Chit Chan Cho

Chit Chan Cho NGO/INGO တွေမှာ အလုပ်လုပ်ချင်သူတွေ အလုပ်ရှာနေသူတွေအတွက် Sharing လုပ်ပေးသွားမှာပါ

 #မြေတိုင်း​မြေပုံ(D Map)​လျှောက်ရန်လိုအပ်​သောအချက်များ✍မြေတိုင်းလျောက်ထားနိုင်သည့်မြေများ✔ မြို့တော်နယ်နိမိတ်အတွင်းရှိ ...
13/05/2024

#မြေတိုင်း​မြေပုံ
(D Map)​လျှောက်ရန်လိုအပ်​သောအချက်များ
✍မြေတိုင်းလျောက်ထားနိုင်သည့်မြေများ
✔ မြို့တော်နယ်နိမိတ်အတွင်းရှိ မြေငှားစာချုပ် (ဂရန်)မြေ​
✔ပါမစ်မြေ
✔သက်တမ်းရှိလိုင်စင်မြေ
✔မြေပိုင်မြေ
✔ဂရန်ရှိမြေပိုင်မြေ
✔B မြေ
✔B မြေပိုင်မြေ
✔B လ/န ၃(ခ)မြေ
✔B လ/န ၃၉ မြေ
✔ ၂၀၁၂ ခုနှစ် လယ်ယာမြေဉပဒေပုဒ်မ (၃) အရဝန်ခံချက် လက်မှတ်ရရှိပြီးမြေ သို့မဟုတ် ၃(ခ)ရရှိပြီးမြေ (အိမ်ယာမြေသတ်မှတ်)
✔R-2.R-3.R-4 မြေများ
✔ဉယျာဉ်ခြံမြေများ
✔အခွန်လွတ်သာသနာ့ဂရန်မြေ
✔ ဂရန်ရှိသာသနာမြေနှင့် ဗဒ္ဓသိမ်မြေ အမျိုးအစားများ

🚩မှတ်ချက်။ အထက်ဖော်ပြပါမြေများကို အမည်ပေါက် (သို့မဟုတ်) မှတ်ပုံတင်စာချုပ်အဆက်စပ် ဖြင့်လည်းကောင်း၊ တရားရုံးအမိန့်အရလည်းကောင်း လျောက်ထားနိုင်ပါသည်။

✍လျောက်ထားရာတွင်လိုအပ်သည့် အထောက်အထားများ
✔မြေပိုင်ဆိုင်မူအထောက်အထားများ (မူရင်း + မိတ္တူ)
✔နိုငံသားစိစစ်​​ရေးကတ်ပြား (သို့) အမျိုးသားမှတ်ပုံတင်
✔တရားဝင်မှတ်ပုံတင်ထားသည့် စာချုပ်စာတန်းများ
(မူရင်း + မိတ္တူ)
✔ပိုင်ဆိုင်မူနှင့်ပတ်သက်၍ တရားရုံးမှချမှတ်သည့် စီရင်ချက်နှင့် ဒီဂရီ (မူရင်း + မိတ္တူ)
✔မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ်မြေငှားခနောက်ဆုံး ပေးဆောင်ပြီးကြောင်း ပြေစာ (မူရင်း + မိတ္တူ)
✔လျောက်ထားပါမြေကွက်၏ ဘေးပတ်ဝန်းကျင်လားရာ မြေကွက်များ၏ မြေတိုင်းတာခြင်းကို သိရှိကြောင်း ထောက်ခံချက်လက်မှတ်

မှတ်ချက်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်
မတီမှ ယာယီအတည်ပြုထားသည့် မြို့ပြ စီမံကိန်းနှင့်မြေစီမံခန့်ခွဲမူဆိုင်ရလုပ်ထုံးလုပ်နည်းများမှ ကောက်နုတ်ဖော်ပြထားပါသည်။
#မြေအကြောင်း
Credit to မြေအကြောင်းဗဟုသုတ

တွေ့ပြီအိပ်နေရင်း ငွေဝင်မဲ့ နည်းလမ်း😂😂Credit to original uploader #ငွေရှာနည်း
13/05/2024

တွေ့ပြီ
အိပ်နေရင်း ငွေဝင်မဲ့ နည်းလမ်း😂😂
Credit to original uploader
#ငွေရှာနည်း

1985ခုနှစ် မှာ မွေးတယ်😍Facebook မရှိသေးဘူး။ ဖုန်းတွေ အော်တိုဖုန်း ဘဝပဲရှိသေး။ ဖုန်းဆက်ချင်ရင် အိတ်ချိန်းရုံးကိုသွားရတယ် ...
12/05/2024

1985ခုနှစ် မှာ မွေးတယ်😍
Facebook မရှိသေးဘူး။
ဖုန်းတွေ အော်တိုဖုန်း ဘဝပဲရှိသေး။

ဖုန်းဆက်ချင်ရင် အိတ်ချိန်းရုံးကိုသွားရတယ်
၁ မိနစ် ငါးဆယ်/တစ်ရာ ပေးပြောခဲ့ရတယ်။

ရပ်ကွက်တိုင်းရဲ့ လမ်းမပေါ်မှာ ကလေးတွေ
ဆူညံစွာ ပြေးလွှား ဆော့ကစားနေတယ်။

အိပ်ယာဝင်ချိန်တွေ စောတယ်။

လမ်းထိပ်က စာအုပ်ဆိုင်မှာ စာအုပ်ငှါးတယ်၊
မိုးအေးအေးလေးမှာ ဖယောင်းတိုင်မီးနဲ့
ဖတ်တယ်။

တဖက်သတ်ကြွေနေရတဲ့ သူအတွက်
စာရွက်ပေါ်မှာ ချစ်တဲ့အကြောင်းတွေ
ချရေးတယ်။ဘောလုံးကန်လို့ဒူးပြဲတဲ့ဒဏ်ရာက
အနာဖေးကို‌သွေးထွက်‌အောင်ခွာသွေးထွက်လာတော့
အဲသွေးနဲ့စာရွက်အဖြူပေါ်မှာချစ်တယ်ဆိုတဲ့စာကိုရေး
ကိုကြိုက်နေတဲ့ကောင်မလေးကိုပေးလိုပေး😅😅

ရုပ်ရှင်ဆိုတာ
လမ်းဆုံက ဗီဒီယိုပြတဲ့ဆိုင်မှာပဲရှိသေး
နောက်ပိုင်းကာလတွေမှာ ကိုယ့်အိမ်မှာကိုယ်
ဗီဒီယိုခွေနဲ့ ကြည့်နိုင်လာတယ်။

သီချင်းတွေ ဒီလောက်မမြန်သေးဘူး၊
အဆိုတော်တွေလည်း ဒီလောက် မများသေးဘူး။

TV ကြော်ငြာတွေ အရမ်းကြည့်လို့ကောင်းတုန်း
ဒွေးနဲ့ထက်ထက်မိုးဦး၊လွင်မိုးနဲ့ခိုင်သင်းကြည်။

TV Channel က
MRTV နဲ့ MWD နှစ်ခုပဲရှိတယ်
၇ နာရီမှာ ဝူခုန်းကား၊ အာယားယားကား၊
၉ နာရီမှာ ကျန်ကျောင်းကား၊ လုရီကား ကို
ရင်ခုန်စွာကြည့်ခဲ့ရတယ်။

လသာတဲ့ညတွေဆို ကောင်းကင်ကြီးက
သိပ်လှတာ ကလေးတွေပျော်ရွှင်စွာ
ကစားကြတယ်။ လူကြီးတွေဝိုင်းဖွဲ့
စကားပြောကြတယ်။ လူငယ်တွေ
ဂစ်တာတလက်နဲ့ သမီးရည်းစား
ပိုးပန်းကြတယ်။

ကျေးရွာတွေမှာ သူငယ်ချင်းတွေဆုံတွေ့ချိန်က
ညဘက်ဗီဒီယိုရုံထဲမှာ၊ ပွဲလမ်းသဘင်တွေ
တူတူသွား ကြတယ်။

ကောင်လေးတွေ ချစ်သူဆီက အဖြေရဖို့
အချိန်တော်တော်စောင့်ကြရတယ်။

ဆယ်ကျော်သက်အရွယ်မှာ
လွန်းထားထား၊လမင်းမိုမို၊ ပုညခင်၊
မီကိုဇူးဇင်၊နိုကိုဇူးဇင် သူတို့စာတွေ
သိပ်ရင်ခုန်ဖို့ကောင်း။

မင်းလူ တာရာမင်းဝေ
မင်းခိုက်စိုးစန် နီကိုရဲ ပို့စ်မော်ဒန်ကဗျာတွေ
တချို့ကဗျာတွေခုထိအလွတ်ရတုန်း ရူးသွပ်ခဲ့ရတာတွေ

ကာတွန်းဆိုရင် တွတ်ပီ(ဆွေမင်း ဓနုဖြူ)
ဆရာအောင်ရှိန် မိုးကြိုး တင်မောင်ဝင်း ကိုပူစီ
သူတို့စာတွေ ဖတ်နေရင်း လက်ကမချချင် ။

မင်းသိခ် ဆရာအောင်သင်း ဆရာဖေမြင့်
ဆရာသော်တာဆွေ ဆရာကြီးရွှေဥဒေါင်း
လယ်တွင်းသားစောချစ် တက္ကသိုလ်ဘုန်းနိုင်
သူတို့စာတွေ ခွန်အားသိပ်ဖြစ်စေတယ်။
PS:ဆရာသော်တာဆွေရဲ့စာအုပ်ဖတ်ရင်အရက်သောက်ချင်တယ်😁😁

ကျောင်းသူလေးတွေက သနပ်ခါးလေးတွေနဲ့
သိပ်လှကြတာ.... ကျောင်းမှာ Crush
ထားမိတဲ့သူက ကျောင်းအရမ်းပျော်ကြတာ။

မုန့်စားဆင်းချိန်ဆို ယောက်ကျားလေးက
ဘောလုံးကန်တယ်၊ မိန်းကလေးတွေက
ကြိုးခုန်တယ်၊ ထုတ်ဆီးထိုးတယ်၊
သိပ်ချစ်ကြ သိပ်ပျော်စရာကောင်းတာ
ဘာဟန်ဆောင်မှုမှမရှိ။

ဆင်းရဲ့ချို့တဲ့လွန်းတဲ့သူတွေမှာ အသိတချို့က
သိပ်လက်ရာမြောက်တာ။ လ္ဘက်ရည်ဆိုတာ
လူမမာတို့ရဲ ဓာတ်စာလို့ မှတ်ယူကြရတယ်။

သစ္စာတရားတွေ ခွန်အားကောင်းတုန်း
အိမ်ထောင်ဦးစီးတွေ အိမ်ပြန်ချိန်စောတယ်။
ဇနီးမယားတွေ စိတ်ချမ်းသာမှု
ပြည့်ဝနေကြတယ်။

အိမ်နီးချင်းတွေ သိပ်ချစ်ခင်ကြတာ
ပြိုင်ဆိုင်လိုစိတ်နည်းတယ် ၊
ချောက်တွန်းဖို့ဆိုဝေးသေး
ယုတ်မာမှုမရှိဘူး။ တိုက်ခိုက်မှုကင်းတယ်
ဣဿမစ္ဆရိယစိတ် မမွေးဘူး။

ဟိရိဩတ္တပတရားတွေ အင်အားကြီးတုန်း။
လူပျို၊ ၊အပျို စကားပြောရင် ခြေတုန်လက်တုန်
ဖြစ်ကြတုန်း

သမီးရည်းစားတစ်ခါတွေ့ဖို့ ၁၀ရက်လောက်
ကြာတယ် တွေ့ပြန်ရင်လည်း နာရီဝက်သာသာ
သိပ်လွမ်းလို့ကောင်းတာ

တခါတလေတော့လည်း အဲ့အချိန်တွေကို
လွမ်းမောမိပါတယ်။ ပြန်သွားချင် ပြန်လိုချင်လို့
မဟုတ်ရင်တောင် စူးစူးနစ်နစ် သတိရမိတယ်။

ဒါတွေက
တို့ရဲ့ ငယ်ဘဝတွေ .........
အဲ့ဒီအချိန်ကာလမှာ
လူတချို့ဆီကနေ အရောင်မပါ
စိတ်ထားဖြူစင်မှုတွေ
ရိုးသားမှုတွေ ရှာဖွေတွေ့ရှိခဲ့တယ်။

အပူအပင်ကင်းတဲ့
ကလေးလေးဘဝကို တခါပြန်ပြီး
ရချင်မိသေးပါ့ရဲ့

ငယ်ငယ် က ဘဝလေးကို
ပြန်သတိရ မိပါတယ် CRD

မိတ်ဆွေစစ် ဆိုတာ ကြယ်တွေလိုဘဲမှောင် မှ မြင်ရတက်တယ်လူတွေ လူတွေ
06/05/2024

မိတ်ဆွေစစ် ဆိုတာ ကြယ်တွေလိုဘဲ
မှောင် မှ မြင်ရတက်တယ်
လူတွေ လူတွေ

ကဲ လျောက်ချင် သူများ အတွက်Médecins du Monde (MdM) SUPPLY CHAIN ASSISTANT - YangonSalary Range: 1,065,166 MMKSocial and o...
27/03/2024

ကဲ လျောက်ချင် သူများ အတွက်
Médecins du Monde (MdM)
SUPPLY CHAIN ASSISTANT - Yangon
Salary Range: 1,065,166 MMK
Social and other benefits: MdM medical benefits,
13 months bonus, severance payment, public holidays,
leave benefits (annual leave, sick leave, maternity leave,
paternity leave, family leave, casual leave), seniority payment,
Travel and Food allowance,
Monthly phone top up allowance.

ဘယ် သင်တန်းမှ တက်စရာမလိုဘဲNGO တွေမှာ Logistics and supply chain, procurement, operations, Administration, Fleet, Warehou...
15/03/2024

ဘယ် သင်တန်းမှ တက်စရာမလိုဘဲNGO တွေမှာ Logistics and supply chain, procurement, operations, Administration, Fleet, Warehouse Jobs ပိုင်းတွေမှာ အလုပ်လုပ်ချင်သူတွေ အတွက် sharing လုပ်ပေးသွားမှာပါFacebook မှာလဲ လာရောက် စုံစမ်းနိုင်သလိုဒီ YouTube channel မှာလဲ လာရောက် ကြည့်ရှုနိုင်ပါတယ်


ဘယ် သင်တန်းမှ တက်စရာမလိုဘဲNGO တွေမှာ Logistics and supply chain, procurement, operations, Administration, Fleet, Warehouse Jobs ပိုင်းတွေမှာ အလုပ်လုပ်ချင်သူတ...

Address

Changan Street
Singapore

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959254311101

Alerts

Be the first to know and let us send you an email when Chit Chan Cho posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share