12/05/2026
Peter Lynch ရဲ့ Stock Investing အကြံပေးချက်
Peter Lynch က ပြောတာက
စတော့ဝယ်မယ်ဆိုရင် “နားလည်တဲ့ business” ကိုပဲ ဝယ်ပါ။
စတော့ရှယ်ယာ ဈေးတက်နေလို့
TV မှာ recommend လုပ်လို့
Technology company ဖြစ်လို့
သူများတွေ profit ရနေလို့
ဈေးကွက်ထဲ လူပြောများတဲ့ စတော့ဖြစ်နေလို့
👉 အဲ့လိုနဲ့ မဝယ်သင့်ဘူး။
အရင်ဆုံး ကိုယ်နားလည်ရမှာက —
✅ Company က ဘယ်လိုငွေရှာလဲ
✅ ဘာ product / service ရောင်းတာလဲ
✅ Customer တွေ ဘာကြောင့် အဲ့ကုမ္ပဏီရဲ့ ပစ္စည်းတွေသုံးလဲ
✅ Competitor သူ့ရဲ့ ပြိုင်ဖက်တွေထက် ဘာအားသာချက်ရှိလဲ
✅ အနာဂတ် growth story က တကယ်ဖြစ်နိုင်လား
Peter Lynch ရဲ့ နာမည်ကြီးစကားတစ်ခွန်း👇
“ကလေးတွေကာတွန်းဆွဲတဲ့ ရောင်စုံခဲတံ နဲ့တောင် ရှင်းပြလို့မရတဲ့ စီးပွားရေးဆို မရင်းနှီးပါနဲ့ ”
အဓိပ္ပါယ်က —
👉 ကိုယ်တောင် ရိုးရိုးလေး မရှင်းပြနိုင်ရင်
အဲ့ business ကို တကယ်မနားလည်သေးဘူးဆိုတာပါ။
သူက “Invest in what you know” ဆိုတာလည်း အရမ်းအရေးကြီးတယ်လို့ ပြောတယ်။
ဥပမာ👇
• လူတွေများအမြဲပြည့်နေတဲ့ shop
• လူငယ်တွေ အမြဲသုံးနေတဲ့ brand
• ကိုယ်အလုပ်လုပ်တဲ့ industry ထဲက growing company
• လူတွေ နေ့တိုင်းသုံးနေတဲ့ product
တချို့ company က Wall Street analyst တွေမသိခင်
သာမန်လူတွေက အရင်သတိထားမိနိုင်တယ်လို့ သူယုံကြည်ခဲ့တယ်။
ဒါပေမယ့်…
❌ ကိုယ်ကြိုက်တဲ့ company တိုင်း မဝယ်ရ
❌ Emotion နဲ့ invest မလုပ်ရ
❌ Financial statement မကြည့်ဘဲ မဝယ်ရ
Business ကောင်းတယ်ထင်ရင်တောင်
ဒီအချက်တွေ ဆက်လေ့လာရမယ်👇
📈 Revenue Growth
📈 Profit / Earnings Growth
📉 Debt (အကြွေး)
💵 Cash Flow
💰 Valuation
⚠️ Competition Risk
Peter Lynch ရဲ့ စကားအရ
Company ကို ကောင်းကောင်းနားလည်ထားရင် —
✅ Market crash ဖြစ်လည်း မကြောက်ဘူး
✅ Panic sell မလုပ်ဘူး
✅ Bad news က temporary လား permanent လား ခွဲနိုင်တယ်
✅ Hype stock နဲ့ business ကောင်းကို ခွဲနိုင်တယ်
အဓိက lesson က👇
“Investing ဆိုတာ Economy ကိုခန့်မှန်းတာမဟုတ်ဘူး။
Business ကောင်းကို လူများထက်ပိုနားလည်တာပါ။”
Peter Lynch investing style =
✔️ Simple Thinking
✔️ Long-Term Mindset
✔️ Independent Thinking
✔️ Real World Observation
✔️ ကိုယ်နားလည်တဲ့ business ထဲမှာပဲ invest လုပ်ခြင်း စတဲ့
Investing philosophy တွေဟာ Peter Lynch က
1977 မှ 1990 အတွင်း Fidelity Investments ရဲ့ Magellan Fund ကို
စီမံခန့်ခွဲစဉ်မှာ အလွန်ထူးခြားတဲ့ investment returns တွေ ရရှိနိုင်ခဲ့တဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။
Alpha Bargain Engineer
Education is Expensive!💸💸💰
The World is Fair & Square!🌐🌎
06/05/2026
ယနေ့ခေတ် အချိန်ခါမှာ
ငွေကြေးဆိုင်ရာ ပညာရေးဗဟုသုတ အကြောင်းပြောလာကြတဲ့အထဲမှာ
Financial Freedom ငွေကြေးလွတ်မြောက်မှု ကို အဓိကထားပီး
ပြောလာကြပေမယ့်
တကယ်တမ်းကျ အဲ့လမ်းက ဘယ်ကစလို့ ဘယ်မှာဆုံးလဲ ပန်းတိုင်ကိုသွားဖို့ ခရီးလမ်းက ဘာတွေပြင်ဆင်ဖို့လိုမလဲဆိုတာ ဘယ်သူမှ ရေရေရာရာ သေသေချာချာမပြောနိုင်ကြတာ တွေ့ရတာများပါတယ်...
တချို့ကလည်း
ငွေကြေးလွတ်မြောက်မှု ရပီဆိုရင် လခစားအလုပ် လုပ်စရာမလိုတော့ဘူးလို့ အဓိပ္ပာယ်ဖွင့်ကြပီး လိုရာဇောင်းပေးပြောတတ်ကြပါတယ်
တချို့ကလည်း
ငွေကြေးလွတ်မြောက်မှု ရပီး လခစားအလုပ် ဆက်လုပ်နေကြသူတွေ
ကိုယ်မြတ်နိုးတဲ့ဝါသနာ တစ်ခုကိုအရင်းတည်ပီး ဒုတိယငွေဝင်လမ်းကြောင်း အနေနဲ့ အပိုဝင်ငွေရှာဖွေကြသူတွေလည်းရှိကြပါတယ်..
တချို့လည်း
သူတို့ ဘဏ်အကောင့်ထဲ ငွေကြေးလွတ်မြောက်မှု ရယူနိုင်လောက်တဲ့
ငွေသားတွေရှိနေကြပေမယ့် သူ့တို့ကိုယ်သူတို့ Financial Freedom ရနေကြမှန်းမသိကြပဲ လခစား / Rat Race သံသရာထဲလည်နေကြသူတွေရှိကြပါတယ်...
အဓိက ကတော့
နေ့စဉ် လူမှုဘဝ သွားလာလှုပ်ရှား စားသောက်ဖို့ ငွေကြေးသုံးစွဲနေရတဲ့ အရာတွေအပေါ် Assets နဲ့ Liabilities ကို ကွဲကွဲပြားပြား နားမလည်ကြတာရယ်...
Financial Freedom ဆိုတဲ့ အရာက ဘယ်နေရာမှစလို့ ဘယ်နေရာမှာဆုံးပီး ခရီးလမ်းဘယ်လိုရှိတယ်ဆိုတာ မသိတာ နဲ့
ငွေကြေးရှာဖွေနေရမှုရဲ့ အကြောင်းတရား ရည်ရွယ်ချက် Purpose ကို မသိခြင်းတွေကနေ လမ်းပျောက်နေကြတာပါ...
တကယ်တော့ Financial Freedom ဆိုတာ ငွေကြေးလွတ်မြောက်မှု
၁ ခုထဲမဟုတ်ပဲ ကိုယ်လုပ်ချင်တဲ့အရာ / ဖြစ်ချင်တဲ့အရာကို အချိန်အခါမရွေးဘယ်သူ့ခွင့်ပြုချက်မှမလိုပဲ လုပ်နိုင်/နေနိုင် မှ အဆင်ပြေမှာပါ..
ကျန်းမာရေးကလည်း ကောင်းနေမှဖြစ်မှာပါ..
အချိန်ပေးနိုင်မှလည်းအဆင်ပြေမှာပါ...
ကိုယ့်အနားရှိနေသူတွေကလည်း ကိုယ်ဖြစ်ချင်/လုပ်ချင်တာကို အသာတကြည်လိုက်လျောပီး ဖြည့်ဆည်းပေးနိုင်မှ ဖြစ်မှာပါ
တချို့တွေကျ ငွေကြေးဥစ္စာပစ္စည်းအလျှံပယ် ကြွယ်ဝ ချမ်းသာကြပေမယ့် ကျန်းမာရေး မကောင်းဖြစ်နေသူတွေ
ဟိုဟာနဲ့မတည့် ဒီဟာနဲ့မတည့် စားချင်တာ မစားနိုင်ကြသူတွေ
စားချင်သောက်ချင်ပေမယ့် ကိုယ့် ဇနီး/ခင်ပွန်း နဲ့ အနီးနားရှိသူတွေက မကြိုက်လို့ စား/သောက်ခွင့် မရသူတွေ ရှိကြပါတယ်...
အဲ့အတွက် Ultimate Freedom ရဖို့ တည်ဆောက်မယ်ဆိုရင်
- အစခရီး နဲ့ အဆုံးခရီး ကို တဆင့်ပီးတဆင့် သိရှိနားလည်ပီး
- ငွေကြေးရှာဖွေနေရခြင်းရဲ့ အကြောင်းတရား ရည်ရွယ်ချက် purpose
- ကျန်းမာရေး ကောင်းစေမယ့် အလေ့အထများ
- အများသူငှာ လက်ခံနိုင်မယ့် ကိုယ်ကျင့်တရား အလုပ်အကိုင် နဲ့
- မိတ်ကောင်း ဆွေကောင်းတွေရှိနေစေဖို့ ကြိုးစားဖန်တီးကြဖို့လိုအပ်မယ်လို့ထင်မြင်ယူဆမိပါတယ်
(သဘောထား ခံယူချက် ကွဲလွဲနိုင်ပါတယ်).
Alpha Bargain Engineer
The World is Fair & Square!🌐🌎
Education is Expensive!💸💸💰
23/04/2026
Option Selling ကပေးတဲ့ ငွေသားတွေက အခွန်ဆောင်စရာမလိုပါဘူး
တဖက်ကတွေးကြည့်ပြန်တော့ ကာယအား ညာဏအားတွေ စိုက်ထုတ်ပီးလုပ်ထားတာကရတဲ့ အလုပ်လုပ်ပြီး ရရှိတဲ့ဝင်ငွေ လစာတွေကျပြန်တော့ အခွန်ဆောင်ရတယ်
ဘာကြောင့်လဲ?
နိုင်ငံအများစုမှာ — အထူးသဖြင့် စင်္ကာပူလို ဝင်ငွေခွန် အခွန်စည်းကျပ်မှု စနစ်တကျရှိတဲ့နိုင်ငံတွေမှာ
အလုပ်လုပ်ပြီး ရရှိတဲ့ဝင်ငွေ (earned income) ကို အခွန်ပေးရပါတယ်။
ဒါပေမယ့် စတော့ဈေးကွက်ကနေ ရတဲ့ အမြတ်တွေကိုတော့ အများအားဖြင့် အခွန်မကောက်ပါဘူး။
အကြောင်းကတော့
အလုပ်လုပ်ပြီး ရရှိတဲ့ဝင်ငွေကို လူတစ်ယောက်ရဲ့ အလုပ်လုပ်အား (labor) ကနေ ရတဲ့ အကျိုးအမြတ်လို့ ယူဆကြပြီး၊
စတော့ဈေးကွက်ကနေရတဲ့ အမြတ်တွေကိုတော့ မိမိရင်းနှီးမြှုပ်နှံထားတဲ့ ငွေ (capital investment) ကနေ ရတဲ့ အကျိုးအမြတ် (capital gains) လို့ သတ်မှတ်ကြလို့ ဖြစ်ပါတယ်။
Capital Gains vs. Earned Income
Earned Income (အခွန်ပေးရ)
ဒီမှာတော့ လစာ (salary), ဘောနပ်စ် (bonus), ကော်မရှင် (commission) နဲ့ ဝန်ဆောင်ခ (fees) စတဲ့ အလုပ်လုပ်ခြင်း (employment) သို့မဟုတ် ကိုယ်ပိုင်လုပ်ငန်း (self-employment) မှ ရရှိတဲ့ ဝင်ငွေတွေ ပါဝင်ပါတယ်။
ဒါကို ကိုယ့်အလုပ်အား (labor) နဲ့ တိုက်ရိုက်ဆိုင်တဲ့ Active Income လို့ ယူဆပြီး အခွန်ပေးရပါတယ်။
Stock Market Income (အများအားဖြင့် အခွန်မပေးရ)
စင်္ကာပူမှာတော့ စတော့ရှယ်ယာတွေ ဝယ်ပြီး ပြန်ရောင်းတဲ့အခါ ရတဲ့ အမြတ်တွေကို အများအားဖြင့် Capital Gains လို့ သတ်မှတ်ပါတယ်။
Inland Revenue Authority of Singapore (IRAS) အရ ဒီလိုအမြတ်တွေကို မိမိရင်းနှီးမြှုပ်နှံမှု တိုးတက်လာမှု (investment growth) လို့ပဲ ယူဆပြီး မကြာခဏလုပ်နေတဲ့ လုပ်ငန်းဝင်ငွေ (business income) မဟုတ်တဲ့အတွက် အများအားဖြင့် အခွန်မကောက်ပါဘူး။
👉 လူအများစုက အလုပ်လုပ်ပြီး ရလာတဲ့ငွေထဲက အခွန်ပေးပြီး ကျန်တဲ့ငွေနဲ့ လောက်ငှအောင်နေပီး အသက်ရှင်တယ်
👉 Smart Investor တွေကတော့ ရလာတဲ့ လစာငွေကို အလုပ်လုပ်ခိုင်းပီးဝင်ငွေတိုးပွားအောင်စီမံတယ်
Option Selling လုပ်ခြင်းက ပုံမှန် လစာဝင်ငွေ ၁ ခုထဲပေါ် မမှီခိုတော့ပဲ
Earned Income + Investment Income ဒီနှစ်ခုကိုပေါင်းပြီး
Real Wealth ကို တည်ဆောက်တာဖြစ်တယ်..
Option Selling လုပ်ပီး အပိုဝင်ငွေရှာနည်းကို စနစ်တကျလေ့လာချင်လား?
Portfolio ကို Income Generating Machine ပြောင်းချင်လား
အောက်မှာ "MYVIV" လို့ မန့်ခဲ့ပေးပါ 👇
Education is Expensive!💸💸💰
The World is Fair & Square!🌐🌎
21/04/2026
အလုပ်ထဲက အသိ ၁ ယောက်နဲ့ စကားပြောဖြစ်တော့
ပီးခဲ့တဲ့ ၂-၃ နှစ်အတွင်း မြန်မာပြည်ကဘဏ်မှာပဲ ငွေစုထားပီး ဘာမှမလုပ်ပဲထားထားတာ သိန်း ထောင်ကျော်က အဲ့ ၂-၃ နှစ်အတွင်းမှာ
ကုနိဈေးနှုန်းတွေ ရွှေဈေး မြေဈေး စက်သုံးဆီဈေး စသဖြင့်
အထွေထွေ လူသုံးကုန်ပစ္စည်းဈေးတွေတက်လာမှု
ငွေကြေးဖောင်းပွမှုကြောင့်
သိန်း ၃-၄ ရာဂဏန်းလောက်သာ တန်ဖိုးရှိတော့တယ်ဆိုတဲ့အကြောင်း
ပြောပြတော့
ဪ ကိုယ့်မှာ သူ့အစားနှမြောပေးရုံကလွဲပီး ဘာမှလုပ်ပေးလို့မရဘူး..
ခက်တာက လူတွေက ကိုယ်ကျင်လည်တဲ့လူမှုပတ်ဝန်းကျင်
သက်တောင့်သက်သာရှိတဲ့ ဘဝ Comfort Zone မှာပဲပျော်နေတတ်ပီး
အသိပညာတိုးတတ်ဖို့ ပတ်ဝန်းကျင်အသစ်ကလူတွေနဲ့ ထိတွေ့ဆက်ဆံရဖို့ဆိုတဲ့ အရာတွေဆို ကိုယ်နဲ့ မဆိုင်သလိုနေတတ်ကြတာ..
ငွေကို အလုပ်လုပ်ခိုင်းဖို့ အကောင်းဆုံးနည်း
လူအများစုက ကြီးပွားချမ်းသာဖို့အတွက်ဆို ငွေစုဖို့ပဲ စဉ်းစား တတ်ကြပါတယ်…
ဒါပေမယ့် တကယ်တမ်း ချမ်းသာလာဖို့ဆိုရင်
👉 ငွေစုရုံနဲ့ မလုံလောက်ပါဘူး
👉 ငွေကို အလုပ်လုပ် ခိုင်းတတ်ဖို့ လိုပါတယ်
လူအများရဲ့အမြင်မှာ Stock ရှယ်ယာ ဈေးကွက်မှာ ရင်းနှီးမြှုပ်နံတာကို
ဈေးကွက်ထဲ ဝင်စို့ ထွက်စို့နဲ့ အရှုံးအမြတ်အတွက် လောင်းကစားလုပ်ရတဲ့ ရင်ခုန်စရာ ကစားပွဲ တခုလို့ထင်တတ်ကြပါတယ်
ဒါပေမယ့် အမှန်တကယ်မှာတော့…
👉 Stock ရှယ်ယာတွေဝယ်တာက စီးပွားရေးလုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ခြင်းပါ
ကိုယ်တိုင် Business တစ်ခု မထောင်နိုင်ရင်တောင်
👉 အောင်မြင်နေတဲ့ ကုမ္ပဏီတွေမှာ Share ဝယ်ပြီး သူတို့နဲ့အတူ ကြီးထွားနိုင်ပါတယ်
👉 Stock Market ဆိုတာ
ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတွေမှာ ဝင်ရင်းနှီးမြှုပ်နံရင်း
ကိုယ်တိုင် ပါဝင်ပိုင်ဆိုင်ခွင့်ရမယ့် အခွင့်အရေးပါ
📈 ဘာကြောင့် Stock ရှယ်ယာဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသင့်လဲ?
✔️ Compound Growth
အချိန်ကြာလာတာနဲ့အမျှ
သင့်ရဲ့ ငွေက အဆမတန် တိုးပွားလာနိုင်ပါတယ်
✔️ Dividends
ရှယ်ယာရှင်ဖြစ်တဲ့အတွက် ကုမ္ပဏီကရတဲ့ အမြတ်ဝေစုကို
လက်ခံ ရရှိနိုင်ပါတယ်
✔️ Ownership
Apple, Google, Tesla တို့လို
ကုမ္ပဏီကြီးတွေထဲမှာ
ကိုယ်တိုင် ပိုင်ရှင်တစ်ယောက် ဖြစ်လာနိုင်ပါတယ်
⚠️ သတိထားရမယ့်အချက်
👉 Investment တွေမှာ Risk တော့ရှိပါတယ်
ဒါပေမယ့်…
👉 Knowledge + Strategy တတ်မြောက်နားလည်ထားရင်
👉 အဲ့ဒီ Risk ကို Wealth အဖြစ် ပြောင်းနိုင်ပါတယ်
ကုမ္ပဏီကြီးတွေရဲ့ Stock ရှယ်ယာတွေမဝယ်ခင်မှာ
✔️ ကုမ္ပဏီရဲ့ Background
✔️ အခြေခံစီးပွားရေးဆိုင်ရာ အချက်လက်တွေ
✔️ အနာဂတ်အလားအလာ
✔️ Financial Strength တို့ကို လေ့လာဖို့ အရေးကြီးပါတယ်
🚀 သင်ရော အဲ့လို့ စတော့ရှယ်ယာဈေးကွက်ထဲ ဝင်ပီး အပိုငွေရှာရင်း ငွေကြေးလွတ်မြောက်မှုလမ်း အတွက် စတင်ချင်လား?
Stock Market မှာ Income ရချင်ပေမယ့်
👉 ဘယ်ကစရမှန်း မသိဘူးလား?
Value Stock ကို ဘယ်လိုရွေးမလဲ?
Fundamental Analysis ကို ဘယ်လိုလုပ်မလဲ?
Option Selling ကနေ နေ့စဉ်/အပါတ်စဉ်/လစဉ် အပိုငွေရှာတတ်ဖို့ကို ဘယ်လိုလုပ်မလဲ?
👉 အဲ့ဒီအတွက်
Stock Broker Acc စဖွင့်တာကနေ Basic, Advanced အထိ
👉 MVIV က စနစ်တကျ သင်ကြားပေးနေပါတယ်
✔️ Theory + Practical
✔️ Manual Analysis
✔️ Stock Screener တွေသုံးပီး
ကိုယ်တိုင်လုပ်ကိုင်နိုင်တဲ့အထိ စာတွေ့ လက်တွေ့ တွေနဲ့ သင်ယူဖို့
💬 စိတ်ဝင်စားရင်
Comment (သို့) Messenger မှာ
“Value Stock သင်တန်း” လို့ ရေးခဲ့ပေးပါ
👉MYVIV Admin team က ပြန်ဆက်သွယ်ပေးပါမယ်
The World is Fair & Square!🌐🌎
Education is Expensive!💸💵💰
Learn, Think. Invest Growing Wealth Wisely.📖🤔💸💵💰
21/04/2026
Options ရောင်းတာဆိုတာ
အမြဲတမ်း “Expired Worthless” ဖြစ်ပြီး ပျော်စရာပဲ ဖြစ်မနေပါဘူး…
တခါတလေတော့ ပိုပျော်စရာကောင်းတဲ့ “Assignment” လည်း ဖြစ်နိုင်ပါတယ် 😎
ဒါပေမယ့်…
👉 Assignment ဖြစ်သွားရင်
👉 Buy / Sell လုပ်ဖို့ တာဝန် (Obligation) ပါလာတယ်
📊 Overview
• Time Period: Apr 1, 2026 – Apr 17, 2026
• Total Trades: 17 Contracts
• Realized P&L: +$1,247.80 Profit 💰
📅 April 17, 2026 Expiry Result
✅ Expired (Worthless)
• APR 17 ‘26 $25 CALL — Expired (4 contracts)
• APR 17 ‘26 $21 PUT — Expired (1 contract)
• APR 17 ‘26 $23 CALL — Expired (1 contract)
• APR 17 ‘26 $11.5 CALL — Expired (3 contracts)
• APR 17 ‘26 $29 PUT — Expired (1 contract)
• APR 17 ‘26 $65 CALL — Expired (1 contract)
👉 Expire ဖြစ်သွားတာဆိုရင်
✔️ Premium အားလုံးက ကိုယ့်အိပ်ကပ်ထဲမှာပဲ ရှိနေမယ်
✔️ Share ဝယ်/ရောင်း မလို
✔️ Stress မရှိ 😌
⚡ Assignment - ဒီနေရာမှာ ရင်ခုန်စရာတွေ ဖြစ်လာမယ်
🔻 Assigned Trades
• APR 17 ‘26 $5 CALL — Assigned (4 contracts)
• APR 17 ‘26 $19 CALL — Assigned (2 contracts)
👉 CALL Assignment ဖြစ်တဲ့အတွက်
Share ကို SELL လုပ်ဖို့ တာဝန်ရှိလာတယ်
⚠️ WARNING (အရေးကြီးဆုံး)
👉 ကိုယ် “ပျော်ပျော်ရွှင်ရွှင် SELL လို့ရမယ့် Price Range” မှာပဲ CALL ရောင်းပါ
👉 Naked CALL မရောင်းပါနဲ့ ❌ (Risk အရမ်းမြင့်တယ်)
💰 Sold Result
1️⃣
• Sold 400 shares @ $5
• Total Received: $2,000 (cash flow in)
👉 Previously Bought @ $4.50
👉 Profit per share = $0.50
👉 Total Profit = $0.50 × 400 = $200 Profit 💰
2️⃣
• Sold 200 shares @ $19
• Total Received: $3,800 (cash flow in)
👉 Previously Bought @ $18.00
👉 Profit per share = $1.00
👉 Total Profit = $1.00 × 200 = $200 Profit 💰
🧠 Investor Takeaway
👉 Expire → Easy Money (Premium Keep)
👉 Assignment → Real Action (Buy / Sell obligation)
🔥 Smart Investor ဆိုတာ
✔️ Plan နဲ့ Option Selling လုပ်တယ်
✔️ Assignment ဖြစ်လာရင်လည်း ကိုယ့် Control ထဲမှာရှိနေတယ်
✔️ Profit ကို Multiple Sources ကနေ ရအောင် တည်ဆောက်တယ်
The World is Fair & Square!🌐🌎
Education is Expensive!💸💸💰
📈Learn. Think. Invest Growing Wealth Wisely.📖🤔💵💸💰
19/04/2026
မနေ့က Value Investing သင်တန်းတက်ထားတဲ့ အသိ ၁ ယောက်နဲ့ဆုံလို့ စကားပြောဖြစ်ကြရင်း
သူက ဘာတွေဝယ်ထားလဲ ကိုယ်ကဘာတွေဝယ်ထားလဲ မေးကြည့်မိတော့
သူ Option Contract တွေရောင်းရင်းလက်ထဲကိုင်ထား မိတဲ့ စတော့ရှယ်ယာ ၁ ခုပြောပြတော့ ကိုယ်တွေရဲဲ့ Value Investing က စတော့တွေ ရွေးချယ်တဲ့ Criteria တွေနဲ့ စစ်ချလိုက်တဲ့အခါ
အဆိုပါကုမ္ပဏီရဲ့
ရောင်းအား /ငွေရှာနိုင်အား/ဝင်ငွေ Revenue အနေနဲ့က အဆင်ပြေသလိုတွေ့ရပေမယ့်
ပကတိအမြတ်(Profit) Net Income
စတော့ရှယ်ယာ ၁ ခုချင်းရဲ့ အမြတ် Earning Per Share
တန်ဖိုးတွေလည်းရောက်ရော
ပီးခဲ့တဲ့ ၁၀ နှစ်အတွင်း ၁ နှစ်မှ အမြတ်မရှိခဲ့ပဲ
အရှုံးတွေပဲပေါ်နေတာ တွေ့ရတော့
အဲ့တာတွေ ဘာလို့ဖြစ်တာလဲ သိလား..
အဲ့ Criteria တွေကိုရော နားလည်လားလို့ မေးတော့
သူ့မှာ ပါးစပ်အဟောင်းသားနဲ့ ဖြေစရာစကားရှာမရဖြစ်သွားတယ်...
အဲ့အချိန်မှာပဲ ကိုယ့်အတွေးထဲ အတွေးစတခု ဖြတ်ကနဲပေါ်လာတယ်..
“သူ Options တွေမရောင်းခင်တုန်းက ကိုယ်တွေလုပ်နေကျ စစ်ရမယ့်အချက်တွေ မစစ်ခဲ့ပဲ Premium ရတာကိုပဲကြည့်ပီး လောဘရဲ့နောက်လိုက်ရင်း ဆုံးဖြတ်ချက်မှားခဲ့တာပဲဖြစ်မယ်လို့”..
လူတွေဟာ ဘာတွေဘယ်လိုပဲ သင်ထားထား
ဘယ်ဟာမှန်တယ်/မှားတယ်ဆိုတာ သိကြပေမယ့်
ငွေနဲ့ ပါတ်သတ်လာရင် စတော့ဈေးကွက်ပေါ်ရောက်သွားရင်
လောဘရဲ့ခေါ်ဆောင်ရာကို လက်ကအလိုက်သင့်လေးလိုက်သွားပီး
ဦးနှောက်ရဲ့ထိန်းကြောင်းနိုင်စွမ်းက ပျောက်သွားကြတာ ...
နောက်ဆုံးတော့
ဪ ဒါသူရှာထားတဲ့ သူ့ငွေနဲ့ သူလုပ်ချင်ရာလုပ်တာပဲလေလို့
နားလည်လိုက်ပီး သူနဲ့ အလိုက်ထိုက်လေးပဲ စကားပြောရင်း
အခြားအကြောင်းရာတွေပြော လမ်းကြောင်းပြောင်းပီး
စကားလက်စသတ်ခဲ့ရတယ်…
ဒါကြောင့် စီးပွားရေးရင်းနှီးမြှုပ်နံတဲ့ ဂုရုတွေပြောနေကျ စကားလေး
သွားသတိရမိလိုက်တယ်
Revenue is Vanity. Profit is Sanity.
Revenue = အပြင်ပန်းအလှ (Vanity) 💫
Profit = အမှန်တကယ်အရေးကြီးတာ (Sanity) 🧠
Revenue (ဝင်ငွေ) = ဝင်လာတဲ့ ပိုက်ဆံ
Profit (အမြတ်) = တကယ်ကျန်တဲ့ ပိုက်ဆံ
Revenue က အပြင်ပန်းမြင်ရင် တော်တော်လှတယ်
လူတွေကလည်း “ငါတို့ revenue ဘယ်လောက်ရှိတယ်” လို့ ဂုဏ်ယူပြောတတ်တယ်
ဒါပေမယ့်…
Business တကယ် အသက်ရှင်နေဖို့ အရေးကြီးတာက Profit ပဲ
Investor Mindset (တကယ် powerful ဖြစ်တဲ့နေရာ)
Warren Buffett လို Investor ကြီးတွေက Revenue နောက်မလိုက်ကြဘူး
သူတို့ focus လုပ်တာတွေက
• Profit Margin (အမြတ်နှုန်း)
• Cash Flow (ငွေစီးဆင်းမှု)
• Efficiency (လုပ်ဆောင်မှုထိရောက်မှု)
နောက်ဆုံးမှာတော့..
Revenue = လူကြိုက်များမှုကိုပြတယ်
Profit = Business ရဲ့ အရည်အသွေးကိုပြတယ် 💯
အကျဉ်းချုပ်အနေနဲ့
Revenue က လူတွေကို impress လုပ်တယ်
Profit က business ကို ကာကွယ်ပေးတယ် ဆိုတာနားလည်ရမယ်..
Education is Expensive!💸💸💰
The World is Fair & Square!🌐🌎
Learn. Think. Invest Growing Wealth Wisely.📚📖🤔💸💸💰
18/04/2026
Vanguard Technology ETF (VGT) Share Split သတင်း
Vanguard Information Technology ETF (VGT) ဟာ
2026 ခုနှစ်၊ ဧပြီ 21 ရက်နေ့မှစပြီး
8-for-1 Share Split ပြုလုပ်မယ်လို့ ကြေညာထားပါတယ်..
📌 2026 ဧပြီ 17 ရက်နေ့အထိ ကိုင်ထားတဲ့ Investor တွေက
1 share ကို 8 shares အဖြစ် လက်ခံရရှိပါမယ်။
Share price ကတော့ အချိုးကျ လျော့ကျမယ်
ဒါပေမယ့်
👉 စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကတော့ မပြောင်းလဲပါဘူး
📊 Key Details (အရေးကြီးအချက်များ)
* Split Ratio — 8-for-1 (1 share ➝ 8 shares)
* Record Date — April 17, 2026
* Payable Date — April 20, 2026 (Market close နောက်ပိုင်း)
* Effective Date — April 21, 2026 (New price နဲ့ trading စတင်)
💰 Investor အတွက် အကျိုးသက်ရောက်မှု
Share Count အရေတွက်
ဥပမာ
100 shares ရှိရင် ➝ 800 shares ဖြစ်သွားမယ်
Price
Share တစ်ခုချင်းစျေးက 8 ဆ လောက် ခွဲကျမယ်
ဥပမာ
အရင်က Share ၁ စောင်စျေးက $640 ဆိုရင် ခုက ၁ စောင်ကနေ ၈ စောင် ကွဲတာဆိုတော့ $640/8 = ၁ စောင်စျေးက $80 လောက်ဖြစ်သွားမယ်
Value (အရေးကြီးဆုံး)
Total Portfolio Value = မပြောင်းလဲဘူး
📌 Tax အနေနဲ့က
👉 Tax effect မရှိပါဘူး
🎯 ဘာကြောင့် Split လုပ်တာလဲ?
✔ ETF ကို ပိုမိုလွယ်ကူစွာ ဝယ်နိုင်အောင်
✔ Liquidity (အရောင်းအဝယ် လှုပ်ရှားမှု) တိုးစေဖို့
✔ Retail Investors များအတွက် အဆင်ပြေစေဖို့
🔎 Extra Insight အနေနဲ့က
ဒီ VGT Split က
👉 Vanguard ရဲ့ ETF 5 ခုအတွက် ပြုလုပ်နေတဲ့
ပိုမိုကြီးမားတဲ့ Strategy တစ်ခုရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်
📊 ခုလို Shares တွေ ကွဲမယ်လို့ ကြေငြာတဲ့ထဲမှာ
* VUG (6-for-1)
* MGK (5-for-1)
တို့လို အခြား ETF တွေလည်း ပါဝင်ပါတယ်
🔥 Investor Takeaway
👉 Share များလာတာက “ပိုချမ်းသာသွားတာ” မဟုတ်ဘူး
👉 ဒါပေမယ့် “ပိုလွယ်ကူစွာ ဝယ်နိုင်တဲ့ structure” ဖြစ်လာတာ
Smart investors က value ကို ပဲကြည့်တယ် — share count အရေတွက်ကို ရင်မခုန်ဘူး
The World is Fair & Square!🌐🌎
Education is Expensive!💸💸💰
10/04/2026
US vs Iran စစ်ပွဲကြောင့် စတော့မားကတ်၊ ရွှေ၊ ငွေဈေးတွေ ကမောက်ကမ ဖြစ်နေတဲ့အချိန်မှာတောင် Value Investors တွေရဲ့ စွမ်းဆောင်မှုတွေကတော့ တောက်ပနေဆဲပါပဲ။
Value Investors တွေက စတော့ဈေးတက်မလား၊ ကျမလားဆိုတာကို ခန့်မှန်းပြီး လိုက်မကစားကြပါဘူး။
အဲဒီအစား ကိုယ်ဝယ်မယ့်စတော့ရဲ့ နောက်ကွယ်က ကုမ္ပဏီရဲ့ စီးပွားရေးကို သေချာလေ့လာကြပါတယ်။
ဥပမာ
- ဒီကုမ္ပဏီက ဘာလုပ်နေတဲ့ကုမ္ပဏီလဲ၊
- ဘယ်လိုစီးပွားရေးလည်ပတ်နေလဲ၊
- ဘယ်နေရာတွေမှာ သူတို့ရဲ့လုပ်ငန်းတွေရှိနေလဲ၊
- ရေရှည်အလားအလာက ခိုင်မာမှုရှိလား ဆိုတဲ့အချက်တွေကို ကြည့်ပါတယ်။
အဲဒီလို လေ့လာပြီးမှ
“ကိုယ်က ဒီကုမ္ပဏီရဲ့ အစုရှယ်ယာပိုင်ရှင် ဖြစ်ချင်သလား”
ဆိုတာကို စဉ်းစားကြတာပါ။
နောက်တစ်ချက်ကတော့ ကုမ္ပဏီရဲ့ အစုရှယ်ယာဈေးဟာ သူ့ရဲ့ ပကတိတန်ဖိုးထက် နိမ့်နေတဲ့အချိန်မှာ ဝယ်ယူနိုင်ဖို့ကို နားလည်သဘောပေါက်ဖို့ အရေးကြီးပါတယ်။
မန်ဘာထဲက တစ်ယောက်ပို့ပေးထားတဲ့ result လေးကိုလည်း ဂရုထဲကသူတွေအတွက် မိုတီယူစရာ အနေနဲ့ မျှဝေပေးလိုက်ပါတယ်..
Education is Expensive!💸💸💰🌐🌎
The World is Fair & Square!🌐🌎
19/03/2026
မနေ့က Fedral Reserve ရဲ့ Chairman Jerome Powell က အတိုးနှုန်းကို ထပ်မလျှော့ပဲ ဒီတိုင်းလက်ရှိတိုင်းပဲ 3.5% ~ 3.75% အတွင်းပဲဆက်ထားမယ်လို့ကြေငြာပီးတဲ့နောက်
စတော့မားကတ်တွင်း တော်တော်များများဈေးတွေကျခဲ့ပါတယ်..
အဓိက ညွှန်းကိန်း (Index) တွေဖြစ်တဲ့
🔻 Dow -1.6% (770 points လောက်ကျ)
🔻 Nasdaq -1.5%
🔻 S&P 500 -1.4%
သူပြောတာက
စက်သုံးဆီဈေးတွေတက်နေတာက ငွေကြေးဖောင်းပွမှုနှုန်းကိုမြင့်တက်စေပီး
အဓိကကတော့ Middle East မှာဖြစ်နေတဲ့ စစ်ပွဲကြောင့် ဈေးကွက်တွင်း မရေရာမသေချာမှူတွေကို ပိုဖြစ်စေနိုင်ပါတယ်..
အဓိကထား သတိပြုရမယ့် အနေထားထဲမှာတော့
Crude Oil ဈေးက 1 Barrel (၁ ပီပါ) = US$100 ~ US110 နီးပါးရှိလာပီး
Energy shock wave ပြတ်လပ်မှုလှိုင်းတွေ ဈေးကွက်အပေါ်ရိုက်ခတ်စေနိုင်ပါတယ်..
ဈေးကွက်အတွင်း
Technology နဲ့ပါတ်သတ်တဲ့ စတော့ရှယ်ယာတော်တော်များများ ဈေးကျခဲ့ကာ
Amazon လို စတော့ရှယ်ယာမျိုးတွေပါ -2.5% လောက်ကျခဲ့ပီး
ရွှေ နဲ့ ငွေ ဈေး အနည်းငယ်ကျ
ဒေါ်လာဈေးပြန်တက်
Bitcoin ဈေးပြန်ကျ လာပါတယ်
Investors တွေအတွက်
လက်ရှိအနေထားက Panic ထိတ်လန့်မှုကြောင့် အလျင်အမြန်ဆုံးဖြတ်တာ
မရေရာမသေချာတဲ့ အဆင့်ပဲရှိသေးတာ
Uncertainty ဆိုတာက
ရေတိုမှာ Fear ကြောက်ရွံ့မှု ဖြစ်စေပီး
ရေရှည်အတွက်တော့ Opportunity အခွင့်အရေးဆိုတာပဲ...
အဲ့တော့ ကိုယ်က Investors ဆိုရင် Headline သတင်းတွေနောက်မလိုက်နဲ့
Strategy ကိုပဲအဓိက အာရုံထားရမယ်..
The World is Fair & Square!🌐🌎
Education is Expensive!💸💸💰
Learn. Think. Invest Growing Wealth Wisely.📖📚💲💸💰💯
08/03/2026
Stock Market မှာ စိတ်ရှည်သူတွေက အနိုင်ရတတ်ပါတယ်
ကမ္ဘာကျော် ရင်းနှီးမြှုပ်နံမှု ဂုရုကြီးဖြစ်တဲ့ Warren Buffett က
တစ်ခါက ဒီလိုပြောခဲ့ဖူးပါတယ်
“Stock Market က စိတ်မရှည်သူတွေဆီက ငွေကို ယူပြီး စိတ်ရှည်သူတွေကို ပေးတဲ့နေရာပါ”
ဒီစကားက အမှန်တကယ် အရေးကြီးတဲ့ သင်ခန်းစာတစ်ခုပါ။
Stock Market မှာ လူအများဆုံးရှုံးရတဲ့ အကြောင်းရင်းက
နည်းပညာ မသိလို့ မဟုတ်ပါဘူး။
စိတ်မရှည်လို့ ဖြစ်တာများပါတယ်။
Beginner Investor တွေ အများဆုံးလုပ်မိတဲ့ အမှားများ
1️⃣ စျေးကျတာနဲ့ ထိတ်လန့်ပြီး ရောင်းပစ်တာ
Stock ဝယ်ပြီးနောက် စျေးနည်းနည်းကျတာနဲ့
ကြောက်ပြီး အလျင်အမြန် ရောင်းပစ်လေ့ရှိကြပါတယ်။
နောက်မှ စျေးပြန်တက်လာတဲ့အခါ
ကိုယ့်လက်ထဲမှာ အမြတ်ရစရာ Stock မရှိတော့ပါဘူး။
2️⃣ အမြတ်နည်းနည်းရတာနဲ့ အမြန်ရောင်းပစ်တာ
တချို့က နည်းနည်း အမြတ်ရတာနဲ့
“အမြတ်ရပြီ” ဆိုပြီး အလျင်အမြန် ရောင်းပစ်ကြပါတယ်။
ဒါပေမဲ့ လအနည်းငယ်ကြာတဲ့အခါ
Stock စျေးက နှစ်ဆ သုံးဆတောင် တက်သွားတတ်ပါတယ်။
ဒီလိုနဲ့ အမြတ်များများရမယ့်အခွင့်ရေးကို လက်လွတ်ခံလိုက်ကြရပါတယ်။
3️⃣ Social Media သတင်းတွေကြားပြီး ဝယ်တာ
“ဒီ Stock က တက်မယ်” ဒီအချိန်ဝယ်ထားရင်ကောင်းမယ် ဆိုတဲ့
Social Media က ဖွတဲ့သူတွေ ပြောစကားနားထောင်ပီး
Company အကြောင်း / နောက်ခံစီးပွားရေးအကြောင်းကို မလေ့လာဘဲ
အလျင်အမြန် ဝယ်လိုက်ကြပါတယ်။
နောက်ဆုံးမှာ ခန့်မှန်းထားသလို ဖြစ်မလာတော့တဲ့အခါ ဘာဆက်လုပ်လို့လုပ်ရမှန်းမသိပဲ ဆုံးရှုံးမှုတွေ ဖြစ်လာတဲ့အခါ စတော့မားကတ်က ကြောက်စရာကောင်းပီး စွန့်စားမှုများတဲ့ လောကလို့ သတ်မှတ်လိုက်ကြပါတယ်။
4️⃣ နေ့တိုင်း Stock Price ကြည့်ပြီး ရင်ခုန်ခံစား စိတ်လှုပ်ရှားနေတတ်ခြင်း
နေ့တိုင်း Chart တွေကြည့်ပီး ဈေးတက်ရင် ဝမ်းသာ / ပျော်
ဈေးကျရင် လိုက် ဝမ်းနည်း / စိတ်ညစ်မှုတွေဖြစ်ကြပီး
ဒီလိုနဲ့ အချိန်ကြာလာတော့ စိတ်ဖိစီးမှုများလာပြီး မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမိတတ်ကြပါတယ်။
5️⃣ မြန်မြန်ချမ်းသာဖို့ မျှော်လင့်တာ
Stock Market က
နေ့ချင်းညချင်း ချမ်းသာစေတဲ့နေရာ မဟုတ်ပါဘူး။
Warren Buffett ကိုယ်တိုင် နှစ် ၅၀ ကျော် ရင်းနှီးမြှုပ်နှံပြီးမှ
ကမ္ဘာ့အချမ်းသာဆုံး လူတွေထဲက တစ်ယောက် ဖြစ်လာတာပါ။
စိတ်ရှည်တဲ့ Investor တွေ ဘယ်လို ရင်းနှီးမြှုပ်နှံကြလဲ
✔️ Company အခြေအနေ /နောက်ခံစီးပွားရေးအကြောင်းကို လေ့လာတယ်
✔️ Short-term price လှုပ်ရှားမှုကို မလိုက်ကြဘူး
✔️ ကောင်းတဲ့ Company ဆိုရင် ရေရှည် ကိုင်ထားတတ်ကြတယ်
✔️ စိတ်ရှည်မှုနဲ့ စည်းကမ်းကို ထိန်းထားကြတယ်
"VIM - Valued Investing Mastery” Batch - 8 မှာ..
စိတ်ရှည်တဲ့ Investor တစ်ယောက်အနေနဲ့ မဖြစ်မနေ သိထားသင့်တဲ့
Core Skills တွေအပြည့်အစုံကို သင်ပေးသွားမှာပါ။
ဒီသင်တန်းမှာ
📌 Long-Term Investment Strategy
ရေရှည်အမြတ်ရနိုင်မယ့် Investment Plan ကို ဘယ်လို တည်ဆောက်မလဲ
📌 Company Analysis
Company တစ်ခုက တကယ်ကောင်းတဲ့ Business လား မဟုတ်လား ဆိုတာကို ဘယ်လို ခွဲခြားသိနိုင်မလဲ
📌 Emotional Control
Market တက်ကျတိုင်း စိတ်လှုပ်ရှားပြီး မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ မချမိအောင် Mindset ကို ဘယ်လို ထိန်းမလဲ
📌 Market Crash ဖြစ်တဲ့အချိန် Strategy
Market ကျတဲ့အချိန်မှာ Panic မဖြစ်ဘဲ Investor တစ်ယောက်အနေနဲ့ ဘယ်လို တုံ့ပြန်ရမလဲ
📌 Patience & Discipline
Stock Market မှာ အောင်မြင်ဖို့ အရေးကြီးဆုံးဖြစ်တဲ့ စိတ်ရှည်မှုနဲ့ စည်းကမ်းကို ဘယ်လို တည်ဆောက်မလဲ
📌 Portfolio Management
Risk ကို ထိန်းပြီး ရေရှည် Wealth Build လုပ်နိုင်မယ့် Portfolio ကို ဘယ်လို စီမံခန့်ခွဲမလဲ
⚠️ Stock Market က နေ့ချင်းညချင်း ချမ်းသာစေတဲ့နေရာ မဟုတ်ပါဘူး။
ဒါပေမဲ့…
မှန်ကန်တဲ့ Knowledge + Strategy + Patience
ရှိရင် Wealth Building Machine ဖြစ်လာနိုင်ပါတယ်။
📩 VIM – Valued Investing Mastery Batch 8 ကို စိတ်ဝင်စားရင်
Comment မှာ “VIM” လို့ မန့်ခဲ့ပါ။
အသေးစိတ် အချက်အလက်များကို Inbox မှာ ပြန်ပို့ပေးပါမယ်။ 🚀
The World is Fair & Square!🌐🌎
Education is Expensive!💸💸💰
Learn. Think. Invest Growing Wealth Wisely.📖📚💲💱💰💯