02/06/2026
Edit- မရှိတော့ပါ။
အသိပေးခြင်း
# # # # # # # # # # # # # # #
ယခု အချိန် Pudu Station အနီး
ဂုံးကျော်တံတားအောက် တွင်
Block Check ရှိပါသဖြင့် MKO ရုံးသို့လာသောသူများ ဂရုစိုက်၍လာပေးပါရန်။
We need to be to stand all, as we have heard from our old great grandfathers. These are some factors and a brief history of the Malaysia Karen Organization.
History of Malaysia Karen Organization (MKO)
Any organization or society must have its own history and a strong desire to respond to and meet the fundamental needs of its members. For the sake of the needs and wishes of new generations to be fulfilled, and to maintain our dignity, it's important that our young people better understand our history. Doing this will equip our younger people to meet
02/06/2026
Edit- မရှိတော့ပါ။
အသိပေးခြင်း
# # # # # # # # # # # # # # #
ယခု အချိန် Pudu Station အနီး
ဂုံးကျော်တံတားအောက် တွင်
Block Check ရှိပါသဖြင့် MKO ရုံးသို့လာသောသူများ ဂရုစိုက်၍လာပေးပါရန်။
01/06/2026
အစည်းအဝေးဖိတ်ကြားခြင်း
-------------------------------
မလေးရှားရောက် ကရင်ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါ ။
မကြာမီကျရောက်လာတော့မည့် ကရင့်ရိုးရာဓလေ့ တစ်ခုဖြစ်သည့် လက်ချည်ပွဲကျင်းပမည့်အစီအစဥ်အတွက် အစည်းအဝေးကို အောက်ပါ အတိုင်းပြုလုပ်မည်ဖြစ်ပါ၍ လူကြီးမင်းအနေဖြင့် တက်ရောက်ဆွေးနွေးပေးပါရန် ဖိတ်ကြားအပ်ပါသည်။
28/05/2026
28/05/2026
Malaysia Karen Organization (MKO) မှ ဖွင့်လှစ်ခဲ့သော Manicure & Pedicure Course အောင်မြင်စွာ ပြီးမြောက်သွားခဲ့ပြီ ဖြစ်ပါသည်။ သင်တန်းကာလတစ်လျှောက် သင်တန်းသူများကို စိတ်ရှည်လက်ရှည်နဲ့ ပညာရပ်တွေ စနစ်တကျ သင်ကြားပေးခဲ့ကြတဲ့ ဆရာမနှစ်ဦး ကိုလည်း MKO နှင့် သင်တန်းသူများအားလုံးကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါသည်။
သင်တန်းကာလတစ်လျှောက် ကြိုးစားသင်ယူခဲ့ကြပြီး သင်တန်းဆင်းလက်မှတ်များ ရရှိခဲ့ကြသည့် သင်တန်းသူများအားလုံးအတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။တတ်မြောက်ထားသည့် ပညာရပ်များဖြင့် လုပ်ငန်းခွင်အတွင်း အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြပါစေကြောင်း MKO မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
26/05/2026
ရုံးပိတ်ရက်အသိပေးကြေညာခြင်း။
မလေးရှားနိုင်ငံ၏ အများပြည်သူရုံးပိတ်ရက်ဖြစ်သော ဟာရီးရာယာဟာဂျီ (Hari Raya Haji) နေ့နှင့်အညီ UNHCR ရုံး ပိတ်ထားမည်ဖြစ်ပါသောကြောင့် MKO ရုံး ကိုလည်း မေလ (၂၇) ရက် (ဗုဒ္ဓဟူးနေ့) တွင် တစ်ရက်ရုံးပိတ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
မေလ (၂၈) ရက် (ကြာသပတေးနေ့) တွင် ရုံးကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ပါသည်။
23/05/2026
"သင်္ဂြိုလ်ပြီးစီးခြင်း”
မလေးရှားနိုင်ငံ Cheras တွင်နေထိုင်သော (စောကြည်ထိုက် အသက်(၂၄) နှစ်သည် (၂၁/၀၅/၂၀၂၆) Ampang Hospital တွင်
ကွယ်လွန်သွားပါသဖြင့် ကျန်ရစ်သောရုပ်ကလပ်
ကို( ၂၃/၀၅/၂၀၂၆) စနေနေ့တွင် မီးင်္သဂြိုလ်ပြီးစီးခဲ့ပါသည်၊(စောကြည်ထိုက်) ၏နောက်ဆုံးခရီးကိုမေတ္တာပြလိုက်ပါပို့ဆောင်ပေးကြသော မိတ်ဆွေ၊သူငယ်ချင်းများနှင့်အဖက်ဖက်မှဝိုင်းဝန်းကူညီပေးသော နှလုံးလှပရဟိတနှင့်အဖွဲ့သူအဖွဲသူများအားလုံးကိုမိသားစုကိုယ်စား(MKO)မှအထူးပင်ကျေးဇူးတင်ရှိပါသည်။
🙏မိသားစုဝင်များနှင့်အတူ MKO မိသားစုမှထပ်တူထပ်မျှဝမ်းနည်းစွာဖြင့်(စောကြည်ထိုက်)ကောင်းရာဘုံဘဝကိုရောက်ရှိပါစေ။
21/05/2026
21/05/2026
ပညာတစ်ခုကို တကယ့်ကို စိတ်နှစ်ပြီး အသေးစိတ်ကအစ သေချာသင်ယူခဲ့ကြတဲ့ MKOမှ သင်တန်းသူလေးတွေရဲ့ စာမေးပွဲဖြေဆိုနေတဲ့ မှတ်တမ်းဓါတ်ပုံလေး ဖြစ်ပါတယ်။💅✨
15/05/2026
Date : 13/05/2026
MKO Office တွင် လာရောက်ထိမ်းမြားလက်ထပ်ခဲ့ကြသော ဇနီးမောင်နှံနှစ်ဦး၊ တစ်ဦးပေါ်တစ်ဦး သစ္စာတရားမြဲမြံစွာဖြင့် သက်ဆုံးတိုင် ရိုးမြေကျ ပေါင်းဖက်နိုင်ပါစေကြောင်းနှင့် ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာသည့် မိသားစုဘဝကို ထာဝရပိုင်ဆိုင်နိုင်ပါစေကြောင်း MKO မိသားစုမှ လှိုက်လှဲစွာ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
13/05/2026
အများဆိုင်ရာနေရာများတွင် စည်းကမ်းမဲ့စွာ အမှိုက်ပစ်ခြင်းများတွေ့ရှိပါက ဖမ်းဆီး (သို့) ဒဏ်ငွေဆောင်ခံရနိုင်
=======================================
ကျွန်တော်တို့မလေးရှားရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အများဆိုင်ရာနေရာ (Public Area) တွင် စည်းမဲ့ကမ်းမဲ့အမှိုက်မပစ်ကြဖို့ အထူးသတိပေးချင်ပါတယ်။
လွန်ခဲ့တဲ့အပတ်က Pudu Plaza ရှေ့မှာ မြန်မာနိုင်ငံသားတစ်ယောက် ဆေးလိပ်သောက်ပြီး အကျန်ကို စည်းကမ်းမဲ့ပစ်လိုက်တာကို ဒေသခံတွေတွေ့ပြီး ရဲတိုင်
လိုက်လို့ ဆေးလိပ်သောက်တဲ့သူအဖမ်းခံလိုက်ရတဲ့အဖြစ် ဖြစ်သွားခဲ့ပါတယ်။
Public Area မှာ အခုလို အမှိုက်တွေ စည်းမဲ့ကမ်းမဲ့ပစ်တာတွေကြောင့် နောက်ဆက်တွဲအနေနဲ့ တရားရုံးကနေ ဖုန်းဆက်အကြောင်းကြားလာမယ်၊ ဒဏ်ငွေ RM 1000 ကနေ RM 2000 အထိ ကျခံရနိုင်တယ်၊ ဒါ့အပြင် သန့်ရှင်းရေးအလုပ်ကို ၆ နာရီကနေ ၁၂ နာရီအထိ လုပ်ရနိုင်တဲ့အကြောင်း Community ခေါင်းဆောင်တွေကနေ တဆင့် ကြားသိရပါတယ်။
အဲ့ဒါကြောင့် မလေးရှားရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အများဆိုင်ရာနေရာတွေသာမက မိမိတို့နေထိုင်တဲ့မည်သည့်ပတ်ဝန်းကျင်မှာမဆို စည်းကမ်းမဲ့စွာ အမှိုက်မပစ်ကြဖို့ကို အသိပေးတိုက်တွန်းချင်ပါတယ်။
COBEM Info
30/04/2026
30/04/2026
💅💅
MKO ၏ အခြေခံခြေသည်း၊လက်သည်း အလှပြုပြင်သင်တန်းမှ မှတ်တမ်းဓါတ်ပုံအချို့။
29/04/2026
ရုံးပိတ်ရက်အသိပေးခြင်း။
၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့သည် "အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့" ဖြစ်ပါသဖြင့် MKO ရုံးအား (1-5-2026) မှ (2-5-2026) ရက်နေ့အထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
မေလ (4) ရက် (တနင်္လာနေ့) တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ပါသည်။
| Monday | 10:00 - 18:00 |
| Tuesday | 10:00 - 18:00 |
| Wednesday | 10:00 - 18:00 |
| Thursday | 10:00 - 18:00 |
| Friday | 10:00 - 18:00 |
| Saturday | 10:00 - 18:00 |
| Sunday | 10:00 - 16:00 |