Chue Myat Thwe

Chue Myat Thwe

Share

A member of APEX Global Community
Whatsapp / Viber : +959791873821

Photos from Chue Myat Thwe 's post 30/04/2026

🇸🇬 Singapore is Calling 🤙

May Intake အတွက် Study + Paid Internship Program ကို
Diploma in Hospitality & Tourism Management အပိုင်းနဲ့ Join ကြတဲ့
ကျောင်းသားနှစ်ယောက်ရဲ့ Singapore Journey 🌏✨

အသစ်အဆန်းတွေ၊ အတွေ့အကြုံအသစ်တွေ၊
အနာဂတ်အတွက် အခွင့်အလမ်းတွေကို လက်တွေ့ ရှာဖွေလိုက်ပါ ✨

Photos from Chue Myat Thwe 's post 24/04/2026

Day Trip of Kingston International College International Student Visa Holders > a trip Kampong Glam , Singapore

17/04/2026

မြန်မာ့နှစ်သစ်ကူး အချိန်သမယမှာ 🙏✨
၇ရက်သားသမီးနှင့် ပြည်ပထွက်ချင်သူများ၊ ပြည်ပရောက်မြန်မာများအားလုံး လိုအပ်သော ဆန္ဒများပြည့်ဝပြီး ရည်မှန်းချက်များ အောင်မြင်နိုင်ကြပါစေ။

ပြည်ပထွက်ချင်သူများအတွက်
အခွင့်အလမ်းကောင်းများ လွယ်ကူချောမွေ့စွာ ရရှိပြီး
မိမိရည်ရွယ်ရာနိုင်ငံသို့ လုံခြုံစိတ်ချစွာ
အမြန်ဆုံး ရောက်ရှိနိုင်ကြပါစေ။

ပြည်ပရောက်နေသူများအတွက်လည်း
အလုပ်အကိုင်အဆင်ပြေ၊ ဝင်ငွေတိုးတက်ပြီး
မိသားစုနှင့် အတူတကွ ပျော်ရွှင်ချမ်းမြေ့စွာ
ဘဝကို တိုးတက်ကောင်းမွန်အောင် တည်ဆောက်နိုင်ကြပါစေ။

နှစ်သစ်မှာ
စိတ်သစ်၊ အားသစ်၊ မျှော်လင့်ချက်သစ်များနဲ့
ဘဝတစ်ခုချင်းစီ ပိုမိုတောက်ပလာပါစေ 🌿

အခက်အခဲတွေကို ကျော်ဖြတ်ပြီး
ကိုယ့်အိမ်မက်တွေကို အမှန်တကယ် ​ဖြစ်မြောက်လာတဲ့နှစ်တစ်နှစ်ဖြစ်ပါစေ။

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
မင်္ဂလာနှစ်သစ်ပါ 🎉🇲🇲

16/04/2026

အိမ်ပြန်ဖို့ ကြိုးစားရင်း အိမ်နဲ့ ဝေးကွာလာတဲ့ အိမ်ပြေးဌက်တွေ🕊

စင်ကာပူနိုင်ငံသားတယောက် တင်ထားတဲ့စာလေးကို သဘောကျမိလို့ပါ။ တချိန်တည်းမှာပဲ ဝမ်းနည်းမိပါတယ်။

ဒီနေ့ မြန်မာနိုင်ငံက ခရီးသည်တစ်ယောက်နဲ့ ဆုံခဲ့တယ်။

သူမက အသက် ၂၄ နှစ်ရှိပြီး သန့်ရှင်းရေးဝန်ဆောင်မှုလုပ်ငန်းမှာ လုပ်ကိုင်နေတယ်လို့ ပြောပြပါတယ်။

"ဝါး... မင်းရဲ့ အင်္ဂလိပ်စာက တော်တော်ကောင်းတာပဲ။"

ခရီးသည် - "သမီး တက္ကသိုလ်တက်နေတာ တစ်ဝက်နဲ့ ရပ်လိုက်ရတာ။ ပိုက်ဆံမရှိတာရယ်၊ ပြည်တွင်းမှာ စစ်ဖြစ်နေတာရယ်ကြောင့် အရှုံးပေးလိုက်ရတာပေါ့။"

ကျမ - "အော်... ဒီကို အလုပ်လာလုပ်ဖို့ အေးဂျင့်ကို ပိုက်ဆံအများကြီး ပေးခဲ့ရလား။"

ခရီးသည် - "ဟုတ်ကဲ့၊ သမီး လစာရဲ့ ၆ လစာတောင် ပေးခဲ့ရတာ 😭 တစ်လကို ဒေါ်လာ ၅၅၀ ဆိုတော့ စုစုပေါင်း ၃,၃၀၀ ပေးခဲ့ရတယ်။"

ကျမ - "ဟာ... များလှချေလား။"

ခရီးသည် - "ဟုတ်တယ်.. တော်တော်များတယ်နော် ဟဲဟဲ။ တစ်ခါတလေ O.T ဆင်းရင်တော့ ၆ ဒေါ်လာလောက် ပိုရပါတယ်။ ဒါပေမဲ့ တစ်နေ့ကို အိမ် ၈ အိမ်လောက် သွားရတာဆိုတော့ သေမတတ်ပဲ.. တော်တော်ပင်ပန်းတယ်။"

ကျမ - "တကယ်ကို များတာပဲ.. အဲဒီပိုက်ဆံတွေကို မြန်မာပြည်ပြန်ဖို့အတွက် စုထားတာလား။"

ခရီးသည် - "မဟုတ်ဘူး.. ပြန်မရတာ ၃ နှစ်တောင် ရှိပြီ။ အခုပြန်သွားရင် နောက်တစ်ခါ ပြန်လာလို့ မရတော့မှာ ကြောက်လို့။"

ကျမကို အံ့သြစေတာကတော့ တစ်လမ်းလုံး သူမဟာ အတော်ကို တက်ကြွရွှင်လန်းနေတာပါပဲ။ သူမက ပြုံးပြုံးရွှင်ရွှင်နဲ့ ဘဝအကြောင်းကို အေးအေးဆေးဆေးပဲ ပြောပြနေခဲ့တာ။

သူမ အဲဒီလိုပြောလိုက်ပြီးတဲ့နောက် ကျမ ခဏလောက် ငြိမ်သွားမိတယ်။

ဒီလိုစကားဝိုင်းမျိုးတွေက ကျမတို့ကို တစ်ခု သတိပေးနေသလိုပါပဲ။ ကျမတို့ စင်ကာပူမှာ နေထိုင်နေရတဲ့ ဘဝမျိုးကို ရဖို့အတွက် လူအများကြီးဟာ မဖြစ်မနေ ကြိုးစားအားထုတ်နေကြရတယ်ဆိုတာပါပဲ။

သူမဟာ စစ်ပွဲတွေကြောင့် မိခင်နိုင်ငံကနေ ထွက်ခွာလာခဲ့ရတယ်။

ဒီကိုလာဖို့အတွက် ၆ လစာ ပေးခဲ့ရတယ်။ နောက်ပြီး ထွက်သွားရင် ပြန်လာလို့ မရတော့မှာ စိုးရိမ်တာကြောင့် မိသားစုနဲ့ မတွေ့ရတာ ၃ နှစ်တောင် ရှိခဲ့ပြီ။

ဒါပေမဲ့ သူမကတော့ ရွှင်လန်းနေဆဲပါပဲ။

ဒါဟာ ကျမတို့ ပိုင်ဆိုင်ထားတဲ့ အရာတွေအပေါ် ဘယ်လောက်တောင် တန်ဖိုးမထားမိဘဲ နေခဲ့သလဲဆိုတာကို နားလည်စေခဲ့ပါတယ်။ ဘေးကင်းလုံခြုံမှု၊ တည်ငြိမ်မှုနဲ့ ချစ်ရတဲ့သူတွေဆီ အချိန်မရွေး ပြန်နိုင်တဲ့ အခွင့်အရေးတွေပေါ့။

• တစ်ခါတလေ ကျမတို့ ငြီးငွေ့ပြီး စွန့်ခွာချင်နေတဲ့ ဘဝဟာ တစ်ခြားတစ်ယောက်အတွက်တော့ အိမ်မက်မက်နေရတဲ့ ဘဝမျိုး ဖြစ်နေတတ်ပါတယ်။

• ကျမတို့ အလေးမထားမိတဲ့ လူတွေဟာ တစ်ခြားတစ်ယောက်အတွက်တော့ တွေ့ခွင့်ရဖို့ နှစ်ပေါင်းများစွာ ကြိုးစားနေရတဲ့သူတွေ ဖြစ်နေတတ်ပါတယ်။

ပြီးတော့...
• ဘဝရဲ့ တကယ့်ချမ်းသာကြွယ်ဝမှုဆိုတာ ကျမတို့ ပိုက်ဆံဘယ်လောက် ရှာနိုင်သလဲဆိုတာ မဟုတ်ပါဘူး။

• ဘယ်သူ့ဆီကို အိမ်ပြန်ခွင့်ရနေသေးသလဲ ဆိုတာပါပဲ။

အပတ်စဉ် ဗုဒ္ဓဟူးနေ့လေးမှာ ပျော်ရွှင်ပါစေ။

အချိန်တွေကို အလျင်စလို ဖြတ်သန်းမပစ်လိုက်ပါနဲ့... သင် နေ့တိုင်း ရရှိနေတဲ့ အခိုက်အတန့်လေးတွေကို ရဖို့အတွက် တစ်စုံတစ်ယောက်က နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေရတာမျိုး ဖြစ်နိုင်လို့ပါ။ 💛

#စင်ကာပူ #စလုံး

Photos from Chue Myat Thwe 's post 10/04/2026

ပြည်ပထွက်ချင်သူတွေရဲ့ ဘဝတစ်ဆစ်ချိုးအပိုင်းကို ကူညီပေးနေရတာမလို့ Feedback ကောင်းကောင်းလေးတွေ ရရင်တော့ That makes my day ပါပဲ 💙

Stress တွေများနေတတ်ပေမယ့် လူကောင်းတွေကိုတွေ့ပြီး သူတို့ကို ပိုကောင်းတဲ့ဘဝတစ်ခုရအောင် ကူညီပေးနိုင်တာကတော့ တကယ်ကို Proud of myself ပါ ✨

ကိုယ်လုပ်နေတဲ့အလုပ်က တန်ဖိုးရှိတယ်လို့ ခံစားရတဲ့အချိန်တိုင်း ပိုပြီးကြိုးစားချင်လာတယ် 🐳

ယုံကြည်ပေးလို့လဲ ကျေးဇူးပါရှင်

Photos from Chue Myat Thwe 's post 10/04/2026

ပြည်ပရောက်နေတဲ့ မြန်မာတွေအတွက် လက်ရှိအလုပ်ကနေ အလုပ်ပြောင်းချင်တယ်ဆို အလုပ်ပြောင်း လတ်မှတ်တခုကို အတန်းကြေးမရှိ စာမေးပွဲကြေးသာ သွင်းပြီး အလုပ်ပြောင်းလတ်မှတ် ယူထားလို့ရပြီရှင့်

တလချင်းစီ Major အလိုက် သင်ကြားပေးတာဖြစ်သည့်အတွက် တလချင်းစီး Certificate ယူထားနိုင်ပါပြီ

🎓 Diploma in Business and Sales Management (စီးပွားရေးပိုင်း)
🎓 Diploma in Hospitality and Tourism Management (ဟိုတယ်ပိုင်း)

Diploma ရပြီး သူများအနေဖြင့် Singapire/ Malaysia နိုင်ငံတွေမှယ အလုပ်သင်ကို Agentခ မရှိ တိုက်ရိုက် လျောက်ထားခွင့် ရှိပြီနော်

08/04/2026

မြန်မာပြည်က လူငယ်တွေအနေနဲ့ ပြည်ပကို ထွက်ဖို့ စိတ်ကူးထားတယ်ဆို အတွေ့အကြုံလဲ မရှိ၊ ပြည်ပကိုလဲ ထွက်ချင်တယ်၊ ကုန်ကျစရိတ်ကိုလဲ အများကြီး မကုန်ကျနိုင်ဘူးဆိုရင် လက်ရှိအခြေအနေမှာ စဉ်းစားသင့်တာကဘာသာစကား Basic Englishလောက်နဲ့ ပြည်ပထွက်လို့ရတဲ့ မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေရှိပါမယ်

အတွေ့အကြုံမရှိတဲ့သူတွေအတွက်လဲ သွားလို့ရတဲ့ သင်တန်းတက် လစာရအလုပ်သင်ဆိုတာ ( Study + Paid Internshi) တရားဝင် နေထိုင်ခွင့် (Student Visa) နဲ့ သွားနိုင်ပြီး ကုန်ကျစရိတ်လဲ အများကြီး မရှိဘဲ ပြည်ပရောက်နိုင်တဲ့ အခွင့်ရေးတခုဆိုလဲ မမှားဘူး။

ပြည်ပလုပ်ငန်းအတွေ့အကြုံလဲ ရနိုင်တဲ့အပြင် Diploma ဘွဲ့တစ်ခုလဲ ရမှာဆိုတော့
📌 မြန်မာမှာ အထက်တန်းအောင်ပြီးပြီးနောက် ပြည်ပထွက်ချင်သူတွေ၊ အတွေ့အကြုံမရှိသေးတဲ့ လူငယ်တွေ အတွက် ရွေးချယ်သင့်တယ်။
📌ဒါက လူငယ်တွေအတွက်သာ မဟုတ်ပဲ လက်ရှိ ပြည်ပထွက်ဖို့ စိတ်အားထက်သန်သူ၊ Career ပြောင်းချင်သူတွေပါ Try ကြည့်လို့ရတဲ့ Program တွေပါ။

🇲🇾 မလေးရှားနဲ့ 🇸🇬 စင်ကာပူမှာ ဘယ်နိုင်ငံကို ရွေးချယ်မလဲဆိုတာက ကိုယ်ရဲ့ ရည်ရွယ်ချက်ပေါ်မူတည်တယ်—

✅ ကုန်ကျစရိတ်သက်သာချင်တယ် / နေထိုင်မှု အဆင်ပြေချင်တယ်ဆိုရင် — မလေးရှား🇲🇾
ပြည်ပထွက်ဖို့အဓိက နိုင်ငံအစွဲမရှိဘူး၊ နေစရိတ်စားစရိတ် အပါအဝင် ကုန်ကျစရိတ်ကို သက်သာချင်တယ်ဆို မလေးရှားနိုင်ငံကို ဦးစားပေးရွေးချယ်သင့်ပါတယ်။
တရားဝင် Student Visa နဲ့နေပြီး အလုပ်လုပ်နိုင်တဲ့ အခွင့်အရေးတွေရှိတာကြောင့် ပြည်ပထွက်ချင်သူတွေအတွက် အကောင်းဆုံးနိုင်ငံပါ

ဒါ့အပြင်
Living Cost သက်သာတယ်
Cultureအရ အလွယ်တကူ အလိုက်သင့်နေနိုင်တယ်
English အသုံးပြုနိုင်တဲ့ Environment ရှိတယ်
Part-time / Internship အခွင့်အရေးတွေ ရနိုင်တယ်
ဒါကြောင့် ရေရှည်နေထိုင်ဖို့ စဉ်းစားထားသူတွေအတွက်လဲ သင့်တော်ပါတယ်။ Living Experience ကလဲ စင်ကာပူထက် မလျော့ပါဘူး။

✅ လစာမြင့်ချင်တယ် / Career Growth မြန်မြန်လိုချင်တယ်ဆိုရင် — စင်ကာပူ🇸🇬
စင်ကာပူကို သွားချင်တဲ့သူတွေထဲမှာ အတွေ့အကြုံမရှိလို့ Agent Fees မတတ်နိုင်တဲ့သူတွေအတွက်လဲ အရစ်ကျစနစ်နဲ့ အဆင့်ဆင့်ပေးသွင်းပြီး သွားနိုင်တဲ့ Program တွေရှိပါတယ်။

ဥပမာ —
Study + Paid Internship Program (သင်တန်းတက် + လစာရ အလုပ်သင်)
ဒီ Program တွေကနေ
စင်ကာပူမှာ အတွေ့အကြုံရမယ်
Industry Knowledge ရမယ်
Networking တည်ဆောက်နိုင်မယ်
Walk-in Interview တွေဖြေပြီး Full-time Job ရဖို့ အခွင့်အရေးရှိမယ်
ဆိုတာတွေကြောင့် Career တိုးတက်ဖို့ အခွင့်အရေးများပါတယ်။

💥 မလေးရှား🇲🇾က စင်ကာပူလို လစာမမြင့်နိုင်ပေမယ့် ကုန်ကျစရိတ်နည်းတဲ့အတွက် Balance ကောင်းပြီး နေပျော်တဲ့ နိုင်ငံတစ်ခု ဖြစ်တယ်။

💥 🇸🇬 စင်ကာပူနိုင်ငံအနေနဲ့တော့
နေစရိတ်စားစရိတ် မြင့်တယ်
Competition များတယ်
ကိုယ်တိုင် ကြိုးစားမှု အရမ်းလိုအပ်တယ်
ဒီအချက်တွေရှိတာကြောင့် Strong mindset နဲ့ ​ဖြစ်ဖို့ လိုပါတယ်။

✅ နောက်ဆုံးအနေနဲ့ကတော့ လက်ရှိ ကိုယ်တိုင်လဲ မလေးရှား🇲🇾 မှာမလို့
မလေးရှားက “Start လုပ်ဖို့ အကောင်းဆုံး”
စင်ကာပူက “Grow လုပ်ဖို့ အမြန်ဆုံး” ဆိုတာကတော့ သေချာပါတယ်

💫 ကိုယ်ရဲ့ Budget၊ Goal၊ Lifestyle ပေါ်မူတည်ပြီး မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ ကိုယ့်ရဲ့ အိမ်မက်တွေဆီ အရောက်သွားနိုင်ပါစေ🕯
ပြည်ပထွက်တာက ကိုယ့်ဘဝကို ပြောင်းလဲပေးနိုင်တဲ့ အခွင့်အရေးတစ်ခုဖြစ်တာကြောင့် သိချင်တာများရှိရင် Chat Boxကနေတဆင့် Free Consultation လုပ်ပေးတာမလို့ Warmly Welcome ပါ🙌

Photos from The APEX Stories's post 04/04/2026

ကိုယ့်ကျောင်းသားတွေ 🥰

Photos from Chue Myat Thwe 's post 03/04/2026

စင်ကာပူ🇸🇬 နဲ့ မလေးရှား🇲🇾 ဒီနိုင်ငံတွေမှာ တရားဝင်အလုပ်လုပ်ကိုင်ရင်း ​ပြည်ပအလုပ်အကိုင်ရရှိနိုင်မယ့် အခွင့်အရေး!

​ပြည်ပမှာ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရှာဖွေနေတဲ့ လူငယ်တွေအတွက် Study + Paid Internship (သင်တန်းတက် + လစာရ အလုပ်သင်) အစီအစဉ်နဲ့ တိုက်ရိုက်ခေါ်ယူနေပါပြီ။

​✨ ဘာကြောင့် ဒီ Program ကို ရွေးချယ်သင့်လဲ?

- ​တရားဝင်အလုပ်လုပ်ကိုင်နိုင်ခြင်း: ဗီဇာအရှုပ်အရှင်းမရှိဘဲ တရားဝင်နေထိုင်ခွင့် ဗီဇာဖြင့် စိတ်ချလက်ချ အလုပ်လုပ်နိုင်ခြင်း

- ​လစာရရှိခြင်း: အလုပ်သင်ကာလမှာတင် Internship Salary လစာအပြည့်ရရှိနိုင်ခြင်း

- ​အလုပ်အကိုင်အတွေ့အကြုံ: နိုင်ငံတကာအဆင့်မီ လုပ်ငန်းခွင် အတွေ့အကြုံတွေရရှိပြီး အနာဂတ်အတွက် ခိုင်မာတဲ့ Career Path တစ်ခု တည်ဆောက်နိုင်ခြင်း

- ​ကုန်ကျစရိတ်ကို တကြိမ်တည်းပေးစရာမလိုဘဲ အရစ်ကျ တဆင့်ချင်း သွင်းနိုင်ခြင်း

​Passport ရှိပြီးသားသူတွေအနေနဲ့ ယုံကြည်စိတ်ချရတဲ့ လမ်းကြောင်းကနေ အမြန်ဆုံးသွားချင်တယ်ဆို အခုပဲ လျှောက်ထားနိုင်ပါပြီ

အသေးစိတ်ကို စုံစမ်းချင်ရင်တော့...
📞 Viber: 09 791 873821
📞 Whatsapp/Telegram/Ph Call: 011-6088 1423

မလေးရှားရုံးခွဲသို့လည်း ကိုယ်တိုင် လာရောက်စုံစမ်းနိုင်ပါတယ်

#ပြည်ပ #ပြည်ပအလုပ်

Photos from The APEX Stories's post 25/03/2026

စင်ကာပူနိုင်ငံကို Internship Program နဲ့သွားပြီး Work Permit ရတယ်ဆို ကုန်ကျစရိတ်လဲသက်သာတယ် လစာလဲ ပိုများလာမှာဆိုတော့ Agentခအများကြီး မတတ်နိုင်ရင်တောင် အပြင်အလုပ်နဲ့သွားချင်သူတွေ Joinသင့်တယ်နော်

Photos from Chue Myat Thwe 's post 23/03/2026

🇸🇬 May intake အတွက် Visa Approve ဖြစ်ပြီး သွားကြရမဲ့ အမကျောင်းသား/သူတွေအတွက် စင်ကာပူကိုသွားဖို့ ပြင်ဆင်ထားလို့ရပြီရှင်📌

ပြည်ပကိုလဲ ထွက်ချင်တယ် အတွေ့အကြုံကလဲမရှိ ကုန်ကျစရိတ်အများကြီးလဲ မတတ်နိုင်ဘူးဆို
စင်ကာပူ 🇸🇬 မလေးရှား 🇲🇾 ကို

ဟိုတယ်ပိုင်း ✅
Customer Service ပိုင်း✅
အရောင်းပိုင်း✅ တွေကို စာတွေ့လက်တွေ့ သင်တန်းတက် လစာရအလုပ် Program တွေနဲ့သွားပြီး 1နှစ်ပြည့်တာနဲ့ 🎓 DIPLOMA ဘွဲ့ယူလို့ရပြီနော်

အသေးစိတ်သိလိုပါက WhatsApp ~ Viber ~ Telegram
📞 011-6088 1423 မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

✨ အခွင့်အရေးကို လက်လွတ်မခံပါနဲ့ ✨
​

#𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 #𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 #𝐅𝐫𝐞𝐞𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧

Want your school to be the top-listed School/college in Kuala Lumpur?

Click here to claim your Sponsored Listing.

Location

Address


Kuala Lumpur