19/06/2020
"--မြိုင်မြို့၊ စည်ပင်သာယာစျေးအား ကွင်းဆင်းစစ်ဆေးခြင်း--"
--------------------------------------------
ပခုက္ကူခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် (၁၈.၆.၂၀၂၀) ရက်နေ့ နံ နက် ၉ နာရီတွင် မြိုင်မြို့နယ်အစားသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့်အတူ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် မြိုင်မြို့စည်ပင်သာယာစျေးမှ ဓာတ်ခွဲစစ်ဆေးရန် စျေးကွက်နမူနာ ကောက်ယူခဲ့သော အစားအသောက်နမူနာ(၁၆)မျိုးအနက် Benzoic acid သတ်မှတ်ပမာဏထက် ကျော်လွန်စွာပါဝင်နေသော အမှတ်တံဆိပ်မပါ ပုန်းရည်ကြီးနှင့် Sodium Cyclamate သတ်မှတ်ပမာဏထက် ကျော်လွန်စွာ ပါဝင်နေသော ဂုဏ်ကြီးရှင် အမှတ်တံဆိပ်ပါ မက်မန်းသီးယိုစုံများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် ကော်မတီဝင်များနှင့်အတူ ပုန်းရည်ကြီး ထုတ်လုပ်ရာနေရာအထိ သွားရောက်ခဲ့ပြီး နောက်နောင် ပုန်းရည်ကြီးများထုတ်လုပ်မည်ဆိုပါက Benzoic acid သတ်မှတ်ပမာဏ အတွင်းသာထည့်ရန် ခံဝန်ကတိ လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့ပါသည် ။