Arakanese Muslim Society of Kyauktaw

Arakanese Muslim Society of Kyauktaw

Share

Digging out the reality what is happening in Kyauktaw

02/01/2026

မောင့်ကျက်သရေခေါင်းပေါင်း၊ တိုက်ပုံအဖြူရောင်တို့ဖြင့် ဂုဏ်သိက္ခာရှိ လူကြီးလူကောင်းကဲ့သို့ ဝတ်စားထားသည့် ဦးအောင်အောင်၏ ဓာတ်ပုံ ပါဝင်သော မဲဆွယ်လက်ကမ်းကြော်ငြာများကို ရွေးကောက်ပွဲမတိုင်မီရက်ပိုင်းအတွင်း ရှမ်းပြည်မြို့တော် တောင်ကြီးမြို့၏နေရာအနှံ့တွင်တွေ့နိုင်သည်။

မြို့ခံအများစုက ဦးအောင်အောင်ကို စစ်တပ်ကခန့်သည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲဝင်ပြိုင်မည့် ကြံ့ခိုင်ရေးပါတီအမတ်လောင်းဟု သိထားကြသည်။

နိုင်ငံတကာအမြင်တွင်မူ ဦးအောင်အောင်သည် ရိုဟင်ဂျာအရပ်သားများကို စစ်တပ်က မုဒိမ်းကျင့်၊ သတ်ဖြတ်မှုများ ကျူးလွန်ရာတွင် ဦးဆောင်သူ၊ ရက်စက်သောစစ်ရာဇဝတ်မှုများအတွက် တာဝန်ရှိသူ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်။

အသက် ၅၂ နှစ်အရွယ် ဦးအောင်အောင်သည် သူ၏အတိတ်က အထက်ပါလုပ်ရပ်များအတွက် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံ၊ ဩစတြေးလျ၊ ယူကေ၊ ပြင်သစ်၊ မိုနာကို တို့၏ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲတွင် ရှိနေသည်။
---------------------------
ဆောင်းပါးအပြည့်အစုံကို အောက်ရှိကွန်မန့်ပါ လင့်တွင် ဖတ်ရှုနိုင်ပါသည်။

20/12/2025

စစ်တွေ လဝကရုံး မှ မွတ်စလင်များအား မှတ်ပုံတင်ထုတ်ပေးရာတွင် ကျပ်သိန်း ၁၅၀ အထိ တောင်းခံနေကြောင်း သိရ

-----

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လဝက) ရုံးတွင် မွတ်စလင်များကို နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ထုတ်ပေးရာ၌ ငွေကြေးအမြောက်အမြား အဆမတန် တောင်းခံနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
နိုင်ငံသားမှတ်ပုံတင် လျှောက်ထားရာတွင် ပုံမှန်အားဖြင့် တစ်ဦးလျှင် ငွေကျပ် သိန်း ၂၀ ခန့် ပေးဆောင်နေရပြီး၊ စောင့်ဆိုင်းရန်မလိုဘဲ ချက်ချင်းလက်ငင်းရရှိနိုင်မည့် (၆ ပါးစုံ) နိုင်ငံသား ကတ်ပြားအမျိုးအစားအတွက်မူ ကျပ်သိန်း ၁၅၀ ဝန်းကျင်အထိ ပေးဆောင်မှသာ ထုတ်ပေးကြောင်းသိရသည်။
ထို့အပြင် အိမ်ထောင်စုစာရင်းတွင် ကလေးအမည် ထည့်သွင်းလိုပါက သက်ဆိုင်ရာထံမှ ထောက်ခံစာယူရန် လိုအပ်ပြီး၊ အဆိုပါ ထောက်ခံစာတစ်စောင်အတွက်ပင် ငွေကျပ် ၂ သိန်းခန့်အထိ အဆင့်ဆင့် တောင်းခံနေကြောင်း သိရသည်။
ယခုကဲ့သို့ ငွေကြေးတောင်းခံမှုများကို အပြင်သို့ သတင်းမပေါက်ကြားစေရန်နှင့် မည်သူ့ကိုမျှ မပြောရန် တာဝန်ရှိသူများက ကာယကံရှင်များကို ဖိအားပေး ခြိမ်းခြောက်မှုများ ရှိ​ကြောင်းလည်း ဒေသခံများက ဆိုသည်။ ဤကဲ့သို့ ဥပဒေမဲ့ ငွေညစ်တောင်းခံမှုများသည် အခြေခံလူတန်းစားများအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့်အပြင် အဂတိလိုက်စားမှု ပြောင်ပြောင်တင်းတင်း ဖြစ်ပေါ်နေခြင်းကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိရောက်စွာ အရေးယူဖြေရှင်းပေးရန် လိုအပ်နေသည်။

MMNN
Myanmar Muslims News Network

14/12/2025

People in Rakhine State, especially from Sittwe, say they are facing very high unofficial fees when applying for national registration cards and citizenship documents. According to community members, Rohingya Muslims applicants are being asked to pay much more than the official amount, and some officers warn people not to talk about these payments.

13/12/2025

မြန်မာပြည်မှာ ကုလားသွေးပြစ်ခဲ​နေတဲ့ ကုလားလေးမျိုးရှိတယ်။မယုံရင် DNAစစ်ပါ။
------
မှတ်ချက်
အစ္စရေးလ်နိုင်ငံမှာ DNAစစ်တာကို တားမြစ်ထားတယ်။
ဘာဖြစ်လို့လဲသိလား။
နာတာညာဟုအပါအဝင် အစ္စရေးလ်ခေါင်းဆောင် လူဖြူအားလုံးက ဂျူးအစစ်တွေ မဟုတ်ဘူး။ အက်ရှ်ကာနာဇီလူမျိုး လူဖြူတွေ၊ ပိုလန်၊ ယူကရိန်း၊ ရုရှားကလာပြီး ဂျူးယောင်ဆောင်ထားကြတာဖြစ်လို့။
DNAစစ်ခွင့်ပေးရင် သူတို့ဂျူးမဟုတ်မှန်း ပေါ်သွားမှာကြောက်လို့ ဖြစ်တယ်။
ဂျူးအစစ်က ဆီးမိုက် အာရဗ်လူမျိုးနဲ့အတူတူ ဒေသခံလူညိုဂျူးတွေဖြစ်ကြတယ်။ လူညိုဂျူးတွေက အစွန်းမရောက်ကြဘူး။ အာရဗ်တွေနဲ့ ညီအစ်ကိုလို နေကြဆဲဖြစ်တယ်။ အဲဒါကြောင့်လည်း ဒေသခံလူညိုဂျူးတွေကို အစ္စရေးလ်က နေရာမပေးဘူး။ လူဖြူ အက်ရှ်ကာနာဇီတွေက အစုလိုက်အပြုံလိုက် ဝင်လာလို့ သူတို့က လူနည်းစုဖြစ်သွားတဲ့အပြင် အနှိမ်ခံထားတယ်။
ဒီအတိုင်းပဲ သမ္မတဦးသိန်းစိန်လက်ထက်မှာ ဗမာနဲ့ရခိုင်အမတ်တချို့က ကုလားနဲ့ ငါတို့ရဲ့သွေးသန့်သောဗမာ၊ သွေးသန့်သောရခိုင်ခွဲခြားအောင် DNAစစ်ပြီးမှ မှတ်ပုံတင်လုပ်ပေးပါလို့ တောင်းဆိုခဲ့ဘူးတယ်။ ပထမတော့ ဝုတ်တယ်၊ ဝုတ်တယ်နဲ့ ဝိုင်းထောက်ခံခဲ့ကြတယ်။ (လူမျိုးကို သွေးနဲ့သတ်မှတ်တယ်လို့ တရုတ်လူမျိုး ဦးခင်ရီကလည်း ဘုမသိဘမသိ ပြောနေတုန်း။)
နောက်မှ ပညာရှင်တွေက DNAစစ်ရင် ငါတို့အားလုံး ကုလားတွေဖြစ်ကြောင်း ပေါ်သွားမယ်လို့ သူတို့ကို တိုးတိုးတိတ်တိတ် သတိပေးမှ အားလုံး အသံပိတ်၊ ဖင်ပိတ်ကုန်ကြတယ်။
အသိညာဏ်နဲတဲ့အမတ်တွေ၊ အစိုးရတွေက မွတ်စလင်တွေ မိန်းမအများကြီးယူတယ်ဆိုပြီး ထောင်ချဖို့ တစ်လင်တစ်မယားဥပဒေပြဌာန်းတော့ ထောင်ကျတာ မွတ်စလင်တစ်ယောက်မှ မရှိခဲ့ဘူးဆိုတာလည်း မှတ်မိကြမှာပါ။

U Aung Tin

Want your school to be the top-listed School/college in Singapore?

Click here to claim your Sponsored Listing.

Location

Website

Address


Singapore