17/04/2026
🌿💦🌿💦
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်
နှစ်ဆန်း (၁) ရက်နေ့မှစ၍
ကမ္ဘာသူ ကမ္ဘာသားအားလုံး
မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး
ပူပန်ကြောင့်ကြမှုများ ဘေးဘယာများမှ
ကင်းဝေးပြီး ကောင်းကျိုးလိုအင်ဆန္ဒများ
ပြည့်ဝကြပါစေကြောင်း
ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်ရှင့်✨🙏
10/04/2026
Should to know!!!
ဂျပန်ဘာသာစကားလေ့လာနေသူများ
ဂျပန်နိုင်ငံသို့ သွားရောက်မယ့်သူများ သွားချင်သူများ တတ်ရောက်သင့်တဲ့ပွဲလေးပါ။
✨️ အားလုံးပဲ မင်္ဂလာပါ။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင် ဂျပန်နိုင်ငံသို့သွားရောက်ကြမည့်သူများအတွက် ကွက်တိအထောက်အကူပြုမည့် ဂျပန်ယဥ်ကျေးမှုအစီအစဥ် “Hakken! ဂျပန်နိုင်ငံ နေ့စဥ်နေထိုင်မှုဘဝအတွက်ယဥ်ကျေးမှုများ”ဆိုတဲ့ အစီအစဥ်လေးကို ယခုလမှစတင်၍အသစ်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာနေထိုင်စဥ်အတွင်း သိထားလျှင်အထောက်အကူဖြစ်နိုင်မည့် နေ့စဥ်နေထိုင်မှုဘဝနှင့်ပတ်သက်သည့် ယဥ်ကျေးမှုများကို ပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်မှာဖြစ်ပါတယ်။
မှတ်မှတ်ရရ ပထမအကြိမ်မြောက်ခေါင်းစဥ်လေးကတော့ “SNSသုံးရာတွင် သိသင့်တဲ့အမူအကျင့်များ” ဖြစ်ပြီး ဧပြီလ ၂၅ရက်နေ့ (စနေနေ့)၊ ည(၇)နာရီမှာ
အွန်လိုင်းကနေကျင်းပသွားမှာဖြစ်ပါတယ်။
SNSက သုံးရအလွန်လွယ်ကူအဆင်ပြေပြီး ပျော်စရာကောင်းပေမယ့်လည်း အသုံးပြုရာတွင် (မြန်မာ နှင့် ဂျပန်) မတူကွဲပြားတဲ့အမူအကျင့်တွေ ရှိပါတယ်။ ဂျပန်နိုင်ငံကိုသွားရောက်တဲ့အခါ အခက်အခဲမဖြစ်ရလေအောင် SNSအမူအကျင့်တွေနဲ့ပတ်သက်ပြီး အတူတူလေ့လာလိုက်ကြရအောင်။
ဂျပန်ဘာသာ၊ မြန်မာဘာသာဖြင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဂျပန်ဘာသာစကားမှာ ယုံကြည်မှုသိပ်မရှိသူများလည်း ပါဝင်နိုင်တာမလို့ အားလုံးဆက်ဆက် ပါဝင်ပေးကြပါဦးနော်။
■နေ့ရက် နှင့် အချိန်:၂၀၂၆ခုနှစ်၊ ဧပြီလ ၂၅ရက်နေ့ (စနေနေ့)၊ မြန်မာစံတော်ချိန် ည၇နာရီ မှ ၈နာရီခွဲအထိ
■နေရာ:အွန်လိုင်း။
■ပါဝင်ကြေး:အခမဲ့။
■ပါဝင်နိုင်သူများ:မြန်မာလူမျိုးဂျပန်ဘာသာစကားလေ့လာနေသူများအားလုံး (မည်သည့်levelမဆို ပါဝင်နိုင်ပါတယ်။)
■အသုံးပြုမည့်ဘာသာစကား:ဂျပန်ဘာသာစကား နှင့် မြန်မာဘာသာစကား။
■လျှောက်ထားရန်:အောက်ဖော်ပြပါ Microsoft Formမှတဆင့် လျှောက်လွှာတင်ပေးပါ။
https://forms.office.com/r/4qCArAYPMQ
■လျှောက်လွှာပိတ်ချိန်:၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက်နေ့ (ဗုဒ္ဓဟူးနေ့)၊ မြန်မာစံတော်ချိန် နေ့လည် ၁၂နာရီ။
■သတ်မှတ်ဦးရေ:100 ဦး။
※လျှောက်ထားသူများပြားသောအခါမျိုးတွင် လျှောက်လွှာဖောင်စော၍ ပိတ်ခြင်းမျိုးရှိနိုင်ပါသဖြင့် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
※ယခုတစ်ခါတွင် ဖုန်းဖြင့်ထပ်မံဆက်သွယ်ခြင်းမျိုးမရှိသည့်အတွက် ဖောင်လျှောက်ထားသည့်အခါရရှိမည့် URLမှတဆင့် ပါဝင်တက်ရောက်ပေးကြပါရန်။
★ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ဆက်သွယ်ရန်ဖုန်းနံပါတ်:01-430920・ 01-430921 (4/11~19အထိပိတ်ပါသည်။)
★ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ page:https://www.facebook.com/JFYangon
★ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ Telegram Channel:https://t.me/JFYangon
★ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ Instagram Page:
https://www.instagram.com/jf_yangon?igsh=Zmx6c3Zibnp6OHY1
------------------------------------------------------------------------------
✨️みなさんこんにちは!
国際交流基金ヤンゴン日本文化センター(JFYG)では、日本へ行くみなさんにぴったりの日本文化紹介イベント「はっけん!日本の生活文化」を今月から新しくスタートします!このイベントでは、日本で暮らす時に知っておくと役に立つ生活に関する文化を楽しく学ぶことができます。
記念すべき第1回のテーマは「SNSのマナー」で、4/25 (土) 夜7時からオンラインで行います!
SNSはとても便利で楽しいものですが、ミャンマーと日本ではマナーの違いがたくさんあります。日本に行ってトラブルにならないよう、一緒にSNSの使い方のマナーについて勉強しましょう!
日本語・ミャンマー語での開催で、日本語に自信のない人でも参加できますので、みなさんぜひご参加くださいね!
■実施日時: 2026年4月25日(土)7:00pm-8:30pm (ミャンマー時間)
■場所:オンライン
■参加費:無料
■対象:ミャンマー人日本語学習者 (どのレベルでも参加できます!)
■使用言語:日本語・ミャンマー語
■参加申込:下記の Microsoft Forms よりお申込ください。
https://forms.office.com/r/4qCArAYPMQ
■申込締切:2026年4月22日(水)12:00pm(ミャンマー時間)
■定員:100名
※申込者が多い場合、早めに締め切ることがございます。ご了承ください。
※電話での参加確認は行いませんので、申し込み時に届くURLからご参加ください。
★ヤンゴン日本文化センター電話番号:01-430920・ 01-430921 (4/11~19は閉館)
★ヤンゴン日本文化センターFacebookページ:https://www.facebook.com/JFYangon
★ヤンゴン日本文化センターTelegramチャンネル:https://t.me/JFYangon
★ヤンゴン日本文化センターInstagramページ:
https://www.instagram.com/jf_yangon?igsh=Zmx6c3Zibnp6OHY1
#国際交流基金
09/02/2026
⚠️⚠️⚠️ထပ်ထိုးစည်းကမ်းချက်များ⚠️⚠️⚠️
23/01/2026
Good to know!
JLPT Result တွေကတော့ 1လပိုင်း 30ရက်နေ့မှာ ထွက်တော့မှာ ဖြစ်ပါတယ်။📣📣📣
JLPT ရဲ့တရားဝင်Websiteမှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲကစပြီး ရမှတ်စာရင်းမှာ CEFR(Common European Framework of Reference for Languages) level ကို အညွှန်း(Reference)အနေနဲ့ စတင်ထည့်သွင်းဖော်ပြပေးတော့မှာ ဖြစ်ပါတယ်။ဒါဟာ မေးခွန်းပုံစံ ပြောင်းလဲတာမျိုးမဟုတ်ဘဲ၊ ကိုယ်ရတဲ့ စုစုပေါင်းရမှတ်အပေါ်မူတည်ပြီး နိုင်ငံတကာစံနှုန်းနဲ့ တွဲဖက်သတ်မှတ်ပေးမယ့် စနစ်သစ်ပဲဖြစ်ပါတယ်။
❖ စနစ်သစ်၏ ထူးခြားချက်များ ✅
ရမှတ်အလိုက် ကွာခြားမှု: ဥပမာ - N2 ကို အမှတ်အများကြီးနဲ့ အောင်သူက B2 ရမှာဖြစ်ပြီး၊ အမှတ်ကပ်သီးလေးနဲ့အောင်တဲ့သူက B1 ပဲ ရမှာဖြစ်ပါတယ်။ ဒါကြောင့် အောင်ရုံတင်မကဘဲ အမှတ်များများရဖို့ကလည်း ပိုအရေးကြီးလာပါတယ်။
❖ အောင်မြင်တဲ့ အမှတ်ပေါ် မူတည်ပြီး Level ခွဲခြင်း✅
အရင်က N2 အောင်ရင် ဘယ်နှစ်မှတ်နဲ့အောင်အောင် N2 အောင်လက်မှတ်ပဲ ရပါတယ်။ အခုစနစ်မှာတော့ ကိုယ်ရတဲ့ စုစုပေါင်းရမှတ်ကို ကြည့်ပြီး CEFR အဆင့်ကို သတ်မှတ်ပေးမှာဖြစ်ပါတယ်။
✽N1 📊
•စုစုပေါင်းရမှတ် 142 မှတ်နဲ့အထက် (C1)
•စုစုပေါင်းရမှတ် 100~141 (B2)
✽N2 📊
•စုစုပေါင်းရမှတ် 112 မှတ်နဲ့အထက် (B2)
•စုစုပေါင်းရမှတ် 90 ~111 (B1)
✽N3 📊
•စုစုပေါင်းရမှတ် 104မှတ်နဲ့အထက် (B1)
•စုစုပေါင်းရမှတ် 95~103 (A2)
✽N4 နှင့် N5 📊
ဒီ Level တွေမှာတော့ အောင်မှတ်နဲ့အထက် ရတာနဲ့ N4 ဆိုရင် A2၊ N5 ဆိုရင် A1 ဆိုပြီး အသီးသီး သတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။
⚠️ သိထားသင့်တဲ့ အချက်အလက်များ⚠️
စာမေးပွဲအောင်မှသာ CEFR Level ဖော်ပြပေးမှာဖြစ်ပါတယ်။ ကျရှုံးခဲ့ရင်တော့ Level ကို ဖော်ပြပေးမှာ မဟုတ်ပါဘူး။❌
✽Section အလိုက် အောင်မှတ် 📈
စုစုပေါင်းရမှတ် ဘယ်လောက်ပဲများများ၊ တစ်ပိုင်းချင်းစီအလိုက် (Vocab, Grammar, Reading, Listening) တစ်ခုချင်းစီမှာ သတ်မှတ်ထားတဲ့ အောင်မှတ်မပြည့်ရင်လည်း CEFR Level ရမှာ မဟုတ်ပါဘူး။
✽Skills အကန့်အသတ် ⛔
JLPT ဟာ Reading နဲ့ Listening ကိုပဲ စစ်ဆေးတာဖြစ်လို့ CEFR level သတ်မှတ်ပေးတဲ့အခါမှာလည်း အကြားစွမ်းရည်နဲ့စာဖတ်ခြင်းစွမ်းရည်အတွက်ပဲ အဓိက ရည်ညွှန်းတာဖြစ်ကြောင်း တရားဝင်ဆိုဒ်မှာ သတိပေးထားပါတယ်။ Speaking နဲ့ Writing အတွက်တော့ တိုက်ရိုက် သက်ဆိုင်ခြင်း မရှိသေးပါဘူး။
✽C2 Level မရှိခြင်း‼️
JLPT N1 မှာ အမှတ်အပြည့်ရရင်တောင် CEFR ရဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ C2 ကိုတော့ သတ်မှတ်ပေးမှာ မဟုတ်ပါဘူး။ အမြင့်ဆုံး C1 အထိပဲ သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။
📌 ဘယ်သူတွေအတွက် အကျိုးရှိနိုင်လဲ?📌🉐
ဂျပန်နိုင်ငံမှာ ကျောင်းတက်ဖို့ ဒါမှမဟုတ် အလုပ်လျှောက်ဖို့ ပြင်ဆင်နေသူတွေအတွက် ကိုယ့်ရဲ့ ဂျပန်စာအဆင့်ကို အခြားဘာသာစကား (ဥပမာ- အင်္ဂလိပ်စာ IELTS/TOEFL) တွေနဲ့ ယှဉ်ပြီး ရှင်းပြရတာ ပိုလွယ်ကူသွားမှာ ဖြစ်ပါတယ်။
အနှစ်ချုပ်ရရင် ဒီစနစ်ဟာ ကိုယ့်ရဲ့ ဂျပန်စာ အရည်အချင်းကို နိုင်ငံတကာက တိုင်းတာတဲ့ အဆင့်တွေနဲ့ နှိုင်းယှဉ်ပြတာ ဖြစ်တဲ့အတွက် အမှတ်များများနဲ့ အောင်မြင်ဖို့ က အရင်ကထက် ပိုပြီး အရေးပါလာတာ ဖြစ်ပါတယ်။皆さんတို့ရော Decemberတုန်းက ဖြေဆိုထားတဲ့ JLPTစာမေးပွဲမှာ အမှတ်ဘယ်လောက်လောက် ရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ခန့်မှန်းထားကြလဲနော်? အဲဒီခန့်မှန်းထားတဲ့အမှတ်နဲ့ CEFR အဆင့် ဘယ်လောက်ရနိုင်လဲဆိုတာကိုလည်း ကြိုတင်
တွက်ကြည့်ရင်း ဒီလထဲမှာ ထွက်ရှိတော့မယ့် အောင်စာရင်းကို အတူတူစောင့်ကြည့်ရအောင်နော်။ 😇😇😇
#fypageシ #followersシ゚シ゚
01/01/2026
✨Happy New Year 2026✨
🎍 新年あけましておめでとうございます
感謝の気持ちを胸に、新年を迎えました ✨
皆さまの健康と幸せを心よりお祈りいたします 🌸
本年もどうぞよろしくお願いいたします 🙏
နှစ်သစ်မှာ ကျန်းမာခြင်း ချမ်းသာခြင်း ဝမ်းသာခြင်းများနဲ့ ပြည့်စုံနိုင်ကြပါစေ✨💫
#2026/01/01
06/12/2025
အားလုံး အဆင်ပြေပြေနဲ့ ဖြေဆိုနိုင်ပါစေ💪💪💪
#20251207
03/12/2025
JLPT Dec 2025 (N2 ရန်ကုန်တက္ကသိုလ်စာဖြေဌာန) သတိပြုစရာ