03/12/2024
တောင်ကိုရီးယား သမ္မတက ရုတ်တရက် ထပြီး
စစ်အုပ်ချုပ်ရေး မာရှယ်လော ထထုတ်တယ်။ စစ်တပ်က လွှတ်တော် အမတ်တွေကို ဖမ်းဖို့ အထူးတပ်ဖွဲ့နဲ့ လွတ်တော်ထဲဝင်တယ်။ ပြည်သူတွေက လွှတ်တော်မှာ လာဝန်းရံကြတယ်။
စစ်သားတွေနဲ့ တိုးကြိတ်ထိပ်တိုက်တွေ့ကြတယ်။
စစ်သားတွေက တံခါးဖျက်ဝင်တယ်။ ပြည်သူတွေက တတ်စွမ်းသမျှ တားတယ်။ လွှတ်တော် ကျင်းပရာ နေရာက အဆောက်အဦးရဲ့ ၃ လွှာ ။ ၂ လွှာအထိ စစ်သားတွေ ဖောက်ဝင်လာကြတယ်။
လွှတ်တော်ဥက္ကဠက မဲခွဲဆုံးဖြတ်ဖို့ သတ်မှတ်အရေအတွက် အမတ် ၁၅၀ ပြည့်အောင် စောင့်တယ်။ အမတ် ၁၉၁ ယောက်ထိ ရောက်လာတယ်။ လွှတ်တော်ဘက်က သူလုပ်ရမဲ့ အဆင့်တိုင်းကို သေချာ စောင့်ပြီး လုပ်တယ်။ အကယ်၍ မဲခွဲမဆုံးဖြတ်ခင်မှာ စစ်သားတွေ အားလုံး လွှတ်တော်ထဲ ဖောက်ဝင်လာရင် လွှတ်တော် အမတ်တွေအကုန် အဖမ်းခံရနိုင်မဲ့အနေအထား။ ကံကောင်းစွာနဲ့ အချိန်မီ လွှတ်တော်က ရပ်တန့်နိုင်ခဲ့တယ်။ လွှတ်တော်ဘက်က သမ္မတကို အမိန့် ရုတ်သိမ်းပေးဖို့ အတည်ပြုချက် ထွက်လာတဲ့အချိန်မှာ သမ္မတက ချက်ခြင်း မရုပ်သိမ်းပေးဘူး။ မိနစ် ၂၀ ကျော် လောက် ကြာမှ စစ်သားတွေ လွှတ်တော် အပြင်ဘက်ကို တဖြည်းဖြည်းပြန်ထွက်သွားတာ တွေ့ရတယ်။ ပြည်သူက လည်း သဘောမတူ၊ အာဏာရှင်ဆန်တဲ့ လုပ်ရပ်အတွက်၊ သမ္မတအနေနဲ့ ရာထူးမှ ဖြုတ်ချခံရတာမျိုး သို့မဟုတ် ထောင်ဒဏ်ကျခံရနိုင်ချေရှိပါတယ်။ လက်ရှိ လွှတ်တော်က အနိုင်ရသွားပါပြီ။ တရားမဝင် လုပ်ဆောင်ချက်ဖြစ်ကြောင်း အမတ်အသီးသီးက သတင်းစာရှင်းလင်းပွဲလုပ်နေကြပါပြီ။ သမ္မတအနေနဲ့ နှစ်ပေါင်း ၄၅ နှစ်အကြာမှာ အခုလို အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခြင်းဖြစ်ပါတယ် ။ အခုလို ကြေညာမှုမျိုးက ယခင် ဘတ်ဂျောင်ဟီ သမ္မတလက်ထက် ၁၉၇၉ ခုနှစ်က နောက်ဆုံးကြေညာခဲ့ခြင်းဖြစ်ပါတယ်။ တစ်လက်စတည်း တောင်ကိုရီးယားနည်းပညာ ကုမ္ပဏီတွေရဲ့ စတော့ဈေးတွေ ထိုးကျနေပြီး လတ်တလော အနေအထားမှာ သမ္မတဘက်က ရှုံးနိမ့်သွားတယ်လို့ ယူဆလို့ရပါတယ်။ နက်ဖြန် အခြေအနေ ဆက်လက် စောင့်ကြည့်ရပါမယ်။
#တောင်ကိုရီးယား
#2024.12.04