24/07/2026
"အခုလေးတင် ပြောလိုက်တာကို ဘာလို့မေ့သွားတာလဲ? မမှတ်ထားဘူးလား?”
ဒီစကားကို ကြားဖူးကြလား? သို့မဟုတ် အဲလိုအပြောခံရဖူးလား?
ကျွန်မတော့ ကြားလည်းကြားဖူးသလိို အပြောလည်း ခဏခဏခံရပါတယ်။
ဥပမာလေးတစ်ခု - တစ်ယောက်ယောက်က ညွှန်ကြားချက် ၃ ခု ပြောတယ်။ "အရင်ဆုံး ဒီဖိုင်ကို ဖွင့်၊ ပြီးရင် Email ပို့၊ နောက်ဆုံး Report တင်လိုက်။"
ပထမတစ်ခုကို လုပ်နေတုန်း...ဒုတိယနဲ့ တတိယညွှန်ကြားချက်ကို မေ့သွားတတ်ပါတယ်။
အရင်ကတော့ ဒီလိုဖြစ်တိုင်း...
"ငါ မှတ်ဉာဏ်မကောင်းဘူး။"
"ငါ အာရုံမစိုက်နိုင်ဘူး။"
"ငါ တကယ်ပဲ မတော်ဘူး။" လို့ ကိုယ့်ကိုယ်ကို အပြစ်တင်ခဲ့ဖူးပါတယ်။ ဒီအတွက် ကြိုတင်ပြင်ဆင်မှုတွေ၊ မတူညီတဲ့နည်းတွေကိုအသုံးပြုပြီး ဒီအခ က်အခဲကို ကြိုးစားဖြေရှင်းခဲ့တယ်။ ဒါပေမဲ့ လုံလောက်တဲ့ဖြေရှင်းနည်းမဟုတ်လို့ အမြဲစိတ်ပင်ပန်းခဲ့ရတယ်။
ဒါပေမယ့် Dyslexia အကြောင်း လေ့လာလာတဲ့နောက်မှာတော့ working memory ဆိုတဲ့ အရာကို ပိုမိုနားလည်လာခဲ့တယ်။
Working memory ဆိုတာက အချက်အလက်တွေကို ခဏတာ မှတ်ထားပြီး အသုံးပြုနိုင်တဲ့ ဦးနှောက်ရဲ့ စွမ်းရည် ဖြစ်ပါတယ်။
ဥပမာ...
🧠 ဖုန်းနံပါတ်တစ်ခုကို ခဏမှတ်ထားပြီး ရိုက်ထည့်တာ။
🧠 ဆရာပြောတဲ့ အဆင့်လိုက် ညွှန်ကြားချက်ကို လိုက်လုပ်တာ။
🧠 စာတစ်ပိုဒ် ဖတ်ရင်း အစပိုင်းက အဓိပ္ပာယ်ကို မှတ်ထားပြီး နောက်ပိုင်းနဲ့ ချိတ်ဆက်နားလည်တာ။
ဒီစွမ်းရည်က အားနည်းနေရင် တချို့အရာတွေကို "မကြိုးစားလို့" မဟုတ်ဘဲ "ဦးနှောက်က အလုပ်ပိုလုပ်နေရလို့" ပိုခက်ခဲနိုင်ပါတယ်။
သုတေသနတွေအရ dyslexia ရှိသူအချို့မှာ working memory အားနည်းမှုတွေ တွေ့ရနိုင်ပြီး၊ အဲဒီအခက်အခဲက စာဖတ်ခြင်းတစ်ခုတည်းမဟုတ်ဘဲ သင်ယူမှု၊ အလုပ်လုပ်ပုံနဲ့ နေ့စဉ်ဘဝကိုပါ သက်ရောက်နိုင်တယ် လို့ ဖော်ပြထားပါတယ်။
ကျွန်မအတွက်တော့ ဒီအကြောင်းကို သိလာပြီးနောက် "ဘာလို့ ငါ ဒီလိုဖြစ်နေတာလဲ" ဆိုတဲ့ မေးခွန်းမေးနေခြင်းကနေ “ဒီလိုဖြစ်တဲ့အခါ ဘာအကူအညီလိုမလဲ၊ ဘယ်လိုအကူညီနိုင်မလဲ” ဆိုတဲ့ မေးခွန်းအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
ဒီလိုနားလည်ခြင်းက အခက်အခဲကို ချက်ချင်းဖြေရှင်းမပေးနိုင်ပေမယ့် ကိုယ့်ကိုယ်ကို ပိုသနားကြင်နာလာပြီး မိမိရဲ့ဖြစ်တည်နေခြင်းကို ပိုလက်ခံလာနိုင်အောင် ကူညီပေးပါတယ်။
Research Sources:
1. Baddeley, A. D. (2000). The episodic buffer: A new component of working memory? Trends in Cognitive Sciences, 4(11), 417–423.
2. Smith-Spark, J. H., & Fisk, J. E. (2007). Working memory functioning in developmental dyslexia. Memory, 15(1), 34–56.
3. Gathercole, S. E., & Alloway, T. P. (2008). Working Memory and Learning. Sage.
4. International Dyslexia Association (IDA).
21/07/2026
Dyslexia ဆိုတာ စာဖတ်ရခက်တာထက် အများကြီးပိုပါတယ်။
တကယ်တော့ လူကြီးဘဝရောက်လာတဲ့ Dyslexia ရှိသူအများစုအတွက် စာဖတ်တာထက် ပိုခက်တဲ့အရာတွေ အများကြီးရှိနေနိုင်ပါတယ်။
ဒီနေ့စာဖတ်နိုင်တယ်။ စာလည်း ရေးနိုင်တယ်။ ဒါပေမယ့်...
- အလုပ်တစ်ခု စဖို့ အချိန်အကြာကြီး ယူရတတ်တယ်။
- နေရာသစ်၊ အကြောင်းအရာအသစ်၊ ရင်းနှီးမှုမရှိတဲ့ အခြေအနေတွေအတွက်နှင့် လူသစ်တွေနဲ့တွေ့ဆုံရာမှာ အချိန်ယူရတယ်။ ကြိုတင်ပြင်ဆင်မှုအပိုင်းကို လုံလောက်အောင် လုပ်ဖို့လိုအပ်တယ်။
- လုပ်စရာတွေကို ဘယ်ကစရမလဲဆိုတာ စဉ်းစားရင်း အချိန်ကုန်သွားတတ်တယ်။
- တစ်ယောက်ယောက် ပြောလိုက်တဲ့ ညွှန်ကြားချက်ကို ခဏအကြာမှာ မေ့သွားတတ်တယ်။
- တစ်နေ့တာ ပြီးဆုံးသွားတဲ့အခါ "ဘာမှ မလုပ်ရသလိုပဲ၊ ဒါပေမယ့် အရမ်းပင်ပန်းနေတယ်" လို့ ခံစားရတတ်တယ်။ အရင်ကတော့ ကျွန်မက
"ငါက စည်းကမ်းထိန်းသိမ်းတဲ့နေရာမှာ တိုးတက်မှုလိုနေသေးတယ်”
"ငါက ပျင်းရိနေတာလားလို့"
"ငါက အစီစဥ်ကို စီစဥ်မှုမှာအပိုင်းမှာ တိုးတက်လာမှုမရှိသေးဘူး” လို့ပဲ ထင်ခဲ့ပါတယ်။
ဒါပေမယ့် Dyslexia အကြောင်း ပိုလေ့လာလာတဲ့အခါမှာတော့၊ ဒီအခက်အခဲတွေက စာဖတ်ခြင်းတစ်ခုတည်းနဲ့ မဆိုင်ဘဲ working memory နဲ့ executive function လို့ခေါ်တဲ့ ဦးနှောက်ရဲ့ အချက်အလက်ကို ယာယီမှတ်ထားခြင်း၊ အစီအစဉ်ချခြင်း၊ အလုပ်စတင်ခြင်း၊ ဦးစားပေးသတ်မှတ်ခြင်း၊ အာရုံစိုက်ထားခြင်း စတဲ့ လုပ်ဆောင်ချက်တွေနဲ့လည်း ဆက်စပ်နိုင်တယ်ဆိုတာ သိလာခဲ့ပါတယ်။
သုတေသနတွေ့ရှိချက်တွေမှာလည်း Dyslexia ရှိသူအချို့ဟာ စာဖတ်ရုံတင်မကဘဲ working memory နဲ့ executive functioning ပိုင်းမှာလည်း အခက်အခဲတွေ ကြုံတွေ့နိုင်ကြောင်း ဖော်ပြထားပါတယ်။
ဒါကြောင့်...တစ်ယောက်ယောက်ကို
"ဘာလို့ ဒီလောက် မေ့လဲ?"
"ဘာလို့ အလုပ်မစနိုင်သေးတာလဲ?"
"ဘာလို့ အမြဲ နောက်ကျနေတာလဲ?" လို့ အလွယ်တကူ မဆုံးဖြတ်ခင်...သူတို့ ကြိုးစားနေရတဲ့ အပိုင်းကို မြင်အောင်ကြည့်စေချင်ပါတယ်။
ကျွန်မအတွက်တော့ Dyslexia ကို နားလည်လာတဲ့နောက်မှာ “အရင်က ကျွန်မကိုယ့်ကို ထင်မြင်တွေးထင်ခဲ့တဲ့အရာတွေက ဟုတ်မနေဘူး" ဆိုတာကို ပထမဆုံး လက်ခံနိုင်ခဲ့ပါတယ်။
အခုလိုနားလည်လာခြင်းက ကိုယ့်ကိုယ်ကို အပြစ်တင်တာကို ဖြေလျှော့ပေးနိုင်သလို ကိုယ့်ရဲ့လုပ်နိုင်စွမ်း၊ လုပ်ကိုင်မှုအပိုင်းမှာ လိုအပ်သည်များကို ရှင်းလင်းစွာ နားလည် လုပ်ဆောင်နိုင်ဖို့ကိုလည်း အားပေးပါတယ်။
🖼️ Illustration created with AI using my own photo. The experiences and writing are my own.
References:
1. Snowling, M. J. (2019). Dyslexia (2nd ed.). Wiley-Blackwell.
2. Gathercole, S. E., & Alloway, T. P. (2008). Working Memory and Learning. Sage.
3. Smith-Spark, J. H., & Fisk, J. E. (2007). Working memory functioning in developmental dyslexia.
4. British Dyslexia Association
Noex, including organisation, planning, time management, and working memor.
16/07/2026
တစ်ခါတလေ စကားလုံးကို မေ့သွားတာ မဟုတ်ဘူး။ စကားလုံးကို ခဏရှာမတွေ့သေးတာပါ။
“ဒါလေးကိုတောင် မမှတ်မိဘူးလား?”
ဒီလိုစကားမျိုး ကြားဖူးကြမှာပါ။ ဒါပေမယ့် Dyslexia ရှိတဲ့ ကျွန်မအတွက်တော့တစ်ခါတလေ မေ့သွားတာ မဟုတ်ပါဘူး။ စကားလုံးကို ခဏရှာမတွေ့သေးတာပါ။
ကျွန်မက Jinghpaw၊ မြန်မာ၊ အင်္ဂလိပ်နဲ့ နော်ဝေး ဘာသာစကား (၄) မျိုးကို နေ့တိုင်း အသုံးပြုရပါတယ်။ တစ်ခါတလေ ပြောချင်တာကို သိတယ်။ အဓိပ္ပာယ်လည်း နားလည်တယ်။ စာဖတ်ရင်လည်း မှတ်မိတယ်။
ဒါပေမယ့် ကိုယ်ပြောရမယ့်အလှည့်ရောက်တဲ့အခါ စကားလုံးက ထွက်မလာတော့ဘူး။ အဲဒီအချိန်မှာ လူတချို့က “သူ မေ့သွားတာပဲ”လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် တကယ်တော့ ကျွန်မရဲ့ ဦးနှောက်က အဲဒီစကားလုံးကို ရှာနေတုန်းပါ။ တစ်ယောက်ယောက်က အဲဒီစကားလုံးကို ပြောလိုက်ရင် “ဟုတ်တယ် အဲဒါပဲ ငါပြောချင်တာ”ဆိုပြီးချက်ချင်း သိလိုက်တယ်။
ဆိုလိုတာက စကားလုံးကို မသိတာ မဟုတ်ဘူး။အချိန်မီ ထုတ်မပြောနိုင်သေးတာပါ။
သုတေသနတွေအရ Dyslexia ရှိတဲ့ လူတချို့မှာ Word Retrieval Difficulty လို့ခေါ်တဲ့ အခက်အခဲမျိုး ရှိနိုင်ပါတယ်။ အဲဒါက စကားလုံးရဲ့ အဓိပ္ပာယ်ကို နားမလည်တာ မဟုတ်ဘူး။ စကားလုံးကို မေ့သွားတာလည်း မဟုတ်ဘူး။
ဦးနှောက်ထဲမှာ ရှိပြီးသား စကားလုံးကို အချိန်တိုအတွင်း ပြန်ထုတ်ဖို့ ပိုခက်သွားတာပါ။ကျွန်မလို ဘာသာစကား (၄) မျိုးကို အသုံးပြုတဲ့သူအတွက်တော့ တစ်ခါတလေ ဘာသာစကားအားလုံးက တစ်ပြိုင်နက်တည်း ခေါင်းထဲ ရောက်လာပြီး ဘယ်စကားလုံးကို အရင်ထုတ်ရမလဲဆိုတာကို ဦးနှောက်က အလုပ်များနေတတ်ပါတယ်။
ဒါကြောင့် တစ်ယောက်ယောက် စကားပြောရင်း ခဏရပ်သွားရင် သူ မသိဘူးလို့ အမြန်မဆုံးဖြတ်လိုက်ပါနဲ့။
သူ့ဦးနှောက်က စကားလုံးကို ရှာနေတဲ့ အချိန်လည်း ဖြစ်နိုင်ပါတယ်။
💙 နားလည်ပေးဖို့ဆိုတာ တစ်ခါတလေ စက္ကန့် သို့မဟုတ် အချိန်လေးအနည်းငယ် စောင့်ပေးရုံပါပဲနော်။
14/07/2026
လူတော်တော်များများထင်တာက ကျွန်မရဲ့ ဦးနှောက်ထဲမှာ ဘာသာစကား (၄) မျိုးကို သီးခြားစီ သေသေချာချာ အကန့်ခွဲပြီး သိမ်းထားတယ်ပေါ့။ ဒါပေမယ့် ကျွန်မအတွက်တော့ အဲဒီလို မဟုတ်ပါဘူး။
ကျွန်မက ဘာသာစကား (၄) မျိုးဖြစ်တဲ့ ဂျိန်းဖေါ့(ကချင်)၊ အင်္ဂလိပ်၊ နော်ဝေ၊ ဗမာစကားကို နေ့စဉ်အသုံးပြုရပါတယ်။ လူတော်တော်များများထင်ကြတာက “ဘာသာစကား အများကြီးတတ်ရင် ပြောချင်တဲ့စကားကို အချိန်မရွေး အလွယ်တကူ ထုတ်ပြောနိုင်မှာပဲ”ပေါ့။ ကျွန်မအတွက်တော့ အဲဒီလို မဟုတ်နေပါဘူး။ Dyslexia နဲ့ ဘဝကို ဖြတ်သန်းလာရတဲ့အခါ၊ ကျွန်မရဲ့ ဦးနှောက်က ဘာသာစကား (၄) မျိုးကို သီးသန့်အခန်း (၄) ခန်းထဲမှာ သိမ်းထားတာမျိုး မခံစားရပါဘူး။
တစ်ခါတလေ ပြောချင်တဲ့အကြောင်းအရာကို ကျွန်မက အတိအကျကြီးသိပြီးသားဖြစ်နေပေမဲ့ ကျွန်မရဲ့ဦးနှောက်က အင်္ဂလိပ်လိုအရင်ထုတ်ပေးပြီးနောက်မှ နော်ဝေ၊ ဂျိန်းဖော၊တစ်ခါတလေမှာ မြန်မာဘာသာစကားတွေတစ်ပြိုင်နက်တည်း ခေါင်းထဲကို ရောက်လာတတ်ပါတယ်။ ပြီးတော့ အဲဒီအထဲက ဘယ်ဘာသာစကားကို အရင်ထုတ်ပြောရမလဲဆိုတာကို ကျွန်မရဲ့ ဦးနှောက်က ရွေးချယ်နေရပါတယ်။ တစ်ခါတလေ ပြောချင်တဲ့စကားလုံးကို ရှာတွေ့ပါတယ်။ ဒါပေမယ့် ပြောချင်တာမဟုတ်တဲ့ သို့မဟုတ် မှားတဲ့ ဘာသာစကားနဲ့ အရင်ထွက်လာပါတယ်။
ကျွန်မပြောတာကို နားထောင်နေတဲ့အချို့လူတွေကတော့“သူ ဘာသာပြန်နေတာပဲ”လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မအတွက်တော့ ဘာသာပြန်နေတာ မဟုတ်ပါဘူး။ ကျွန်မရဲ့ ဦးနှောက်က ဘာသာစကား (၄) မျိုးကြားမှာ မှန်ကန်တဲ့စကားလုံးကို ရှာဖွေနေရတာပါ။
သုတေသီတွေ ရှာတွေ့တဲ့ သုတေသနတွေမှာလည်း ဘာသာစကားနှစ်မျိုး (သို့) အများအပြား အသုံးပြုသူတွေရဲ့ ဦးနှောက်ဟာ ဘာသာစကားတွေကို သီးခြားစီ မသိုလှောင်ထားဘဲ၊ဘာသာစကားတစ်ခုထက်ပိုပြီး တစ်ပြိုင်နက်
တည်း အလုပ်လုပ်နေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ အဲဒီအချိန်မှာ ဦးနှောက်က လိုအပ်တဲ့ ဘာသာစကားကို ရွေးပြီး ကျန်တဲ့ဘာသာစကားတွေကို ခဏဖယ်ထားရပါတယ်။ ကျွန်မလို Dyslexia ရှိသူတစ်ယောက်အတွက်တော့ ဒီဖြစ်စဉ်ကို ပိုပြီး သတိထားမိစေပါတယ်။
တစ်ခါတလေ စကားလုံးက ချက်ချင်းထွက်လာပါတယ်။
တစ်ခါတလေတော့ စက္ကန့်အနည်းငယ် စောင့်ရပါတယ်။
တစ်ခါတလေ အင်္ဂလိပ်စကားလုံးက နော်ဝေးစကားလုံးထက် အရင်ထွက်လာပါတယ်။ အဲဒီအချိန်တွေမှာ ကျွန်မ စကားရပ်သွားတာဟာ
နားမလည်လို့ မဟုတ်ပါဘူး။ကျွန်မရဲ့ ဦးနှောက်က“ဘယ်ဘာသာစကားကို အရင်ပြောရမလဲ” ဆိုတာကို အလုပ်လုပ်နေတဲ့အချိန် ဖြစ်ပါတယ်။
အဲဒီ စက္ကန့်အနည်းငယ်လေးရဲ့ နောက်ကွယ်မှာလူတော်တော်များများ မမြင်နိုင်တဲ့ ကြိုးစားမှုတွေ ရှိနေပါတယ်။
💙 ဒါက ကျွန်မရဲ့ Dyslexia နဲ့ ဘာသာစကား (၄) မျိုးကြားမှာ နေ့တိုင်း ရှင်သန်နေရတဲ့ အတွေ့အကြုံပါ။
AI-assisted illustration. Story based on my real experience.
06/07/2026
အဲဒီစကားလုံးကို ကျွန်မသိပါတယ်။ ဒါပေမဲ့ ဦးနှောက်က တခြားဘာသာစကားနဲ့ အရင်ဆုံး ထုတ်ပေးလိုက်တယ်။
ကျွန်မ ဘာသာစကားလေးမျိုး ပြောတတ်ပါသည်။
🇬🇧 I am Jinghpaw
🇳🇴 Jeg er Jinghpaw ။
🇲🇲 ကျွန်မက ဂျိန်းဖောလူမျိုးပါ။
🟢 Ngai gaw Jinghpaw rai nngai.
ဘာသာစကားတစ်ခုကို သင်သိရင် စကားလုံးတွေက သဘာဝအတိုင်းဖြစ်လာမယ်လို့ လူအများစုက ထင်နေကြတယ်။ ကျွန်မအတွက်ကတော့ ဒီလိုမျိုး အမြဲတမ်းမဖြစ်ပါဘူး။ ကျွန်မသတိထားမိတဲ့အချက် ၂ခုရှိတယ်။
၁) တစ်ခါတရံမှာ ကျွန်မဦးနှောက်က ကျွန်မပြောချင်တာကို အတိအကျသိပေမယ့် စကားလုံးကို အခြားဘာသာစကားကနေ အရင်ထုတ်ပေးပါတယ်။
ဥပမာအနေဖြင့် ပြောပြရရင် နော်ဝေစကား "å ringe deg" ကိုဖတ်တဲ့အခါ ၎င်းသည် ဘာကိုဆိုလိုသည်ကို အတိအကျသိပါသည်။ ဒါပေမယ့် နော်ဝေဘာသာစကားအစား အင်္ဂလိပ်လို "to call you မင်းကို ခေါ်မယ်" လို့ ဦးနှောက်က ချက်ချင်းပြောလိုက်ပါတယ်။
၂) နောက်တစ်ခုသတိထားမိတာက ကျွန်မဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေက စကားလုံးအသံထွက်ပုံ ကွဲပြားသွားတာပါပဲ။
အင်္ဂလိပ်တွင် "ring" ကို အသံတစ်ခုတည်းထွက်ရပါတယ်။
Norwegian တွင် "ringe" တွင် syllable နှစ်ခုရှိသည်။ ဆိုလိုတာက “ringe” ကို “rin-ge (approximately RING-eh) ဆိုပြီး အသံ ၂သံထွက်ပြောရပါတယ်။
တစ်ခါတစ်ရံမှာ ကျွန်မရဲ့ ဦးနှောက်ဟာ စကားလုံးတစ်ခုကို အသံထွက်၊ မှတ်မိမို့ကြိုးစားတဲ့နေရာမှာ ပြန်လည်ရယူရန် ပိုမိုလွယ်ကူသည်ဟု ခံစားရသည့်ဗားရှင်းကို ရှာဖွေနေသလားလို့ ကျွန်မစဥ်းစားမိပါတယ်။ ဒါဘာတွေဖြစ်နေလဲဆိုတာကို အတိအကျမသိပေမယ့် ကျွန်မအမြင်အရတော့ အဲဒီလိုပဲ ခံစားရပါတယ်။
ဥပမာအနေနဲ့ပြောရရင်ကျွန်မဟာ နော်ဝေစကားကို နားမလည်တာ မဟုတ်ဘူး။ အဓိပ္ပါယ်ကို မေ့သွားတာလည်း မဟုတ်ဘူး။ စကားလုံးတစ်လုံးကိုကြားတဲ့အခါမှာ စကားလုံးရဲ့အဓိပ္ပါယ်က အရင်ရောက်တယ်။ ပြီးမှ နော်ဝေစကားလုံးရောက်လာတယ်။ ဆိုလိုတာက နော်ဝေစကားလုံးသည် ကြားတာနဲ့ တစ်ချိန်တည်းတွင် အမြဲရောက်မလာဘူး။
လူအများထင်မြင်တာက dyslexia သည် စာဖတ်ခြင်းနှင့် စာလုံးပေါင်းခြင်းကိုသာ အကျိုးသက်ရောက်သည်။ ကျွန်မအတွေ့အကြုံအရဆိုရင် dyslexia သည် အထူးသဖြင့် နေ့စဉ် ဘာသာစကားလေးမျိုးကြား စကားလုံးမှန်ကို အချိန်ကိုက် ရှာဖွေရာမှာလည်း သက်ရောက်မှုရှိပါတယ်။
ဒါဟာ လူတို့မြင်ခဲလှသည့် dyslexia ၏ မမြင်နိုင်သော အစိတ်အပိုင်းများထဲမှ အရာတစ်ခုဖြစ်သည်။
တကယ်လို့များ သင်ဟာ သင်ပြောချင်တာကို အတိအကျသိပေမယ့် စကားလုံးကို အချိန်မီပြန်မထုတ်နိုင်ခဲ့ဘူးဆိုရင် သင်တစ်ယောက်တည်းမဟုတ်ပါဘူးနော်။
တခါတရံ ကျွန်မတို့ရဲ့ ဦးနှောက်များသည် ၎င်းတို့ ချက်ချင်းဖော်ပြနိုင်သည်ထက် ပိုသိသည်။
💙ဒါတွေဟာ ဘာသာစကားပေါင်းစုံကမ္ဘာမှာ dyslexia ရှိသူတစ်ဦးအနေဖြင့်နေထိုင်နေတဲ့ကျွန်မရဲ့အတွေ့အကြုံဖြစ်သည်။
03/07/2026
ဘာသာစကား ၄ မျိုး ပြောနိုင်ပေမယ့်… စာရေးတာက ဘာကြောင့် ဒီလောက်ခက်နေရတာလဲ?
ကိုယ့်ကိုယ်ကိုယ် မကြာခဏ မေးမိတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ ငါဟာ "ဘာသာစကား ၄ မျိုး ပြောနိုင်နေရက်သားနဲ့၊ စာရေးရတာ ဘာကြောင့် ဒီလောက်ခက်နေရတာလဲ?" ကျွန်မက ကချင်၊ မြန်မာ၊ အင်္ဂလိပ်နဲ့ နော်ဝေ ဘာသာစကား ၄ မျိုးကို ပြောနိုင်ပါတယ်။ လူတော်တော်များများကတော့ ဘာသာစကားများများ ပြောနိုင်ရင် စာဖတ်တာ၊ စာရေးတာလည်း အလိုလို လွယ်ကူမယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ အဲဒီလို မဟုတ်ခဲ့ပါဘူး။
Dyslexia (စာဖတ်စာရေးအခက်အခဲ) ဆိုတာ ဘာသာစကားအသစ်တစ်ခု သင်ယူလိုက်ရုံနဲ့ ပျောက်သွားတာ မဟုတ်ပါဘူး။ Dyslexia ဟာ မိခင်ဘာသာစတင် သင်ယူမှုမှာကတည်းကရှိနေပါတယ်။ တကယ်တော့ ဘာသာစကားများစွာကို သင်ယူပြီး အသုံးပြုရတဲ့အခါ စိန်ခေါ်မှုတွေက ပိုတောင် ရှုပ်ထွေးလာနိုင်ပါတယ်။ ဘာသာစကားတိုင်းမှာ ကိုယ်ပိုင်စနစ်တွေ ရှိကြပါတယ်။
၁) မတူညီတဲ့ အရေးအသားစနစ် (Writing System)
၂) မတူညီတဲ့ အသံဖွဲ့စည်းပုံ (Phonology)
၃) မတူညီတဲ့ အသံထွက်ပုံ
၄) မတူညီတဲ့ စာလုံးပေါင်းစည်းမျဉ်း
၅) မတူညီတဲ့ သဒ္ဒါဝါကျဖွဲ့စည်းပုံ
၆) အဓိပ္ပာယ်တူ အကြောင်းအရာတစ်ခုကို ဖော်ပြပုံ မတူညီခြင်း
ဒီမတူညီတဲ့ဘာသာစကားတိုင်းရဲ့ စနစ်တွေကပဲ dyslexia ရှိသူ ဘာသာစကားအသစ်ကိုသင်ယူမှုမှာ မတူညီတဲ့စိန်ခေါ်မှုတွေပေးနိုင်ပါတယ်။
ကျွန်မဦးနှောက်က စကားလုံးအသစ်တွေကိုပဲ သင်ယူနေတာ မဟုတ်ပါဘူး။ ဘာသာစကားတစ်ခုချင်းစီရဲ့ စည်းမျဉ်းစနစ်တွေကြားမှာ အမြဲ ပြောင်းလဲအသုံးပြုနေရတာပါ။
တစ်ခါတစ်လေ ပြောချင်တာကို အတိအကျ သိနေတယ်။ ဒါပေမယ့် ဘာသာစကားမှန်တဲ့ စကားလုံးကို ရှာမတွေ့နိုင်ဘူး။ တစ်ခါတစ်လေ ဘာသာစကားတစ်ခုရဲ့ သဒ္ဒါစည်းမျဉ်းကို သိပေမယ့်၊ နောက်ဘာသာစကားတစ်ခုက ဝင်ရောက်သက်ရောက်လာတတ်တယ်။
တစ်ခါတစ်လေ စကားပြောရင် အတွေးကို ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်ပေမယ့်၊ စာရေးဖို့ကျတော့ တောင်တက်နေရသလို ခက်ခဲနေတတ်တယ်။ ဒါဟာ ကျွန်မ ဘာသာစကားကို မတတ်လို့ မဟုတ်ပါဘူး။
Dyslexia ရှိတဲ့ ဦးနှောက်က အသံတွေ၊ စကားလုံးတွေ၊ စာလုံးပေါင်းတွေ၊ သဒ္ဒါတွေနဲ့ အတွေးတွေကို တစ်ချိန်တည်းမှာ စီစဉ်လုပ်ဆောင်ရတဲ့အတွက် ပိုပြီး ကြိုးစားရုန်းကန်ရတာပါ။
နောက်ထပ် ကျွန်မ သဘောပေါက်လာတဲ့ အရေးကြီးတဲ့အချက်တစ်ခုကတော့… အထူးသဖြင့် dyslexia ရှိသူတွေအတွက်တော့ စကားပြောနိုင်တာနဲ့ စာရေးနိုင်တာဟာ တူညီတဲ့ ကျွမ်းကျင်မှု မဟုတ်ပါဘူး၊ စကားပြောနိုင်တာနဲ့ စာရေးနိုင်တာဟာ ထပ်တူကျရသည့် ကျွမ်းကျင်မှုမျိုးမဟုတ်ဘူးဆိုတာကိုပါ။
ကျွန်မက စကားဝိုင်းတစ်ခုကို နားလည်နိုင်တယ်။ တက္ကသိုလ်စာသင်ခန်းမှာ ဆရာပြောတာကို လိုက်နားလည်နိုင်တယ်။ ရှုပ်ထွေးတဲ့ အတွေးအခေါ်တွေကိုလည်း ဆွေးနွေးနိုင်တယ်။ ဒါပေမယ့် စာပိုဒ်တစ်ပိုဒ် ရေးဖို့၊ အတွေးတွေကို စနစ်တကျ စီဖို့၊ ကိုယ်ပြောချင်တာကို စာနဲ့ ဖော်ပြဖို့တော့ အခက်အခဲ ရှိနေတတ်ပါတယ်။
နှစ်ပေါင်းများစွာ ကျွန်မက…"ငါ မလုံလောက်ဘူး။ ငါ မတော်ဘူး။" လို့ ထင်ခဲ့ဖူးတယ်။ အခုတော့ မတူတဲ့အရာတစ်ခုကို နားလည်လာခဲ့ပါတယ်။ ကျွန်မဦးနှောက်က ဘာသာစကားကို လူအများနဲ့ မတူတဲ့နည်းလမ်းနဲ့ လုပ်ဆောင်နေတာပါ။ ဒီကွာခြားချက်က ကျွန်မကို သင်ယူခြင်းကနေ မတားဆီးပါဘူး။ ဒါဟာ သင်ယူဖို့ အချိန်ပိုလိုတယ်၊ ထပ်ခါထပ်ခါ လေ့ကျင့်ဖို့လိုတယ်၊ တစ်ခါတလေ အကူအညီပိုလိုတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။
အကယ်၍ သင်ဟာ Dyslexia ရှိပြီး ဘာသာစကားတစ်ခုထက်ပို ပြောနိုင်သူတစ်ယောက်ကို သိတယ်ဆိုရင်…သူတို့အတွက် စာရေးတာ လွယ်ကူနေမယ်လို့ မထင်လိုက်ပါနဲ့။ အပြင်ပန်းက ကြည့်ရင် အလွယ်တကူ လုပ်နိုင်သလို ထင်ရပေမယ့် အဲဒီနောက်ကွယ်မှာ နှစ်ပေါင်းများစွာ ကြိုးစားမှု၊ အလေ့အကျင့်နဲ့ လက်မလျှော့တဲ့ စိတ်ဓာတ်တွေ ရှိနေပါတယ်။
ကျွန်မ ရေးတဲ့ စာကြောင်းတိုင်းဟာ လူအများ မမြင်နိုင်တဲ့ ကြိုးစားအားထုတ်မှု၊ ရုန်းကန်ရမှုတွေ အများကြီး ရှိနေပါတယ်။ ဒါပေမယ့် အဲဒီလို အခက်အခဲတွေကြားကပဲ ဆက်ပြီး ကြိုးစားလေ့လာရေးနေတဲ့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပါတယ်။ 💙
Dyslexia-စာရေးစာဖတ်ခက်ခဲမှုနှင့် ကျွန်မရဲ့ဘဝခရီး
02/07/2026
AI ကိုအသုံးပြုခြင်းက ကျွန်မ သင်ယူမှုနည်းပါးတယ်လို့ မဆိုလိုပါဘူး✨
ယနေ့ခေတ်မှာ တက္ကသိုလ်များစွာမှ ကျောင်းသူ/သားများအား AI ကို သင်ယူမှုအထောက်အကူပြုကိရိယာတစ်ခုအဖြစ် အသုံးပြုခွင့်ပေးသည်။ သင်ယူမှုအတွက် အစားထိုးမည့်အစား လေ့လာသင်မှုအဖော်အဖြစ် အသုံးပြုခွင့်ပေးတာပါ
Dyslexia ရှိသည့် ကျောင်းသူတစ်ဦးအနေဖြင့် AI အသုံးပြုမှုနဲ့ပက်သက်ပြီး ကျွန်မသည် စိတ်မလုံခြုံမှုကို အမြဲတမ်းခံစားနေရဆဲဖြစ်သည်။
ကျွန်မအတွက် AI က အလုပ်လုပ်စေချင်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခါတလေ ကျွန်မ တွေးမိတာက “AIကို ကျွန်မ အလွန်အကျွံ မှီခိုနေသလား”ဆိုတာပါပဲ။
ကျွန်မသည် Grammarly၊ အဘိဓာန်များနှင့် အခြားရေးသားခြင်း အထောက်အပံ့များကဲ့သို့သော ကိရိယာများကို နေ့တိုင်းလိုလို အသုံးပြုပါသည်။ ၎င်းတို့သည် ကျွန်မအတွေးများကို စီစဉ်ရန်၊ ကျွန်မဦးနှောက်မှ ပြန်လည်ရယူရန် ရုန်းကန်နေရသော စကားလုံးများကို ရှာဖွေရန်နှင့် အတွေးအခေါ်များကို ပိုမိုရှင်းလင်းစွာ ဖော်ပြရန် အကူညီပေးပါသည်။
အချိန်အတော်ကြာအောင် ကျွန်မဟာ ကိုယ့်ကိုကိုယ်ကို ကျွန်မရဲ့အတန်းဖော်တွေနဲ့ နှိုင်းယှဉ်ပြီး ဘာကြောင့် စာရေးခြင်းသည် သူတို့အတွက် ပို၍ သဘာဝကျပုံပေါက်ပုံရသည်ကို တွေးတောမိပါသည်။ အဲဒီမှာ အရေးကြီးတာတစ်ခုအကြောင်း ကိုယ့်ကိုယ်ကို ပြန်သတိရမိတယ်။ Dyslexia ရှိတာခြင်းတူရင်တောင် လူပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် မတူညီတာတွေရှိိတယ်
အချို့သောသူများသည် စာဖတ်ခြင်းတွင် အဓိကအားဖြင့် ရုန်းကန်နေကြရသည်။
အခြားသောသူများသည် စာလုံးပေါင်း သို့မဟုတ် အရေးအသားဖြင့် ပို၍ ရုန်းကန်ရတတ်ပါသည်။
ထို့အပြင် dyslexia ရှိသူတို့ထဲမှာ အချို့သည် အချက်အလက်များကို မှတ်မိရန် အခက်အခဲများရှိခြင်း၊ ကျွန်ုပ်တို့၏ အတွေးများကို စုစည်းခြင်း သို့မဟုတ် ကျွန်ုပ်တို့ သိပြီးသား စကားလုံးများကို ရှာဖွေခြင်းကဲ့သို့သော နောက်ထပ်စိန်ခေါ်မှုများကို တွေ့ကြုံခံစားရပါသည်။
ဒါက ကျွန်အတို့မှာ စွမ်းရည်နည်းတယ်လို့ မဆိုလိုပါဘူး။
ဆိုလိုတာက ကျွန်မတို့ဟာ မတူညီတဲ့ ပံ့ပိုးမှုမျိုး လိုအပ်နိုင်တယ်လို့ ဆိုလိုပါတယ်။
AI က ကျွန်မကို လိုအပ်တဲ့ အကြံဉာဏ်တွေကို မပေးပါဘူး။
ကျွန်မရဲ့ဘဝအတွေ့အကြုံတွေကို မပေးပါဘူး။
ကျွန်မအတွက် စဉ်းစားပေးတာမျိုး မဟုတ်ပါဘူး။
အတွေးတွေက ကျွန်မရဲ့ အတွေးတွေပါပဲ။
ဇာတ်လမ်း(stories)တွေက ကျွန်မရဲ့ဟာပဲ။
AI က ကျွန်မရဲ့ဦးနှောက်က တစ်ခါတစ်ရံ စကားလုံးတွေနဲ့ ဖော်ပြဖို့ ရုန်းကန်နေရတာတွေကို ဖော်ပြဖို့ ကျွန်မကို ကူညီပေးပါတယ်။ ကျွန်မဟာ တခြားကျောင်းသူ/သားတွေထက် AI ပံ့ပိုးကူညီမှုတွေ ပိုလိုတာကြောင့် တစ်ခါတစ်ရံမှာ စိတ်မလုံခြုံဘူးလို့ ခံစားခဲ့ရတာ နှစ်တွေကြာလာပါပြီ။ ဒီနေ့မှာတော့ ကျွန်မ ဒါကို ကွဲပြားစွာ မြင်တတ်လာပါပြီ။
မှန်ကန်တဲ့ သင်ထောက်ကူပံ့ပိုးမှုကို အသုံးပြုခြင်းဟာ အားနည်းချက်ရဲ့ လက္ခဏာမဟုတ်ပါဘူး။ ဒါဟာ သင်ယူဖို့၊ ဆက်သွယ်ဖို့နဲ့ ပါဝင်ကူညီဖို့ အခွင့်အရေးကို ကိုယ့်ကိုယ်ကိုယ် ပေးစွမ်းနိုင်တဲ့ နည်းလမ်းတစ်ခုပါ။
ဥပမာအနေနဲ့ပြောရရင် မျက်မှန်တပ်ခြင်းက ကျောင်းသားတစ်ယောက်ယောက်ကို အတန်းထဲမှာ စာသင်ဘုတ်ကို မြင်နိုင်အောင် ကူညီပေးတယ်ဆိုရင်၊ အဲဒါကို လိမ်လည်မှုလို့ မခေါ်ပါဘူး။
မှန်ကန်တဲ့ သင်ယူမှုကိရိယာတွေကို အသုံးပြုခြင်းဟာလည်း အလားတူ နားလည်မှုနှင့် ထိုက်တန်ပါတယ်။
စာကြွင်း။ ။
ပုံမှာပြထားတဲ့ AI tools တွေကို ကျွန်မတက်နေတဲ့ကျောင်းက သုံးပြုခွင့်ပေးထားပါတယ်။ အထူးသဖြင့် * ဒီအမှတ်အသားပါတဲ့ Co-Pilot နှင့် GPT-UiO ကို သင်ကြားရေးအတွက် ဆရာ/မများ၊ ကျောင်းသူ/သားများ၊ ကျောင်းရဲ့ရုံးပိုင်းဆိုင်ရာနှင့် သုတေသနပြုအပိုင်းတွေအတွက် တရားဝင်အသုံးပြုခွင့်ပေးထားပါတယ်။
13/06/2026
စာရေး၊ စာဖတ်ခက်ခဲခြင်း၊ နိုင်ငံရွှေ့ပြောင်းနေထိုင်ခြင်း၊ မိခင်ဘဝနှင့် ပညာရေးတို့မှတစ်ဆင့် ကျွန်မသင်ယူခဲ့ရသော သင်ခန်းစာနောက်တစ်ခုမှာ …
သင့်အချိန်ဇယားကို အခြားသူတစ်ဦး၏ အချိန်ဇယားနှင့် မနှိုင်းယှဉ်ပါနှင့်။
အချို့လူများသည် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များကို လျင်မြန်စွာ ရောက်ရှိကြသည်။
ကျွန်ုပ်တို့ထဲမှ အချို့သည် အခြားသူများ မမြင်နိုင်သော စိန်ခေါ်မှုများကို သယ်ဆောင်ထားရသောကြောင့် အချိန်ပိုကြာပါသည်။
သင့်ခရီးတွင် လမ်းလွှဲများ ပါဝင်နိုင်သည်။
နောက်ပြန်ဆုတ်ခြင်းများ ပါဝင်နိုင်သည်။
တစ်ခါတစ်ရံတွင် သင်သည် နောက်ပြန်ဆုတ်နေသည်ဟုပင် ထင်ရနိုင်သည်။
သို့သော် သင်သည် တစ်ဆင့်ချင်းစီ ရှေ့သို့ဆက်သွားနေပါက သင်သည် တိုးတက်မှုကို ရရှိနေဆဲဖြစ်သည်။
ကျွန်မသည် ယနေ့တွင် ကျွန်မ၏ ပညာရေးကို ဆက်လုပ်နေပါသည်။ ကျွန်မ မည်မျှဝေးဝေးသွားနိုင်သည်ကို သိသောကြောင့် မဟုတ်ပါ။
သို့သော် ကျွန်မသည် dyslexia ရှိသူတသ်ယောက်အနေနဲ့ ကျွန်မဘယ်လောက်ဝေးဝေးသွားနိုင်မလဲဆိုတာကို စူးစမ်းလိုစိတ်ရှိသောကြောင့် ဖြစ်သည်။
📌 Note: The illustration accompanying this post was created with AI based on my personal journey and experiences.
12/06/2026
ကျွန်မမှာ dyslexia-စာရေး၊စာဖတ်ခက်တဲ့ရောဂါ/ပြဿနာရှိတယ်လို့ ပြောခံရတဲ့နေ့က dyslexia စရှိတဲ့နေ့ မဟုတ်ပါဘူး။
ကျွန်မရဲ့ အတိတ်က နောက်ဆုံးတော့ အဓိပ္ပာယ်ရှိလာတဲ့နေ့ပါ။
နှစ်ပေါင်းများစွာ ကျွန်မကိုယ်ကျွန်မ အပြစ်တင်နေခဲ့တယ်။
ဘာလို့ စာဖတ်ရတာ ပိုခက်တာလဲ။
ဘာလို့ စာရေးရတာ ပိုကြာတာလဲ။
ဘာလို့ လေ့လာ၊ သင်ယူမှတ်သားထားတဲ့အရာတွေကို ဒီလောက်လွယ်လွယ် မေ့သွားရတာလဲ။
ရောဂါရှာဖွေတွေ့ရှိခြင်းက အရာအားလုံးကို မှော်ဆန်ဆန် ဖြေရှင်းပေးနိုင်ခဲ့တာ မဟုတ်ပါဘူး။
ဒါပေမယ့် ကျွန်မ တစ်ခါမှ မကြုံဖူးတဲ့ အရာတစ်ခုကို ပေးစွမ်းခဲ့ပါတယ်။
ရှင်းပြချက်တစ်ခု။
တစ်ခါတစ်ရံမှာ နားလည်မှုက ကုစားမှုရဲ့ ပထမခြေလှမ်းပါပဲ။
📌 Note: The illustration accompanying this post was created with AI based on my personal journey and experiences.
11/06/2026
ကျွန်မရဲ့ ပညာရေးခရီးမှာ အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုကတော့ စာရေး၊ စာဖတ်ခက်တဲ့ရောဂါမဟုတ်ပါဘူး။
အချိန်ပါ⏰
ကျွန်မ English စာသင်ယူနေ၊ နော်ဝေဘာသာစကား သင်ယူနေ၊ မိသားစုတာဝန်တွေကို စီမံခန့်ခွဲနေ၊ ငယ်ရွယ်တဲ့ကလေးကို ပြုစုပျိုးထောင်နေခဲ့တယ်။
ပင်ပန်းနွမ်းနယ်နေတဲ့ ရက်တွေ အများကြီးရှိခဲ့တယ်။
ဒါပေမယ့် လှပတဲ့အရာတစ်ခုလည်း ရှိတယ်။
ကျွန်မ စာကျက်နေချိန်မှာ ကျွန်မရဲ့သမီးက သူရဲ့ကိုယ်ပိုင်စားပွဲလေးနဲ့ ကျွန်မဘေးမှာ စာထိုင်ရေးနေတတ်တယ်။
သမီးက ကျွန်မ စာဖတ်တာ၊ ရေးတာ၊ သင်ယူတာတွေကို ကြည့်ရတာ နှစ်သက်ခဲ့တယ်။ ကျွန်မကို ကျောင်းသွား ဘတ်စ်ကားမှတ်တိုင်မှာ အကြိုအပို့လုပ်ပေးရတာ၊ ကျောင်းစာမေးပွဲဖြေချိန်မှာ သမီးလေးက သူ့အဖေနဲ့ ကျွန်မရဲ့ ကျောင်းဝင်းထဲမှာ ကစား၊ ကားထဲမှာသူ့စာအုပ်လေးကိုဖတ်၊ ပုံဆွဲပြီးစောင့်နေရတာကိုလည်းကြိုက်တယ်။
ကျွန်မသတိမထားမိဘဲ သမီးလေးကအရေးကြီးတဲ့အရာတစ်ခုကို သင်ယူနေခဲ့တယ်။
လူဆိုတာ အသက်ကြီးလို့ လူကြီးဖြစ်လာတဲ့အခါမှာတောင် သင်ယူမှုဟာ ရပ်တန့်မသွားဘူးဆိုတာကိုပါ။
ကျွန်မတို့က ကျွန်မတို့ရဲ့ကလေးတွေကို စကားလုံးတွေနဲ့ပဲ သင်ပေးနေတာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့နေ့စဉ်လုပ်ကိုင်နေမှု၊ ပြောဆိုနေမှု စသည့်အရာတွေကနေ ကျွန်မတို့က သူတို့လေးတွေကို သင်ကြားမှုပေးနေပါတယ်။
📌 Note: The illustration accompanying this post was created with AI based on my personal journey and experiences.