MBA in Malaya - Burma Edition

MBA in Malaya - Burma Edition Malaysia Edu

Malaysia is Calling🔔🔔🔔မလေးရှား အစိုးရကပေးတဲ့ MTCP Scholarship ‌ေခါ်နေပါပြီအရင်နှစ်တွေထက်ပိုစောပြီး deadline ပိတ်ပါမယ်အော...
10/05/2025

Malaysia is Calling🔔🔔🔔

မလေးရှား အစိုးရကပေးတဲ့ MTCP Scholarship ‌ေခါ်နေပါပြီ
အရင်နှစ်တွေထက်ပိုစောပြီး deadline ပိတ်ပါမယ်

အောက်က link ကနေလည်း
အသေးစိတ်ဝင်ဖတ်လို့ ရပါမယ်

https://mtcp.kln.gov.my/scholarship

When To Apply

May 12 ကနေ Jun 13 အတွင်းMTCP website ကနေတဆင့် လျှောက်ရပါမယ်

Area of Study ( Priority)

Artificial Intelligence (AI);

Cyber Security;

Digital Transformation;

Economy;

Engineering and Mathematics (STEM), Science, Technology;

Food Security;

Islamic Finance;

Law;

Public Administration and Policy Studies; and

Sustainable and Environmental Science.

* Not applicable for Nursing, Medicine & Clinical Pharmacy courses

Who Are Eligible ?

1. အသက် ၄၅ နှစ် မကျော်သေးတဲ့သူ
Malaysia မှာ master ဘွဲ့တက်ချင်တဲ့သူတွေ လျှောက်လို့ရပါတယ်
2. Undergraduate မှာ CGPA 3.0 နဲ့အထက်ရခဲ့ပြီး
3.IELTS 6.0 or TOFEL 60 or English Language as median in your Bachelor Degree ပါ
4. 6 လအတွင်းMedical Check Up လုပ်ထားတဲ့ဟာကို MTCP form မှာ ဖြည့်ပြီးး တင်ရပါမယ်
https://mtcp.kln.gov.my/scholarship

Required Documents
1. Passport
2. Degree Certificate and Transcript
3. Proof of English Language Proficiency Test
4.CV
5. Two Recommendations Letter
https://mtcp.kln.gov.my/scholarship)
6. Admission Offer letter or Conditional Offer letter from eligible Universities for Sep/Oct 2025 intake

Selection Criteria

1. Education Level နဲ့ ပြင်ပလှုပ်ရှားမှူ
2. Excellent English Language Proficiency for communication, reading and writing

Benefits
Tuition Fee ကို free ရမယ့်အပြင်
လေယာဥ်ခအသွားအပြန်ရယ်
တလကို RM 3500 ပါ ရမှာပါ

Eligible Universities List

အောက်က ပုံကို ကြည့်ပေးပါခင်ဗျ



MBA ကို ဘယ်လိုရွေးတက်ရမလဲ ?( ကျနော်တစ်ယောက်တည်းရဲ့ အမြင်နဲ့ အတွေ့အကြုံကို ရေးသားထားသည့်အတွက် ကျောင်းတိုင်းကို မဆိုလိုပါ ...
18/11/2024

MBA ကို ဘယ်လိုရွေးတက်ရမလဲ ?

( ကျနော်တစ်ယောက်တည်းရဲ့ အမြင်နဲ့ အတွေ့အကြုံကို ရေးသားထားသည့်အတွက် ကျောင်းတိုင်းကို မဆိုလိုပါ )

MBA ကို ဘယ်လိုလူတွေ တက်ကြသလဲ ?

MBA ကို ဘယ်လိုလူတွေ တက်သင့်သလဲဆိုတာကို မပြောဘဲ အတန်းထဲမှာ တွေ့နေရတဲ့ လူအများစုကို အခြေခံပြီး ပြော့ပါမယ်
AMBA ACCREDITATION ရှိတဲ့ ကျောင်းတွေက Work Experience (3) years (Full time) တောင်းတဲ့အတွက်များသောအားဖြင့် အသက် 26 ကနေ 65 လောက်ထိ တွေ့ရပါတယ် ပျှမ်းမျှအသက်ကတော့ 30/31 တွေပါ
လက်ရှိလုပ်ကိုင်နေတဲ့ ရာထူးဆိုရင်လည်းး အနည်းဆုံး Mid-Level management မှာ ရှိကြတာ များပါတယ်
ဘာကြောင့် MBA တက်ကြလဲ မေးရင်
Networking ရဖို့ / Promotion ရဖို့ နဲ့ နိုင်ငံတကာကျောင်းသားဆိုရင် တက်နေတဲ့နိုင်ငံကို အခြေကျဖို့ ဒါမှမဟုတ် တတိယနိုင်ငံတစ်ခုကို ခုန်ကူးဖို့နဲ့ အလုပ်အကိုင်ကောင်းကောင်းရဖို့လို့ပဲ ဖြေကြပါတယ်

MBA အမျိုးအစား ဘယ်နှစ်မျိုးရှိသလဲ ?

MBA ရဲ့ အရှည်က Master in Business Administration ဖြစ်တဲ့အတွက် စီမံခန့်ခွဲမှုကို ဦးတည်ပါတယ်
MBA ကို အမျိုးအစား ခွဲရရင် အခြေခံအနေနဲ့ (၃) မျိုးခွဲကြပါတယ်
General MBA / Academic MBA နဲ့ Specialized MBA ဆိုပြီးတော့ ခွဲပါတယ်
များ‌ေသာအားဖြင့်တော့ General MBA ကို လက်ရှိရာထူးကနေ ရာထူးတိုးဖို့ဆိုသူတွေ တက်ကြတာများပါတယ်
General MBA ကတော့ အစုံသုပ်သင်တာပါ Core Courses တွေပြီးတာနဲ့ ကိုယ်သင်ချင်တဲ့ဘာသာရပ်တွေကို ရွေးပြီး Credit ပြည့်အောင် တက်ရပါတယ်
Academic ပိုင်း Research တွေ လုပ်မယ့်သူတွေ DBA တက်မယ့်သူတွေနဲ့ Lecturer လုပ်မယ့်သူတွေကတော့ Academic MBA ဘက်ကို သွားကြပါတယ်
သူကတော့ Research Project / Thesis ရေးရတယ် Survey တွေ လုပ်ရပါတယ်
Specialized MBA ကတော့ Core Courses လေးသင်ပြီးတာနဲ့ IT ဆိုရင် IT / Business Analysis / Tech ဆိုပြီး အဲ့ဒီဘက်ကို အသားပေးသင်ပါတယ်
ကျောင်းတော်တော်များကတော့
Specialized ယူချင်လဲရတယ် အဲ့ဒါနဲ့ပဲ RP/ Thesis လုပ်ရတာတွေလဲ ရှိပါတယ်
တချို့ General MBA ကို ဦးစားပေးတဲ့ ကျောင်းတွေကတော့ RP/ Thesis မရေးရဘဲ Business Report/Project ဆိုပြီး ကိုယ်လက်ရှိလုပ်နေတဲ့ Company / Organization ရဲ့ Strategy တွေနဲ့ ချိတ်ဆက်ပြီး Case Writing ဆိုပြီး ရေးလို့ရတယ်
အဲ့ဒါကြောင့် ကိုယ်က ဘာအတွက်တက်ချင်တာလဲ သိအောင်ကြိုစဥ်းစားပြီးမှ MBA ကို ဘယ်ကျောင်းတကိသင့်သလဲဆိုတာ Curriculum ကို အရင်ကြည့်သင့်ပါတယ်

MBA မှာ ဘာတွေ သင်ရသလဲ

MBA မှာ Core Course အနေနဲ့
Accounting and Finance
Operation Management
Marketing Management
Enterprise/ Organization Management
Economic ဆိုပြီး သင်ကြပါတယ်
တစ်ကျောင်းနဲ့ တစ်ကျောင်းကတော့ မတူပါဘူးး
Elective Courses တွေထဲမှာတော့
Peoples Management
Organisational Behavior
Project Management
Corporate Finance
Change Management
IT Management
Supply Chain Management
Digital Marketing
တို့ သင်ကြရပါတယ် ( တစ်ကျောင်းနဲ့တစ်ကျောင်း မတူပါ)
BBA ရပြီးသားသူတွေ Eco နဲ့ ကျောင်းပြီးထားတဲ့သူတွေအတွက်ကတော့ သိပ်မခက်ပါဘူး
ဘာလို့လဲဆိုရင် MBA က Background မျိုးစုံက လူတွေအတွက် Management လုပ်ရအောင်သင်ပေးတာဖြစ်တဲ့အတွက် Business Administration ကို အခြေခံ ယေဘုယျ သင်ပေးတာ ဖြစ်တဲ့အတွက်ကြောင့်ပါ

MBA ပြီးရင် တကယ်တတ်သလား

Curriculum အပေါ်လည်းး မူတည်သလို ကျောင်းသားနဲ့ သင်တဲ့ဆရာအပေါ်မှာလည်းးမူတည်ပါတယ်
ဘာဖြစ်လို့ အဲ့လိုပြောရလည်းးဆိုရင်
MBA module တစ်ခုကို ပုံမှန်အားဖြင်
10 weeks - 14weeks ပဲ သင်ပါတယ်
တစ်ပတ်မှာ အလွန်ဆုံး ၃ နာရီပဲ Lectures ချိန်ရှိပါတယ်
ကြားထဲမှာ 1 /2 week နားကြပါသေးတယ် တချို့ကျောင်းတွေဆိုရင်
စာသင်ချိန်က အဲ့ဒါထက်တောင်နည်းပါတယ်
Lectures ချိန်က နာရီအားဖြင့်
Module တစိခုကို နာရီ ၃၀ ကနေ ၄၀ ကြားပဲ ရှိပါမယ်
အပေါ်က ပြောခဲ့သလိုပဲ ဆရာနဲ့ ကျောင်းသားရယ် Curriculum အပေါ်ရယ် မူတည်ပြီး တတ် မတတ် ဖြစ်သွားပါတယ်
ပထမဆုံးအနေ Curriculum ကိုပြောရရင် AACSB/AMBA/ EQUIS တို့လို Accreditation ရှိတဲ့ကျောင်းတွေက
အဲ့ အဖွဲ့အစည်း တွေ ချမှတ်ထားတဲ့
ဘယ်လိုသင်ရမယ် ဘယ်လိုသင်ခန်းစာတွေပါရမယ် ဘယ်လို LO တွေထည့်ရမယ်လို့ သတ်မှတ်ထားတဲ့အတွက် အဲ့လို ACCREDITATION ရှိတဲ့
ကျောင်းတွေမှာ တက်တာက Curriculum အတွက် စိတ်ပူစရာ မလိုပါဘူးး
တချို့ကျောင်းတွေရဲ့ Curriculum ဆိုရင် Case Study Methods ကိုပဲ သုံးတဲ့အတွက် အတန်းမစခင် Case တွေဖတ် Group အလိုက်ဆွေးနွေး
ပြီးရင် Lectures ချိန်မှာလည်းးဆရာက မေးခွန်းတွေချည်းမေးပြီးဖြေကြ
အမြင်မတူရင် ငြင်းခုန်ကြနဲ့ ဆရာက
Theory နဲ့ ဘေးကနေ ထိန်းကျောင်းပေးတဲ့ နည်းလမ်းကို သုံးပါတယ်
အဲ့လိုကျောငိးဆိုရင်တော့ အတန်းထဲမှာ ဆွေးနွေးတဲ့အမှတ်ကို Final Grade မှာ 40% လောက်ထိ ထည့်သွင်းကြပါတယ် အဲ့တော့ မမေးဘူးဆိုပြီးငြိမ်နေလို့မရပါဘူးးလက်ထောင်ပြီး မရှိရှိတာ ကောက်မေးပြီး ဆရာ ဒါမှမဟုတ် အတန်းဖော်တွေနဲ့ ထငြင်းရပါတယ် ( အငြင်းသန်ရပါမယ်🤣)

နောက်တစ်ခုက ဆရာအပေါ်မူတည်ပါတယ်
တချို့ဆရာတွေက PowerPoint ပြပြီး ဒါ ဒါ ဒါ ဆိုပြီး သင်ကြတဲ့သူတွေရှိပြီး သူတို့ပဲ အကုန်ရှင်းပြပြီးမှ Curriculum အရ ပြီးခါနီး မိနစ် ၃၀ လောက်ကို Any Questions ? ဆိုပြီးး မေးကြတဲ့ဆရာတွေလည်းး ရှိပါတယ်
အဲ့လိုဆိုရင်တော့ Theory ပိုင်းရပေမယ့် အထက်တန်းကျောင်းတက်ရသလိုဖြစ်နေမှာပါ
တချို့ဆရာတွေကတော့ အပြင်က Recent Case တွေနဲ့ ဆွဲခေါ်ပြီးး တွဲသင်ပါတယ်
ဆွေးနွေးရတယ် ငြင်းခုန်ရတယ်
အဲ့တော့ Theory နဲ့အတူတခြားသူတွေရံ့ အမြင်တွေကိုရော သိရတာပေါ့
နောက်ဆုံးတမျိုးကတော့ အရေးအကြီးဆုံးဖြစ်တဲ့ ကျောင်းသားအပေါ်မူတည်ပါတယ်
ကျောင်းသားက Reference Book တွေ ဖတ်ထားမယ်
ချဲ့ပြီးတွေးမယ် ဒီ Case မှာဆိုရင် သူ့နေရာမှာဆို ငါဘယ်လို ကိုင်တွယ်မလဲ ကိုယ်တိုင်ခံစားတွေးတောမယ်
ဖြစ်လာမယ့် အကျိုးဆက်တွေကို တွေးရမယ်
Theory တစ်ခုသင်လိုက်တာနဲ့ အဲ့ Theory ကို Google မှာ YouTube မှာရှာပြီးး နားလည်အောင် လုပ်တာ
တက်ကြွတဲ့ ကြက်ဖကြီးလိုမျိုးဖြစ်နေရင် တကယ်တတ်ပါတယ်☺️☺️

ရှည်နေပြီ တော်သေးပြီဗျာ
အားမှ နောက်တခါ လျှာရှည်ကြတာပေါ့





နိုင်ငံတကာကျောင်းသားတွေကA level / Foundation ပြီးရင် public uni တွေမှာ လျှောက်ပြီး တက်သင့်တယ်သူတို့အတွက်ကတော့ တအားခက်ခဲတ...
20/09/2024

နိုင်ငံတကာကျောင်းသားတွေက
A level / Foundation ပြီးရင် public uni တွေမှာ လျှောက်ပြီး တက်သင့်တယ်

သူတို့အတွက်ကတော့ တအားခက်ခဲတယ် int student တွေအတွက်ကတော့ အဲ့လောက် မခက်သေးဘူး

ခုနောက်ပိုင်း သူတို့ တော်တော်အော်လာကြတော့ နောက်ပိုင်းကြပ်လာနိုင်တယ်

Universiti Malaya Association of New Youth says he didn’t receive a single offer from any public university for the 12 engineering programmes he applied for.

FYIDo Malaysian Universities accept GED ?UM မှာ Bachelor တက်မယ့်သူတွေအတွက် GED လက်ခံသလား ဆိုတာကိုအစ်ကို ကျောင်းကို မေးထာ...
24/06/2024

FYI

Do Malaysian Universities accept GED ?

UM မှာ Bachelor တက်မယ့်သူတွေအတွက် GED လက်ခံသလား ဆိုတာကို
အစ်ကို ကျောင်းကို မေးထားပေးတာပါ

UM က လက်ခံတဲ့အတွက် Public University တိုင်း လက်ခံတယ်လို့ မှတ်ယူလို့ရပါတယ်

1. လက်ခံပါတယ်
2. တက်ချင်တဲ့ မေဂျာရဲ့ specific requirements တွေကို သေချာလေးကြည့်ကြည့်ပါ

OCT Intake အတွက် Aug လကုန် deadline ပါ

27/05/2024

ဒီတခါကတော့ Junior Position ပါ
အတန်းထဲက သူငယ်ချင်းခေါ်နေတာပါ

Hi Everyone! I'm looking for a Business Development Executive to join my team at Sunway Medical Centre. It is a junior position so if you know any young talents looking to explore the healthcare industry do let me. Thanks in advance!

https://www.jobstreet.com.my/job/75748605?ref=cm-ui

This is the job description, please feel free to share it.

မလေးရှားကို ပညာသင်လာကြတော့မယ်ဆိုရင်Language က အခက်အခဲတစ်ခုအဖြစ် အနည်းဆုံး ၂လ/၃လလောက် ကြိုးစားပြီးး ဖြေရှင်းကြရပါတယ်ဘာလို...
11/05/2024

မလေးရှားကို ပညာသင်လာကြတော့မယ်ဆိုရင်

Language က အခက်အခဲတစ်ခုအဖြစ် အနည်းဆုံး ၂လ/၃လလောက် ကြိုးစားပြီးး ဖြေရှင်းကြရပါတယ်
ဘာလို့လဲ ဆိုတော့
သူတို့ပြောနေတဲ့ အသုံးအနှုန်းတွေရယ် accent တွေရယ်က
ကျနော်တို့ လေ့လာခဲ့တဲ့ ကျင့်ခဲ့တဲ့ နားထောင်ခဲ့တာတွေနဲ့ ကွာနေလို့ပါပဲ

မရောက်လာခင်မှာ
သူတို့နေစဥ်ပြောနေတာတွေကို
ကြိုပြီး နားယဥ်အောင် လုပ်ခဲ့မယ်ဆိုရင် ပိုပြီး အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်

ကျနော်ကြိုက်တဲ့ podcast တစ်ခုကို မျှဝေလိုက်ပါတယ်

BFM 89.9 လို့ ခေါ်ပါတယ်
App လည်း ရှိသလို website ကနေလည်းး သွားနားထောင်လို့ရပါတယ်
Categories တွေလည်း တော်တော်စုံပါတယ်

နှစ်သစ်မှာ လိုချင်သောပညာရေး ပန်းတိုင်များကိုလျှောက်လှမ်းနိုင်ကြပြီးဆွတ်ခူးနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်...
17/04/2024

နှစ်သစ်မှာ လိုချင်သော

ပညာရေး ပန်းတိုင်များကို

လျှောက်လှမ်းနိုင်ကြပြီး

ဆွတ်ခူးနိုင်ကြပါစေကြောင်း

ဆုမွန်ကောင်းတောင်းလိုက်ပါတယ်

သာယာပျော်ရွှင်ကြပါစေ

Malaysia Job Marketဘွဲ့လက်မှတ်ထက် Mandarin ( တရုတ်စကား) အရည်အချင်း ပိုလိုအပ်လာတဲ့ မလေးရှားအလုပ်အကိုင်များအလုပ်ရှင်အများအ...
14/04/2024

Malaysia Job Market
ဘွဲ့လက်မှတ်ထက် Mandarin ( တရုတ်စကား) အရည်အချင်း ပိုလိုအပ်လာတဲ့ မလေးရှားအလုပ်အကိုင်များ

အလုပ်ရှင်အများအပြားကအလုပ်ခန့်ထားမှုမှာ ဘွဲ့လက်မှတ် ကိုင်ဆောင်ထားမှုကို သိပ်အလေးမထားတော့ပါဘူး

အဲ့ဒါအစား၊ အလုပ်အများစုက အလုပ်ပေါ် စိတ်ဝင်စားမှု / လုပ်ငန်းနဲ့ပတ်သတ်တဲ့ အတွေ့အကြုံ / ပြောင်းလွယ်ပြင်လွယ် / သင်ယူချင်စိတ်ရှိမှုတို့အပေါ် ကို အလေးထားပြီး ရွေးချယ်လာကြပါတယ်

Jobstreet ရဲ့ လေ့လာမှုအရ
63% သော malayisa company တွေက လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့သင်တန်းတွေကို ပေးလာကြပါတယ် ( ဥပမာ လုပ်ငန်းခွင်သင်တန်းပေးမှု, coursera, EdX...)

“ဒါကြောင့် တချို့အလုပ်ရှင်တွေက တရားဝင်ပညာရေး( ဘွဲ့လက်မှတ်)ကို စံနှုန်းတစ်ခုအနေနဲ့ ရှုမြင်ကြပေမယ့် အများစုက ကုမ္ပဏီမှာ ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ တိကျတဲ့ သင်တန်းတွေကို ပေးထားတဲ့အတွက် တော်တော်များများက ဒါကို အရေးပါမှု နည်းပါးလာကြတယ်လို့ ဆိုပါတယ်

အလုပ်ကိုင်တွေမှာ နောက်ထပ် တိုးလာနေသော လိုအပ်ချက်မှာ Mandarin ( တရုတ်စကား) ဖြစ်လာနေပါတယ်

Mid-Senior level အလုပ်အကိုင်တွေအတွက် တရုတ်စကားတတ်ရမယ်ဆိုတဲ့ လိုအပ်ချက်ကို ထပ်ထည့်လာကြပါတယ်

မလေးရှားရဲ့ အလုပ်အကိုင်တွေမှာ English စကားကို ကျယ်ကျယ်ပြန့်ပြန့်သုံးနေပေမယ့် အဓိက ရင်းနှီးမြှုပ်နှံ တဲ့ နိုင်ငံတကာ company တွေက တရုတ်အခြေစိုက်ဖြစ်တဲ့အတွက် တရုတ်စကားက လိုအပ်လာတာဖြစ်ပါတယ်
တရုတ်စကားအပြင် ဂျပန် /ကိုရီးယား/ အာရဗီ ဘာသာစကားတွေလည်း နောက်ကနေ လိုက်လာတာတွေ့ရပါတယ်
ဘယ်လိုပဲဖြစ်ဖြစ် English ဘာသာစကားကတော့ မပါမဖြစ် မရှိမဖြစ် အရည်းအချင်းတစ်ခုအနေနဲ့ ထည့်သွင်းပြီး အလုပ်ခေါ်လာကြပါတယ်

အဲ့ဒါတွေအပြင် TVET ( Technical/ Vocational /Education and Training ) သင်တန်းဆင်းတွေကို ပိုပြီး အကြိုက်တွေ့ အလုပ်ခန့်လာကြပါတယ်
( * TVET သင်တန်းတွေနဲ့ ပတ်သတ်တဲ့ post လေး တင်ပေးပါ့မယ်)

MBAinMalaya

( NST ကသတင်းကို ဖတ်ပြီး သင့်လျှော်တဲ့အပိုင်းတွေကို ဘာသာပြန်ပေးလိုက်ပါတယ်)

UKM-Graduate School of Business would like to invite qualified, committed and dedicated *researcher* to fill in the foll...
22/03/2024

UKM-Graduate School of Business would like to invite qualified, committed and dedicated *researcher* to fill in the following appointment vacancies:
Senior Lecturer International (DS 51/53)

*refer to the attachment

Crd to UKM-GSB

မလေးရှားကို ကျောင်းတက်ရင်း မိသားစုလိုက်  ဘယ်လိုပြောင်းပြီးး နေလို့ရမလဲမလေးရှား ဥပဒေအရMaster နဲ့ PhD ( Bachelor / Diploma...
14/03/2024

မလေးရှားကို ကျောင်းတက်ရင်း မိသားစုလိုက် ဘယ်လိုပြောင်းပြီးး နေလို့ရမလဲ

မလေးရှား ဥပဒေအရ
Master နဲ့ PhD ( Bachelor / Diploma နဲ့ foundation မရပါ)
လာတက်တဲ့နိုင်ငံတကာကျောင်းသားတွေဟာ
တိုက်ရိုက်သက်ဆိုင်သော မိဘ၊
အိမ်ထောင်ဖက် နဲ့ ၂၁ နှစ်အောက် သားသမီးကို Dependent Visa နဲ့
ခေါ်လာခွင့်ရှိပါတယ်

Visa သက်တမ်း ဘယ်လောက်ရမလဲ???
Dependent Visa သက်တမ်းက ကျောင်းတက်မယ့်သူရဲ့ student pass သက်တမ်းထိပဲ ရပါတယ်
တကြိမ်မှာ အများဆုံး ၁၂ လ ရပါတယ် ( student pass ၃ နှစ်ယူထားပေမယ့် အများဆုံး ၁၂ လပဲ ပေးပါတယ်) ကျောင်းမပြီးသေးရင် ထပ်သက်တမ်းတိုးပြီးးနေလို့ရပါတယ်

Dependent Visa နဲ့လာရင် ဘာတွေလုပ်လို့ရလဲ?????

Dependent Visa နဲ့ လာတဲ့သူတွေက
တရားဝင် (တရားဝင်) အလုပ်လုပ်ခွင့်မရှိပါဘူး
18 နှစ်အောက် သားသမီးတွေက dependent visa နဲ့ပဲ ကျောင်းတက်နေလို့ရပါတယ်
18 နှစ်ကျော်သွားရင်တော့ Student Visa သီးသန့်ထပ်လျှောက်ရပါမယ်
Dependent Visa နဲ့ နေရင်း အလုပ်ရှာပြီးး Work visa ပြောင်းလို့ရပါတယ်
( အဲ့အချက်လေးးနဲ့ ဆို အဆင်ပြေမယ်ထင်တယ်)

ဘယ်လိုလျှောက်ရမလဲ????
တက်မယ့်ကျောင်းကနေတဆင့်
ကျောင်းသားက လျှောက်ရပါမယ်
၃ ပတ်ကနေ ၄ ပတ်ထိ ကြာတတ်ပါတယ်

ဘယ်လောက်ကုန်မလဲ ????
Dependent တစ်ယောက်ချင်းစီအတွက်
RM250 ကုန်ပါမယ် non-refundable for processing fee ပါ
တကယ်လို့ ကျောင်းသားနဲ့အတူ လိုက်လာမယ်ဆိုရင် Single Entry Visa ရယ်
Journey Performed ဆိုပြီးး Social Pass ကနေ Dependent Visa ပြောင်းတာအတွက် RM500 ကုန်ပါမယ်

ဒီလောက်ဆိုရင် မိသားစုလိုက်ဘယ်လိုနေထိုင်လို့ ရမလဲ ဆိုတာ အတော်အသင့် သိလောက်ပြီလို့ ထင်ပါတယ်

စိတ်ဝင်စားသူ မည်သူမဆို ဝင် join လို့ရပါတယ်Language medium က English ပါမနက်ဖြန်ည မြန်မာအချိန် ၆ နာရီခွဲကနေ ၇ နာရီခွဲ ပါMi...
12/03/2024

စိတ်ဝင်စားသူ မည်သူမဆို ဝင် join လို့ရပါတယ်
Language medium က English ပါ
မနက်ဖြန်ည မြန်မာအချိန် ၆ နာရီခွဲကနေ ၇ နာရီခွဲ ပါ
Microsoft Team နဲ့ လုပ်ပါမယ် တဲ့

*[Competitive Programming Workshop: Game Theory]*

Feeling overwhelmed by the contest challenges? Join us in our workshop at 8 pm tomorrow to learn the tips and strategies to solve these problems. Moreover, we'll explore game theory concepts by learning whether JoJo and Dio should *betray* each other during an exam and analyze how the pirates could distribute their treasure *unevenly* without getting killed. Secure your spot now by registering at https://forms.gle/edr8efVCpYpmoQNFA!

Address

Universiti Malaya
Kuala Lumpur
50603

Website

Alerts

Be the first to know and let us send you an email when MBA in Malaya - Burma Edition posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to MBA in Malaya - Burma Edition:

Shortcuts

Share

Category