Study in Poland Krakow

Study in Poland Krakow Dane kontaktowe, mapa i wskazówki, formularz kontaktowy, godziny otwarcia, usługi, oceny, zdjęcia, filmy i ogłoszenia od Study in Poland Krakow, Konsultant edukacyjny, Kraków.

နေခဲ့တဲ့ အဆောင်လေးကို သတိရနေတယ်အရမ်းသာယာတာ အဆောင်မှူးတွေကလည်း သဘောကောင်းကိုယ်တွေနေတဲ့ ၉ထပ်ကို သန့်ရှင်းရေးလုပ်ပေးတဲ့ အဒေ...
26/05/2023

နေခဲ့တဲ့ အဆောင်လေးကို သတိရနေတယ်
အရမ်းသာယာတာ
အဆောင်မှူးတွေကလည်း သဘောကောင်း
ကိုယ်တွေနေတဲ့ ၉ထပ်ကို သန့်ရှင်းရေးလုပ်ပေးတဲ့ အဒေါ်ကြီးကလည်း သဘောကောင်း
ကိုယ့်ကိုသူက ချစ်တာ
သူပြောတာလည်း ကိုယ်နားမလည် ကိုယ်ပြောတာလည်း သူနားမလည်
ဒါပေမယ့်လည်း ပြောပြောပြီး ရယ်ပြုံးနေကြတာ
ကိုယ်ခရီးကပြန်လာတော့ သူအလုပ်ခွင့်ယူလို့ မတွေ့ရဘူး
နေစရိတ်ကလည်း အရမ်းသက်သာ
ပိုလန်ငွေ ၄၀၀ အပြီးအစီးကို စင်ကာပူဒေါ်လာဆို ၁၃၀ လောက်ပဲ
ဆောင်းရာသီဆို Heater သုံးတာပါ ပါတော့ အရမ်းတန်တာပေါ့
အပြင်မှာနေရင် အခန်းတစ်ခန်းကို ပိုလန်ငွေ ၁၅၀၀-၁၆၀၀ ရှိတယ် ရေဖိုး မီးဖို့ကမပါ
ဆောင်းတွင်း အေးလို့ Heater သုံးရင် စုစုပေါင်း ပိုလန်ငွေ ၂၀၀၀ လောက်ကုန်ကျတယ်
နိုင်ငံခြား ကျောင်းတက်ချင်တဲ့သူတွေ အတွက် ပိုလန်က အတော်ကို ငွေကြေးသက်သာပါတယ်
တော်တော်ကို နေရေးလုံခြုံပါတယ်
ကိုယ်တွေ မနက် ၃-၄နာရီ အိမ်ပြန်လည်း အေးဆေးပဲ ဘတ်စ်ကားတွေကလည်း ၂၄နာရီရှိတယ်
မြန်မာပြည်က ကလေးတွေ ဆေးကျောင်းကို Wrocław (ဗရောဆော့ဖ်) မြို့မှာ လာသင်ကြတယ်
ကိုယ်နေတဲ့ Krakow (ခရာ့ကုဖ်) မြို့မှာက IT တက်ကြတယ်
ကိုယ်ကတော့ Agriculture တက်တာ
စာကအတော် ကောင်းကောင်းသင်တယ်
သင်လိုက်တဲ့စာက အကုန်ကြည့်ရတယ် စာမေးပွဲမှာ စာအကုန်ကြည့်မှသာ ဖြေနိုင်တာ
နေထိုင်ခွင့်ရဖို့ ခက်ပေမယ့် ဥရောပကဘွဲ့ယူပြီး ဥရောပမှာ အခြေကုပ်ဖို့ ကြိုးစားချင်တယ်ဆိုရင် ပိုလန်ဟာ အရမ်းကောင်းပါတယ်

Adres

Kraków

Strona Internetowa

Ostrzeżenia

Bądź na bieżąco i daj nam wysłać e-mail, gdy Study in Poland Krakow umieści wiadomości i promocje. Twój adres e-mail nie zostanie wykorzystany do żadnego innego celu i możesz zrezygnować z subskrypcji w dowolnym momencie.

Skróty

Udostępnij