26/05/2023
Generative AI နဲ့ပတ်သက်လို့ နည်းနည်း ထပ်ပြောချင်တာလေးက Generative AI နဲ့ AI မတူကွဲပြားတယ် ဆိုတာလေးပါ။
ကျွန်တော် အရင်က ပြောခဲ့ သလို ကျွန်တော်တို့ဟာ AI ဆိုတာနဲ့ ရင်းနှီးမှန်း မသိဘဲ အသုံးပြုလာခဲ့ကြတာ နှစ်ပေါင်း ၁၀ နှစ် ကျော် ကြာခဲ့ပါပြီ။ Online မှာ ပစ္စည်း တစ်ခုခု ဝယ်လိုက်တဲ့အခါ (ဥပမာ- စာအုပ်) - ဒီစာအုပ်ကို ဝယ်တဲ့ အခြားသူတွေက အောက်ပါ စာအုပ်တွေကိုလည်း ဝယ်ကြပါတယ် ဆိုပြီး တခြား သင်စိတ်ဝင်စားမယ့် စာအုပ်လေးတွေကို ပြတတ်တာမျိုး ကြုံဖူးကြပါလိမ့်မယ်။ ခရီးတစ်ခုသွားဖို့ online မှာ destination တစ်ခု အကြောင်းရှာနေရင်း ဆင်တူရိုးမှား destination တွေ Hotel information ကြော်ငြာ တွေ ပါ ကိုယ့် social media page ထဲ ရောက်လာတတ်တာ မျိုး စတာတွေဟာ AI အသုံးပြုမှု တွေပါပဲ။
Generative AI ဆိုတာကတော့ user လိုချင်တဲ့ information ကို user request လုပ်တဲ့ language နဲ့ ပြန်ပြီး respond လုပ်ပေး generate လုပ်ပေးနိုင်စွမ်း ရှိတဲ့ AI ကို ဆိုလိုတာပါ။ လူသားတွေမှာ ရှိတဲ့ brain တွေ neurons တွေ nerves တွေ ကနေ information တွေကို စုယူ ထုတ်သုံးသလို ပုံစံကို တုပပြီး.....လူသားတစ်ယောက် သိမှတ်နိုင်စွမ်းတဲ့ information ရဲ့ အဆ သိန်သန်း မက များပြားတဲ့ information တွေကို အသုံးပြုပြီး အဖြေကို စက္ကန့်ပိုင်းအတွင်းထုတ်ပေးတာပါ။
နောက်တစ်ခုကတော့ Generative AI တွေ နေရာတိုင်းမှာ ပေါ်လာရင် လူတွေ အလုပ်လက်မဲ့ ဖြစ်ကြမလား ဆိုတဲ့ မေးခွန်းပါ။ ဒါကတော့ မေးစရာ တောင် မလိုတဲ့ မေးခွန်းပါ။ အဖြေက Yes ပါ။ ဒါနဲ့ပတ်သက်လို့ ခေါင်းစဥ်ကြီး တစ်ခု တပ်ပြီး ဘက်ပေါင်းစုံ ရှုထောင့် ပေါင်းစုံက ဆွေးနွေးလို့ ရပါတယ်။ ဒါဆို လူ့အသိုင်းအဝိုင်းအတွက် အန္တရာယ် တစ်ခု ဖြစ်လာမှာ လား ဆိုတာကတော့ စောင့်ကြည့်ရ ဦးမှာပါ။ ကျွန်တော့် တစ်ဦးထဲ အမြင်နဲ့ ပြောရရင် AI က အခု လူတွေ လုပ်နေတဲ့ အလုပ်တွေ လုပ်ရင် လူတွေအတွက် အဲဒီ အရှုပ်ထုတ်တွေကို AI ကို လုပ်ခိုင်းပြီး လူတွေ (လုပ်သင့်ရဲ့ သားနဲ့) လုပ်ဖို့ မေ့နေကြတဲ့ spiritual wellbeing ဘက်ကို ပိုလို့တောင် အားစိုက် နိုင်သေးတယ်လို့ ထင်ပါတယ်။ AI က လူသားတွေထက် Technically smart ဖြစ်လာမယ် ဆိုတာ ဘယ်လိုမှ မငြင်းနိုင်တော့မယ့် အခြေအနေ ဖြစ်လာပေမယ့် လူသားတွေရဲ့ spiritually smart ဖြစ်မှုကို ကျွန်တော်တို့ လူသားတွေ ပိုပြီး အာရုံစိုက်နိုင် လိမ့်မယ်လို့ ထင်ပါတယ်။
နောက် တစ်ခုကတော့ Generative AI ကြောင့် personal information, IP, Security, စတဲ့ ဘက်တွေမှာ risk ဖြစ်လာနိုင်မလား ဆိုတာပါ။ ဒါကတော့ သဘာဝ ရဲ့ နိယမ အရ အစွမ်းထက်တဲ့ tool တစ်ခု လူယုတ်မာတွေ လက်ထဲရောက်ရင် အန္တရာယ် ရှိတတ်တာ သဘာဝပါပဲ။ ဒီ risk အမြဲ ရှိနေမှာ ဖြစ်တဲ့အ တွက် သတိကြီးကြီးတော့ ထားသင့်ပါတယ်။ Generative AI ဟာ hacker စတဲ့ သူတွေကို ပိုပြီး capable ဖြစ်စေမှာ သေချာပါတယ်။
နောက်ဆုံး တစ်ခုကတော့ Generative AI နဲ့ ပတ်သက်ပြီး သင်တန်းလေးတွေ ပေါ်လာတာ ဖြစ်ပါတယ်။ အခြေခံ information လေးတွေကို မျှဝေတဲ့ webinars aလးတွေက အစ..marketing မှာ Generative AI ကို ဘယ်လို သုံးမလဲ....သင်တန်းတွေ ကျောင်းတွေ ဖွင့်နေတဲ့သူဆို မင်းရဲ့ လုပ်ငန်းမှာ Generative AI ကိုဘယ်လို သုံးမလဲ.....စသည်ဖြင့် specific field မှာ apply လုပ်ပုံတွေကို သင်တန်းကြေးယူပြီး သင်နေကြတဲ့ online course တွေလဲ မြောက်မြားစွာ ပေါ်လာကြတာ တွေ့ရပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ အားလုံးကို ကြိုဆိုရမှာပါပဲ။ အချိန်ရရင် free class လေးတွေ free webinars aလးတွေ တက်ပြီး ကိုယ် absorb လုပ်နိုင်သလောက် လုပ်ဖို့ အကြံပေးချင်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ ကျောင်း Wisdom Path ( www.wisdompath.com.sg ) က ဖွင့်လှစ် သင်ကြားနေတဲ့ course တစ်ချို့လဲ ရှိပါတယ်။ ကျွန်တော့် course ကိုမှ အခကြေးငွေ ပေးပြီး တက်ရမယ်လို့ မဆိုလိုပါဘူး။ ကိုယ်လိုအပ်တာ ဘယ် အဆင့်လဲ ဆိုတာပေါ်မူတည်ပြီး company CEO က အစ သန့်ရှင်းရေး ဝန်ထမ်းအဆုံး Generative AI ကို မဖြစ်မနေ လေ့လာဖို့ အချိန် ကျပြီ လို့တော့ ပြောချင်ပါတယ်။ Generative AI ကို လေ့လာဖို့ အခုအချိန်မှာ အင်္ဂလိပ်စာ ကို level တစ်ခုလောက်အထိ သိထားဖို့ လိုအပ်တယ်လို့လဲ အကြံပေးချင်ပါတယ်။ ပိုပြီး အရေးကြီးတာက Generative AI နဲ့ ဘယ်လို effectively communicate လုပ်မလဲ ဆိုတဲ့ skill က အရေး အကြီးဆုံးဖြစ်ပါတယ်။
အောက်က ပုံလေးကတော့ personal information တွေကို Generative AI ဘယ်လောက်အထိ control လုပ်ထားသလဲဆိုတာကို ကျွန်တော့် information အကြောင်းကို ပြန်မေးကြည့်ထားတာပါ။