Ma Yoe Naing Taw Ya Ta Myar

Ma Yoe Naing Taw Ya Ta Myar

Share

ရသစာစုနှင့်သီချင်းများတရားဓမ္မများ
စိတ်ခွန်းဖြည့်ဟောပြောချက်များ

02/06/2026

ချမ်းသာဖိုဆိုရင်

02/06/2026

ဒုံမင်းလက်သံလေးကိုကြိုက်တဲ့သူရှိလား
#မင်္ဂလာပါ #ဗဟုသုတ #သုတရသ #ဒုံမင်း

02/06/2026

အဖိုးတန် စကားသုံးခွန်းရဲ့ အဓိပ္ပါယ်

ရှေးလူကြီးသူမတွေ ဆိုဆုံးမလေ့ရှိတဲ့ တန်ဖိုးကြီး စကားသုံးခွန်း ရှိပါတယ်။ တကယ်ကို အနှစ်သာရရှိပြီး လိုက်နာကျင့်သုံးသင့်တဲ့ စကားတွေဆိုလည်း မမှားပါဘူး။

အဲ့ဒါကတော့....
(၁) မျက်စိကြီးရမယ်။
(၂ ) လျှာတိုရမယ်။
(၃) နားရွက်ရှည်ရမယ်။ ဆိုတဲ့ စကားတွေပဲ ဖြစ်ပါတယ်။

ဒီစကားသုံးခွန်းရဲ့ အဓိပ္ပါယ်ကိုလည်း ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။

(၁) " မျက်စိကြီးရမယ် "

မျက်စိကြီးရမယ် ".... ဆိုတာ မျက်လုံးကြီး မျက်လုံးပြူးတာကို ပြောတာ မဟုတ်ပါ။ အမြင်ကျယ်ရမယ် အကောင်းမြင်စိတ် ရှိရမယ်လို့ ဆိုလိုတာပါ။

အမြင်ကျယ်တဲ့သူဟာ ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူတစ်ယောက်ဖြစ်လာသလို ရင့်ကျက်လာပြီး မျှတတဲ့အတွေးအမြင်လည်း ရှိလာပါတယ်။

(၂) " လျှာတိုရမယ် "

" လျှာတိုရမယ်....ဆိုတာ ပကတိ လျှာတိုတာကို ပြောတာ မဟုတ်ပါ။ မပြောသင့်တာကို မပြောတာ၊ နေရာတကာ ဝင်မပါတာ၊ စကားကို စည်းကမ်းရှိရှိနဲ့ မှန်ကန်တဲ့ စကားကို ပြောရမယ်လို့ ဆိုလိုတာပါ။

ကိုယ့်ကို ယုံကြည်လို့ ပြောလာတဲ့စကားတွေကို အခြားတစ်ဖက်ဆီ သယ်မသွားရဘူး။ အဲ့ဒီစကားက ကို့ဆီမှာပဲ နားထောင်နဲ့ အဆုံးသ,တ်ပါ။

(၃) " နားရွက်ရှည်ရမယ် "

" နားရွက်ရှည်ရမယ် ...ဆိုတာ တစ်ဖက်သားရဲ့ ပြောစကားကို နားထောင်ပေးရမယ်။ ကိုယ်ပြောချင်တာကို အတင်းဇွတ် ပြောနေတာမျိုး မဟုတ်ပဲ တစ်ဖက်သားရဲ့ အမှားအမှန် စကားကို နားထောင်ပေးတတ်သူ ဖြစ်ရမယ်လို့ ဆိုလိုတာပါ။

အပြောကောင်းသူဟာ နားထောင်တတ်တဲ့သူတစ်ယောက် ဖြစ်အောင် လေ့ကျင့်ခဲ့လို့ပါ။ နားထောင်ခြင်းက သင့်ကို ပိုပြီးအကျိုးရှိစေပါတယ်။

ဒါကတော့ ရှေးလူကြီးသူမတွေ ဆိုဆုံးမခဲ့တဲ့ တန်ဖိုးကြီး စကားသုံးခွန်းပဲဖြစ်ပါတယ်.......။

with respect - crd


01/06/2026

တချို့လူတွေရဲ့အတွေးခေါ်က

01/06/2026

လိမ္မာလိုက်တာနော် လူတောင်ကိုင်စရာမလို
#မင်္ဂလာပါ #သုတရသ #ဗဟုသုတ

01/06/2026

တန်ရာတန်ရာပေါ့

01/06/2026

ဦးဗေပြောတဲ့အမှန်တရား
#မင်္ဂလာပါ #ဗဟုသုတ #သုတရသ

01/06/2026

မိဘဆိုတာ
သားသမီးအတွက် အသက်ရှင်ပေးနေတဲ့ လူတွေပါ။

ကိုယ်စားမစားရလည်း
သားသမီးကိုတော့ ဝအောင်ကျွေးတယ်။
ကိုယ်မဝတ်ရလည်း
သားသမီးကိုတော့ လှလှပပဝတ်စေချင်တယ်။
ကိုယ်အိပ်မပျော်ရတဲ့ညတွေ ဘယ်လောက်များခဲ့မှန်းမသိပေမယ့်
သားသမီး အေးအေးချမ်းချမ်း အိပ်ပျော်နေတာကိုပဲ ကြည့်ပြီး ပျော်နေတတ်ကြတယ်။

ငယ်ငယ်တုန်းက
ဖျားနာတဲ့ညတွေမှာ
ကိုယ့်ဘေးကနေ မအိပ်ဘဲ ပြုစုခဲ့တဲ့သူက မိဘပါ။
ကိုယ်လမ်းလျှောက်တတ်ဖို့
လက်တွဲခေါ်ပေးခဲ့တာလည်း မိဘပါ။
ကိုယ်ကျောင်းတက်နိုင်ဖို့
ချွေးနဲ့ရင်းပြီး အလုပ်လုပ်ခဲ့တာလည်း မိဘပါ။

ဒါပေမယ့်…
သားသမီးတွေ ကြီးလာတဲ့အချိန်မှာ
မိဘရဲ့ပင်ပန်းမှုတွေကို မေ့သွားကြတယ်။
မိဘရဲ့မျက်နှာပေါ်က အရေးအကြောင်းတွေကို
အသက်ကြီးလာလို့လို့ပဲ ထင်ကြတယ်။
တကယ်တော့
အဲဒီအရေးအကြောင်းတိုင်းမှာ
သားသမီးအတွက် ပူပန်ခဲ့ရတဲ့နေ့တွေ ရှိတယ်။

တစ်ချို့မိဘတွေဆို
သားသမီးအဆင်ပြေဖို့
တစ်နေ့လုံး နေပူထဲမှာ အလုပ်လုပ်ကြတယ်။
ညရောက်တော့ ခါးနာလို့ မထနိုင်တော့ဘူး။
ဒါပေမယ့်
“ငါ့သားလေး… ငါ့သမီးလေး အဆင်ပြေရင်ရပြီ” ဆိုတဲ့စိတ်နဲ့
ဆက်ပြီးသည်းခံနေကြတယ်။

လောကမှာ
မိဘမေတ္တာလောက် အနစ်နာခံတဲ့မေတ္တာ မရှိသလောက်ရှားပါတယ်။
ကိုယ်အမှားလုပ်မိရင်တောင်
အပြစ်မမြင်ဘဲ ခွင့်လွှတ်ပေးနိုင်တာ မိဘပဲရှိတယ်။
ကိုယ်လောကကြီးက ပစ်ထားသလိုခံစားရတဲ့အချိန်မှာတောင်
ကိုယ့်ဘက်မှာ အမြဲရပ်ပေးနေတဲ့သူက မိဘပါ။

ဒါကြောင့်…
မိဘရှိနေတုန်း ဂရုစိုက်ပေးပါ။
စကားလေးနူးနူးညံ့ညံ့ပြောပေးပါ။
သူတို့စိတ်မကောင်းဖြစ်စေမယ့် စကားတွေ မပြောမိပါစေနဲ့။

တစ်နေ့နေ့မှာ
“ကျေးဇူးဆပ်ချင်ပါတယ်” ဆိုတဲ့စကားကို
ပြောခွင့်မရတော့တဲ့အချိန် ရောက်လာနိုင်တယ်။
အဲဒီအချိန်ကျမှ နောင်တရနေရတာထက်
ရှိနေတုန်း ချစ်ပေးလိုက်ပါ။

မိဘကျေးဇူးဆိုတာ ပေးဆပ်လို့တောင်
မကုန်နိုင်တဲ့ အကြွေးတစ်ခုပါ🙏🤍✨🍀🍀

#မိဘကျေးဇူး🙏💖 #မိဘရှိနေတုန်းတန်ဖိုးထားပါ #မိဘမေတ္တာ #ကျေးဇူးဆပ်ကြပါ #ဘဝသင်ခန်းစာ #ခံစားချက်စာစု #အတွေးခေါ်ဗဟုသုတစာပေ
#ကောင်းခြင်းတွေနဲ့ပြည့်စုံပါစေ

31/05/2026

အမေကမိတ်ဆွေကောင်းပဲ

31/05/2026

တက်နင်းမဲ့သူကခက်များများ

Want your school to be the top-listed School/college in Puchong?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Jalan Meranti Jaya 15
Puchong
47120