Mufti Aaswim Nadwi

Directions

Mufti Aaswim Nadwi OFFICIAL FACEBOOK PAGE OF MUFTI AASWIM NADWI

ချစ်ခင်ရသူတွေကို ဆုံးရှုံးရခြင်းဆိုတာ တကယ့်ကို ထူးဆန်းပြီး ရင်နာစရာ ကင်းကွာခြင်းတစ်ခုပါပဲ!သဖ်စီရ်ကျမ်းမြတ်ကုရ်အာန်ဖွင့်ဆ...
10/10/2026

ချစ်ခင်ရသူတွေကို ဆုံးရှုံးရခြင်းဆိုတာ တကယ့်ကို ထူးဆန်းပြီး ရင်နာစရာ ကင်းကွာခြင်းတစ်ခုပါပဲ!

သဖ်စီရ်ကျမ်းမြတ်ကုရ်အာန်ဖွင့်ဆိုချက်တွေထဲက
တွေထဲက ကျွန်တော် သဘောကျဆုံး၊ နှလုံးသားကို ထိရှဆုံး အချက်တစ်ချက်ကတော့—
တမန်တော် ဆိုလိုင်မာန် (အလိုင်ဟိစ္စလာမ်) က ဟုဒ်ဟုဒ် ငှက်နဲ့ပတ်သက်ပြီး မိန့်ဆိုခဲ့တဲ့ အမိန့်တော်နဲ့ပတ်သက်လို့ အီမာမ် အလ်-ကိုရှိုင်ရီ ရဲ့ မိန့်ဆိုချက်ပါပဲ။

တမန်တော် ဆိုလိုင်မာန်က {ငါ တကယ်ပဲ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်} လို့ မိန့်ဆိုခဲ့တာလေ။

အီမာမ်ကြီးက ရှင်းပြတယ်— အဲဒီလို ပြင်းထန်တဲ့ အပြစ်ပေးခြင်းဆိုတာ ချစ်ခင်မြတ်နိုးရသူတစ်ဦးနဲ့ တစ်ဦးကြားမှာ ခွဲထုတ်ကွာဝေးစေခြင်း ထက် ပိုဆိုးတာ ဘာမှမရှိဘူးတဲ့။

ဒါကြောင့် ချစ်သူနဲ့ ကင်းကွာကွဲကွာနေရခြင်းဟာ လူတစ်ယောက်ကို ဘယ်လောက်အထိ စိတ်ဆင်းရဲစေသလဲဆိုရင်…
အပ်ငယ်ပေါက်ကြားလေးကနေ လေကို ရှူသွင်းနေရသလိုမျိုး ရင်ကျပ်ပြီး အသက်ရှူရ ခက်ခဲပင်ပန်းသွားစေပါတယ်!

အို မိတ်ဆွေ…
အာရပ်လူမျိုးတွေ ပြောလေ့ရှိတဲ့ အလှပဆုံး စကားပုံတွေထဲမှာ ဒါလည်း တစ်ခု အပါအဝင်ပေါ့ — "ချစ်ခင်ရသူတွေကို ဆုံးရှုံးရတယ်ဆိုတာ ကမ္ဘာပေါ်မှာ အထီးကျန်ဆန်ပြီး ရင်နာစရာ အကောင်းဆုံးပါပဲ"။

မိခင်မွန် ခတီဂျာ ဆုံးပါးသွားပြီးနောက်ပိုင်းမှာ တမန်တော်မြတ် (ဆွလ္လလ္လာဟ်ဟူ အလိုင်ဟီ ဝစလ္လမ်) ရဲ့ မီအ်ရာဂျ် ခရီးစဉ် (ကောင်းကင်ခရီးကြွမြန်းခြင်း) ကို တစ်ချက် လှမ်းပြီး မြင်ယောင်ကြည့်လိုက်စမ်းပါ။

ကမ္ဘာမြေပြင်ကြီး တစ်ခုလုံးက (ကိုယ်တော့်အတွက်တော့) ဝမ်းနည်းပူဆွေးမှုကိုတောင်မှ အကြွင်းမဲ့ နှစ်သိမ့်ပေးနိုင်စွမ်း မရှိလောက်အောင် သေးငယ်လွန်းနေပြီဆိုတာ အလ္လာဟ်အရှင်မြတ် အသိဆုံးပါပဲ။

(အကြင်နာရှင်) ချစ်မြတ်နိုးရသူကို ဆုံးရှုံးလိုက်ရချိန်ပေါ့။

ဒါကြောင့် အရှင်မြတ်ဟာ ကိုယ်တော့်ကို ကောင်းကင်ဘုံဆီ ခေါ်ဆောင်သွားပြီး ကိုယ်တိုင်
ကိုယ်ကျ နှစ်သိမ့်ပေးတော်မူခဲ့ပါတယ်!

နောက်ပိုင်းမှာ တမန်တော်မြတ်صلى الله عليه وسلم ဟာ ကြင်ယာတော်များနဲ့ လက်ဆက်ခဲ့တယ်ဆိုပေမဲ့၊ အသက်ထက်ဆုံး ကုန်ဆုံးသွားတဲ့အထိ တောက်လျှောက် ဒီလိုပဲ မိန့်ဆိုနေခဲ့ပါတယ်—
"အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပါတယ်။ ခဒီဂျာထက် သာလွန်ကောင်းမွန်တဲ့သူနဲ့ အလ္လာဟ်က ကျွန်တော့်ကို ဘယ်တော့မှ အစားထိုးမပေးခဲ့ပါဘူး"။

ဒါကြောင့် တစ်ယောက်ရဲ့နေရာကို တစ်ပါးသူတွေထဲမှာ သွားပြီး လိုက်မရှာနေပါနဲ့တော့… ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူကမှ ဘယ်သူ့ရဲ့ နေရာကိုမှ အစားထိုး ဝင်ရောက်မဖြည့်ဆည်းပေးနိုင်ကြပါဘူးလေ!

د أدهم الشرقاوي
၏ رسائل من التابعين ကျမ်းပါ ရေးသားချက်များကို
မုဟမ္မဒ် အာစွင်းမ် နဒ်ဝီ ဆီလျော်စွာပြန်ဆိုသည်။

✍️NA

လူတစ်ယောက်ဟာ အမေ့ရဲ့ဖုန်းနံပါတ်ကို "(ဖန်ဆင်းရှင်ရဲ့ မှာတမ်း)" လို့ နာမည်ပေးထားပြီး၊ ဇနီးရဲ့ဖုန်းနံပါတ်ကိုကျတော့ "(တမန်တေ...
09/10/2026

လူတစ်ယောက်ဟာ အမေ့ရဲ့ဖုန်းနံပါတ်ကို "(ဖန်ဆင်းရှင်ရဲ့ မှာတမ်း)" လို့ နာမည်ပေးထားပြီး၊ ဇနီးရဲ့ဖုန်းနံပါတ်ကိုကျတော့ "(တမန်တော်ရဲ့ မှာတမ်း)" လို့ မှတ်ထားသတဲ့။

အဲဒီလို ဘာလို့ နာမည်ပေးထားလဲလို့ မေးကြတော့ အဲဒီလူက ဒီလိုပြန်ဖြေခဲ့ပါတယ်-

"အမေ့အကြောင်း ပြောရရင်တော့... အမေ့ဆီက ဖုန်းလာတိုင်း အလ္လာဟ်အရှင်မြတ်ရဲ့ 'မိဘကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ပါ' ဆိုတဲ့ အမိန့်တော်ကို သတိရမိအောင်ပါ။

အမေ့ရဲ့ ကျေးဇူးတရားနဲ့ အမေ့ရဲ့ မြင့်မားလှတဲ့ ဂုဏ်သိက္ခာကို အမြဲတမ်း နှလုံးသွင်း သတိရနေချင်လို့ပါ။

ဇနီးသည်အကြောင်း ပြောရရင်တော့... နာမည်ကို '(တမန်တော်ရဲ့ မှာတမ်း)' လို့ ပေးထားတဲ့အတွက် ကျွန်တော် စိတ်တိုနေတဲ့အချိန်မျိုးမှာတောင် သူ ဖုန်းဆက်လာရင် တမန်တော်မြတ် (صلى الله عليه وسلم) ရဲ့ 'အမျိုးသမီးတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြပါ' ဆိုတဲ့ မှာတမ်းကို သတိရသွားပြီး စိတ်နူးညံ့အေးဆေးသွားအောင်လို့ပါပဲ။"

ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ အချင်းချင်း စောင့်ထိန်းရမယ့် တာဝန်တွေကို ဒီလို အမြဲမပြတ် သတိပေးနေတဲ့အရာလေးတွေနဲ့ ခြံရံထားရတာ အရမ်းလှပလွန်းပါတယ်။
"မေတ္တာတရားဆိုတာ... ဘဝမှာ နွေးထွေးမှု ပေးစွမ်းနိုင်တဲ့ တန်ဖိုးရှိတဲ့ အမျိုးသမီးလေးတွေပါပဲ။"

رسائل الحياة
မုဟမ္မဒ် အာစွင်းမ် နဒ်ဝီ ဆီလျော်စွာ ပြန်ဆိုသည်။
✍️NA

"အိပ်ရာဝင်တိုင်း ဒီတစ်ခုတော့ သတိရလိုက်ပါ... ဂျန္နသ် (သုခဘုံ) ရောက်မယ့် သူတွေထဲက တစ်ယောက်ဟာ အိဗါဒသ် (ဝတ်ပြုကိုးကွယ်မှု) တ...
08/10/2026

"အိပ်ရာဝင်တိုင်း ဒီတစ်ခုတော့ သတိရလိုက်ပါ...

ဂျန္နသ် (သုခဘုံ) ရောက်မယ့် သူတွေထဲက တစ်ယောက်ဟာ
အိဗါဒသ် (ဝတ်ပြုကိုးကွယ်မှု) တွေ အများကြီး လုပ်ခဲ့လို့ မဟုတ်ပါဘူး။

သူဟာ စိတ်ထား စင်ကြယ်သူ ဖြစ်ခဲ့လို့ပါ...

ဘယ်သူ့အပေါ်မှ ရင်ထဲမှာ အငြိုးအတေး မထားဘဲ အိပ်စက်လေ့ ရှိခဲ့လို့ပါပဲ!" ❤

د أدهم الشرقاوي
၏ ရေးသားချက်ကို Muhammad Aswim Nawi
မြန်မာပြန်ဆိုသည်။

✍️NA

ဆရာ၊ဆရာမအပေါင်းတို့ကို ဂုဏ်ပြုပါရစေ🌹🌹 ပေးဆပ်ခဲ့ကြသူတွေ၊ ရက်ရောစွာ စွန့်လွှတ်ခဲ့ကြသူတွေထံ... ရေလောင်းပေါင်းသင်ပေးခဲ့ကြပြီ...
06/10/2026

ဆရာ၊ဆရာမအပေါင်းတို့ကို ဂုဏ်ပြုပါရစေ

🌹🌹 ပေးဆပ်ခဲ့ကြသူတွေ၊ ရက်ရောစွာ စွန့်လွှတ်ခဲ့ကြသူတွေထံ...

ရေလောင်းပေါင်းသင်ပေးခဲ့ကြပြီး ဘဝကို လှပအောင် ဖန်တီးပေးခဲ့ကြသူတွေထံ...

မိမိတို့ရဲ့ အချိန်နဲ့ ကြိုးစားအားထုတ်မှုတွေကို စိန့်ငဲ့မဖက် ပေးဆပ်ခဲ့ကြသူတွေထံ...

ကျေးဇူးတင်စကားဆိုတာ သင်တို့ရှေ့မှာ အားနာစရာ ဖြစ်နေရတယ်၊ ဘာလို့လဲဆိုတော့ သင်တို့ရဲ့ ဂုဏ်ကျေးဇူးက အဲဒီ စကားလုံးတွေထက် အဆမတန် ကြီးမားလွန်းလို့ပါပဲ..................................................
အလက်ဇန္ဒားဘုရင်ကြီးကို တစ်ယောက်က မေးခဲ့ဖူးတယ် - "မင်းကြီးရဲ့ ခမည်းတော်ထက် ဆရာ့ကို ဘာလို့ ပိုပြီး ဂါရဝပြု မြှောက်စားရတာလဲ" တဲ့။

အလက်ဇန္ဒားက ပြန်ဖြေတယ် - "ငါ့ရဲ့ ခမည်းတော်က ကုန်ဆုံးပျက်စီးတတ်တဲ့ ဘဝတစ်ခုအတွက် အကြောင်းရင်းဖြစ်ပေမဲ့ ငါ့ရဲ့ ဆရာကတော့ ထာဝရရှင်သန်မယ့် ပညာဘဝအတွက် အကြောင်းရင်းဖြစ်လို့ပဲ" တဲ့။...............................................

နိုင်ငံတစ်ခုကို မဏ္ဍိုင်သုံးခုနဲ့ တည်ဆောက်ထားတာပါ - ဝမ်းစာအတွက် လုပ်ကျွေးတဲ့ "တောင်သူလယ်သမား"၊ ကာကွယ်စောင့်ရှောက်ပေးတဲ့ "စစ်သည်တော်"၊ ပြီးတော့ စာပေယဉ်ကျေးမှု သွန်သင်ပေးတဲ့ "ဆရာသမား" တို့ပဲ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ဆရာ၊ ဆရာမတို့ ရေ... ကျေးဇူးတင်ခြင်းဟာ ဝတ်ရုံတစ်ထည် သာဆိုရင် ဆရာတို့အတွက်ပဲ ခြုံပေးလိုက်ချင်ပါတယ်။ ချီးမွမ်းခြင်းဟာ စမ်းချောင်းလေးတစ်စင်း သာဆိုရင် ဆရာတို့ဆီကိုပဲ စီးဆင်းစေချင်ပါတယ်။

မေတ္တာတရားဟာ စကားလုံးတွေနဲ့ ပုံဖော်လို့ရတယ်ဆိုရင် ကမ္ဘာ့သမုဒ္ဒရာတွေကို ဖြတ်ပြီး ဆရာတို့ဆီ စီးဆင်းရောက်ရှိစေမှာပါ။

ဆရာတို့အတွက် ဂါရဝအလီလီနဲ့ ချစ်ခြင်းမေတ္တာပေါင်းများစွာ အစဉ်အမြဲ ရှိနေမှာပါ...

أ د احمد عيسى المعصراوي
၏ ရေးသားချက်ကို မုဟမ္မဒ် အာစွင်းမ် (နဒ်ဝီ)
ဆီလျော်စွာပြန်ဆိုအပ်ပါသည်။
✍️NA

04/10/2026

Hijiri 1448/ ရဗီအွဆ္ဆာနီလ/19
1/10/2026 (ကြာသပတေးနေ့)

(၁၅၁၄) ‌ချစ်နဗီအိမ်အတွင်းမှ သင်းရနံ့များ
အပိုင်း(၁၉)

✍️Muhammad Aswim (Nadwi)


ဤတင်ပြချက်ကိုအောက်ပါ YouTube Channel တွင်လည်း နားဆင်နိုင်ပါပြီ။

https://youtube.com/=Sdt3WbKuMZfJe1PJ

04/10/2026

Hijiri 1448/ ရဗီအွဆ္ဆာနီလ/16
28/9/2026 (တနင်္လာနေ့)

(၁၅၁၁) ‌ချစ်နဗီအိမ်အတွင်းမှ သင်းရနံ့များ
အပိုင်း(၁၆)

✍️Muhammad Aswim (Nadwi)


ဤတင်ပြချက်ကိုအောက်ပါ YouTube Channel တွင်လည်း နားဆင်နိုင်ပါပြီ။

https://youtube.com/=Sdt3WbKuMZfJe1PJ

04/10/2026

Hijiri 1448/ ရဗီအွဆ္ဆာနီလ/20
2/10/2026 (သောကြာနေ့)

(၁၅၁၅) ‌ချစ်နဗီအိမ်အတွင်းမှ သင်းရနံ့များ
အပိုင်း(၂၀)

✍️Muhammad Aswim (Nadwi)


ဤတင်ပြချက်ကိုအောက်ပါ YouTube Channel တွင်လည်း နားဆင်နိုင်ပါပြီ။

https://youtube.com/=Sdt3WbKuMZfJe1PJ

04/10/2026

Hijiri 1448/ ရဗီအွဆ္ဆာနီလ/18
30/9/2026 (ဗုဒ္ဓဟူးနေ့)

(၁၅၁၃) ‌ချစ်နဗီအိမ်အတွင်းမှ သင်းရနံ့များ
အပိုင်း(၁၈)

✍️Muhammad Aswim (Nadwi)


ဤတင်ပြချက်ကိုအောက်ပါ YouTube Channel တွင်လည်း နားဆင်နိုင်ပါပြီ။

https://youtube.com/=Sdt3WbKuMZfJe1PJ

04/10/2026

Hijiri 1448/ ရဗီအွဆ္ဆာနီလ/17
29/9/2026 (အင်္ဂါနေ့)

(၁၅၁၂) ‌ချစ်နဗီအိမ်အတွင်းမှ သင်းရနံ့များ
အပိုင်း(၁၇)

✍️Muhammad Aswim (Nadwi)


ဤတင်ပြချက်ကိုအောက်ပါ YouTube Channel တွင်လည်း နားဆင်နိုင်ပါပြီ။

https://youtube.com/=Sdt3WbKuMZfJe1PJ

04/10/2026

Hijiri 1448/ ရဗီအွဆ္ဆာနီလ/15
27/9/2026 (တနင်္ဂနွေနေ့)

(၁၅၁၀) ‌ချစ်နဗီအိမ်အတွင်းမှ သင်းရနံ့များ
အပိုင်း(၁၅)

✍️Muhammad Aswim (Nadwi)


ဤတင်ပြချက်ကိုအောက်ပါ YouTube Channel တွင်လည်း နားဆင်နိုင်ပါပြီ။

https://youtube.com/=Sdt3WbKuMZfJe1PJ

Address

Medina

Website

Alerts

Be the first to know and let us send you an email when Mufti Aaswim Nadwi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category