GU GU SchoolHouse

GU GU SchoolHouse

Share

Creating Confident and Creative Leaders through Early Childhood

Photos from GU GU SchoolHouse's post 09/09/2024

ကိုယ့်ကလေးရဲ့ ရင်ထဲက ခံစားချက်အမှန်ကို တကယ်သိရဲ့လား ? 🙋🏻‍♀️🙋🏻‍♂️ ‏‏‎ ‏ ‏‏‎ ‏
‏‏‎ ‏
သားသားမီးမီးတို့က သူတို့ရဲ့ ရင်ထဲမှာရှိတဲ့ ခံစားချက်အမှန်ကို ပြောပြတာ ကြားဖူးပါသလား? ‏‏‎ 👨‍👩‍👧‍👦‏
‏‏‎ ‏
“အချိန်ပေးနေတာပဲလေ၊ ဘာဖြစ်လို့ကလေးက စကားအများကြီး မပြောတာလဲ”
‏‏‎ ‏
“ကလေးကလေ အရမ်းလိမ္မာတာ၊ သိပ်ကြည့်စရာမလိုဘူး၊ ဘယ်သူနဲ့မှမပြောပဲ တစ်ယောက်ထဲ နေတတ်တာ လူကြီးလေးအတိုင်းပဲ”
‏‏‎ ‏
💫 မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ရင်းနှီးသလို ကလေးနဲ့လည်း ရင်းနှီးဖို့က အရမ်းအရေးကြီးပါတယ်
‏‏‎ ‏
🕙 အခြေအနေအမျိုးမျိုးကြောင့် အချိန်မပေးနိုင်တဲ့ မိဘတွေရှိသလို အချိန်ပေးနိုင်ရဲ့နဲ့ ကလေးနဲ့အတူတူ လက်ပွန်းတတီး မလုပ်နိုင်တဲ့ မိဘမျိုးလည်းရှိတတ်ပါတယ်
‏‏‎ ‏
😞 မိဘဘိုးဘွားတွေရဲ့ အချိန်မပေးမှုကြောင့် သို့မဟုတ် ကလေးရဲ့ယုံကြည် အားကိုးမှုရအောင် မနေဖြစ်လို့ ကလေးက တစ်ချိန်လုံး တစ်ယောက်တည်း ငြိမ်ပြီးဆော့နေတာမျိုးက ပတ်ဝန်းကျင်မှာ ဝင့်ကြွားစရာ မဟုတ်ပါဘူး၊ ဒီလိုမျိုးတွေကြောင့် ကလေးရဲ့ အနာဂတ်မှာ မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်
‏‏‎ ‏
🙅🏻 ဥပမာ - ကလေးအနေနဲ့ တစ်ယောက်တည်းနေရတာ အသားကျသွားပြီး ...သူငယ်ချင်းတွေနဲ့ ဆက်ဆံရေး လုပ်ဆောင်ရာမှာ အခက်အခဲဖြစ်နိုင်ပါတယ်၊ ကြီးပြင်းလာချိန်မှာ စိတ်ပိုင်းဆိုင်ရာပျက်ပြားမှုတွေဖြစ်နိုင်ပါတယ်
‏‏‎ ‏
🧒🏻 ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လမ်းညွှန်ပေးပြီး ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးလာဖို့ အခြေအနေကောင်းတွေ ဖန်တီးပေးရတာ မိဘတွေရဲ့တာဝန်ဖြစ်ပါတယ်
‏‏‎ ‏
👧🏻 ကလေးတွေနဲ့ အတူရှိနေရုံ နဲ့တော့ မလုံလောက်ပါဘူး သားသားမီးမီးတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်အောင် လုပ်ဆောင် ပေးဖို့ လိုအပ်ပါတယ်
‏‏‎ ‏
🌟 သူတို့လေးတွေရဲ့ စိတ်ထဲမှာ ဖြစ်‌ပေါ်နေတာကို သူတို့က လွဲပြီး ဘယ်သူကမှ အတိအကျမပြောနိုင်ကြပါဘူး
‏‏‎ ‏
ဖွင့်ပြောတာကို နားထောင်ချင်တယ်ဆိုရင်တော့ …… 🚀

21/08/2024

Why Learning Starts with Playing?

“ကျောင်းတက်နေတာကြာပြီ အခုထိ ကလေးက ✍️ စာမရေးတတ်သေးဘူး 📖 စာလည်းကောင်းကောင်းမဖတ်တက်‌သေးဘူး”
‏‏‎ ‏‏‎ ‏
🚌 “ကျောင်းကိုလိုက်သွား ကြည့်လိုက်ရင် ကျောင်းကစာလည်းဒီလောက်မသင်ဘူး ကလေးတွေကဆော့ပဲဆော့နေကြတာပဲ” လို့တွေးမိတဲ့မိခင်ထဲမှာ ကိုယ်ရောပါနေသလား?‏‏‎

ဒါဆို ဒါ​လေးတွေကိုဖတ်ကြည့်ရအောင်နော်‏‏‎
‏‏‎
👩‍👧‍👦 အခုနောက်ပိုင်း မူကြိုကျောင်းတွေမှာ Learning Through Play Concept ကို စတင်အသုံးပြုလာတဲ့ အချိန်မှာ မေမေတို့ရဲ့ သားသားမီးမီးတို့ကို တိုးတက်စေချင်တဲ့ စေတနာကြောင့် အားမလိုအားမရဖြစ်တတ်ကြပါတယ်
‏‏‎
ဒီနေ့မှာတော့ Learning Through Play ရဲ့ အပိုင်း (၁) – The Power of Play
‏‏‎
‌🛝🪀ဘာကြောင့်ကလေးတွေ ဆော့ကစား သင့်တာလဲ?
‏‏‎
ဆော့ကစားခြင်းသည် သားသားမီးမီးတို့ကို ပျော်ရွှင်စေတဲ့ activity ဖြစ်ပါတယ်
‏‏‎
ကစားခြင်းက ကလေးတွေအတွက် အနီးအနားမှာ ရှိတဲ့ information ကို ရှာဖွေလေ့လာပြီးတော့ ကမ္ဘာကြီးကိုပိုမိုနားလည်စေတဲ့ Channel တစ်ခုပါ
‏‏‎
ဆော့ကစားခြင်းရဲ့ အခြားကောင်းကျိုးတွေကတော့
‏‏‎
🪐Fine Motor Skills
သားသားမီးမီးတို့က ကစားရင်း သူတို့ရဲ့ လက်ချောင်းလေးတွေနဲ့ ပစ္စည်းတွေ ကိုင်တွယ် လာတာကိုကျွမ်းကျင်လာပါတယ်
‏‏‎
👩‍🚀Eye-Hand Coordination
လက်ချောင်းလေးတွေနဲ့ အမြင်အာရုံ ၂မျိုးလုံးကိုအသုံးချပြီး လှုပ်ရှားမှု တွေကို ပိုမိုကောင်းမွန်လာ‌စေပါတယ်‏‏‎
‏‏‎
⛹️‍♀️Full Body Coordination
ခန္ဓာကိုယ်ကြံ့ခိုင်လှုပ်ရှားမှုကိုတိုးတက်လာစေပါတယ်
‏‏‎
🧒🏻👧🏻Interaction/Teamwork, Sharing & Empathy
အတန်းဖော်သူငယ်ချင်းတွေနဲ့ အပြန်အလှန် တူတူပေါင်းသင်းဆက်ဆံ ကစားခြင်းဖြင့် ပူပေါင်းဆောင်ရွက်မှု၊ မျှဝေချင်း စိတ်ဓာတ် နဲ့ စာနာမှုစိတ်ဓာတ်ကိုကောင်းမွန်လာစေပါတယ်
‏‏‎
🛝 Decision Making & Experimentation, Actions & Consequences, Responsibility Mindset
သားသားမီးမီးတို့ကိုယ်တိုင်ကလည်း ဆော့ကစားရင် ကြောက်စိတ်မရှိပဲ ကိုယ်တိုင်ရွေးချယ်နိုင်တာကြောင့် အမှားအမှန်လုပ်မိနိုင်တဲ့ သဘောတရားကို နားလည်လာနိုင်ပြီး တာဝန်ယူစိတ် ရှိလာကြပါတယ်
‏‏‎
🤾 Adaptability
ကစားရင်းနဲ့ စိန်ခေါ်မှုတွေရှိလာရင်လည်း အမျိုးမျိုးစဥ်းစားတွေးခေါ် ပြီးတော့ သဟဇာတဖြစ်အောင်ပြောင်းလဲနိုင် လာကြပါတယ်
‏‏‎
💫 Stress Relief
ဆော့ကစားရင်းနဲ့ သားသားမီးမီးတို့ဟာသူတို့လေးတွေရဲ့ အတွေး၊ ခံစားမှု နဲ့ စိတ်ကူးတွေကို လွတ်လပ်စွာ ဖော်ထုတ်ပြနိုင်တာကြောင့် စိတ်ဖိစီးမှုကိုလျှော့ကျစေပါတယ်
‏‏‎
📚 Fast Learning Progress
သူတို့လေးတွေဟာကျောင်းပျှော်လာတဲ့အပြင် စိတ်ဝင်စားမှုကြောင့် တက်တက်ကြွကြွနဲ့ လေ့လာနိုင်စွမ်း ကလည်းတိုးတက်လာပါတယ်
‏‏‎
🪁 ကျောင်းတွေမှာရှိတဲ့ကစားရုပ်၊ ကစားနည်းတော်တော်များများတိုင်းမှာလေ့လာမှုအတွက်ကောင်းစေတဲ့ ကောင်းကျိုးတွေရှိပါတယ်နော်

Example 1: Playing at Playground 🛝
Playground မှာကလေး‌တွေဟာတူတူဆော့ရင်းနဲ့ သူငယ်ချင်းတွေနဲ့လွတ်လပ်ပျော်ရွှင်ကြပါတယ်။ လျှောစီး၊ ဒန်းစီးတဲ့ချိန်လေးတွေမှာဆိုရင် တစ်ယောက်တစ်လှည့်စိတ်ရှည်စွာနဲ့စောင့်တဲ့ (Patience) အကျင့်ကောင်းလေးကိုရသွားပါတယ်
‏‏‎
Example 2: Lego 🏡
Lego pieces လေးတွေနဲ့ ကစားခြင်းဟာ သားသားမီးမီးတို့ရဲ့ 🧮 Mathematical Skills တွေကိုတိုးတက်‌စေပါတယ်၊ ဘာကြောင့်လဲဆိုတော့အရုပ်ဆက်ရင်းနဲ့ အရေအတွက် (Quantity)၊ အတိုင်းအတာ (Measurement) ၊ နေရာအတွင်းအကျယ်ကို မှန်းဆနိုင်ခြင်း (Spatial Awareness) ကိုပိုမိုနားလည်လာကြပါတယ်
‏‏‎
ဒီလိုမျိုး (Physical Skills + Soft Skills + Social Interaction) လေးတွေကို သူတို့ကိုယ်တိုင်လုပ်နိုင်စွမ်း ရှိလာတာကြောင့် သားသားမီးမီးတို့ရဲ့ ယုံကြည်မှုလေးတွေဟာတစ်နေ့ထက်တစ်နေ့ တိုးပွားလာပါတယ် 🌝
‏‏‎
ဒီ post လေးက ကိုယ့်အတွက် Mind opening ဖြစ်စေတယ်ဆိုရင် မျှဝေပေးပါအုန်းနော် 📣
‏‏‎
နောက်နေ့မှာတော့ သားသားမီးမီးလေးတွေ အိမ်မှာ မေမေဖေဖေတို့ နဲ့ Bonding လုပ်လို့ရမယ့် Playing Activities လေးတွေနဲ့သူတို့ တစ်ခုချင်းစီရဲ့ကောင်းကျိုးတွေကိုပြောပြပေးပါအုန်းမယ်နော်…
‏‏‎
Stay tuned with us … 🛸🛸🛸
‏‏‎
Reference:
(Source: Grow@BeanStalk, “The Power of Play”)

Want your school to be the top-listed School/college in Singapore?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Singapore