Dr Win

Dr Win

Udostępnij

Just sharing knowledge about Natural Products Chemistry and its related Subjects.

Photos from Dr Win's post 18/05/2026

Grade 12 မှ ကျောင်းသား/သူများအားလုံးအတွက် ချစ်ခြင်းမေတ္တာ၊ စေတနာ၊ ဝါသနာ၊ ပညာအပြည့်နဲ့ "Dr. Win's Grade 12 Chemistry Quiz" App မှာ Chapter 1 မှ Chapter 8 အထိ တစ်ခန်းမကျန် အပြီးသတ် Update ပြုလုပ်ပေးပြီးပါပြီ။ 🥳✨

💯 စာမေးပွဲမှာ အမှတ် ၁၀၀ ပြည့် (Solid 100 Marks) ဂုဏ်ထူးပန်းတိုင်ကို ရောက်ဖို့ဆိုရင် အသိပညာတင်မကဘဲ စိတ်ဓာတ်ပြင်းပြမှုနဲ့ မိမိကိုယ်ကို တန်ဖိုးထားမှု (Mindset & Dignity) ကလည်း အဓိကကျပါတယ်။

အရာရာကို အလကားရယူတဲ့ အလေ့အထထက် မိမိရဲ့ ပညာရေးအတွက် ရဲရဲဝံ့ဝံ့ ရင်းနှီးမြှုပ်နှံရဲတဲ့ စိတ်ဓာတ်ဟာ အောင်မြင်သူတို့ရဲ့ လျှို့ဝှက်ချက်ပါ။

💸 Premium Access အားလုံးအတွက် လုံးဝ (၅,၀၀၀) ကျပ်တည်းသာ...
(ဒီပမာဏဟာ စီးပွားရေးအမြတ်အစွန်းအတွက် မဟုတ်ဘဲ ကျောင်းသားတို့ရဲ့ ကြိုးစားချင်စိတ်၊ တန်ဖိုးထားတတ်မှုနဲ့ မဖြစ်မနေ အောင်မြင်ရမယ်ဆိုတဲ့ ကတိကဝတ် Mindset ကို တည်ဆောက်ပေးဖို့ပဲ ဖြစ်ပါတယ်။)

🚀 အခွင့်အရေးကို လက်လွတ်မခံဘဲ အခုပဲ Premium ရယူပြီး သင့်ရဲ့ ကြိုးစားအားထုတ်မှုကို လက်တွေ့သက်သေပြလိုက်ပါ! 💪🔥

👇 Premium ရယူရန်နှင့် Quiz စတင်ဖြေဆိုရန်
https://drwing12chemquiz.streamlit.app

https://t.me/DrWinChemQuiz

05/03/2026

🧪 Grade 12 Chemistry App – Python နဲ့ ဖန်တီးထားတဲ့ အထောက်အကူပြု App 🧪

👩‍🏫 Grade 12 ကျောင်းသား/သူတို့အတွက် Chemistry ဘာသာရပ်ကို ပိုမိုလွယ်ကူစေဖို့ ရည်ရွယ်ပြီး ကျွန်မကိုယ်တိုင် ဖန်တီးထားတဲ့ App လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်မရဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို အသစ်လေ့လာထားတဲ့ Python Programming နဲ့ ပေါင်းစပ်ပြီး ကျောင်းသားတွေအတွက် တကယ်အသုံးတည့်မယ့် အရာတစ်ခုကို ဖန်တီးပေးချင်တဲ့ စေတနာနဲ့ အချိန်ပေး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်ရှင်။ ✨

💡App ရဲ့ အစပျိုးခြင်း
ဒီ App လေးကို ကျွန်မရဲ့ တူမလေးကို Grade 12 Chemistry သင်ပေးရင်းနဲ့ စတင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်ရှင်။ 💡

📖စနစ်တကျ ပြင်ဆင်မှု
သင်ခန်းစာတစ်ခုပြီးတိုင်း Text Book ကို အခြေခံပြီး ယခင်မေးခွန်းဟောင်း (Old Questions) တွေကို ပြန်လည်လေ့လာကာ ကျွန်မကိုယ်တိုင် Model Questions တွေကို စနစ်တကျ ပြန်လည်ဖန်တီးထားတာပါရှင်။ 📖

🔬တိကျသေချာသော အချက်အလက်
ဒါကြောင့် သင်ခန်းစာအားလုံးဟာ နိုင်ငံတော်ထုတ် ပြဌာန်းစာအုပ် (Text Book) အတိုင်း တိကျသေချာပြီး ကျောင်းသားတွေအတွက် ယုံကြည်စိတ်ချစွာ လေ့လာနိုင်ပါတယ်ရှင်။ 🔬

⚙️နည်းပညာနှင့် ပေါင်းစပ်မှု
ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနဲ့ Python Programming ကို ပေါင်းစပ်ထားတဲ့အတွက် ရိုးရှင်းလွယ်ကူတဲ့ အတွေ့အကြုံသစ်ကို ရရှိစေမှာပါရှင်။ ⚙️

🎯 App ရဲ့ ထူးခြားချက်နဲ့ ရရှိနိုင်မယ့် အကျိုးကျေးဇူး 🎯

📈 ကျောင်းသား/သူတွေအနေနဲ့ ဒီ App ကို တစ်နေ့ကို မိနစ် ၃၀ ခန့် ပုံမှန်လေ့ကျင့်သွားမယ်ဆိုရင် Section A အတွက် ရမှတ် (၃၀) ဖိုး တိတိကျကျကို ပိုင်ပိုင်နိုင်နိုင် ရရှိစေမှာဖြစ်သလို၊ Section B က မေးခွန်းတို (Short Questions) တွေကို ဖြေဆိုရာမှာလည်း အထောက်အကူပြုမှာ သေချာပါတယ်။ "Practice makes perfect" ဆိုတဲ့အတိုင်း ပုံမှန်လေ့ကျင့်ခြင်းကသာ နောက်ဆုံးစစ်ဆေးမယ့် စာမေးပွဲကြီးမှာ အောင်မြင်မှုကို ဆောင်ကြဉ်းပေးမှာပါရှင်။ 🎓

📚 လေ့လာနိုင်မယ့် သင်ခန်းစာများ 📚

📖 လောလောဆယ်မှာတော့ အရေးကြီးဆုံးအခန်းဖြစ်တဲ့ Chapter 8 နဲ့ အခြေခံကျတဲ့ Chapter 1 တို့ကို ထည့်သွင်းပေးထားပါတယ်။ ၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမယ့် ကျောင်းသား/သူတွေအတွက် ဒီနှစ်ခန်းကို လေ့ကျင့်နိုင်ပြီး ၂၀၂၇ စာမေးပွဲ ဖြေဆိုမယ့်သူတွေအတွက်လည်း သင်ခန်းစာအားလုံးကို မကြာမီ Update ပြုလုပ်ပေးသွားပါမယ်ရှင်။ 📝

🛠️ ကြိုးစားအားထုတ်မှုနဲ့ ရည်ရွယ်ချက် 🛠️

💻 App တစ်ခုဖြစ်လာဖို့ဆိုတာ မလွယ်ကူလှပါဘူး။ Coding ရေးရတာကအစ အပင်ပန်းခံ ကြိုးစားခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်မအနေနဲ့ ဈေးနှုန်းကို ၅,၀၀၀ ကျပ် (5000 MMK) ဆိုတဲ့ အလွန်သက်သာတဲ့ နှုန်းထားပဲ သတ်မှတ်ထားပါတယ်။ ဒါဟာ အကျိုးအမြတ်ထက် အသုံးပြုသူတွေရဲ့ တန်ဖိုးထားမှုကို မြင်ချင်လို့ဖြစ်သလို၊ ကျောင်းသားတိုင်း လက်လှမ်းမီစေချင်လို့ပါရှင်။ 💖

⚠️ အသိပေးချက် (ကိုယ်ချင်းစာတရားနှင့် မိမိကိုယ်ကိုယ် လေးစားမှု) ⚠️

🙏 တစ်ဖက်ကလည်း မေတ္တာရပ်ခံချင်တာက တစ်ပါးသူရဲ့ ကြိုးစားအားထုတ်မှုကို လွယ်လွယ်ကူကူ ကော်ပီကူးယူတာမျိုး မလုပ်ကြဖို့ပါ။ လူတစ်ယောက်ရဲ့ တီထွင်ဖန်တီးမှုကို လေးစားခြင်းဟာ မိမိကိုယ်ကိုယ် လေးစားခြင်း (Self-respect) ပါပဲ။ ကျွန်မရဲ့ စေတနာနဲ့ အားထုတ်မှုကို နားလည်ပေးကြလိမ့်မယ်လို့ ယုံကြည်ပါတယ်ရှင်။ 🙌

🚀 App ကို စမ်းသပ်အသုံးပြုကြည့်ရန် 🚀

🔗 App ရဲ့ ပုံစံလေးကို အရင်ဆုံး စမ်းသပ်ကြည့်ချင်တယ်ဆိုရင်တော့ အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
📱 App Link: https://drwing12chemquiz.streamlit.app/

💎 Premium အသုံးပြုလိုသူများအတွက် 💎

📩 Premium user အဖြစ် အသုံးပြုလိုတဲ့ ကျောင်းသား/သူတွေအနေနဲ့ အောက်ပါ Telegram Link ကနေတစ်ဆင့် ကျွန်မကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။ သို့မဟုတ် Messenger Chat Box ကနေလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။
🔗 Telegram: https://t.me/DrWinChemQuiz 💬

17/07/2024

Closing ceremony ICNPR2024🎉🎉🎉

Photos from Dr Win's post 17/07/2024

Final day of ICNPR2024👩‍💻I’m motivated by so many diverse presentations😊

Photos from Dr Win's post 14/07/2024

2nd day of ICNPR2024👩‍💻 I’m happy to be a member of GA❤️👩‍💻👍

13/07/2024
Photos from Dr Win's post 13/07/2024

It's my pleasure to be here ICNPR2024👩‍💻🎉👍

Photos from Dr Win's post 07/06/2024

Attending The Post ASMS symposium at UC Riverside via Zoom👩‍💻

05/06/2024

၂၁ ရာစု နည်းပညာခေတ်ဆိုတော့ အမြဲတမ်း update လုပ်ဖို့လိုအပ်တယ်။

Tired of screening irrelevant results? ခေါင်းစဉ်နဲ့ SciFinder ကို ကိုယ်လုပ်မယ့် သုတေသနအတွက် ဘယ်လို ထိထိရောက်ရောက်သုံးရမလဲဆိုတဲ့သင်တန်း👩‍💻

Chcesz aby twoja szkoła była na górze listy Szkoła w Kraków?

Kliknij tutaj, aby odebrać Sponsorowane Ogłoszenie.

Lokalizacja

Kategoria

Strona Internetowa

Adres


Marii Konopnickiej 17
Kraków
30-302