10/06/2024
မင်္ဂလာပါ။
မမြင်တာကြာလို့မေ့နေမှာစိုးလို့ဗဟုသုတဖြစ်ဖွယ်များကိုအားရင်ရေးတင်ပေးပါဦးမယ်။ ဒီနေ့တော့ အများပြောနေကြတဲ့ AI အကြောင်းပြောကြတာပေါ့။
Artificial Intelligence (AI) ဆိုတာကွန်ပျူတာစနစ်နဲ့ဖန်တီးထားတဲ့ဉာဏ်ရည်ဖြစ်ပြီး၊ ကိုယ်လုပ်ချင်တဲ့အရာတွေကိုနည်းပညာအကူအညီနဲ့ဆော့ဖ်ဝဲများသုံးပြီးအကောင်းဆုံးလုပ်ဆောင်နိုင်ဖို့တီထွင်ထားတဲ့အရာတစ်ခုလို့ဆိုနိုင်ပါတယ်။
အခုမှနေရာတကာမှာ (AI) အသံတွေကျယ်ကျယ်ပြန့်ပြန့်သုံးနှုံးလာကြပေမဲ့အရင်ကတည်းက၊ ကိုယ့်ပတ်ဝန်းကျင်မှာသုံးနေခဲ့တာပါဘဲ။
ဉပမာ Netflix မှာကိုယ်ကြိုက်တတ်တဲ့ ရုပ်ရှင်တွေ၊ သီချင်းတွေကိုကိုယ့်အကြိုက်နဲ့အံဝင်ခွင်ကျဖြစ်တာတွေကြည့်နိုင်ဖို့ AI algorithms ကိုသုံးထားတာဘဲမဟုတ်လား။
စင်ကာပူမှာဆိုအစိမ်းနဲ့အနီလိုင်းကလွဲပြီး၊ ကျန်တဲ့လိုင်းတွေမှာမောင်းသူမဲ့ရထားတွေဆိုတော့ sensors, cameras တွေသုံးပြီး AI နဲ့ဘဲလူမပါဘဲမောင်းနှင်ကြတာပါဘဲ။
Google Translate ဆိုရင်လည်းဘာစကားအမျိုးမျိုးကိုဘာသာပြန်ဖို့ AI နည်းပညာကိုသုံးထားတာပါဘဲ။
ဆေးဘက်ဆိုင်ရာမှာလည်း ရောဂါရှာဖွေရာမှာဆရာဝန်များကို AI နဲ့ ကူညီပေးနိုင်ပါသေးတယ်။
ဒါတွေက နယ်ပယ်အမျိုးမျိုးမှာ AI ရဲ့ကွဲပြားတဲ့ ပရိုဂရမ်များနဲ့ လူသားတွေရဲ့ဉာဏ်ရည်လိုအပ်တဲ့လုပ်ငန်းတွေကိုလုပ်ဆောင်နိုင်ကြတာဖြစ်ပါတယ်။
Customer Service တွေမှာလည်း AI-powered chatbots တွေ virtual assistant တွေသုံးနေကြတာဘဲလေ။ ဒါကြောင့် နေရာတကာမှာ Artificial Intelligence (AI) တွေသုံးလာတာနဲ့အမျှအလုပ်အကိုင်အခွင့်အလမ်းတွေကိုတောင်ခြိမ်းခြောက်လာကြပြီလို့ဆိုကြတယ်။
AI ဟာလူသားတွေကအစဉ်အလာအတိုင်းလုပ်ဆောင်ခဲ့တဲ့အလုပ်များစွာကိုအလိုအလျောက်ပိုကောင်းအောင်၊ ပိုတိကျအောင်လုပ်ဆောင်နိုင်ပေမဲ့အခြေအနေတိုင်းမှာလူသားတွေကိုလုံးဝအစားထိုးနိုင်တာမျိုးတော့လည်းမဟုတ်သေးပါဘူး။ AI အကူအညီနဲ့ရှိပြီးသားအရာတွေကိုအခြေခံပြီးပိုကောင်း၊ ပိုလွယ်အောင်ဖန်တီးနိုင်ရုံဘဲ။
တီထွင်ဖန်တီးမှုတွေ၊ ကိုယ်ကျင့်တရားတွေ၊ လိုက်လျောညီထွေဖြစ်နိုင်မှုတွေ၊ သင်ယူတတ်မြောက်လာနိုင်စွမ်းတွေစတဲ့အရာတွေကတော့လူသားတွေရဲ့ထူးခြားသောအရည်အသွေးတွေပါ။ ဒီလိုထူးခြားတဲ့စွမ်းရည်တွေနဲ့ လူသားတွေဟာ AI စနစ်များကို လမ်းညွှန်ခြင်း၊ ဖြည့်စွက်ခြင်းနှင့်တိုးမြှင့်ခြင်းများတွေလုပ်ဖို့ရန်အတွက်မရှိမဖြစ်လိုအပ်နေသေးတာအသေအချာဘဲမဟုတ်ပါလား။
ဒါကြောင့်လူတွေဟာလမ်းသစ်ဖေါက်လိုက်၊ (AI) ကြောင့်ပိုမိုအစွမ်းထက်လာလိုက်ဆိုတာမျိုးဟာတဆက်တည်းဖြစ်နေမှာဘဲ။ ဒါဆိုရင်လူတွေကကောင်းတာလုပ်ဖို့လိုတာပေါ့၊ မကောင်းတာတွေလုပ်ချင်စိတ်ရှိပြီး (AI) ကြောင့်ပိုဆိုးတာတွေမဖြစ်လာအောင်လူတွေမှာဘဲတာဝန်ရှိတာမို့.....
ငယ်တုန်းကသင်ခဲ့ရတဲ့ “ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်း ကျိုးကိုယ်၌ တည်စေမင်း” ဆိုတာကိုတော့မမေ့စေချင်ပါဘူးရှင်။
★゜・。・゜゜。・゜☆゜・。。・
Online only.
✅ Chinese တန်းများ
Basic level မှ Upper Intermediate အထိ
✅ HSK တန်းများ
✅ English Proficiency classes
Pre Intermediate မှ Upper Intermediate
✅ IELTS Preparatory
✿。.. ✿。.. ✿。..
♻️ အင်္ဂလိပ်လိုရေးလိုသောစာရွက်စာတမ်းမျာကို professional ဆန်သောစကားလုံးရွေးချယ်မှုများနှင့်ပီပီပြင်ပြင်သေသပ်စွာရေးပေးပါတယ်။
★゜・。・゜゜。・゜☆゜・。。・
✅ 𝐊𝐄𝐄𝐍 office: 2 Kallang Avenue #07-11 CT Hub, Singapore 339407
📲 9127 3446 (Khine)
WhatsApp - 9127 3446 (Khine)
📲 8306 4058 (Than Than Maw)
WhatsApp - 8306 4058
Professionalism, Dedication, Responsibility and Integrity.
2 Kallang Avenue, #07-11 CT Hub, Singapore 339407