18/05/2025
#ဓာတ်ပုံအရsolar_panelsမီးလောင်ခြင်း ဖြစ်ပေါ်ရန် အဓိကအကြောင်းရင်းများ အနက် အောက်ပါအချက်များဖြစ်နိုင်ပါသည်-အနီးစပ်ဆုံး
1. Overheating (အပူလွန်ကဲမှု)
• အရင်းအမြစ်: Solar panel များတွင် အပူထိန်းညှိမှုမရှိပါက ပေါင်းကူးမှုများ (hot spots) ဖြစ်နိုင်ပြီး အပူလွန်ကဲမှုကြောင့် မီးလောင်မှုများ ဖြစ်ပေါ်နိုင်သည်။
• Panel များကို လေကောင်းလေသာနေရာတွင် မတပ်ဆင်ခြင်းကြောင့် အပူလွန်နိုင်သည်။
2. Electrical Faults (လျှပ်စစ်မတော်တဆမှု)
• ဘက်ထရီသို့မဟုတ် Inverter များမှ လျှပ်စစ် တပ်ဆင်ခြင်း အလွဲအမှား ဖြစ်ပေါ်နေမှုကြောင့် ဆားကစ်မီးလောင်မှု ဖြစ်နိုင်သည်။
• ချိတ်ဆက်မှုမပြည့်စုံမှု: Panel ကြားဖြင့် cables နှင့် connectors မမှန်ကန်ခြင်းကြောင့် short circuit ဖြစ်နိုင်သည်။
3. Poor Quality Materials (အရည်အသွေးမကောင်းသောပစ္စည်းများ)
• Low-quality Solar Panels: အပူဒဏ်မခံနိုင်သော ပစ္စည်းများမှ panel များပြုလုပ်ထားပါက မီးလောင်နိုင်သည်။
• Faulty Connections: အနိမ့်အရည်အသွေး connectors သို့မဟုတ် junction boxes များကြောင့် သွေးဆောင်မီးလောင်မှုဖြစ်နိုင်သည်။
4. External Factors (ပြင်ပအကြောင်းရင်းများ)
• ကြွက်သို့မဟုတ်တိရစ္ဆာန်များ: Solar panel wires ကို ကုတ်ခြင်း၊ ဖြတ်ခြင်းကြောင့် short circuit ဖြစ်နိုင်သည်။
• မိုးလေဝသဒဏ်များ: မိုးကြီးများပြီးနောက် panel များအတွင်းရေဝင်ပြီး လျှပ်စစ်စနစ်ချို့ယွင်းစေနိုင်သည်။
5. Improper Installation (တပ်ဆင်မှားယွင်းမှု)
• တပ်ဆင်သူ၏ အတွေ့အကြုံမရှိမှု: Connection မမှန်ကန်သောအခါမှာ, လျှပ်စစ်ကိရိယာများ ပျက်စီးမီးလောင်နိုင်သည်။
• Panel Spacing မရှိခြင်း: Panels များအကြား လေဝင်လေထွက်မရှိလျှင်, အပူလွန်ကဲမှုများ ဖြစ်နိုင်သည်။
အချက်များ
1. Solar Panel များကို တပ်ဆင်မှုအချိန်တွင် သေချာစစ်ဆေးပါ။
2. Panel များအတွက် လေကောင်းလေသာနေရာတွင် တပ်ဆင်ပါ။
3. မီးလောင်မှုတားဆီးနိုင်စေရန် လျှပ်စစ်သွယ်တန်းမှုများကို ကြိုတင်စစ်ဆေးပါ။
4. အရည်အသွေးမြင့်သော ပစ္စည်းများကိုသာ အသုံးပြုပါ။
ပြန်လည် ပြုပြင် တပ်ဆင်ခြင်းအတွက် အကြံပြုချက်များ
• လုပ်ငန်းသမား: လျှပ်စစ်နည်းပညာရှင်များကို ခေါ်ပြီး system တစ်ခုလုံးကို စစ်ဆေးပါ။
• ပြုပြင်ခြင်း: မီးလောင်နေသော panel များကို စနစ်တကျ ပြန်လဲရမည်။
တကယ့်သီအိုရီတွေလိုက်နာပြီးတပ်ရင်
သုံးတဲ့ပစ္စည်းက အရည်သွေးမှန်ရင် မီးလောင်နိုင်ခြေ 0 နီးပါးပါ
တချို့ဆိုလာတွေက ခေတ်ကိုအမီ စျေးကွက်ထဲ ဝင်ချလာတာ
ဆိုလာရုပ်ထွက်ရင်ပြီးရော အဲလိုဟာတွေက အန္တရာယ်ရှိပါတယ်
🔥🔥ဘာတွေဆောင်ထားသင့်လဲ ...
အခုလို ပုံပါအဖြစ်မျိုး အတတ်နိုင်ဆုံး ကာကွယ်မယ်ဆိုရင် ပုံတွေ တချက်ကြည့်ပါ။
#ဆိုလာ (ဘောင်) Frame grounding ချဖို့ လိုပါတယ်။
#ဆိုလာ ကြိုး ကာဗာ နှစ်ထပ်ပါအသုံးပြုသင့်ပါတယ်။ ကြိုးကြီးရမယ် အနည်းဆုံး 10mm (or) 16mm
Grounding ချကိုချပေးသင့်ပါတယ်။
$SPD တို့ RCCB သို့မဟုတ် ELCB သို့မဟုတ် RCBO breaker များတပ်သင့်ပါတယ်။ MCB breaker ကတော့ အများအားဖြင့်သုံးကြပေမဲ့....!
# Battery ( BMS )များစစ်ဆေးသင့်ပါတယ်။ အသေးစားဆို BMS မပါသည့်အတွက် ပြသနာမရှိ အကြီးစားမှာ Voltage balancing လိုတာမို့ BMS အရေးပါပါသည်။
Credit - Original Uploader@ Co v cl. Ls
29/07/2024
ဆောက်လုပ်ရေးစီမံကိန်း အကြီးကြီးတွေမှာ Construction Manager နှင့် Project Manager ဆိုပြီး ရှိပါတယ်။ management level မှာ Construction Management CM ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှု နှင့် Project Management PM စီမံကိန်းလုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှု ဆိုပြီး ၂မျိုး ရှိလို့ပါ။ Construction Management က အင်ဂျင်နီယာပိုင်းဆိုင်ရာဖြစ်ပြီး Project Management က စီမံခန့်ခွဲမှုသက်သက် ဖြစ်ပါတယ်။ CM နှင့် PM ဘာကွာသလဲ။
Scope of Responsibilities တာ၀န်၀တ္တရားများ
Authority Level လုပ်ပိုင်ခွင့်
Focus အာရုံစူးစိုက်မှု တို့မှာ ကွာပါတယ်။
တာ၀န်၀တ္တရားများ အနေနှင့် Construction Manager က အဆောက်အဦဆောက်လုပ်ရေးနှင့် ပတ်သက်တဲ့ on-site operations လုပ်ငန်းတွေ၊ personnel အလုပ်သမား၀န်ထမ်းတွေ၊ materials ပစ္စည်းတွေ၊ construction budget ဆောက်လုပ်ရေးရံပုံငွေ စတာတွေ ကြီးကြပ်ရပြီး Project Manager က all phases of the project စီမံကိန်းနှင့် ပတ်သက်သမျှ လုပ်ငန်းအားလုံး၊ marketing စီမံကိန်းစျေးကွက် administration အုပ်ချုပ်ရေး စတာတွေကိုပါ လုပ်ရပါတယ်။ စီမံကိန်းကာလတစ်လျှောက်လုံးအရ ကြည့်မယ် ဆိုပါက project manager က from start to end အစကနေ အဆုံးအထိ ပါ၀င်နေပြီး construction manager က အဆောက်အဦ အမှန်တကယ်တည်ဆောက်တဲ့ actual construction phase မှာပဲ ပါ၀င်တာ ဖြစ်ပါတယ်။
ပုံမှာ ပြထားတာ ကြည့်ရတဲ့ အတိုင်းဆို Project Manager က Planning စီမံကိန်းရေးဆွဲတာ Budget ရံပုံငွေ Contract ကန်ထရိုက်လုပ်ငန်း Building အဆောက်အဦတည်ဆောက်ခြင်း Marketing ဆောက်လုပ်ရေးစျေးကွက် စတဲ့ phases အားလုံးနှင့် သက်ဆိုင်ပြီး Construction Manager က Building Phase တစ်ခုထဲနှင့်ပဲ သက်ဆိုင်တာကို တွေ့ရပါတယ်။
Project Manager တစ်ယောက်အနေနှင့် Project Management စီမံကိန်းလုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှုများကို သိရမယ့် အပြင် technical construction knowledge ဆောက်လုပ်ရေးနည်းပညာများကိုလဲ အထိုက်အလျောက် သိရှိနားလည်ဖို့ လိုပါတယ်။ Construction Manager ကတော့ ဆောက်လုပ်ရေးနည်းပညာများကို သေသေချာချာ ပိုင်ပိုင်နိုင်နိုင် သိရှိနားလည်ရမှာ ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်အနေနှင့် ယေဘုယျအားဖြင့် ပြောရရင် Project Manager က စီမံကိန်းလုပ်ငန်းတစ်ခုလုံးမှာ တာ၀န်ယူမှု များသလို လုပ်ပိုင်ခွင့်လဲ ပိုရှိပါတယ်။
အာရုံစူးစိုက်မှုအရ ဆိုပါကလဲ construction manager က အဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းတွေအားလုံး technically sound အင်ဂျင်နီယာနည်းပညာပိုင်းဆိုင်ရာ ကောင်းမွန်မှုကို ဂရုပြုသတိထားကြည့်ရှုပြီး project manager ကတော့ စီမံကိန်းလုပ်ငန်းတစ်ခုလုံး သတ်မှတ်တဲ့ အချိန်အတိုင်းအတာ timeline အတွင်းမှာ ရတဲ့ ရံပုံငွေ budget နှင့် အဆင်ပြေချောမွေ့ ပြီးစီးဖို့ စဉ်းစားရပါတယ်။
နိုင်ငံတကာ ဆောက်လုပ်ရေးလုပ်ငန်းစျေးကွက်မှာတော့ project manager ရဲ ့ လစာက construction manager ရဲ ့ လစာထက် သိသိသာသာ များတာကို တွေ့ရပါတယ်။
သူတို့ ၂ဦးရဲ ့ တာ၀န်ရှိမှု ဥပမာတစ်ခုအနှေင့် budget ရံပုံငွေကိစ္စမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ construction manager က အဆောက်အဦတည်ဆောက်တဲ့ အဆောက်အဦရဲ ့ budget နှင့်ပဲ သက်ဆိုင်ပြီး စီမံကိန်းတစ်ခုလုံးရဲ ့ Budget ဥပမာအားဖြင့် marketing တွေ client meeting ပိုင်ရှင်နှင့် ငွေကြေးကိစ္စ ညှိနိုင်းရတာတွေ စတာတွေကို Project Manager က လုပ်ရပါတယ်။။
အဲဒါကြောင့် civil engineer များအနေနှင့် construction manager တွေလောက်နှင့် ရပ်မနေပဲ ကိုယ့်မှာရှိတဲ့ construction technical တွေအပြင် project management တွေကိုပါ လေ့လာသင်ကြားပြီး Project Manager တွေအနေနှင့် ၀င်ရောက်လုပ်ကိုင်ကြပါလို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။
Credit
https://m.facebook.com/story.php?story_fbid=1363207863757788&id=100002057616556&mibextid=Nif5oz
23/07/2024
PBX/ PABX System အကြောင်း
-------------------------------------
ဒီနေ့တော့ မိတ်ဆွေတို့ကို PABX အကြောင်းလေးရှင်းပြချင်ပါတယ်ဗျာ။
PABX အခေါ်ရဲ့ အရှည်ကောက် ကတော့ အများစုကလဲ သိပြီးသားပါ
( Private Automatic Branch eXchange ) ကိုခေါ်တာပါ။
PABX/ PBX ဆိုတာဘာလဲ၊ ဘယ်နေရာတွေမှာ သုံးလဲဆိုရင်
လူကြီးမင်းတို့ စက်ရုံတွေ၊ အလုပ်ရုံတွေမှာ
ရုံးခန်းတွေမှာ ....
ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ....
ဆေးရုံ၊ ဆေးပေးခန်းတွေမှာ...
အပြင်က Customer တွေ၊ မိတ်ဆွေတွေ၊ စီးပွားဖက်တွေက
MPT Analog တယ်လီဖုန်းလိုင်း ကြိုးဖုန်းနဲ့ပဲဖြစ်ဖြစ်၊
GSM phone line ကိုပဲဖြစ်ဖြစ် ဖုန်းခေါ်လာရင်
ရုံးတွင်းဆက်သွယ်ရေးအတွက် လွယ်ကူစေရန်၊ ကုန်ကျစရိတ်သက်သာစေရန်အတွက် အသုံးပြုတဲ့လိုင်းခွဲတယ်လီဖုန်းစနစ်တစ်ခုပဲဖြစ်ပါတယ်။
PABX System အသုံးပြုခြင်းရဲ့ အဓိကအားသာချက်ကတော့
System အတွင်း လိုင်းခွဲဖုန်းများ အချင်းချင်း
အချိန်မရွေး ဖုန်းခေါ်ပြောဆိုနိုင်သောကြောင့်
လုပ်ငန်းခွင်အတွင်းက ဖုန်းပြောခကုန်ကျစရိတ်လုံး၀
မကုန်တော့တာပဲ ဖြစ်ပါတယ်။
Intercomm System အစားထိုး အသုံးပြုလို့ရပါတယ်။
PABX System ကို လူကြီးမင်းတို့ရုံးမှာ စတင်အသုံးပြုမယ်ဆိုရင် ဘာတွေလိုအပ်မလဲ
ဘာတွေကိုလေ့လာထားရမလဲဆိုတာအရင်ဆုံး ပြောချင်ပါတယ်။
၁။ လူကြီးမင်းတို့ရုံးအတွင်း အလုပ်ရုံအတွင်းမှာ တစ်ချိန်ထဲမှာပဲ
အပြင်ကိုခေါ်ဆိုတဲ့ ဖုန်းအ၀င်အထွက် အရေအတွက်
ဘယ်လောက်ရှိနိုင်မလဲဆိုတာတွက်ချက်ရပါမယ်။
PABX System အတွင်းမှာအသုံးပြုမည့် Extension Phone အရေအတွက်
ဘယ်လောက်ထားမလဲဆိုတာတွက်ချက်ရပါမယ်။
ဘာကြောင့် ဒီအကြောင်းအရာတွေကို သိထားဖို့လို တာလည်းဆိုတော့
တစ်ချို့ PABX စက်တွေမှာ Default ပါသော CO Line Card နဲ့
Entension Line Card တွေဟာ လူကြီးမင်းတို့
လိုအပ်သလောက်မလုံလောက်ရင် ထပ်စိုက်ရဖို့လိုအပ်ပါတယ်။
၂။ Numbering Plan
လိုင်းခွဲဖုန်း နံပါတ်တွေကိုလည်း ဘာနံပါတ်တွေပေးမလဲ ဆိုတာကို
ကြိုစဉ်းစားထားရပါမယ်။
Numbering Plan ကိုသေချာ ရေးဆွဲထားရပါမယ်
(ဘယ်နေရာမှာ ဘယ်အခန်းမှာ ဘာနံပါတ်ပေးမလဲပေါ့)။
ဟိုတယ်တွေ၊ တည်းခိုခန်းတွေဆိုရင်တော့ အခန်းနံပါတ်နဲ့တူအောင်ပေးရင်
အကောင်းဆုံးပေါ့။
Numbering Plan ဆိုတာကတော့ လိုင်းခွဲဖုန်းနံပါတ်သက်မှတ်ဖို့ပါပဲ၊
ကြိုတင်စီစဉ်ထားလျှင်ပိုပီးတော့ အဆင်ပြေပါတယ်။
၃။ Hotel ဖြစ်ခဲ့မည်ဆိုပါက Phone Bill ဘယ်လို ကောက်ခံမယ်ဆိုတာပါတွက်ချက်ထားသင့်ပါတယ်။ Phone Bill ကောက်ခံမယ်ဆိုရင်လည်း မြို့တွင်း၊ နယ်ဝေး၊ နိုင်ငံရပ်ခြား သို့ခေါ်ဆိုရာတွင် မိမိတို့သက်မှတ်ထားတဲ့ အတိုင်းကောက်ခံဖို့ပါ။ Phone Bill ကောက်ခံမယ်ဆိုလျှင်တော့ Billing Software တခုနဲ့ထပ်ချိတ်ရတဲ့အတွက် PC တစ်လုံးလိုအပ်ပါတယ်။
လက်ရှိ ကျနော်တို့နိုင်ငံအတွင်းမှာ Panasonic ကတော့ နာမည်ကြီးပါတယ်။
မြန်မာနိုင်ငံ ရာသီဥတုနဲ့ကိုက်ညီဲပြီး အကြမ်းခံပါတယ်။
ရေရှည်မှာ စိတ်မညစ်ရဖို့လဲ အရေးကြီးတယ်လေ နော်။
PABX မှာအသုံးများတဲ့ Feature တချို ကတော့ DISA (Direct Inward System Access) Message ၊ ဥပမာအနေနဲ့ နားလည်အောင်ရှင်းပြရမယ်ဆိုလို့ရှိရင် Call Center တွေမှာပေါ့ သူတို့ရဲ့ Company, Organization အကြောင်းကိုမိတ်ဆက်တာတွေကို DISA message အနေနဲ့အသံသွင်းထားပီး ဖုန်း၀င်သွားတာနဲ့အလို အလျောက် မိတ်ဆက်ပေးတာပဲဖြစ်ပါတယ်။ ယနေ့ခေတ် Call Center တွေမှာတော့ DISA ကိုသိပ်မသုံးကြတော့ပါဘူး IVR (Interactive Voice Response) ဆိုတဲ့ VOIP မှာပါတဲ့ Feature တစ်ခုကိုသုံးကြပါတယ်။ နောက်ထပ်ကတော့ Call Transfer လုပ်တာ၊ Call Meeting လုပ်တာ၊ Call Hunting Group တွေခွဲထားတာ၊ Phone Call တွေပိတ်တာ ဖွင့်တာ၊ Hotel တွေမှာဆို wakeup alarm ပေးခြင်း အစရှိတဲ့ feature တွေကတော့ အသုံးများပါတယ်။
👨💼👩🏻💼ဒါကြောင့်မို့ သူဌေးတွေ ဘက်က စဉ်းစားရင်
တကယ်လိုတာ တကယ်သုံးမှာနဲ့ Valued Engineering ကို
အမြဲထည့်စဉ်းစား ဖို့ အရမ်းပေါချောင်ကောင်းလိုက်ရင်
၂ ခါကုန်တတ်တာမို့ ၁ ခါသာ ကောင်းကောင်းသုံးပါ
4TV network နဲ့ AYA bank 🏦 တို့ရဲ့
Caller Center 📞📞📞 တွေကို တပ်ဆင်
ပီး လက်ရှိ ဝန်ဆောင်မှု အမြဲပေးနေတဲ့
ကျွမ်းကျင်တဲ့
MPT က အငြိမ်းစားအင်ဂျင်နီယာတွေ၊
ဝန်ထမ်းတွေနဲ့ အကောင်းဆုံး ဝန်ဆောင်မှု
ပေးလျက်ရှိပါတယ်။
တပ်ရင်လည်း ⚙️⚒ after sales service & Maintenance ✅ အတွက်စိတ်ချရအောင်
✔️၂၀၀၆ ခုနှစ်ကနေ ယနေ့တိုင်
✔️စီးပွားရေးလုပ်ငန်းကြီးတွေ
✔️ဟိုတယ်ကြီးတွေ၊
✔️ဆေးရုံကြီးတွေကို
ယနေ့တိုင် 🔨🛠 service ပေးလျက်ရှိတဲ့
✅ Kinetic Micro Technology Company
ကို ဆက်သွယ်လိုက်ပါ။
💥 မိတ်ဆွေရဲ့ စီးပွားရေးလုပ်ငန်းတွေ
စွမ်းဆောင်ရည်မြင့်လာဖို့ ဘာကိုစောင့်နေမှာလဲ❓
➡️ အသေးစိတ်သိချင်တာကို အခုပဲ
ဖုန်း 📞 09 5183355/ 09 73183355 ကို
ဆက်ပီး အသေးစိတ်မေးနိင်ပါတယ်။
Message chat box 💬 ကလည်း
စုံစမ်းနိုင်ပါသည်။
13/07/2024
ရေဂါလံတွက်နည်း(UK)
➖➖➖➖➖➖➖
ရေ (၁)ကုဗပေ = ၆၂.၄ပေါင် လေးသည်။
ရေ(၁)ဂါလံ = ၁၀ပေါင် လေးသည်။
ရေ(၁)ကုဗပေ = ၆.၂၂၉ဂါလံ ရှိသည်။
၄.၅၄လီတာ = (၁)ဂါလံ
တစ်တန် = ၂၂၄၀ပေါင်
၁ပီပါ = (၅၀)ဂါလံ
ဥပမာ။ ။၄'x၄'x၄' အုတ်ကန်ရေဂါလံဘယ်လောက်ဆန့်လဲသိရှိလိုလျှင်
4'×4'×4' = 64cuft (၆၄ကုဗပေရမည်)
၆၄ကု/ပေ ကို ရေ(၁)ကုဗပေမှာရှိတဲ့
၆.၂၂၉ဂါလံနဲ့ မြှောက်ရင်
64cuft ×6.229gal/ cuft = 398.656gal
အဲ့တော့ (၄၀၀)ဂါလံပေါ့ဗျာ
၁ဂါလံ ကို ၁၀ပေါင်လေးတော့ ၄၀၀ဂါလံဆိုတော့
400gal x 10 lb/gal = 4000lb
ပေါင် ၄၀၀၀ ပေါ့နော်။ တန် သိချင်ရင် ၂၂၄၀ နဲ့ထပ်စား။
4000lb ÷ 2240 lb/ton = 1.79 Ton
ရေရဲ့သီးသန့်အလေးချိန်ကိုက ၂တန်ဘဲ ဆိုကျပါစို့။
ရေဂါလံသိချင်ရင်အုတ်ရေကန်ကအလျှား4'×အနဲ4'×အမြင့်4'ဆိုပါက×ရေတဂါလံ6.25=400ဂါလံ
လီတာသိချင်ရင်
ရလာတဲ့(၄၀၀)ဂါလံနဲ့ 1galမှာရှိတဲ့ ၄.၅၄လီတာမြှောက်
400gal x 4.54 lit/gal = 1800lit
(၁၈၀၀)လီတာ
liter ကို gal ပြန်ပြောင်းချင်ရင်
1800lit ÷4.54lit/gal=400gal
လက်ရှိအသုံးပြုနေတဲ့ စတီးတိုင်ကီတွေမှာဆို lit1000လို့ရေးထားပါက 1000lit÷4.54=220galပါခင်ဗျ
တခြားစက်ဝိုင်းပုံသဏ္ဌာန်ဖြစ်တဲ့ဟာတွေဆိုရင် circleရဲ့areaကိုရှာပြီးအမြင့်နဲ့မြှောက် ကုဗပေ(volume)ကိုရရင်၆.၂၂၉နဲ့မြှောက်လိုက်ရင်လိုချင်တဲ့ဂါလံရပါလိမ့်မည်။အဓိကကတော့ဘယ်ပုံသဏ္ဌာန်ဖြစ်ပါစေ အဲ့ပုံသဏ္ဌာန်ရဲ့ကုဗပေ(volume)
ကိုရအောင်ရှာပြီး၆.၂၂၉နဲ့မြှောက်လိုက်ရုံပါပဲ။
ပေါင်တို့တန်တို့လိုချင်ရင်လဲအပေါ်ကပေးထားတဲ့ပုံသေနည်းနဲ့မြှောက်သွားယုံပါပဲဗျာ။
Volume ရှာတဲ့ ပုံသေနည်းလေးလဲ ထည့်ပေးထားပါတယ်ဗျ။
တခု သတိပြုရမှာက Unit အသုံးပြုရာမှာ
US နဲ့ UK အသုံးပြုမှုကွာတာကို သတိပြုရပါမယ်။
US 1 gallon မှာ 3.785 liter နဲ့
1cu ft of water = 7.481gallon
ကျွန်တော်တို့ နိုင်ငံမှာ အသုံးပြုနေတာ UKရဲ့
imperial gallon
1 imperial gallon = 1.2 US gallon
(8"8")ကြွေပြားတစ်ကျင်းလျှင်225ချပ်
(8"12")ကြွေပြားတစ်ကျင်းလျှင်150ချပ်
(12"12")ကြွေပြားတစ်ကျင်းလျှင်100ချပ်
(1 '2')ကြွေပြားတစ်ကျင်းလျှင်50ချပ်
(2 '2 ')ကြွေပြားတစ်ကျင်းလျှင်25ချပ်
120ကိုတည်ပြီးမိမိတို့အသုံးပြုမည့်ကြွေပြားဆိုဒ်ကိုစားပါ(ဥပမာ 8"×12"ကြွေပြားကပ်မယ်ဆိုပါဆို့
120÷8"=15ချပ်
120÷12"=10ချပ်ဆိုတော့
15ချပ်×10ချပ်ဆိုတော့8"12" ကြွေပြားတကျင်းကိုအချပ်ရေ150ပေါ့နော်
ဘယ်ကြွေပြားဆိုဒ်မဆိုတွက်ကြည့်ပါနော်
Credit org
🙏🙏🙏🙏🙏🙏🙏🙏🙏
07/07/2024
Credit: Aye Ei Ei Aung
M&E (ရေ ၊ မီး) site တစ်ခု run ဖို့ အတွက် လိုအပ်မဲ့ Handtool & တခြား ပစ္စည်းများ
≠==================
1.Extension (မီးကြိုးခွေ)
2.socket (ပလပ်ပေါက်)
3.3 Pin, 2Pin ခေါင်း
4.Hammer - တူ အသေး ( Trunking ရိုက်)
5.Hammer -တူ ( ခွဲ/ထွင်း)
6.စို့ (ခွဲ/ထွင်း)
7.Saw ( လွှ -သေး /ကြီး)
8.မြေဖြူ or မှတ်သားစရာတစ်ခုခု
9.Spirit Level (ချိန် /တိုငိး)
10.သံလျှပ် ( ခွဲထွင်း/ ပြန်ချော ဖို့ ရာ)
11.ဖော့ပြား- လက်ပွတ် ( ခွဲထွင်း ပြန်ချော ဖို့ရာ)
12.plyer ( ပလာရာ)
13.Nose plyer ( ပလာရာ ခေါင်းရှည်)
14. screw driver( စတားဝက်အူ -/+)
15.Tester ( လျပ်စစ်မီးရှိမရှိစမ်း ဖို့ ရာ)
16.wire Cutter ( ကြိုးဖြတ်)
17.Pipe cutter (ပိုက်ဖြတ်)
18. Measuring Tape ( ပေဗူး)
19.လှေကား
20.Hand tool Box အကြီး( ပစ္စညိး တွေသိမ်းဖို့ရာ)
21.Pipe (မီးပိုက်)
22. Pipe fitting (1,2,3,4 ways,90 Join box,Saddle,socket)
23.Trunking ( Trunking ပြား)
24.Trunking Fitting (....)
25.Pipe Bender ( ဘန်တာ - ပိုက်ကွေးရန် စပရိန်)
24.Wire puller (or ) wire ခေါ်ကြိုး ( ကြိုးဆွဲရာတွင်အသုံးပြု သော)
25.Base cup ( ခံ ခွက်)
26.Junction Box
27.အုတ်ရိုက်သံ
28.Wall plug (size 6/7/..)
29.Black screw
30.Yellow Tape တိတ်ဝါ ( ခံခွက် / Join boxတွင်အသုံးပြရန်)
31.ဂျာလီခွေ ( ခွဲထွင်းပြန်ပိတ် တွင်အသုံးပြုဖို့ရန်)
32.GI ကြိုး ( For bonding wire)
33.ဘိလပ်မြေ ( ခွဲထွင်းပိတ် ဖို့ရန်)
34.AC gang & Concrete Core drills ( ရိုးရိုး / အ ပေါက် ဖောက် / နံရံ ,ကြမ်းခင်း ဖြိုရန်)
35.DC gand ( အပေါက် ဖောက်/ fixture တပ်)
36.Screw bit/ Drill bit (လိုအပ်တဲ့ Size စုံ)
37.Grinder machine&wheels - ဂရိုက်တာ&ကျော်ပြား ( ခွဲ/ဖြတ် ရန် )
38.Hole saw ( အပေါက်ဖောက်ရန် size စုံ)
39.Wire,Cable ( လျှပ်စစ် ကြိုး /ဝါယာ )
40.Switch (1gang,2gang,3gang....)
41.Socket (2Pin,3pin,multi.. )
42.Earth meter
43.Megga tester
44.Digital meter, Clamb meter....
45.Socket tester
46.DB box,Panel Box
47.vlot meter
48.Amp meter
49.Pilot light
50.Comb bar
51.Circuit breaker (1,2,3..Pol)
52.Change over
53.Lighting fixutr (Wall,Surface,Gate,Fluorescent Lamp..)
54.Earth rod & accessary ( for earthing work)
55.Air terminal & accessary (For lightning workမိုးကြိုးလွဲ)
56.PVC Pipe ရေအေး ( 8.5,13.5 class)
57.Pressure Test ( ရေယို စိမ့်မှုရှိ /မရှိ)
58. PPR ( ရေပူ/အေ pipe )
59. PPR machine ( ပိုက် အပူပေးပြီ စက် )
60.Pipe fitting( 90,Tee,R-Tee,Y-Tee,Reduce,Cup,....)
61.OCI ကော်ဗူး
62.Sea tape
63.Pipe Hanger,Saddle,...
64.Thread rod & accessary...
65.P&S fixture ( EWC, IWC ,Basin, kitchen sink, Shower, Bathtub, Hand spray, Tissue holder, Water tap,Floor drain cover,boiler, instant water heater....)
မှာ Handtool တစ်ခုမကျန် ကျေးဇူးရှင် သူခိုး မ သွားလို့ လိုအပ်တဲ့ list ပြန်စုတာပါ။
06/07/2024
SS 530:2014 – Energy Efficiency Standard PDF Download
https://salaimep.com/ss-5302014-energy-efficiency-standard-pdf-download/
:2014
SS 530:2012 - Energy Efficiency Standard PDF Download
SS 530:2012 - Code of Practice for Energy Efficiency Standard for Building Services and Equipment is the Singapore Standard that sets out the requirements for the energy-efficient design,