13/08/2026
🌟Tr. ဟေမန် page ကနေ ကြိုဆိုလိုက်ပါတယ်…
✅ ဒီနေ့တော့ အင်္ဂလိပ်စာ လေ့လာသူတွေ အားလုံး နဲ့ သက်ဆိုင်တဲ့ phrasal verb လေးတွေ အကြောင်းပြောပြပါဦးမယ်…
📚 Phrasal Verbs တွေက English ကို ပိုပြီး Natural ဖြစ်စေပါတယ်….
📚 English စာသင်တဲ့အခါ Vocabulary ဆိုရင် စကားလုံးအဓိပ္ပာယ်တွေကိုပဲ အာရုံစိုက်ပြီး မှတ်တတ်ကြပါတယ်။ ဒါပေမယ့် English ကို သဘာဝကျကျ ပြောချင်၊ ရေးချင်တယ် ဆိုရင်တော့ Phrasal Verbs တွေကို နားလည်ပြီး မှန်မှန်ကန်ကန် အသုံးပြုတတ်ဖို့ အရေးကြီးပါတယ်…
❓Phrasal Verb ဆိုတာ ဘာလဲ?
✅ အများအားဖြင့်
Verb + Preposition / Adverb ပေါင်းပြီး မူလ Verb နဲ့ မတူတဲ့ အဓိပ္ပာယ်တစ်ခု ဖြစ်လာတာပါ…
➡️ ဥပမာ —
give = ပေးသည်
give up = လက်လျှော့သည်
look = ကြည့်သည်
look after = စောင့်ရှောက်သည်
look for = ရှာဖွေသည်
look into = စုံစမ်းလေ့လာသည်
look up to = လေးစားအားကျသည်
❗️ ဒီမှာ သတိထားရမှာက look တစ်လုံးတည်းကို သိရုံနဲ့ look after, look into, look up to တို့ရဲ့ အဓိပ္ပာယ်ကို ခန့်မှန်းလို့ မရနိုင်တာပါ။
⸻
🌿 Phrasal Verbs တွေက English ကို ဘယ်လို ပိုကောင်းစေလဲ?
Phrasal verbs တွေဟာ Native speakers တွေရဲ့ နေ့စဉ်စကားပြောမှာ အရမ်းအသုံးများပါတယ်။ ဒါကြောင့် သင့်တော်တဲ့နေရာမှာ အသုံးပြုနိုင်ရင် English က ပိုပြီး natural, fluent and expressive ဖြစ်လာပါတယ်…
ဥပမာ —
❌ Please continue with your work.
✅ Please carry on with your work.
❌ We need to solve this problem.
✅ We need to work out this problem.
❌ She takes care of her younger brother.
✅ She looks after her younger brother.
ဒီလိုပြောင်းသုံးလိုက်တဲ့အခါ စကားပြော English မှာ ပိုသဘာဝကျလာပါတယ်။
❗️ ဒါပေမယ့် phrasal verb သုံးတိုင်း ပိုကောင်းတယ် လို့တော့ မဆိုလိုပါဘူး… Formal essay, academic writing တချို့မှာတော့ single-word verbs တွေက ပိုသင့်တော်ပါတယ်…
ဥပမာ —
find out → discover
look into → investigate
put off → postpone
ဒါကြောင့် English ကောင်းတယ်ဆိုတာ difficult words တွေကို များများသုံးတာထက် context နဲ့ register ကိုကြည့်ပြီး သင့်တော်တဲ့ expression ကို ရွေးသုံးတတ်တာ ပိုအရေးကြီးပါတယ်…
⸻
⚠️ Particle လေးတစ်လုံးမှားရင် Meaning လုံးဝပြောင်းသွားနိုင်ပါတယ်
Phrasal verbs သင်တဲ့အခါ အခက်ဆုံးအချက်က up, out, off, after, for, into စတဲ့ စကားလုံးလေးတွေ ပြောင်းသွားတာနဲ့ အဓိပ္ပာယ်လည်း ပြောင်းသွားနိုင်တာပါ။
ဥပမာ take ကိုကြည့်ရအောင် —
take after = တစ်ယောက်ယောက်နဲ့ ရုပ်ရည်/အကျင့် ဆင်တူသည်
👉 She takes after her mother.
take off = ချွတ်သည် / လေယာဉ်ပျံတက်သည်
👉 The plane took off on time.
take over = တာဝန်/ထိန်းချုပ်မှုကို လွှဲယူသည်
👉 She will take over the business.
take up = activity အသစ်တစ်ခု စတင်လုပ်သည်
👉 He took up swimming.
ဒါကြောင့် take ကို သိပြီးသားဆိုပြီး နောက်က particle ကို အလွယ်တကူရွေးသုံးလို့ မရပါဘူး…
တစ်ခါတလေ အမှားလေးတစ်ခုကြောင့် စာကြောင်းရဲ့ meaning က တော်တော်လေး ကွာသွားနိုင်ပါတယ်…
I’m looking for my teacher.
= ဆရာ/ဆရာမကို ရှာနေတယ်
I’m looking after my teacher.
= ဆရာ/ဆရာမကို စောင့်ရှောက်ပေးနေတယ်
I look up to my teacher.
= ဆရာ/ဆရာမကို လေးစားအားကျတယ်
Verb က look အတူတူပဲ ဖြစ်ပေမယ့် နောက်က စကားလုံးလေးတွေ ပြောင်းသွားတာနဲ့ meaning က လုံးဝကွဲသွားပါတယ်။
⸻
📖 ဒါဆို Phrasal Verbs ကို ဘယ်လိုလေ့လာသင့်လဲ?
Phrasal verb တွေကို
“look after = စောင့်ရှောက်သည်”
ဆိုပြီး meaning တစ်ခုတည်းနဲ့ အလွတ်ကျက်တာထက် sentence နဲ့ context ထဲမှာ တွဲမှတ်တာ ပိုကောင်းပါတယ်။
ဥပမာ —
✅ put off = postpone လို့ meaning ကျက်တာထက်..
✅ We had to put off the meeting because the manager was sick.
လိုမျိုး sentence တစ်ကြောင်းနဲ့ တွဲမှတ်ပါ…
ပြီးတော့ Verb တစ်လုံးကို family လိုက်စုလေ့လာလို့လည်း ရပါတယ်…
✅ GET
get up – အိပ်ရာထသည်
get along with – အဆင်ပြေပြေ ပေါင်းသင်းသည်
get over – ခက်ခဲတဲ့အရာတစ်ခုကို ကျော်လွှားသည်
get rid of – ဖယ်ရှားပစ်သည်
ဒီလိုလေ့လာရင် vocabulary တိုးလာရုံမက Reading မှာ meaning ကို မြန်မြန်နားလည်လာမယ်၊ Listening မှာလည်း native speakers တွေပြောတာကို ပိုဖမ်းမိလာမယ်၊ Speaking မှာ ပို natural ဖြစ်လာမယ်…
ကလေးတွေကို English သင်ပေးတဲ့အခါမှာလည်း Phrasal Verbs ကို “Vocabulary အပိုင်းတစ်ခု” လို့ပဲ မမြင်ဘဲ Reading + Listening + Speaking + Writing အားလုံးနဲ့ ဆက်စပ်နေတဲ့ အရေးကြီးတဲ့ language skill တစ်ခု လို့ မြင်ပြီး တဖြည်းဖြည်း လေ့ကျင့်ပေးသင့်ပါတယ်…
English ကောင်းဖို့ စကားလုံးအများကြီး သိရုံနဲ့ မလုံလောက်ပါဘူး။
သိထားတဲ့ စကားလုံးတွေ ဘယ်လိုတွဲသုံးကြသလဲ၊ တွဲသုံးလိုက်တဲ့အခါ meaning ဘယ်လိုပြောင်းသွားသလဲ ဆိုတာကို နားလည်ခြင်းကလည်း အရေးကြီးပါတယ်။ 🌱
ကျမ ရေးတဲ့ စာကြောင့် အဆင်ပြေကြပါစေ🙏🏻
11/08/2026
🌟 Tr. ဟေမန် page က ကြိုဆိုလိုက်ပါတယ်..
✅ ဒီနေ့ မှာတော့ အမေးများတဲ့ မေးခွန်း တစ်ခု….
❓”ဆရာမ… သမီး/သားက Tenses တွေကို မှန်အောင်ဖြေနိုင်တယ်။ ဒါပေမယ့် ဘာကြောင့် အဲဒီ Tense ကိုရွေးတာလဲလို့ မေးလိုက်ရင် မဖြေနိုင်ဘူး…”
➡️ ဒီလိုစကားကို Primary 5 နဲ့ Primary 6 မိဘတော်တော်များများဆီက ကြားရပါတယ်…
➡️ တကယ်တော့ ဒီလိုဖြစ်တာက ကလေးမတော်လို့ မဟုတ်ပါဘူး…
➡️ ကလေးတွေက Exercise လုပ်တာများလာတဲ့အခါ Sentence ကို အကျွမ်းတဝင်ဖတ်ပြီး “ဒီလိုပဲဖြစ်မယ်” ဆိုတဲ့ Feeling နဲ့ ဖြေတတ်လာပါတယ်…
➡️ တချို့ကတော့ Answer Pattern ကို မှတ်မိနေတာဖြစ်ပြီး Grammar Rule ကို အမှန်တကယ် နားလည်ထားတာ မဟုတ်ပါဘူး။
➡️ ဒါကြောင့် Practice Book ထဲမှာ အမှတ်ကောင်းကောင်းရပေမယ့်…
❌ Question ပုံစံနည်းနည်းပြောင်းသွားရင် မှားသွားတတ်တယ်…
❌ Composition ရေးတဲ့အခါ Tenses တွေ ရောထွေးတတ်တယ်…
❌ PSLE မှာ Context နဲ့ စဉ်းစားရတဲ့ မေးခွန်းတွေကို ယုံကြည်မှုနည်းသွားတတ်တယ်…
ဒါဆို ကျမ တို့ ဘယ်လိုလေ့ကျင့်ပေးရမလဲ?
1️⃣ “ဘာ Tense လဲ?” မမေးဘဲ “ဘာကြောင့် ဒီ Tense ကို သုံးတာလဲ?” လို့ မေးပါ…
ဥပမာ…
“Yesterday” ဆိုတဲ့ စကားလုံးကို တွေ့ရင်…
👉 “ဘာကြောင့် Past Tense ဖြစ်တာလဲ?”
ဆိုပြီး ကလေးကို အကြောင်းပြချက် ပြောခိုင်းပါ။
⸻
2️⃣ Signal Words ကိုပဲ အမြဲ မမှီခိုစေပါနဲ့…
Always, now, yesterday, tomorrow စတဲ့ Signal Words တွေက အထောက်အကူဖြစ်ပေမယ့် အမြဲတမ်း အဖြေမပေးပါဘူး။
Sentence တစ်ခုလုံးရဲ့ အဓိပ္ပာယ်နဲ့ အချိန်ကို နားလည်အောင် လေ့ကျင့်ပေးဖို့ ပိုအရေးကြီးပါတယ်။
⸻
3️⃣ သူတို့ ရဲ့ နေ့စဉ်ဘဝအကြောင်းကို Tenses အမျိုးမျိုးနဲ့ ပြောခိုင်းပါ…
ဥပမာ…
🟢 “What do you usually do after school?” (Present Simple)
🟡 “What are you doing now?” (Present Continuous)
🔵 “What did you do yesterday?” (Past Simple)
🟣 “What will you do this weekend?” (Future)
Grammar ကို စာအုပ်ထဲမှာပဲ မထားဘဲ နေ့စဉ်စကားပြောထဲ ထည့်သုံးလေ့ကျင့်ပေးပါ…
⸻
4️⃣ Tense တစ်ခုကို သေချာကျွမ်းပြီးမှ နောက်တစ်ခုကို သင်ပါ။
တစ်ခါတည်း Tenses အများကြီး သင်လိုက်ရင် ကလေးတွေ ပိုရောထွေးတတ်ပါတယ်။
တစ်ခုချင်းစီကို အသုံးပြုပုံ၊ အဓိပ္ပာယ်နဲ့ Context ကို နားလည်ပြီးမှ နောက်တစ်ခုကို ဆက်သင်တာ ပိုထိရောက်ပါတယ်။
5️⃣ မှားတတ်/ရောတတ် တဲ့ tense လေးတွေ ဆို ယှဉ်ပြီး ပြောပြပါ…
⸻
💡 Grammar ဆိုတာ အဖြေမှန်ရွေးနိုင်တာထက် “ဘာကြောင့် မှန်တာလဲ” ဆိုတာ နားလည်နိုင်ဖို့က ပိုအရေးကြီးပါတယ်။
ကလေးတစ်ယောက်က Rule ကို နားလည်လာတဲ့အခါ…
Grammar Exercise တင်မကဘဲ Composition၊ Editing နဲ့ Comprehension မှာပါ ပိုပြီး ယုံကြည်မှုရှိလာပါလိမ့်မယ်..
🌱 PSLE အတွက် ပြင်ဆင်နေတဲ့ Primary 5၊ Primary 6 ကျောင်းသားတွေအတွက် အခုကစပြီး Grammar ကို “အလွတ်မှတ်” မဟုတ်ဘဲ “နားလည်အောင်” လေ့ကျင့်ပေးပါ…
ကျမ ရေးတဲ့ စာကြောင့် အဆင်ပြေကြပါစေ🙏🏻
06/08/2026
🌟Tr. ဟေမန် က ကြိုဆိုလိုက်ပါတယ်..
➡️ ဒီနေ့ ပြောပြချင်တဲ့ အကြောင်းအရာ က IELTS Listening မှာ practice တွေ အများကြီး လုပ်နေတယ်.. ဒါပေမယ့် အမြဲတမ်း Band 6 or 6.5 လောက်ပဲ ဘာလို့ ရနေတာလဲ .. နားလည်ရဲ့သားနဲ့ ဘာလို့ Band တက်မလာတာလဲ ဆိုတဲ့ အကြောင်းပါပဲ…
📌 **အထူးသဖြင့် ဒီ အခြေအနေ ကို Self-study သမားတွေ အများဆုံးကြုံရတတ်ပါတယ်...**
➡️ Error Analysis မလုပ်ခြင်း…
Cambridge IELTS စာအုပ် တွေ ပြီးသွားတာက Band 7 ရမယ်လို့ မဆိုလိုပါဘူး…
တကယ်တိုးတက်တာက...
**"Test ဘယ်နှခါလုပ်လဲ" မဟုတ်ဘဲ "အမှားကို ဘယ်လောက်နက်နက်ရှိုင်းရှိုင်း သုံးသပ်လဲ"** ဆိုတာပဲ ဖြစ်ပါတယ်….
Practice Test ပြီးတိုင်း Answer Key ကိုပဲ ကြည့်ပြီး "အဖြေမှားသွားတယ်" လို့ သိပေမယ့်...
* Distractor ကို မိသွားတာလား?
* Linking Sound ကို မကြားလိုက်တာလား?
* Spelling မှားတာလား?
* Question Instruction ကို မလိုက်နာတာလား?
ဆိုတာကို မသုံးသပ်ဖြစ်ကြပါဘူး
➡️ Distractor တွေကို မခွဲတတ်ခြင်း
ဥပမာ...
🎧 "The meeting was originally planned for Monday... but it has now been moved to Thursday."
တချို့သူတွေ Monday ကြားတာနဲ့ အဖြေတန်းရေးလိုက်ပြီး Thursday ကို လွတ်သွားတတ်ပါတယ်။
IELTS Listening မှာ ဒီလို Trap တွေ အများကြီး ပါပါတယ်။
➡️ နားလည်တာနဲ့ အမှတ်ရတာ မတူပါဘူး …
"Audio ကို အကုန်နီးပါး နားလည်တယ်။ ဒါပေမယ့် Score မတက်ဘူး။"
ဒီစကားကို မကြာခဏ ကြားရပါတယ်။
IELTS Listening က General Understanding ကို မစစ်ပါဘူး။
သူစစ်တာက...
✔️ Specific Information ကို အချိန်တိုအတွင်း မှန်မှန်ဖမ်းနိုင်လား?
✔️ Synonym နဲ့ Paraphrase ကို သိလား?
✔️ Word Limit ကို လိုက်နာလား?
✔️ Singular / Plural ကို သတိထားလား?
ဆိုတာတွေပါ။
✅ Band 6 သို့မဟုတ် 6.5 မှာ ရပ်နေတာဟာ **အင်္ဂလိပ်စာမတော်လို့ မဟုတ်ပါဘူး။**
တစ်ခါတစ်ရံမှာ...
📍 မှားတဲ့နေရာကို မသိတာ
📍 လေ့ကျင့်တဲ့နည်းလမ်း မမှန်တာ
📍 တူညီတဲ့အမှားတွေကို ထပ်ခါထပ်ခါ လုပ်နေမိတာ
တို့ကြောင့်ပဲ ဖြစ်ပါတယ်…
❗️ ဒါကြောင့် Error Analysis ကို လုပ်ဖို့ တိုက်တွန်း လိုက်ပါတယ်..
🙏🏻 ကျမရေးတဲ့ စာကြောင့် အဆင်ပြေကြပါစေ
01/08/2026
🌟 Tr. ဟေမန် page ကနေ ကြိုဆိုလိုက်ပါတယ်..
🌟 ဒီနေ့ရဲ့ good news လေးပါ..
✅ ဒီကျောင်းသူလေး က အရမ်း ကြိုးစားတဲ့ ကလေးပါ.. full test ကို စာမေးပွဲ ဖြေခါနီး ၂ ပတ် အလို က စပြီး premium account ကနေ နေ့တိုင်းဖြေတယ်…
❗️ တစ်ခုပဲ သူ speaking ဖြေတဲ့ အချိန် အရမ်း စိတ်လှုပ်ရှားလို့ သူ ပြောချင်သလောက်ပြောမထွက် ခဲ့ဘူးတဲ့….
ဒီနေရာ မှာ IELTS ဖြေခါနီးတဲ့ အခါ..
1. Full Mock test ကို ကိုယ့် ရဲ့ premium account ကနေ ရသလောက်ဖြေ ပါ..
2. စိတ်တည်ငြိမ်အောင် ကြိုးစားပါ.. examiner ကို ပုံမှန် စကားပြောနေကျ လူလို့ သဘောထားပြီး ပြောပါ..
✅ အားလုံးပဲ အဆင်ပြေကြပါစေ🙏🏻
31/07/2026
🌟Tr. ဟေမန် page က ကြိုဆိုလိုက်ပါတယ်…
✅ ခုတလော PEEL Strategy အကြောင်း ပြောနေတုန်း စိတ်ထဲဝင်လာတဲ့ အတွေးတစ်ခု… ကို ပြောပြချင်လို့ပါ..
PEEL Strategy ကို Singapore Secondary English မှာ အများဆုံး အသုံးပြုကြတဲ့ အကြောင်း ကို ရှေ့ က ပို့စ်တွေ မှာ ရေးပေးခဲ့ပါတယ်..
အဲဒီအကြောင်းကို ရှင်းပြနေရင်း “PEEL ကို IELTS မှာရော အသုံးပြုလို့ရမလား?” ဆိုတဲ့ မေးခွန်း စိတ်ထဲပေါ်လာပါတယ်။
အဖြေကတော့ “ရပါတယ်!” ✅
ဒါပေမယ့် PEEL ဟာ IELTS ရဲ့ Official Writing Format မဟုတ်ပါဘူး။ သို့သော် IELTS Writing နဲ့ Speaking မှာ အတွေးအမြင်တွေကို စနစ်တကျ ဖွဲ့စည်းပြီး ရှင်းလင်းစွာ တင်ပြနိုင်ဖို့ အလွန်အသုံးဝင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်….
⸻
PEEL ဆိုတာဘာလဲ?
🔹 P – Point
ကိုယ်ပြောချင်တဲ့ အဓိကအချက်ကို ရှင်းရှင်းလင်းလင်း ပြောပါ။
🔹 E – Explanation
ဘာကြောင့် ဒီလိုထင်သလဲဆိုတာကို ရှင်းပြပါ။
🔹 E – Example
ကိုယ့်အယူအဆကို ထောက်ခံပေးမယ့် ဥပမာတစ်ခု ပေးပါ။
🔹 L – Link
အဓိကအကြောင်းအရာနဲ့ ပြန်ချိတ်ဆက်ပြီး စာပိုဒ်ကို အဆုံးသတ်ပါ။
⸻
IELTS မှာ PEEL ကို ဘယ် Skills တွေမှာ သုံးနိုင်သလဲ?
✅ Writing Task 2 – အလွန်သင့်တော်ပါတယ်။
Essay ရဲ့ Body Paragraph တစ်ပိုဒ်ချင်းစီကို PEEL နဲ့ တည်ဆောက်နိုင်ပါတယ်…
✅ Speaking Part 3 – အလွန်အသုံးဝင်ပါတယ်။
အဖြေကို တစ်ကြောင်းတည်း မဟုတ်ဘဲ အကြောင်းပြချက်၊ ဥပမာတွေနဲ့ ဆက်လက်ရှင်းပြနိုင်ပါတယ်….
⚠️ Writing Task 1
PEEL ထက် Data တွေ၊ Trends တွေနဲ့ Features တွေကို စနစ်တကျ နှိုင်းယှဉ်ဖော်ပြတာ ပိုအရေးကြီးပါတယ်။
⸻
ဥပမာ (Writing Task 2)
Question:
“Students should do community service as part of their education.”
Point
Community service helps students develop important life skills.
Explanation
Students learn teamwork, communication and responsibility through volunteer work.
Example
For example, many Singapore schools organise VIA programmes where students help elderly people or clean public parks.
Link
Therefore, community service prepares students for adulthood while benefiting society.
⸻
Speaking Part 3 မှာလည်း အသုံးပြုနိုင်ပါတယ်။
❌ မကောင်းတဲ့အဖြေ
“Because they like helping people.”
✅ PEEL နည်းနဲ့
Point
I think people enjoy volunteering because it gives them a sense of purpose.
Explanation
Helping others makes them feel that they are contributing to society.
Example
For example, many volunteers teach children or help at food banks during weekends.
Link
That is why volunteering has become increasingly popular.
⸻
PEEL ကို အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူး
✔️ အကြောင်းအရာကို စနစ်တကျ တင်ပြနိုင်တယ်။
✔️ အတွေးအမြင်ကို ပိုပြီး ပြည့်စုံအောင် ရှင်းပြနိုင်တယ်။
✔️ IELTS Writing မှာ Task Response နဲ့ Coherence & Cohesion ကို တိုးတက်စေတယ်။
✔️ Speaking မှာလည်း အဖြေကို သဘာဝကျပြီး ယုံကြည်စိတ်ချစွာ ပြောနိုင်စေတယ်။
📌 အရေးကြီးတာက IELTS Examiner က “PEEL ကို မဖြစ်မနေ သုံးရမယ်” လို့ မသတ်မှတ်ထားပါဘူး။ ဒါပေမယ့် အတွေးအမြင်တွေကို ရှင်းရှင်းလင်းလင်း၊ စနစ်တကျ၊ ဥပမာနဲ့ ထောက်ပြပြီး ဖွဲ့စည်းတင်ပြနိုင်သူတွေက Writing နဲ့ Speaking နှစ်ခုစလုံးမှာ အမှတ်ကောင်း ရရှိဖို့ အခွင့်အရေး ပိုများပါတယ်။
ကျမ ရေးတဲ့ စာကြောင့် အဆင်ပြေကြပါစေ🙏🏻
28/07/2026
🌟 Tr. ဟေမန် Page က ကြိုဆိုလိုက်ပါတယ်..
🌟 ဒီနေ့မှာတော့ ခုတလောအမေးများတဲ့ Singapore Secondary ကလေးတွေရဲ့ Writing နဲ့ ပတ်သက်တဲ့ PAC နဲ့ PEEL Rule တွေ အကြောင်းကို ပြောပြပေးသွားပါမယ်..
🌟 တကယ်တော့ Writing မှာ Grammar မှန်ရုံ၊ စာရှည်ရှည်ရေးနိုင်ရုံနဲ့ အမှတ်ကောင်းမရနိုင်ပါဘူး။
ကျောင်းသားက….
✅ Question ကို မှန်ကန်စွာ နားလည်ရမယ်
✅ ရေးရမယ့် Format ကို သိရမယ်
✅ PAC Rule ကို အသုံးချရမယ်
✅ Paragraph တွေကို PEEL နည်းနဲ့ ဖွဲ့ရမယ်
✅ Ideas, Organisation နဲ့ Language အားလုံး ကောင်းရမယ်
ဒါကြောင့် ဒီနေ့ Singapore Secondary English Writing မှာ သိထားသင့်တဲ့ အချက်တွေကို အလွယ်တကူ ရှင်းပြပေးပါမယ်။
━━━━━━━━━━━━━━
ကျောင်းနဲ့ စာမေးပွဲပုံစံအလိုက် အနည်းငယ် ကွာခြားနိုင်ပေမယ့် Writing ကို အဓိကအားဖြင့် နှစ်ပိုင်း တွေ့ရတတ်ပါတယ်။
# # # 1️⃣ Situational Writing
ဒီအပိုင်းမှာ ကျောင်းသားကို အခြေအနေတစ်ခု ပေးထားပြီး—
📧 Email
✉️ Letter
🎤 Speech
📰 Article
📋 Report
စတဲ့ ပုံစံတစ်မျိုးနဲ့ ရေးခိုင်းနိုင်ပါတယ်…
Situational Writing မှာ Question ထဲက Information တွေကို ထည့်ရေးရုံမက—
* ဘာကြောင့်ရေးတာလဲ
* ဘယ်သူ့ကိုရေးတာလဲ
* ဘယ်လို Tone နဲ့ ရေးသင့်လဲ
* ဘာအကြောင်းကို ရှင်းပြရမလဲ
ဆိုတာတွေကိုလည်း နားလည်ရပါတယ်…
ဒီအတွက် **PAC Rule** ကို အသုံးပြုရပါတယ်။
━━━━━━━━━━━━━━
# # ⭐ PAC Rule ဆိုတာ ဘာလဲ?
# # # P – Purpose
ကိုယ်ရေးမယ့် စာရဲ့ ရည်ရွယ်ချက်က ဘာလဲ?
ဥပမာ—
* Inform — အသိပေးရန်
* Persuade — လက်ခံအောင် တိုက်တွန်းရန်
* Request — တောင်းဆိုရန်
* Recommend — အကြံပြုရန်
* Complain — မကျေနပ်ချက် တင်ပြရန်
* Invite — ဖိတ်ကြားရန်
ဥပမာ Question မှာ ကျောင်းပွဲတစ်ခုအတွက် Principal ကို ခွင့်တောင်းရန်ဆိုရင် ကိုယ့်ရဲ့ Purpose က **request permission** ဖြစ်ပါတယ်….
Purpose မရှင်းရင် စာတစ်ပုဒ်လုံးက မေးခွန်းနဲ့ မကိုက်ဘဲ အမှတ်ကျနိုင်ပါတယ်…
---
# # # A – Audience
ကိုယ်ရေးမယ့် စာကို ဘယ်သူဖတ်မလဲ?
ဥပမာ—
* Friend
* Teacher
* Principal
* Parent
* Schoolmates
* Members of the public
Audience ပေါ်မူတည်ပြီး အသုံးပြုရမယ့် Language နဲ့ Tone က ကွာခြားပါတယ်….
သူငယ်ချင်းကို ရေးတဲ့ Email နဲ့ Principal ကို ရေးတဲ့ Email က ပုံစံတူမဖြစ်သင့်ပါဘူး….
Principal ကို ရေးရင်—
✅ Polite
✅ Formal
✅ Respectful
ဖြစ်ရပါမယ်။
သူငယ်ချင်းကို ရေးရင်တော့ ပိုပြီး Friendly နဲ့ Natural ဖြစ်နိုင်ပါတယ်။
---
# # # C – Context
Question ထဲက အခြေအနေက ဘာလဲ?
* ဘာဖြစ်ခဲ့တာလဲ?
* ဘယ်အချိန်မှာ ဖြစ်တာလဲ?
* ဘယ်နေရာမှာ ဖြစ်တာလဲ?
* ဘာကြောင့် ဒီစာကိုရေးရတာလဲ?
* ဘာလုပ်စေချင်တာလဲ?
Context ကို မှန်မှန်ကန်ကန် နားမလည်ရင် Question ထဲက Point တွေ ကျန်သွားနိုင်ပါတယ်။
➡️ **PAC ကို အလွယ်မှတ်နည်း**
**Why am I writing?** → Purpose
**Who am I writing to?** → Audience
**What is the situation?** → Context
━━━━━━━━━━━━━━
# # 2️⃣ Continuous Writing
ဒီအပိုင်းမှာ ကျောင်းသားတွေက Essay တစ်ပုဒ် ရေးရပါတယ်…
ဥပမာ—
📖 Personal Recount
📖 Narrative Writing
📖 Descriptive Writing
📖 Expository Writing
📖 Discursive Writing
အမျိုးအစားတွေ ပါလာနိုင်ပါတယ်….
Continuous Writing မှာ Idea ရှိရုံနဲ့ မလုံလောက်ပါဘူး…
Idea ကို Paragraph တစ်ပိုဒ်အတွင်း စနစ်တကျ ရှင်းပြနိုင်ဖို့ လိုပါတယ်….
ဒီအတွက် **PEEL Structure** ကို အသုံးပြုနိုင်ပါတယ်..
━━━━━━━━━━━━━━
# # ⭐ PEEL Structure ဆိုတာ ဘာလဲ?
PEEL ကို Expository, Discursive နဲ့ Opinion Writing တွေမှာ အထူးသဖြင့် အသုံးဝင်ပါတယ်…
# # # P – Point
Paragraph ရဲ့ အဓိကအချက်ကို အရင်ရေးပါ…
ဥပမာ—
**Reading is important because it improves a teenager’s vocabulary.**
ဒီစာကြောင်းက Paragraph တစ်ပိုဒ်လုံးမှာ ဘာအကြောင်းရှင်းပြမလဲဆိုတာ ဖော်ပြပေးပါတယ်…
---
# # # E – Evidence / Example
မိမိရဲ့ Point ကို ထောက်ခံပေးမယ့် ဥပမာ၊ အချက်အလက်၊ အတွေ့အကြုံ တစ်ခု ထည့်ရေးပါ…
ဥပမာ—
**For example, teenagers who read storybooks regularly are exposed to many new words and expressions.**
---
# # # E – Explanation
ပေးထားတဲ့ Example က မိမိ Point ကို ဘယ်လို ထောက်ခံပေးလဲဆိုတာ ရှင်းပြပါ…
ဥပမာ—
**When they see these words used in different sentences, they can understand their meanings and learn how to use them correctly.**
Explanation မပါရင် Paragraph က ဥပမာတစ်ခုထည့်ထားရုံ ဖြစ်သွားပြီး Idea ကို အပြည့်အဝ မရှင်းပြနိုင်ပါဘူး….
---
# # # L – Link
Paragraph ကို Question သို့မဟုတ် Main Idea နဲ့ ပြန်ချိတ်ပါ။
ဥပမာ—
**Therefore, regular reading can help teenagers become more confident and effective writers.**
➡️ **PEEL ကို အလွယ်မှတ်နည်း**
**What is my idea?** → Point
**What example can I give?** → Evidence
**Why does the example matter?** → Explanation
**How does it answer the question?** → Link
━━━━━━━━━━━━
# # 📊 Writing ကို ဘယ်လို အမှတ်ပေးသလဲ?
ကျောင်းနဲ့ Assessment အလိုက် Mark Allocation ကွာနိုင်ပေမယ့် အများအားဖြင့် အောက်ပါအချက်တွေကို စစ်ဆေးပါတယ်။
# # # ⭐ 1. Task Fulfilment / Content
* မေးခွန်းကို တိုက်ရိုက်ဖြေထားလား?
* ပေးထားတဲ့ Point အားလုံး ပါလား?
* Purpose ကို ဖြည့်ဆည်းထားလား?
* Relevant Ideas တွေ ပါလား?
Question ထဲက အချက်တစ်ခုခု ကျန်ခဲ့ရင် Language ကောင်းနေရင်တောင် အမှတ်လျော့နိုင်ပါတယ်။
---
# # # ⭐ 2. Organisation
* Introduction ရှိလား?
* Paragraph ခွဲထားလား?
* Idea တစ်ခုနဲ့ တစ်ခု ချိတ်ဆက်မှုရှိလား?
* Conclusion က သင့်တော်လား?
* PEEL Structure ကို အသုံးချထားလား?
Paragraph တစ်ပိုဒ်ထဲမှာ Idea အများကြီး ရောထည့်ထားရင် ဖတ်ရခက်ပြီး Organisation အမှတ်ကျနိုင်ပါတယ်…
---
# # # ⭐ 3. Language
ဒီအပိုင်းမှာ—
✅ Grammar
✅ Tenses
✅ Sentence Structure
✅ Vocabulary
✅ Spelling
✅ Punctuation
✅ Tone and Register
တွေကို စစ်ဆေးပါတယ်။
စာလုံးခက်ခက်တွေ များများသုံးတာထက် မှန်ကန်ပြီး သဘာဝကျအောင် သုံးနိုင်တာ ပိုအရေးကြီးပါတယ်…
---
# # # ⭐ 4. Development of Ideas
* Idea ကို အသေးစိတ် ရှင်းပြထားလား?
* Example ပါလား?
* Explanation ခိုင်မာလား?
* Repetition များနေလား?
* Paragraph တစ်ပိုဒ်စီမှာ Clear Focus ရှိလား?
ဒီနေရာမှာ PEEL နည်းက ကျောင်းသားတွေအတွက် အရမ်းအသုံးဝင်ပါတယ်။
━━━━━━━━━━━━━━
# # ❌ ကျောင်းသားတွေ မကြာခဏလုပ်မိတဲ့ အမှားများ
❌ Question ကို တစ်ခေါက်ပဲ ဖတ်ပြီး ချက်ချင်းရေးခြင်း
❌ PAC မစဉ်းစားဘဲ ရေးခြင်း
❌ Audience နဲ့ မကိုက်တဲ့ Tone သုံးခြင်း
❌ Situational Writing Point အချို့ ကျန်ခဲ့ခြင်း
❌ Paragraph တစ်ပိုဒ်မှာ Idea အများကြီး ရေးခြင်း
❌ Point ရေးပြီး Example မပေးခြင်း
❌ Example ပေးပြီး Explanation မရှင်းခြင်း
❌ Linking Words မသုံးခြင်း
❌ Conclusion မှာ Idea အသစ်ထည့်ခြင်း
❌ ရေးပြီးနောက် မစစ်ဆေးခြင်း
━━━━━━━━━━━━━━
# # ✅ Writing Checklist
စာရေးပြီး ရင် ဒီ Checklist နဲ့ ပြန်စစ်လိုက်ရင်.. ကို့စာမှာဘာလိုနေလဲ သိလာမှာပါ…
☐ Question ကို ပြည့်စုံစွာ ဖြေထားသလား?
☐ PAC ကို မှန်ကန်စွာ အသုံးချထားသလား?
☐ Required Points အားလုံး ပါသလား?
☐ Paragraph တစ်ပိုဒ်စီမှာ Main Idea တစ်ခု ရှိသလား?
☐ PEEL Structure ပါသလား?
☐ Grammar နဲ့ Tenses မှန်သလား?
☐ Vocabulary ထပ်ခါတလဲလဲ ဖြစ်နေသလား?
☐ Spelling နဲ့ Punctuation စစ်ပြီးပြီလား?
━━━━━━━━━━━━━━
ကျမရေးတဲ့ စာကြောင့် အဆင်ပြေကြပါစေရှင့်..
20/07/2026
🌟 Tr. ဟေမန် page ကနေ ကြိုဆိုလိုက်ပါတယ်..
🌟 ဒီနေ့မှာတော့ ကလေးတွေ အတွက် primary level… 8-9 years old ကလေး တွေ အတွက် မဖြစ်မနေ သိရမယ်.. စသင်ရတဲ့ အခါ မှာ လည်း ရောနေတတ်တဲ့ Tense လေး ၂ ခု အကြောင်း ပြောပြပါမယ်…
✅ အဲ့ဒါကတော့ Past Simple Tense နဲ့ Present Perfect Tense ပါ..
⸻
✅ 1. Past Simple Tense (အတိတ်မှာ ဖြစ်ပြီး ပြီးဆုံးသွားတဲ့အရာ)
👉 အတိတ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ပြောတာပါ….
👉 အချိန်ကို သိထားတတ်ပါတယ်…
Signal Words
✔ yesterday
✔ last week
✔ last month
✔ last year
✔ two days ago
✔ in 2024
✅ Structure
Subject + Verb (Past Form)
✅ Examples
I played football yesterday.
(မနေ့က ဘောလုံးကစားခဲ့တယ်)
She visited her grandmother last Sunday.
(ပြီးခဲ့တဲ့တနင်္ဂနွေက အဖွားဆီ သွားခဲ့တယ်)
➡️ ဒီလိုစာကြောင်းတွေမှာ အချိန်က ပြီးသွားပြီ။
⸻
✅ 2. Present Perfect Tense (အတိတ်ကစပြီး အခုအချိန်နဲ့ ဆက်နွယ်နေတဲ့အရာ)
ဒီ Tense ကို Singapore Primary 4 မှာ စပြီး တွေ့လာတတ်ပါတယ်။
👉 ဘယ်အချိန်ဖြစ်ခဲ့တယ်ဆိုတာ မပြောပါဘူး
👉 အခုအချိန်အထိ အကျိုးသက်ရောက်မှု ရှိနေတယ်
👉 အတွေ့အကြုံကို ပြောတတ်တယ်
✅Structure
Subject + has/have + Past Participle (V3)
✅ Examples
I have finished my homework.
(အိမ်စာပြီးသွားပြီ — အခု Ready ဖြစ်နေတယ်)
She has lost her pencil.
(ခဲတံပျောက်နေတယ် — အခုထိ မတွေ့သေးဘူး)
We have been to the Zoo.
(တိရစ္ဆာန်ရုံကို သွားဖူးတယ်)
⸻
⭐ အလွယ်မှတ်နည်း
✅ Past Simple
👉 ဖြစ်ခဲ့တယ်
👉 ပြီးသွားပြီ
👉 အချိန်ပါမယ်
Yesterday
Last week
Last year
⸻
✅ Present Perfect
👉 ဖြစ်ပြီးသား
👉 အခုနဲ့ ဆက်စပ်နေတယ်
👉 အချိန်မပြောဘူး
Already
Just
Yet
Ever
Never
⸻
🔥 အဓိကကွာခြားချက်
❌ I finished my homework yesterday.
✔ အချိန် (yesterday) ပါတယ်
➡ Past Simple
⸻
❌ I have finished my homework.
✔ အချိန်မပါဘူး
✔ အခုအိမ်စာပြီးသွားပြီဆိုတဲ့ ရလဒ်ကို အလေးပေးတယ်
➡ Present Perfect
⸻
💡 မိဘတွေ သားသမီးကို ဘယ်လိုရှင်းပြရမလဲ?
📌 Past Simple = “ဘယ်အချိန်မှာ ဖြစ်ခဲ့တာလဲ?”
📌 Present Perfect = “ဖြစ်ပြီးပြီလား? အခုရလဒ်က ဘာလဲ?”
ကလေးကို အချိန် (Time) ကို အရင်ရှာခိုင်းပါ။
✅ Yesterday → Past Simple
✅ Last week → Past Simple
✅ Already → Present Perfect
✅ Yet → Present Perfect
ဒီလို Signal Words တွေကို အရင်သိသွားရင် Tense ရွေးတာ ပိုလွယ်လာပါတယ်။
⸻
❤️ မိဘတွေ အိမ်မှာ English သင်ပေးတဲ့အခါ Grammar ကို အလွတ်ကျက်ခိုင်းတာထက် “ဘယ်အချိန် ဖြစ်တာလဲ?” နဲ့ “အခုအခြေအနေကို ပြောနေတာလား?” ဆိုတဲ့ မေးခွန်းနှစ်ခုကို အရင်မေးပေးပါ။ ကလေးတွေက Tense ကို အဓိပ္ပာယ်နဲ့ နားလည်လာပြီး အသုံးချနိုင်လာပါလိမ့်မယ်။
ကျမ ရေးတဲ့ စာကြောင့် အဆင်ပြေကြပါစေ🙏🏻
18/07/2026
🌟 Tr.ဟေမန် page ကနေ ကြိုဆိုလိုက်ပါတယ်..
📖 IELTS မှာ Band မြင့်မြင့် Relative Clauses တွေ ကို ပိုင်နိုင်ထားမှ ဖြစ်မှာပါ…
✅ IELTS Examiner တွေက Grammar Range and Accuracy ကိုလည်း အရေးကြီးတဲ့ Scoring Criteria တစ်ခုအနေနဲ့ ကြည့်ပါတယ်…..
✅ အထူးသဖြင့် Relative Clauses လို Complex Sentences တွေကို မှန်မှန်ကန်ကန် အသုံးပြုနိုင်ရင် Writing နဲ့ Speaking နှစ်ခုစလုံးမှာ Band Score ရဖို့ အခွင့်အရေးများပါတယ်….
ဥပမာ…
❌ I have a friend. She lives in Australia.
ဒီလို စာကြောင်းနှစ်ကြောင်းကို…
✅ I have a friend who lives in Australia.
လို့ ပြောင်းရေးလိုက်တာနဲ့ စာကြောင်းက ပိုပြီး သဘာဝကျလာပြီး Academic Style လည်း ပိုကောင်းလာပါတယ်။
နောက်ထပ် ဥပမာတစ်ခု…
❌ This is the hotel. We stayed there last year.
✅ This is the hotel where we stayed last year.
📌 Relative Clauses မှာ အဓိက အသုံးများတဲ့ Relative Pronouns တွေကတော့…
🔹 Who – လူကို ရည်ညွှန်းတဲ့အခါ
🔹 Whom – Object အဖြစ် အသုံးပြုတဲ့ လူကို ရည်ညွှန်းတဲ့အခါ
🔹 Which – အရာဝတ္ထု၊ တိရစ္ဆာန်၊ အယူအဆတွေကို ရည်ညွှန်းတဲ့အခါ
🔹 That – လူနဲ့ အရာဝတ္ထု နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်တဲ့ Relative Pronoun
🔹 Where – နေရာကို ရည်ညွှန်းတဲ့အခါ
🔹 When – အချိန်ကို ရည်ညွှန်းတဲ့အခါ
✅ Grammar ကောင်းတယ်ဆိုတာ စာအရှည်ကြီးရေးနိုင်တာ မဟုတ်ပါဘူးနော်….
✅ ရိုးရှင်းတဲ့ စာကြောင်းတွေကို သဘာဝကျကျ၊ တိကျမှန်ကန်ပြီး အဆင့်မြင့်ပုံစံနဲ့ ချိတ်ဆက်ရေးနိုင်တာ က IELTS မှာ အမှတ်ကောင်းရဖို့ အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်….
ကျမ ရေးတဲ့ စာကြောင့် အဆင်ပြေကြပါစေ🙏🏻🙏🏻🙏🏻
17/06/2026
📚 မှာ Band Score မြင့်ချင်ရင် Vocabulary များများသိတာတင် မလုံလောက်ပါဘူး
🌟 ကျောင်းသား/သူ အများစုက Vocabulary အသစ်တွေကို အာရုံစိုက်လေ့ရှိကြတယ်….
🌟 ဒါပေမယ့် Examiner တွေက Vocabulary အရေအတွက်ထက် "အသုံးပြုပုံ" ကို ပိုအလေးထားတာမျိုးပါ…
ဥပမာ -
❌ I am very happy because I got a new job.
✅ I was absolutely delighted when I secured a new position.
ဒုတိယ sentence မှာ Vocabulary ပိုတိကျပြီး Natural ဖြစ်တာမို့ Lexical Resource Score ကို တင်ပေးနိုင်ပါတယ်…
🎯 IELTS Vocabulary အတွက် ဝေါဟာရ အသစ်တွေ လေ့လာတဲ့အခါ… ဝေါဟာရ အသစ်တိုင်းအတွက်
✅ verb form & word form
✅ synonyms
✅ example sentences
✅ writing နဲ့ speaking မှာ အသုံးပြုနိုင်ပုံ… ဒါတွေ ကို ပါ တခါတည်း လေ့လာပါ..
🌟 vocab အသစ် ၁၀ လုံး ရတာထက်.. ၃ လုံး ကို အပေါ် ကလို ပုံစွမျိုးစုံ နဲ့ သုံးတတ်တာကာမှ vocab တိုးတက်ခြင်းပါ…
🙏🏻အဆင်ပြေကြပါစေ
27/04/2026
🌟 Tr ဟေမန် page ကနေ ကြိုဆိုလိုက်ပါတယ်..
✅ ဒီနေ့မှာတော့ IELTS တွေ ဖြေပြီး တက်ရောက်လို့ ရတဲ့ လမ်းကြောင်းတွေ ထဲ က tr ကိုယ်တိုင် လျှောက်လှမ်းခဲ့တဲ့
👩🏻🎓 B.A Business Administration (Central Lancashire University)
👩🏻🎓Master in Business Administration (Sunderland University)
✅ ဒါတွေ ကို ရှယ်ပေးသွားမှာပါ…
ဒါ့အပြင်.. tr နဲ့ အတူ education pathway advice တွေပေးတဲ့ နေရာမှာ အတွေအကြုံ များစွားရှိတဲ့ Willing Education Consultancy ရဲ့ founder မနော် ကတော့..
✅ IGCSE , GED , Matriculation ပြီးထားပြီး Bachelor Degree တက်ချင်တဲ့သူတွေအတွက် ကျောင်းလျှောက်တဲ့လုပ်ငန်းစဉ် ၊ မေဂျာရွေးချယ်ခြင်း ၊ Career လမ်းကြောင်းနှင့်အလုပ်အကိုင်အခွင့်အလမ်းတွေအပြင် Scholarship လျှောက်ထားခြင်းအပိုင်းတွေကို အသေးစိတ် ရှင်းပြသွားမယ့် အပြင်…
🏫 MDIS Master Degree တက်ရောက်ချင်သူတွေအတွက် 🔥 Scholarship $8000 🔥 ပေးအပ်နေတာဖြစ်လို့ July Intake အမီကျောင်းလျှောက်ထားနိုင်တဲ့သတင်းကောင်းလေး ကိုပါ ထည့်သွင်း ပြောပြသွားမှာပါ…
Willing Education Consultancy page လေးမှာလည်း သွားရောက်လေ့လာနိုင်ပါတယ်နော်…
❝𝘿𝙚𝙩𝙖𝙞𝙡𝙨 𝙄𝙣𝙛𝙤𝙧𝙢𝙖𝙩𝙞𝙤𝙣 ❝
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
🗓 Date >> May-16 (Saturday)
⏰️ Time >> 7:00-8:30 (Myanmar Time)
💻 Platform >> Zoom (Online)
Webinar လေးကိုတက်ရောက်ဖို့အောက်ဖော်ပြပါ Google Form မှာဖြည့်စွက်နိုင်ပြီး အခက်အခဲရှိပါက Page Messenger မှာတိုက်ရိုက်နာမည်စာရင်းပေးသွင်းနိုင်ပါတယ်။
https://docs.google.com/spreadsheets/d/1rvvmJoXf3UL_0lPanV-wW_1I3HAYscBy5HZ3ifz4-MQ/edit?usp=sharing