29/03/2026
နိုင်ငံခြားမှာပညာသင်ချင်တဲ့သူတွေ Degree တစ်ခုရဖို့ပဲမဟုတ်ဘဲ Future Career အထိ Support ပေးနိုင်တဲ့ University ကိုရှာနေတယ်ဆိုရင် 👀
ဒီနေ့တော့ Netherlands မှာရှိတဲ့ Leiden University အကြောင်းကို ပြောပြပေးသွားမှာဘဲဖြစ်ပါတယ်
Leiden University က 1575 ခုနှစ်ကတည်းက စတင်တည်ထောင်ထားတဲ့ နယ်သာလန်ရဲ့ ရှေးအကျဆုံး University တစ်ခုဖြစ်ပြီး Europe မှာလည်း နာမည်ကြီးတဲ့ Research University တစ်ခုပါ။ Leiden နဲ့ The Hague မြို့တွေမှာ Campus ရှိပြီး International students တွေ အများကြီးတက်ရောက်နေကြတာလည်း ဖြစ်ပါတယ်။🌍
🎓 Study & Academic Strength
Leiden University မှာ Teaching Style က Research-based ဖြစ်ပြီး Critical thinking, Analytical skills နဲ့ Independent learning ကို အထူးအလေးပေးပါတယ် 📚
* Law & Political Science
* International Relations & Area Studies
* Humanities (History, Archaeology)
* Science & Medicine လို fields တွေမှာ အထူးသဖြင့် strong ဖြစ်ပြီး Research quality ကလည်း Europe level မှာ Top universities ထဲမှာပါဝင်ပါတယ် ✨
🏆 Ranking & Reputation
Leiden University က QS World University Rankings 2026 မှာတော့ အဆင့် (119) ရရှိထားပါတယ်။
ကမ္ဘာလုံးဆိုင်ရာ Ranking တွေမှာလည်း အမြဲတမ်း Top 100 – 150 ဝန်းကျင်မှာတည်ရှိနေပြီး Europe ထဲမှာလည်း ထိပ်တန်း research university တွေထဲပါဝင်ပါတယ်။
💰 Tuition & Living Cost
Leiden University မှာ Tuition Fees ကတော့�Non-EU students တွေအတွက် တစ်နှစ်ကို ကိုယ်ရွေးချယ်တဲ့ program ပေါ်မူတည်ပြီး ~€14,000 – €19,000 ဝန်းကျင်ကုန်ကျနိုင်ပါတယ်။
Master’s programs တွေကတော့ တစ်နှစ်ကို ~€17,000 – €23,000 ဝန်းကျင်ရှိနိုင်ပါတယ်။
Living cost အနေနဲ့ Netherlands မှာ တစ်လကို €900 – €1,400 ဝန်းကျင်ကုန်ကျနိုင်ပြီး Students တစ်ဦးနဲ့တစ်ဦးအလိုက် ကွာခြားနိုင်ပါတယ်။
🎓 Scholarships
Leiden University မှာ International students တွေအတွက် Scholarship options တချို့ရှိပါတယ်—
- Leiden University Excellence Scholarship (LExS)
- Erasmus+ Programme
- Holland Scholarship တို့လို programs တွေရှိပြီး mostly merit-based ဖြစ်ပါတယ်။
Scholarships တွေက Full funding မဟုတ်တာများပြီး Tuition fees ကို Partially support ပေးတဲ့အမျိုးအစားများဖြစ်ပါတယ်။
Overall ပြောရရင် Leiden University က Academic quality ကောင်းပြီး Ranking လည်း Stable ဖြစ်သလို Internationally recognized ဖြစ်ပါတယ်။
Research opportunities များပြီး International environment ကလည်း အရမ်းကောင်းတဲ့အတွက် Europe မှာ study လုပ်ချင်တဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့ Top university တစ်ခုဖြစ်ပါတယ် 🎓✨
ကဲဒါဆိုရင်တော့ နောက် Post တွေမှာပြန်တွေ့ကြမယ်နော်🤗🤗