Edu Ye

Edu Ye

Share

Malaysia Education, Educational Information and Scholarship Programs

12/06/2026

Malaysia Visa လျှောက်ပြီး EMGS Visa “30% ရောက်ပြီလား၊ 70% ရောက်ပြီလား၊ 100% ပြည့်ပြီလား” လို့ မေးတာ ကြားဖူးကြမယ် ထင်ပါတယ်။

ဒါက တကယ်တော့ Visa ကျဖို့ အခွင့်အလမ်းရာခိုင်နှုန်းကို လိုတိုရှင်း ပြောကြတာပါ။

Malaysia Student Visa ဆိုတာ တခြားနိုင်ငံတွေလို မြန်မာနိုင်ငံမှာရှိတဲ့ သံရုံးကနေတဆင့် လျှောက်ထားရတာ မဟုတ်ပါဘူး။ မိမိတက်ရောက်မည့် တက္ကသိုလ်/ကောလိပ်ကနေဆင့် Portal ကနေ လျှောက်ထားရတာပါ။ ကျောင်းသားဘက်မှ လိုအပ်တဲ့စာရွက်စာတမ်းများနှင့် EMGS Visa Fees သွင်းပေးယုံပါဘဲ။

✅ 15% ဆိုတာ EMGS Visa စလျှောက်ပြီး ကျောင်းဘက်မှ စာရွက်စာတမ်းနှင့် Visa Fees ကို EMGS ကို ပေးသွင်းပြီးကြောင်းပါ။

✅ 30% ဆိုတာ ကိုယ်ရဲ့ပညာရည်အချင်းများကို EMGS မှ အကဲဖြတ်စစ်ဆေးပြီးမြောက်တဲ့ အခြေအနေကို ရောက်ရှိတာပါ။ 35% ကို ရောက်ရှိတာနဲ့ EMGS Approval Letter ကို Download ပြုလုပ်နိုင်မှာဘဲဖြစ်ပါတယ်။

✅ 70% ဆိုတာ Immigration ဌာနမှ မိမိ၏ အချက်အလက်များကို စစ်ဆေးပြီးမြောက်တဲ့ အခြေအနေကို ရောက်ရှိတာဖြစ်ပြီး Electronic Visa Approval Letter (eVAL) ကို Download ပြုလုပ်နိုင်မှာဘဲဖြစ်ပါတယ်။

EMGS Visa 70% ရောက်ရှိပြီဆိုပါက မလေးရှားနိုင်ငံသို့ သွားရောက်နိုင်ပြီဖြစ်ပါတယ်။ မလေးရှားနိုင်ငံသို့ ရောက်ရှိပြီးပါက ပထမဆုံး EMGS နှင့် တရားဝင်ချိတ်ဆက်ထားသော ဆေးခန်းများတွင် ဆေးစစ်ခြင်းကို ပြုလုပ်ရပါမယ်။ ဆေးစစ်ခြင်းအောင်မြင်ပါက EMGS Visa 75% သို့ ရောက်ရှိပါမယ်။ ဆက်လက်ပြီး မိမိ Passport များကို ကျောင်းမှာ အပ်နှံပြီး စောင့်ဆိုင်းနေယုံပါ။

✅ 100% ဆိုတာကတော့ Immigration ဌာနမှ မိမိ၏ Student Visa ကို ရရှိပြီး Student Pass ကို ထုတ်ပေးတဲ့ အခြေအနေဖြစ်ပါတယ်။

သတိထားစရာအချက်တခုက မိမိ၏ EMGS Visa အခြေအနေများကို ရာခိုင်နှုန်းနှင့်သာမက အရောင်များဖြင့်လဲ ဖော်ပြထားပါတယ်။ အစိမ်းရောင်ဖြစ်နေရင် ပုံမှန်အခြေအနေဖြစ်ပါတယ်။ အဝါရောင်ကတော့ Visa မှာ လိုအပ်ချက်တခုခုရှိနေတာဖော်ပြတာဖြစ်ပါတယ်။ လိုအပ်ချက်ကို အောက်မှာ အသေးစိတ်ဖော်ပြပေးပါသည်။ အနီရောင်ကတော့ Visa Reject ဖြစ်တဲ့ အနေအထားဖြစ်ပါသည်။

မိမိ၏ EMGS Visa အခြေအနေများကို EMGS Hub Mobile App နှင့် EMGS Website မှတဆင့် တချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်ပါတယ်။

Malaysia နိုင်ငံမှာ ကျောင်းတက်မယ်လို့ စိတ်ကူးထားရင်တော့
👉🏻 ကျောင်းရွေးချယ်တာ၊ ကျောင်းလျှောက်တာကအစ Visa လျှောက်တဲ့အဆင့်နဲ့ Malaysia ကို ရောက်သွားတဲ့အထိ
✨ အစအလယ်အဆုံး တာဝန်ယူဆောင်ရွက်ပေးနေတဲ့ 𝐄𝐝𝐮 𝐘𝐞 ရှိပါတယ်ရှင်။

📩 စိတ်ဝင်စားလို့ အသေးစိတ် သိချင်တယ်ဆိုရင်တော့ 𝐄𝐝𝐮 𝐘𝐞 Messenger မှာ အခမဲ့ လာရောက်ဆွေးနွေးမေးမြန်းနိုင်ပါတယ်နော်။

📩 Page Messenger
📞 Phone / Viber / WhatsApp
👉 +959 4200 98532

𝗘𝗱𝘂 𝗬𝗲 - 𝗠𝗮𝗹𝗮𝘆𝘀𝗶𝗮 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲
☎ 09 4200 98532 (Viber, Whatsapp, Line)
📧 [email protected]


11/06/2026

သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းနှင့်

ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ်သင်တန်း လျှောက်လွှာခေါ်ယူခြင်း

09/06/2026

Malaysia မှာ ကျောင်းတက်ဖို့ စဉ်းစားထားတယ်ဆိုရင် EMGS အကြောင်း ကြားဖူးကြမှာပါ။

✈️ EMGS ဆိုတာ Education Malaysia Global Service ဖြစ်ပြီး Malaysia အစိုးရ အဆင်မြင့်ပညာရေးဝန်ကြီးဌာန​၏ တရားဝင်ဖွဲ့စည်းထားသော နိုင်ငံတကာကျောင်းသားများအတွက် Student Visa စိစစ်ရေး Agency တခုဖြစ်ပါတယ်။

ကိုယ်တက်မယ့်ကျောင်းက တရားဝင်ကျောင်းလား❓
ကိုယ့်ရဲ့အချက်အလက်တွေက မှန်ကန်မှု ရှိရဲ့လား❓
ကိုယ့်ရဲ့ပညာအရည်အချင်းနဲ့ တက်ရောက်မည့်ဘွဲ့များသည် ကိုက်ညီမှုရှိရဲ့လား ❓

✅ ဒါတွေကို EMGS က အကုန်စစ်ဆေးပေးပြီး Student Visa Process ကို စတင်ပါသည်။ EMGS သည် ပညာရေးဆိုင်ရာအချက်အလက်များကို စစ်ဆေးပြီး EMGS Approval Letter ထုတ်ပေးပါသည်။ ပြီးရင် Immegration မှ Visa ကိစ္စများကို ဆက်လက်လုပ်ပေးပြီး Electronic Visa Approval Letter eVAL ကို ထုတ်ပေးပါသည်။

✅ ကျောင်းသားတွေ Malaysia ကို ရောက်ရောက်ချင်း Medical Screening စစ်ဆေးရပြီးတော့ Malaysia မှာ ကျောင်းတက်ဖို့ ကျန်းမာရေးကိုက်ညီမှုရှိတယ် ဆိုတာကို အတည်ပြုပေးတာကလည်း EMGS ပါပဲ။

✅ Malaysia မှာ နေတဲ့အချိန်အတွင်း နေမကောင်းဖြစ်တာ၊ မတော်တဆ ဖြစ်တာတွေအတွက် Medical Insurance ထားရှိရတာလဲ EMGS ရဲ့သတ်မှတ်ချက်တခုပါ။

✅ Visa အပြင် Malaysia မှာ ကိုယ်က တရားဝင်ကျောင်းသားဖြစ်ကြောင်း သက်သေခံကဒ်ပြား i-Kad ကိုလည်း EMGS ကပဲ ထုတ်ပေးပါတယ်။ Passport သယ်ရခက်တဲ့အခါ ဒီ i-kad ကို ကိုယ့်ရဲ့ official ID အဖြစ် အသုံးဝင်ပါတယ်။

✅ Malaysia Student Visa လျှောက်တဲ့ Process တစ်ခုလုံးရဲ့ ပင်မ အသက်သွေးကြောက EMGS ပါပဲ။

ဒါကြောင့် EMGS Application Status တွေကို Mobile App or Website မှ အမြဲစောင့်ကြည့်ပြီး ​ကိုယ့်ရဲ့ Visa Status ကို အချိန်နှင့်တပြေးညီ သိရှိနိုင်ပါလိမ့်မည်။

Malaysia Student Visa လျှောက်ခြင်း၊ ကျောင်းလျှောက်ခြင်းကအစ မလေးရှားရောက်သည်အထိ 𝐄𝐝𝐮 𝐘𝐞 က ကူညီဆောင်ရွက်ပေးနေပါတယ်။🌐

📩 စိတ်ဝင်စားလို့ အသေးစိတ် သိချင်တယ်ဆိုရင်တော့ 𝐄𝐝𝐮 𝐘𝐞 Messenger မှာ အခမဲ့ လာရောက်ဆွေးနွေးမေးမြန်းနိုင်ပါတယ်နော်။

📩 Page Messenger
📞 Phone / Viber / WhatsApp
👉 +959 4200 98532

𝗘𝗱𝘂 𝗬𝗲 - 𝗠𝗮𝗹𝗮𝘆𝘀𝗶𝗮 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲
☎ 09 4200 98532 (Viber, Whatsapp, Line)
📧 [email protected]


07/06/2026

ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်မည့် Diploma In Global English ခေါ်စာအသစ်

ဝင်ခွင့်ဖြေဆိုရပါမည်။

07/06/2026

Diploma in Global English

အားလုံးပဲ မင်္ဂလာပါ အခုမိတ်ဆက်ပေးမှာကတော့ ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်သော အင်္ဂလိပ်စာဒီပလိုမာ (Diploma in Global English) အကြောင်းဖြစ်ပါတယ်။

တာဝန်ယူဖွင့်လှစ်သောဌာန
- အင်္ဂလိပ်စာဌာန၊ ရန်ကုန်တက္ကသိုလ်။

ပေးအပ်မည့်ဘွဲ့
- အင်္ဂလိပ်စာဒီပလိုမာ (Diploma in Global English)

ဝင်ခွင့်လိုအပ်ချက်
- အသိအမှတ်ပြုတက္ကသိုလ်တခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။ (အစိုးရတက္ကသိုလ်က မည့်သည့်ဘွဲ့မဆိုတက်ရောက်နိုင်ပါသည်)
- ဝင်ခွင့်ဖြေဆိုရပါမည်။ Basic Level မှ စတင်တက်ရောက်ရမည်။

သင်တန်းကာလ
- Level 5 ခု သတ်မှတ်ထာပြီး Level 1 ခုသည် ၃ လကြာမြင့်ပါသည်။ စုစုပေါင်း ၁၅ လကြာမြင့်ပါမည်။

စာမေးပွဲပုံစံ
- ရေးဖြေစာမေးပွဲအပြင် Speaking အတွက် လူတွေ့ဖြေဆိုရမည်။

သင်ကြားမှုပုံစံ
- 4 Skills ကို အခြေခံကာ သင်ကြားပို့ချပါမည်။

သင်တန်းကြေး
- Levle 1 ခုစာ ၁၀၀၀၀၀ ကျပ်။ (အပြောင်းအလဲရှိနိုင်)

လိုအပ်သောစာရွက်စာတမ်းများ
- ဘွဲ့လက်မှတ်
- ဘွဲ့အမှတ်စာရင်း (လိုရမယ်ရ)
- တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်
- မှတ်ပုံတင်
- ဓာတ်ပုံ

ဖောင်တင်ရန်
- သတ်မှတ်ရက်အတွင်း အင်္ဂလိပ်စာဌာန ပင်လုံဆောင်တွင် ဖောင်ထုတ်၍ လိုအပ်သောစာရွက်စာတမ်းများနှင့်အတူ တင်သွင်းရမည်။ Online မရပါ။ (ပုံကို Comment တွင်ကြည့်ပါ)

သင်တန်းအချိန်
- စနေ-တနင်္ဂနွေ မနက် ၈ နာရီမှ ၁၁ နာရီ။
- တနင်္လာ-ဗုဒ္ဓဟူး-သောကြာ မနက် ၇ နာရီမှ ၉ နာရီ။
(မိမိအဆင်ပြေမည့်အချိန် ရွေးချယ်တက်ရောက်နိုင်ပါသည်)

သင်တန်းဖွင့်လှစ်သင်ကြားမည့်နေရာ
- ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန ပင်လုံဆောင်။ (မှတ်ချက် - Online သင်တန်းမဖွင့်လှစ်ပါ)

၂၀၂၀ မတိုင်ခင်တက်ရောက်ခဲ့သူများသည် မိမိတက်ရောက်အောင်မြင်ခဲ့သော Level အလိုက် တဆင့်မြင့် Level ကိုတက်ရောက်ရမည်။
အခုမှ စတက်ရောက်မည့်သူများသည် Basic Level တာ စတင်တက်ရောက်ရမည်။

ဒီပလိုမာပြီးရင် မာစတာဆက်တက်ခွင့်မရှိပါ။

(မလေးရှားနိုင်ငံတွင် Bachelor, Diploma, Master, PhD တန်းများ တက်ရောက်ချင်သူများနှင့် မလေးရှားအစိုးရအသိအမှတ်ပြု ODL Online Master, PhD တန်းများ တက်ရောက်နိုင်ရန် ကျောင်းလျှောက်ထားခြင်း၊ Visa လျှောက်ထားခြင်းနှင့် တခြားလိုအပ်ချက်များအားလုံးကို အစအဆုံး အခမဲ့ ဝန်ဆောင်မှုပေးပါသည်။ အသေးစိတ်အချက်အလက်များကို ChatBox တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။)

Ye Lwin Hein @ Edu Ye
BBA, MBA, MBF, PhD (Candidate)
Educational Information by Ko Ye

Photos from Edu Ye's post 06/06/2026

လျှပ်စစ်သုံးမော်တော်ယာဉ် ပြစ်ချက်ရှာဖွေနည်းနှင့် ပြုပြင်ထိန်းသိမ်းမှုသင်တန်း

06/06/2026

မြန်မာရိုးရာကြိုးဆွဲရုပ်သေးပြုလုပ်ခြင်းအတက်ပညာသင်တန်း

05/06/2026

🤖 𝐀𝐈 ခေတ်မှာ 𝐌𝐚𝐥𝐚𝐲𝐬𝐢𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ရဲ့ 𝐈𝐓 𝐌𝐚𝐣𝐨𝐫 ကို ဘာလို့ ရွေးချယ်သင့်လဲ?

အခုခေတ်မှာ 𝐈𝐓 ပညာရပ်က မဖြစ်မနေ သင်ယူသင့်တဲ့ ပညာရပ်တစ်ခု ဖြစ်လာပါတယ်။

🚀 𝐈𝐓 နယ်ပယ်မှာ 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 တစ်ဦး၊ ပညာရှင်တစ်ဦးအဖြစ် ရပ်တည်နိုင်ဖို့အတွက် နိုင်ငံတကာအသိအမှတ်ပြု 𝐈𝐓 ပိုင်းဆိုင်ရာ 𝐃𝐞𝐠𝐫𝐞𝐞 ကို အရယူဖို့အတွက် 𝐌𝐚𝐥𝐚𝐲𝐬𝐢𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 က အရွေးချယ်သင့်ဆုံးကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။

𝐌𝐚𝐥𝐚𝐲𝐬𝐢𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ရဲ့ 𝐈𝐓 𝐌𝐚𝐣𝐨𝐫 ကို ရွေးချယ်သင်ယူခြင်းက
✅ မြင့်မားတဲ့လစာနဲ့ အလုပ်အကိုင် အာမခံချက်ရှိခြင်း
✅ ခေတ်ရှေ့ပြေး သင်ရိုးညွှန်းတမ်းတွေနဲ့ လက်တွေ့အသုံးချနိုင်အောင် သင်ကြားပေးခြင်း
✅ ကုန်ကျစရိတ်သက်သာစွာနဲ့ နိုင်ငံတကာဘွဲ့ကို ရယူနိုင်ခြင်း
✅ ကမ္ဘာ့နိုင်ငံပေါင်းစုံက 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬 တွေ စုစည်းနေတာမို့ 𝐍𝐞𝐭𝐰𝐨𝐫𝐤 ကောင်းတွေ ရရှိနိုင်ခြင်း
စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

နည်းပညာကို စိတ်ဝင်စားပြီး အနာဂတ်မှာ လစာကောင်းကောင်း၊ နေရာကောင်းကောင်းနဲ့ ရပ်တည်ချင်ရင် 𝐌𝐚𝐥𝐚𝐲𝐬𝐢𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ရဲ့ 𝐈𝐓 𝐌𝐚𝐣𝐨𝐫 က အကောင်းဆုံး ရွေးချယ်မှုပါပဲ။💭📍

👉 မလေးရှားနိုင်ငံက တက္ကသိုလ်ကျောင်းတွေမှာ အဆင်ပြေစွာ တက်ရောက်နိုင်ဖို့အတွက် Visa လျှောက်ခြင်း၊ ကျောင်းလျှောက်ခြင်းကအစ မလေးရှားရောက်သည်အထိ 𝐄𝐝𝐮 𝐘𝐞 က ကူညီဆောင်ရွက်ပေးနေပါတယ်။

📩 စိတ်ဝင်စားလို့ အသေးစိတ် သိချင်တယ်ဆိုရင်တော့ 𝐄𝐝𝐮 𝐘𝐞 Messenger မှာ အခမဲ့ လာရောက်ဆွေးနွေးမေးမြန်းနိုင်ပါတယ်နော်။

📩 Page Messenger
📞 Phone / Viber / WhatsApp
👉 +959 4200 98532

𝗘𝗱𝘂 𝗬𝗲 - 𝗠𝗮𝗹𝗮𝘆𝘀𝗶𝗮 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲
☎ 09 4200 98532 (Viber, Whatsapp, Line)
📧 [email protected]


04/06/2026

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၏ ဘာသာစကားအခြေခံသင်တန်း (Face to Face)

- Basic I (တရုတ်၊ ပြင်သစ်၊ စပိန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်းနှင့် မြန်မာဘာသာ(နိုင်ငံခြားသားများအတွက်)
- Basic II (တရုတ်၊ ဂျပန်၊ ကိုရီးယား)၊
- Inter II (ကိုရီးယား)ဘာသာစကားများအတွက်
သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း။




မလေးရှားနိုင်ငံတွင် Bachelor, Diploma, Master, PhD တန်းများ တက်ရောက်ချင်သူများနှင့် မလေးရှားအစိုးရအသိအမှတ်ပြု ODL Online Master, PhD တန်းများ တက်ရောက်နိုင်ရန် ကျောင်းလျှောက်ထားခြင်း၊ Visa လျှောက်ထားခြင်းနှင့် တခြားလိုအပ်ချက်များအားလုံးကို အစအဆုံး အခမဲ့ ဝန်ဆောင်မှုပေးပါသည်။ အသေးစိတ်အချက်အလက်များကို ChatBox တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

03/06/2026

ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်မည့် Diploma in Global English (အင်္ဂလိပ်စာဒီပလိုမာသင်တန်း)



မလေးရှားနိုင်ငံတွင် Bachelor, Diploma, Master, PhD တန်းများ တက်ရောက်ချင်သူများနှင့် မလေးရှားအစိုးရအသိအမှတ်ပြု ODL Online Master, PhD တန်းများ တက်ရောက်နိုင်ရန် ကျောင်းလျှောက်ထားခြင်း၊ Visa လျှောက်ထားခြင်းနှင့် တခြားလိုအပ်ချက်များအားလုံးကို အစအဆုံး အခမဲ့ ဝန်ဆောင်မှုပေးပါသည်။ အသေးစိတ်အချက်အလက်များကို ChatBox တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

Want your school to be the top-listed School/college in Kuala Lumpur?

Click here to claim your Sponsored Listing.

Location

Telephone

Address


Kuala Lumpur