17/04/2024
နှစ်သစ်ဆုတောင်း
မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ သက်ဆုံးတိုင်
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ်ဆာအယူရှိသော သူတို့၏ ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှ ကင်းဝေးကြပါစေရန် ဆုတောင်းမေတ္တာပို့သပါသည်။
မိသားစု ဆွေမျိုး ဆရာသမား မိတ်ဆွေ အပေါင်းအသင်းသူငယ်ချင်းများအပါအဝင်
မြန်မာပြည်သူပြည်သားအားလုံး....
ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ....။
ဦးဌေးရွှေ { NATION 7 }