်ကြည့်ရအောင်။
ဘယ်ကလေးက ပိုသင်ယူနိုင်စွမ်းရှိမလဲ?

ကလေး A : စာကြည့်စားပွဲမှာ
တစ်နာရီကြာ ငြိမ်ငြိမ်လေးထိုင်တယ်။
စာအုပ်ကို highlighter တွေနဲ့ တမှတ်မှတ်လုပ်နေတယ်။
မျက်လုံးက စာမျက်နှာပေါ်မှာ၊
ဒါပေမဲ့ စိတ်က သူငယ်ချင်းတွေနဲ့ chat ဖို့၊
ပိတ်ရက်မှာ ဘောလုံးကန်ဖို့ဆီ ရောက်နေတယ်။
စာတစ်ပိုဒ်တည်းကို ၅ ခေါက်လောက်
ပြန်ဖတ်တာတောင် ဘာမှမှတ်မိမှာမဟုတ်ပါဘူး။

ကလေး B : သိပ္ပံစာလုံးအဓိပ္ပာယ်တွေကို
အခန်းထဲမှာ လမ်းလျှောက်ရင်း လိုက်မှတ်နေတယ်။

သမိုင်းကို Whiteboard အကြီးကြီးပေါ်မှာ
Mind map ဆွဲပြီး မှတ်သားနေတယ်။

စာဖတ်နေရင်းနဲ့ လက်ထဲမှာ Stress Ball တစ်လုံးကို ညှစ်နေတယ်။ သူ့ရဲ့ခန္ဓာကိုယ်လှုပ်ရှားနေတာနဲ့အမျှ
သူ့ဦးနှောက်ကလည်း တက်ကြွစွာ
ချိတ်ဆက်မှုတွေပြုလုပ်ပြီး
မှတ်ဉာဏ်တွေကို တည်ဆောက်နေပါတယ်။

မြင်တဲ့အတိုင်းပါပဲ... လှုပ်ရှားမှုဟာ
သင်ယူခြင်းရဲ့ ရန်သူမဟုတ်ပါဘူး။

ကလေးတော်တော်များများအတွက်
လှုပ်ရှားမှုဟာ သင်ယူခြင်းဆီသွားတဲ့
တံခါးပေါက်တစ်ခုပါပဲ။

အငြိမ်မနေတဲ့ ကလေး၊ ဆယ်ကျော်သက်နဲ့အတူ ဘယ်လိုစာသင်ကြမလဲ?

သူတို့ကို ငြိမ်အောင်လုပ်ဖို့ အချိန်ကုန်ခံမယ့်အစား၊
သူတို့ရဲ့ စွမ်းအင်တွေကို သင်ယူမှုဘက်ရောက်အောင်

အောက်ပါနည်းလမ်းတွေနဲ့ လမ်းကြောင်းလွှဲပေးလိုက်ပါ။

၁။ သင်ယူမှုကို လက်တွေ့လှုပ်ရှားမှုအဖြစ် ပြောင်းလဲပါ။
၂။ "Study Walks" ကိုအားပေးပါ (လမ်းလျှောက်ရင်း စာကျက်ခြင်း)။
၃။ အာရုံစိုက်မှုကိုကူညီတဲ့ လှုပ်ရှားမှုလေးတွေကို ခွင့်ပြုပါ ။
၄။ အချိန်ပိုင်းပြီး အနားပေးတဲ့ နည်းလမ်းသုံးပါ ။
၅။ နောက်ခံတေးဂီတနဲ့ စာလုပ်ခွင့်ပြုကြည့်ပါ။

သင့် မှာ စည်းကမ်းမရှိတဲ့
ကလေးတစ်ယောက်
ရှိနေတာမဟုတ်ပါဘူး။

သင့်မှာ "လှုပ်ရှားရင်း တွေးခေါ်တတ်တဲ့"၊
"လက်တွေ့လုပ်ဆောင်ရင်း သင်ယူတတ်တဲ့"
တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားတဲ့
ကလေးတစ်ယောက် ရှိနေတာပါ။

Mie တို့ မိဘ၊ ဆရာဆရာမတွေရဲ့ တာဝန်က
သူတို့ကို ထိုင်ခုံမှာ
ငြိမ်အောင်ချည်တုပ်ထားဖို့မဟုတ်ဘဲ၊

သူတို့ရဲ့ သင်ယူမှုပုံစံနဲ့ကိုက်ညီတဲ့
ပျော်ရွှင်စရာလမ်းကြောင်းတစ်ခုကို
ရှာဖွေ ဖော်ထုတ် ထိန်းညှိ ဖန်တီးပေးဖို့သာ ဖြစ်ပါတယ်။

ဖေဖေ၊ မေမေတို့ဆီမှာရော
စာလုပ်ရင် အငြိမ်မနေတဲ့ကလေးရှိလား?

ဒါဆိုရင်တော့ Comment မှာ "ရှိ" လို့ မန့်ခဲ့ပါဦးနော်။

တခြားမိဘတွေနဲ့ အတွေ့အကြုံတွေ ဖလှယ်လိုက်ကြည့်ရအောင်။

~ 𝐘𝐨𝐮𝐫 𝐏𝐚𝐫𝐞𝐧𝐭𝐢𝐧𝐠 𝐏𝐚𝐫𝐭𝐧𝐞𝐫 - 𝐃𝐫.𝐌𝐢𝐞 🎀


⭐️ Dr.Mie page မှ စာများကို သဘောကျနှစ်သက်ပါက လွတ်လပ်စွာ share နိုင်ပါသည်။

06/09/2025

AEIS 2025 စာ​မေးပွဲ ​ကောင်းမွန်စွာ ​ဖြေဆို နိုင်ကြ ပါသည် ၊ ရလဒ် မသိရ ​သေး ​သော်လည်း

​​ကျောင်းသား/သူ များ ထံမှ ​ဖြေနိုင်ပါသည်ဟု သိရခြင်း နှင့် မိဖ များထံ မှ ​ကျေးဇူးစကား များ အတွက် ​ဝမ်းသာ ရပါတယ် 💝

ShinThant' Mom. ""Teacher ရေ မနေ့က ရှင်းသန့်ဖြေနိုင်တယ်ပြောပါတယ် ကျေးဇူးအများကြီးတင်ပါတယ်🙏🙏🙏

Lucy' Mom ""ဟုတ်ကဲ့ပါ တီချယ်၊ သမီးလေးကို စိတ်ရှည်ပီးနားလည်အောင် သင်ကြားပေးလို့ တီချယ်ကိုလဲ အထူးကျေးဇူးတင်ပါတယ်ရှင့်

​ Secondary 3 Student --------Writing အတွက်" ​(young people spending too much time on social media and what your view ?) ပါပါတယ်

"""မှန်းထား တာ အဲ့လို ဖြစ်မယ် , ​လေ့ကျင့် ထား ဘူးပါတယ်""
(တီချယ် ​ပြောဘူးတာ မှတ်မိလား)

​ကောင်း​ကောင်း​ရေးနိုင်မှာပါ

:::ဟုတ် 🥳

Maths ​ကော ​ဖြေနိုင်လား

​ဖြေနိုင်ပါတယ် တီချယ်👍👍

ပီတိ ဖြစ်ရပါတယ်

This is we got present for Teacher'day 🥳💖

Want your school to be the top-listed School/college in Singapore?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Blk 704, Choa Chu Kang Street53, #07-74
Singapore
680704