Myanmar Spring Dream- Current News

Myanmar Spring Dream- Current News

Share

အထွေထွေ ဗဟုသုတ၊ အသိပညာ၊ အတတ်ပညာ၊ သတင

11/02/2023

မင်းဘူးခရိုင် ကန်ပြားရဲစခန်းကို PDF တပ်ဖွဲ့များ စီးနင်းတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၀ ဦးထိခိုက်သေဆုံးဟု MOD သတင်းထုတ်ပြန်၊ ရတနာပုံတံတား စစ်ဆေးရေးဂိတ်ကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

မကွေးတိုင်း၊ မင်းဘူးခရိုင် ကန်ပြားရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၀ ဦးသေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD)က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၉ နာရီခန့်တွင် မင်းဘူးခရိုင် ကန်ပြား ရဲစခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲစခန်း အတွင်းရှိ ဘားတိုက်နှင့် နေရာ တချို့ကို မီးရှို့ ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၃၀ ဦးခန့် ထိခိုက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူ အင်အားများ ထပ်မံ ရောက်ရှိ လာသောကြောင့် ပြည်သူ့ ကာကွယ်ရေး တပ်မတော် ပူးပေါင်းစစ်ကြောင်း အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မင်းဘူးခရိုင် တပ်ရင်းအမှတ် ၁ ၊ မကွေးခရိုင် တပ်ရင်းအမှတ် ၁ ၊ မင်းဘူး ပကဖနှင့် ပွင့်ဖြူ ပကဖ ပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ထားသည်။

အလားတူ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီကျော်အချိန် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း ဆက်သွယ်ထားသည့် ရတနာပုံတံတား စစ်ကိုင်းဘက်ခြမ်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ၄၀ မမ ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို အညာတပ်ပေါင်းစု (ABCF) နှင့် Freedom Revolution Force( FREအထူးတပ်ဖွဲ့ Eagle-2) တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး တိုက်ခိုက်မှု ဖြစ်စဉ်တွင် ထိခိုက်သေဆုံးမှုများနိုင်ကြောင်း အညာ‌တပ်ပေါင်းစု(ABCF) တာဝန်ရှိသူ၏ အဆိုကို ကိုးကား၍ သတင်းဖော်ပြထားသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
Crd

Photos from Myanmar Spring Dream- Current News's post 11/02/2023

Breaking News - မြစ်ခြေ မွေးမြူရေးတပ်ကို PDF တပ်ပေါင်းစု ဝင်ရောက်စီးနင်းမှု စစ်တပ်အရာရှိ ၂ ဦး အပါအဝင် ၇ ဦး သေဆုံးပြီး စစ်သား ၃ ဦး အရှင်ဖမ်းမိ၊ လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အခြေစိုက် မွေးမြူရေးတပ်ကို PDF တပ်ပေါင်းစုများက ယနေ့ နံနက်ပိုင်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်တပ်အရာရှိ ၂ ဦး အပါအဝင် ၇ ဦးသေဆုံးပြီး စစ်သား ၃ ဦးအရှင်ဖမ်းမိကာ လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် မြစ်ခြေအခြေစိုက် မွေးမြူရေး တပ်ကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ မွေးမြူရေးတပ် ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က လေကြောင်းမှ မြစ်ခြေမြို့ကို ဗုံးကျဲ တိုက်ခိုက်နေသည့်အပြင် ပခုက္ကူ မြို့မှ စစ်အင်အားအများအပြားရောက်ရှိကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိ ၂ ဦး နှင့်စစ်သား ၅ ဦး စုစုပေါင်း ၇ ဦးသေဆုံးပြီး စစ်သား ၃ ဦးကို အရှင် ဖမ်းဆီးရမိကြောင်း သိရှိရသည်။

"ဒီနေ့ မနက် ၆ နာရီမှာ စပြီး တပ်ကို ဝင်စီးတာ။ တိုက်ပွဲထဲမှာ စစ်တပ်ဘက်က ခွေးဗိုလ်လေး ၁ ဦး၊ ခွေးဗိုလ်ကြီး ၁ ဦး နဲ့ တပ်သား ၅ ဦးသေတယ်။ ၅ ဦး အရှင်ဖမ်းမိတယ်။ အဲဒီမှာ ၂ ဦးက အရပ်သားဖြစ်နေလို့ ပြန်လွှတ်ပေးလိုက်တယ်။ ဖမ်းမိတာက တပ်ကြပ်ကြီး ၁ ဦးနဲ့ တပ်သား ၂ ဦး ဖမ်းမိတယ်။ တိုက်ပွဲက မနက် ၈ နာရီ ၄၅ မိနစ်မှာပြီးတယ်။ စစ်ခွေးတွေဘက်က ရဟတ်ယာဉ်နဲ့လာပစ်တယ်" ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၂၊ တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ ၊ မြစ်ခြေMCKC ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ‌ေ၊ Earthquake ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Aerial Team ဘာဂျာ Drone တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
Crd

11/02/2023

မုံရွာမြို့ရှောင်လမ်းတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်(ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြို့ရှောင်လမ်းတွင် စစ်တပ်စစ်ကြောင်းကို ယမန်နေ့ ညနေပိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာနတ်ဆိုးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီခွဲဝန်းကျင် အချိန် မုံရွာမြို့ မြို့ရှောင်လမ်းတွင် လုံခြုံရေး ကင်းပတ်နေသည့် စစ်သားများလိုက်ပါသော အိမ်စီးကားကိုလည်းကောင်း၊ ဗောဓိတစ်ထောင်မှ စစ်ကြောင်းကို တင်၍ ပြန်လာသော ၁၂ ဘီးကားကိုလည်းကောင်း မြို့ရှောင်လမ်းအရောက် ပဒေသာမိုင်းဖြင့် ထိထိမိမိ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

မိုင်းဆွဲတိုက်ခိုက်အပြီး ကားပေါ်တွင်လိုက်ပါသော စစ်သားများက ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ာကွယ်ရေး ရဲဘော်များ ဘေးကင်းကြောင်း ၊ လက်ရှိတွင် စစ်တပ်၏ သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း၊ ပြည်သူများအနေဖြင့် အိမ်စီးကားများကို ရှေ့မှန်နောက်မှန်ချမောင်းကြပါရန် မေတ္တာရပ်ခံကြောင်း မုံရွာနတ်ဆိုးအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
Crd

07/02/2023

အမြန်ဆုံးလွတ်မြေက်ပါစေ.....

နေပြည်တော် စရဖ စစ်ရုံးချုပ်က အမျိုးသမီး တပ်ကြပ်ကြီး/စာရေး ၂ ဦး ထွက်ပြေးနေ၊ တွေ့တဲ့နေရာ ပစ်သတ်ဖို့ ညွှန်ကြားထားလို့သိရ

မြေလတ်အသံ၊ ဖေဖေါ်ဝါရီ ၇၊ ၂၀၂၃။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ စစ်ကောင်စီတပ် စစ်ရုံးချုပ်အတွင်းက စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး(စရခ)မှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတပ်ကြပ်ကြီး/စာရေး ၂ ဦး အခုလ ဖေဖော်ဝါရီလဆန်းပိုင်းက ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီ တပ်ကြပ်ကြီး/ စာရေးအမျိုးသမီး ၂ ဦးဟာ စစ်ကောင်စီတပ် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး(စရခ )ရုံးရဲ့ ထိပ်တန်းလျှို့ဝှက် အချက်အလက်တွေ ထိန်းသိမ်းထားတဲ့ဌာနမှာ တာဝန်ထမ်းဆောင်သူတွေဖြစ်ပြီး သူတို့နောက်ကို စစ်ကောင်စီတပ်ရဲ့ အရေးကြီးအချက်အလက်တွေ ပါသွားတယ်လို့ ယူဆပြီး စစ်ခေါင်းဆောင်တွေက တွေ့တဲ့နေရာမှာ ပစ်သတ်ဖို့ နိုင်ငံအနှံ့ တပ်တွေကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

"၁ လပိုင်း လစာထုတ်ပြီး နောက်ရက်မှာ ပြေးသွားတာ၊ အစောပိုင်းမှာ သူတိုကိုလိုက်ပြီး ဆက်သွယ်ပြန်ခေါ်သေးတယ်။ ဘယ်လိုမှ ရှာမရတော့ ခွင့်မဲ့ကြေငြာပြီး တွေ့တဲ့နေရာမှာ ပစ်သတ်ဖို့ထိ ညွှန်ကြားထားတယ်လို့ သိရတယ်။ သူတို့ (တပ်ကြပ်ကြီး/စာရေးမ ၂ ဦး)က စရခချုပ်ရုံးရဲ့ အရေးကြီးထိပ်တန်း လျှိဝှက်တွေ ထိန်းထားတဲ့ဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တာဆိုတော့ အရေးကြီး အချက်အလက်တွေ ပါသွားနိုင်တယ်ဆိုပြီး အဲ့ဒီလို အမိန့်ပေးထားတာလို့ သိရတယ်။ သူတို့နောက်ကို အဲ့ဒီဒေတာတွေ ပါ၊မပါဆိုတာ ဘယ်သူမှမသိဘူး။ စစ်ခေါင်းဆောင်တွေက ထင်မြင်ယူဆချက်တွေနဲ့ သတ်ခိုင်းနေတာ" လို့ နေပြည်တော်စစ်ကောင်စီတပ် စစ်ရုံးချုပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်နေတဲ့ တပ်ကြပ်ကြီး/စာရေးအမျိုးသမီး ၂ ဦးဟာ အမျိုးသမီး ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေးသင်တန်း အမှတ်စဉ် ၃ ဆင်း တပ်ကြပ်ကြီးတွေ ဖြစ်ပြီး လက်ရှိအချိန်ထိတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ နေပြည်တော်စစ်ရုံးအတွင်း လုံခြုံရေးပိုမိုတင်းကြပ်ထားပြီး စစ်ရုံးအတွင်းမှာရှိနေတဲ့ တပ်ကြပ်ကြီး/စာရေးအမျိုးသမီးတွေထားရှိတဲ့ အပျိုဆောင်ကိုလည်း မကြာခဏ လူစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး(စရခ)ဟာ စစ်ကောင်စီတပ်တခုလုံးရဲ့ နိုင်ငံအနှံ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်အားလုံးကို ကွပ်ကဲနေတဲ့ ရုံးဖြစ်ပြီး စရဖတပ်တွေဟာ တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းနဲ့ လှုပ်ရှားမှုကို အသွင်အမျိုးမျိုးနဲ့ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတဲ့ တပ်ဖွဲ့ဖြစ်ကာ လက်ရှိစစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ အရာရှိချုပ်ဟာ စစ်ကောင်စီတွဲဖက် အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဖြစ်တယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပုံစာ - စစ်ကောင်စီတပ်မတော်နေ့ စစ်ရေးပြအခမ်းအနား (ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဆိုက်)

#မြေလတ်အသံ

Photos from Myanmar Spring Dream- Current News's post 21/01/2023

အင်းတော်နယ်တွင် လူသားဒိုင်းအဖြစ်ဖမ်းဆီးခံသွားရ သည့် ဒေသခံ ၃ ဦး သတ်ခံရ
====================================

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်နဲ့ KIA၊ PDF တို့တိုက်ပွဲဖြစ်ပွားပြီး‌နောက် စစ်ကောင်စီတပ်သည် လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်‌ဆောင်သွားသည့် ဒေသခံ ၃ ဦး ပစ်သတ်သွားကြောင်း သိရသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ထီးချိုင့်ဘက်မှ အင်းတော်ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်အင်အား ၁၃၀ ကျော်ပါစစ်ကြောင်းသည် ထီးချိုင့်မြို့နယ် လှယ်မှီးကျေးရွာမှ လူသားဒိုင်းအဖြစ်ဖမ်းသွားသည့် အရပ်သားသုံးဦးအား အင်းတော်နယ် ဦးသျှစ်ကုန်းရွာအနီး သတ်ပစ်ထားခဲ့ကြောင်း ဒေသခံများက ပြောသည်။

''အသတ်ခံရတဲ့အရပ်သား ၃ယောက်က ထီးချိုင့်ဘက် ကနေခေါ်လာတာ ဓားစာခံခေါ်လာတာ ဦးသျှစ်ကုန်း ရွာနားမှာသတ်ပြီး တောထဲပစ်ထားတာမနေ့က ရွာသား တွေကတောထဲမှာအလောင်းတွေ့တာ''ဟု အင်းတော် PDF မှတာဝန်ရှိသူကပြောသည်။

အသတ်ခံရသည့်အရပ်သားသုံးဦးမှာ ကိုရဲဝင်းအောင် အသက် ၃၅ နှစ်၊ ကိုညိုအေး (အသက်စုံစမ်းဆဲ)၊ ကိုစန်းဝေ အသက် ၄၀ နှစ်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းအား အင်းတော်နယ် ကြိမ်ချောင်းရွာနှင့် သစ်ပုံလွင်ရွာကြားအရောက်တွင် KIA နှင့် PDF တို့မှ ခြုံခိုတိုက်ခိုက်ခဲ့ရာ နှစ်ဘက်ကျဆုံးမှုရှိခဲ့ကြောင်းလည်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းကိုပြောသည်။

''တိုက်ပွဲကတော့အဲ့မှာ သစ်ပုံလွင်ရွာနားမှာ ဖြစ်တာမနေ့တုန်းကဖြစ်တာဗျ သူတို့ဘက်က လေးယောက်တော့ပြင်းထန်ဒဏ်ရာရသွားတယ် တစ်ယောက်တော့သေတယ် သေတဲ့စစ်သားတစ်ယောက်ို သစ်ပုံလွင်ရွာသခ်ျိုင်းမှာပဲ မြှပ်ထားတယ် ''ဟု အင်းတော် PDF မှတာဝန်ရှိသူတစ်ဦးကပြောသည်။

နာရီဝက်နီးပါးကြာဖြစ်ပွားခဲ့သည့် ယင်းတိုက်ပွဲတွင် အင်းတော် PDF ဘက်မှနှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အသက် ၂၀ ကျော် PDF တစ်ဦး ကျဆုံးသွားကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ နှင့် ခလရ ၄၁၆ တပ်ရင်းတို့​ဖြစ်ပြီး လက်ရှိ အင်းတော်မြို့နယ် ကမ်းနီးကျေးရွာအတွင်းသို့ဝင် တပ်စွဲနေပြီး လက်နက်ကြီးများလည်းယမ်းသမ်းပစ်ခတ်နေကြောင်းသိရသည်။
Crd

19/01/2023

လွတ်လပ်ခွင့်ဆုံရှုံးသွားရင်
===================

ဒီအဖြစ်အပျက်က အိန္ဒိယတောင်ပိုင်းက ပြည်နယ်တခုဖြစ်တဲ့ ကာနားတာကမှာ ဖြစ်ခဲ့တာ။ အတိအကျဆိုရရင် အဲသည်ပြည်နယ်ရဲ့ ကွမ်းဘာရူဘေးမဲ့တောအနီးရှိ တည်းခိုခန်းတခုမှာ ဖြစ်ခဲ့တာ။

ကျားသစ်တကောင်က ခွေးတကောင်ကိုလိုက်တယ်။ ခွေးက တည်းခိုခန်းရဲ့ အိမ်သာထဲ ပြူတင်းကတဆင့်ဝင်ပြေးတယ်။ အိမ်သာကို အပြင်ကနေပိတ်ထားတာ။ ကျားသစ်ကလည်း ခွေးနောက် ဝင်လိုက်သွားတာပေါ့။ ဒါနဲ့ နှစ်ကောင်လုံး အိမ်သာထဲ ပိတ်မိနေတော့တယ်။ အိမ်သာရဲ့ပြူတင်းဆိုတာက အမြင့်မှာဖောက်ထားလေ့ရှိတယ်။ အပေါက်ကသေးမယ်။ လေဝင်လေထွက်ဖို့နဲ့ အလင်းရောင်ရရုံလေးသာဖြစ်မှာပေါ့။

ခွေးကလည်း ကျားသစ်ကိုကြောက်လွန်းလို့ ထောင့်တထောင့်မှာ ကုပ်ပြီးနေနေတယ်။ အသံတောင်ထွက်မရဲရှာဘူး။
ကျားသစ်ကလည်း ဆာနေတယ်။ ဆာလို့သာ ခွေးကိုလိုက်တာပေါ့။ သူ့အနေနဲ့ တချက်ကလေးလက်နဲ့ပုတ် ကိုက်ဖြဲလိုက်ပြီး ညနေစာတည်ခင်းလို့ ရနေတာပဲ။ ဒါပေမဲ့ နှစ်ကောင်သား တထောင့်စီမှာ ၁၂ နာရီကြာ မလှုပ်မယှက် နေနေကြတယ်။ ဒီ ၁၂ နာရီအတွင်း ကျားသစ်လည်း လုံးဝငြိမ်နေတယ်။

နောက်ဆုံးမှာ သစ်တောဌာနက ကျားသစ်ကို မေ့ဆေးသေနတ်နဲ့ သေချာချိန်ပြီး ပစ်ဖမ်းလိုက်တယ်။ ဒီနေရာမှာ မေးခွန်းတခုမေးစရာရှိလာတယ်။ ဒီကျားသစ်ဟာ ဆာလောင်နေလျက်နဲ့ စားလို့ရနိုင်တဲ့ခွေးကို ဘာကြောင့် ဖမ်းမစားလိုက်တာလဲ ဆိုတာပါပဲ။

တောရိုင်းတိရစ္ဆာန်သုတေသီတွေက ဒီမေးခွန်းကို ဖြေပေးပါတယ်။ သူတို့ရဲ့အဆိုအရ တောရိုင်းတိရစ္ဆာန်တွေဟာ လွတ်လပ်မှုကို အလွန့်အလွန်တန်ဘိုးထားတယ်၊ အရေးထားတယ်၊ ခုံမင်တယ် တဲ့။ သူတို့ရဲ့လွတ်လပ်ခွင့်ဆုံရှုံးသွားပြီဆိုတာ သိလိုက်တာနဲ့ အကြီးအကျယ်ဝမ်းနည်းသွားကာ သူတို့ရဲ့ဆာလောင်မှုကိုလည်း မေ့သွားတော့သတဲ့။ သူတို့ရဲ့ သဘာဝလှုံ့ဆော်မှုတခုဖြစ်တဲ့ ဝမ်းဗိုက်ကို ဖြည့်တင်းဖို့ကိစ္စကလည်း တဖြေးဖြေးနဲ့ ပျောက်ကွယ်သွားတော့တယ်ပေါ့။

လွတ်လပ်မှု freedom နဲ့ happiness ချမ်းသာသုခတို့ဟာ ဆက်နွယ်နေတယ်။ ဒီတော့ နှစ်သက်သလို လွတ်လွတ်လပ်လပ် တွေးခေါ်၊ ပြုမူ၊ နေထိုင်ကြ။ ဒါသည်သာ ချမ်းသာသုခဖြစ်တော့တယ်။



via......ZinBo

19/01/2023

ကသာ တိုက်ပွဲမှာ သေဆုံးမှုများပြားနေတဲ့ စစ်တပ်က ရွာအလှူပွဲကို ပေါင် ၅၀၀ မီးလောင်ဗုံးကြဲချလို့ ပြည်သူတွေ သေဆုံး (ရုပ်သံ)
==================
မဲခေါင်၊ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ ကသာခရိုင် ချောင်းဝရွာနဲ့ မိုးဒါလေးကျေးရွာကြားမှာ စစ်ကောင်စီရဲ့ ခလရ (၇၇ )တပ်ကို ဒေသခံ ကာကွယ်ရေးတပ်တွေ ပူးပေါင်း တိုက်ခိုက်

ရာမှာ စစ်ကောင်စီဘက်မှ ထိခိုက် သေဆုံးမှု များပြားလို့ ရွာတွေကို မီးလောင်ဗုံးတွေ ကြဲချခဲ့တယ်လို့ မြို့လှ K-PDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မနေ့က စစ်ကောင်စီရဲ့ တပ်မ (၈၈)လက်အောက်ခံ ခလရ (၇၇)၊ တပ်ရင်းမှူး စံရွှေ ဦးစီးတဲ့ အင်အား ၇၂ ဦးပါ အဖွဲ့ကို မိုးဒါလေး ပြည်သူ့ကာကွယ်ရေးတပ်၊

ABSDF နဲ့ မြို့လှ K-PDF စစ်ကြောင်းမှူး ဗိုလ်မိုးကြိုး ဦးဆောင်တဲ့ တပ်ခွဲတွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

လက်ရှိ အချိန်ထိ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲတွင်း မြေပြင်အခြေအနေအရ ပြည်သူ့

ကာကွယ်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိ အသာစီးရယူထားတယ်လို့ မြို့လှ K-PDF က ဆိုပါတယ်။

"ယနေ့ နံနက်ခင်း အချိန်အထိ ဝိုင်းဝန်း တိုက်ခိုက်ထားနိုင်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိ

ခိုက် အကျရှုံးများစွာ ရှိထားပြီလို့ စစ်ကြောင်းမှူးများမှ သတင်းပေးပို့လာပါတယ်"လို့ မြို့လှ K-PDF က ပြောပါတယ်။

မနေ့က တိုက်ပွဲ မနက် ၇ နာရီက စတင်ပြီး ညနေ ၅ နာရီမှာ ရပ်နားခဲ့ပေမယ့် အထိနာပြီး သေဆုံးမှုများတဲ့ စစ်ကောင်စီဟာ မိုးဒါလေး ရွာသို့ ညနေ ၆ နာရီမှာ

ဂျက်လေယာဉ် ၃ စီးနဲ့ ဒေသခံ ပြည်သူတွေရဲ့ နေအိမ် တွေကို ပေါင် ၅၀၀ မီးလောင်ဗုံးတွေ အပါအဝင် ပဒေသာဗုံးတွေပါ ကြဲချခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် အလှူလုပ်နေတဲ့ နေအိမ်အတွင်းသို့ ဗုံးကျရောက် ပေါက်ကွဲခဲ့ပြီး နေရာမှာ ဒေသခံ ပြည်သူ ၇ ဦး မီးလောင် သေဆုံးသွားခဲ့ရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ကယ်ဆယ်ရေးတွေ ပြုလုပ်နေစဉ် ဒဏ်ရာပြင်းထန်တဲ့ ပြည်သူတစ်ဦး ထပ်မံ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဟာ ဟန်ပြရွေးကောက်ပွဲ ပြုလုပ်နိုင်ဖို့ ကြိုးစားနေပြီး

အခြား တစ်ဖက်မှာ လူမျိုးတုန်းစေနိုင်တဲ့ စစ်ဆင်းရေးတွေ ပြုလုပ်နေတယ်လို့လည်း မြို့လှ K-PDF အသိပေးထားပါတယ်။

ရုပ်သံ - K-PDF။
MK-003

Photos from Myanmar Spring Dream- Current News's post 15/01/2023

တစ်နိုင်ငံလုံးမှာ နေအိမ်အများဆုံး မီးရှို့ဖျက်ဆီးခံထားရသည့် ဒီပဲယင်း
***********************************

Saw Smith
ဇန်နဝါရီ ၁၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၄၈၁၉ အိမ်မီးလောင်ပြာကျခဲ့ပြီးဖြစ်သည်။

ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယခုလ ဒုတိယပတ်အတွင်း၌ ထုတ်ပြန်သည့် ထိုစာရင်းတွင် အတိုးအလျှော့ရှိနိုင်သည်ဟု ဖော်ပြထားသော်လည်း

မြေပြင်၌ မီးဘေးသင့်ပြည်သူများကို ကူညီနေသော အဖွဲ့များက မီးလောင်ပျက်စီးဆုံးရှုံးမှုသည် ထိုထက်ပင် ပိုနိုင်သည်ဟု ဆိုကြသည်။

"ကျေးရွာတွေ အကုန်လုံးကို မီးရှို့ပြာချဖျက်ဆီး ပစ်မယ်လို့ ကောလာဟလလို ကြားခဲ့ရတာ။ အခု အဲဒီ

ကောလာဟလနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်က ကိုက်ညီနေတယ်။ ဒီဇင်ဘာလထဲမှာကို ကျုပ်တို့ မြို့နယ်ထဲ ဆိုးဆိုးရွားရွားကြီးကို ကြုံခဲ့ရတာပေါ့နော် "

စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများအားလုံးကို မီးရှို့ပြာချပစ်မည်ဟုကောလာဟလလို ကြားသိခဲ့ရသည့်သတင်းစကားက ကိုယ့်မြို့နယ်တွင်

အမှန်တကယ် ဖြစ်လာသည်ဟု မီးဘေးသင့်ပြည်သူများကို ကူညီနေသည့် ဒီပဲယင်းညီနောင်များအဖွဲ့ တာဝန်ရှိသူ ကိုဖြိုးက ပြောခြင်း ဖြစ်သည်။

ရက်၄၀အတွင်း နေအိမ် ၃၅၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရ
******************************

ဒီပဲယင်းတွင် စစ်ကြောင်းထိုးမီးရှို့ခံရမှုသည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်း ဒီဇင်ဘာလအတွင်း၌ အများဆုံးဖြစ်သည်။ အရှိန် မသတ်နိုင်သေးသည့် စစ်ကောင်စီ

တပ်ဖွဲ့ဝင်များက ယခုဇန်နဝါရီလ ပထမရက်သတ္တပတ်ကျော်အထိ ဒီပဲယင်းကျေးရွာများကို ဆက်တိုက် မီးရှို့ခဲ့သည်။

စစ်ကောင်စီ၏ ခမရ ၃၆၄ မော်လိုက်အခြေစိုက်တပ်နှင့် ခလရ ၇၀၁ တပ် နှစ်ခုပေါင်းအင်အား ၁၅၀ နှင့် ၁၈၀ ဦးဝန်းကျင်ရှိ စစ်ကြောင်းများက ယခု

ဒီဇင်ဘာလ ၁ ရက်မှစ၍ ဒီပဲယင်းမှ ရေဦး၊ ရေဦးမှ ဒီပဲယင်း စသည်ဖြင့် ကျေးရွာများကို လှည့်ပတ်၍ စစ်ကြောင်းထိုး မီးရှို့ခဲ့သည်။

ထိုစစ်ကြောင်း နှစ်ကြောင်းသည် ဒီဇင်ဘာ ၁ ရက်မှ ၁၀ ရက်အတွင်း၌ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ

ကျေးရွာ ၁၉ ရွာမှ နေအိမ် ၁၇၃၁ လုံးကို ၁၀ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့နောက် ဒီပဲယင်းနှင့် နယ်နမိတ် ထိစပ်နေသည့် ရေဦးမြို့နယ်အတွင်းကို စစ်ကြောင်းထိုးပြီး ရေဦး

မြို့နယ်မှ ကျေးရွာ ၂၀ ကျော်ကို ၁၀ ရက်ကျော်ကြာ မီးရှို့ဖျက်ဆီးပြန်သည်။

ရေးဦးမှတဆင့် ဒီပဲယင်း အနောက်တောင်ဘက်​ခြမ်းသို့ ​ထပ်မံစစ်ကြောင်းထိုးလာသည့် အဆိုပါစစ်ကြောင်းများသည် ဒီဇင်ဘာ ၂၂ ရက်မှ ယခု

ဇန်နဝါရီလ ၉ ရက်အထိ ဒီပဲယင်း စိုင်ပြင်မြို့ ရပ်ကွက် နှစ်ခုအပါအဝင် ကျေးရွာ ၁၉ ရွာကို မီးရှို့ခဲ့သည်။

စစ်ကောင်စီတပ်စစ်ကြောင်းများ၏ ၂၀၂၂ ဒီဇင်ဘာလ ၂၂ ရက်မှ ၂၀၂၃ ဇန်နဝါရီလ ၉ ရက်အထိ မီးရှို့ဖျက်ဆီးမှုတွင် နေအိမ် ၁၇၀၀၊ ဆန်စက် ၃

လုံးနှင့် ဆိုင်ခန်း ၂၄ ခန်းတို့ မီးလောင်ပြာကျခဲ့ရသည်ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ဖော်ပြထားသည်။

တစ်နိုင်ငံလုံးမှာ နေအိမ်အများဆုံး မီးရှို့ခံရ
*****************************

စစ်ကောင်စီက အာဏာစသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်တွင် နေအိမ်ပေါင်း ၂၁၀၀ ကျော်နှင့် ၂၀၂၂ ခုနှစ်အတွင်း၌ နေအိမ်ပေါင်း ၅၀၀၀၀ ကျော် မီးရှို့

ဖျက်ဆီးခံခဲ့ရသည်ဟု Data for Myanmar နှင့် ISP Myanmar တို့က ဖော်ပြထားသည်။

အာဏာသိမ်းကာလအတွင်း မီးရှို့ဖျက်ဆီးခံရမှုတွင် နေအိမ်နှင့်အဆောက်အဦး ၄၄၀၀ ကျော် ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်က အများဆုံး

ဖြစ်သည်ဟု ISP Myanmar က ၂၀၂၂ ခုနှစ်အတွက် နှစ်ချုပ်စာရင်းထုတ်ပြန်မှု၌ ဖော်ပြထားသည်။

ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယခုလအတွင်း၌ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်စာရင်းများပါ ဖော်ပြခဲ့ရာ နေအိမ်ပေါင်း ၄၈၁၉ အိမ်အထိ

မီးလောင်ပြာကျခဲ့ရသည်ဟု သိရသောကြောင့် ဒီပဲယင်းမြို့နယ်သည် တစ်နိုင်ငံလုံးတွင် နေအိမ် အများဆုံး မီးရှို့ခံရသော မြို့နယ် ဖြစ်လာသည်။

ဒီပဲယင်းမြို့နယ်တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ၌ စစ်ကြောင်းထိုး၍ မီးရှို့မခံရမီအချိန်တွင် နေအိမ် ၁၃၅၈ လုံးသာ မီးရှို့ဖျက်ဆီးခံထားခဲ့ရသည်။

ဒီပဲယင်း PDF တပ်ရင်းများကို NUGက လက်နက်မချပေး
***************************

ဒီပဲယင်းမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံ တပ်ရင်း လေးခု ရှိသည်။

ထိုတပ်ရင်းများသည် ပြီးခဲ့သောနှစ် နှစ်စပိုင်းကတည်းက MOD လက်အောက်ခံ စစ်ကိုင်းတိုင်း၊

ရွှေဘိုခရိုင် တပ်ရင်း ၁၉၊ ၂၀၊ ၂၁၊ ၂၂ စသည့်ဖြင့် တပ်ရင်းနံပါတ်များ ရရှိခဲ့သည်။

ထိုအချိန်ကတည်းက ဒီပဲယင်းတပ်ရင်းများအတွက် ဖြစ်နိုင်သည့်လက်နက်ပမာဏ တစ်ခုကို တပ်ဆင်ပေးရန် အကြိမ်ကြိမ်တောင်းခံခဲ့သော်လည်း လက်ရှိ

အချိန်အထိ တပ်ရင်း လေးခုစလုံး မောင်းပြန်တစ်လက်မျှ မရရှိထားဟု တပ်ရင်း ၂၁ တာဝန်ခံက ပြောသည်။

"တချို့စစ်ရေးဆိုင်ရာ၊ လက်နက်ဆိုင်ရာ ကိစ္စမျိုးက မပြောချင်ပေမယ့်လည်း မြေပြင်အခြေအနေက ဒီ

လောက် ပြာကျနေတာတောင် ကျုပ်တို့ ဒီပဲယင်းတပ်ရင်းတွေ မောင်းပြန်တစ်လက်မှ မရသေးဘူး။

ဆက်ပြီးတော့လည်း ဒါတွေကို တင်ပြရမှာ တောင်းခံရမှာ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ စိတ်ပျက်သွားပြီပေါ့ဗျာ "

လက်နက်ချက်ပေးရန် အကြိမ်ကြိမ် တောင်းခံပေမယ့် မြို့နယ်အတွင်းက ကျေးရွာအားလုံးနီးပါး မီးရှို့

ဖျက်ဆီးခံနေရသည့်အချိန်အထိ MOD က လက်နက် မချပေးသေးသည်ကို တပ်ရင်း၂၁ တာဝန်ခံက ပြောဆိုခြင်း ဖြစ်သည်။

လက်နက်များ မရှိသည့် ကာကွယ်ရေးတပ်များအနေဖြင့် အခွင့်သာလျှင် စစ်ကြောင်းများကို မိုင်းဆွဲ တိုက်

ကြပြီး အကယ်၍ အခွင့် မသာခဲ့လျှင်တော့ မီးရှို့နေသည်ကို ထိုင်ကြည့်နေရသည်ဟု ၎င်းက ဆက်ပြောသည်။

လက်နက်အခက်အခဲကြောင့် စစ်ကောင်စီတပ် စစ်ကြောင်းများကို ရင်ဆိုင်မတိုက်နိုင်သည့်

အခြေအနေကြောင့် ဒီပဲယင်းမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက မိုင်းကိုသာ အဓိကအားကိုးနေရသည်ဟု ဆိုသည်။

"အစ်ကိုတို့မှာ အဓိက အခက်အခဲကတော့ ရန်ပုံငွေပဲ။ ရန်ပုံငွေ မရှိတော့ မောင်းပြန် မဝယ်နိုင်ဘူး။ မောင်းပြန် မရှိတော့ ခွေးတွေ (စစ်ကောင်စီတပ်

စစ်ကြောင်း) ကို ထိပ်တိုက် ယှဥ်ပစ်ဖို့က တစ်တောင့်ထိုးလေးတွေနဲ့ ဘယ်လို့မှ မဖြစ်နိုင်ဘူး။ မိုင်းကိုပဲ

အဓိကအားကိုးနေရတာပေါ့နော်" ဟု BIA ဒီပဲယင်းအဖွဲ့ခေါင်းဆောင် ဂုဏ်သတ္တိက ပြောသည်။

မြို့နယ်အတွင်း ဝင်လာသည့် စစ်ကြောင်းများကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက မိုင်းများဖြင့် အဓိက တိုက်ခိုက်နေရသည်။ သို့သော် မိုင်း

ထောင်ထားသည့် နေရာများကို ဒလန်များက သတင်းပေးမှုနှင့် စစ်ကြောင်းအများစုတွင် ဒေသခံအရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီး

ခေါ်ဆောင်လာမှုများကြောင့် မိုင်းဆွဲတိုက်ခိုက်ရသည့် အစီအစဥ်များစွာမှာလည်း ပျက်စီးနေရသည်ဟု BIA ခေါင်းဆောင် ဂုဏ်သတ္တိက ပြောသည်။

ထို့ကြောင့် မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့များအဖြစ် ဖွဲ့စည်းထားသည့် PDF များသည် လက်နက်

အခက်အခဲများကြောင့် ကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် မလုပ်နိုင်ကြပေ။

ကျေးရွာဒေသခံပြည်သူများနှင့်အတူ စစ်ကြောင်းလာလျှင် ပြေးရပြီး အထုပ်များ ဝိုင်းဝန်သယ်ပိုးခြင်း၊ စစ်ရှောင်များအတွက် နေရာထိုင်ခင်း ပြင်ပေးခြင်း၊

အစားအသောက်များ စီစဥ်ပေးခြင်း၊ ကူညီငွေများ ကောက်ခံ၍ အရေးပေါ် စားဝတ်နေရေး လိုအပ်သည့် မီးဘေးသင့်ပြည်များကို ကူညီပေးခြင်း စသည်တို့ကိုသာ လုပ်ဆောင်နေကြရသည်။

"သူတို့ မီးရှို့တာ ထိုင်ကြည့်နေရတယ်။ တတ်နိုင်သလောက်အကူအညီပေးတယ်။ ဒီလောက်ပဲ ကျုပ်တို့ လုပ်လို့ရတယ်" ဟု စစ်ဘေးရှောင်များကို ကူညီ

ပေးနေသည့် ဒီပဲယင်းညီနောင်များအဖွဲ့ဝင် တစ်ဖြစ်လည်း PDF ရဲဘော်တစ်ဦးက ပြောသည်။

ကမ္ဘာ့သိထင်ရှားခဲ့သည့် ဒီပဲယင်းမှဖြစ်ရပ်ဆိုးများ
**************************

ဒီပဲယင်းတွင် ပြီးခဲ့သော ဒီဇင်ဘာလအတွင်း၌ ကျေးရွာများ ဆိုးဆိုးရွားရွား မီးရှို့ဖျက်ဆီးခံရသည့်

အခြေအနေတစ်ခုမကပင် စစ်ကောင်စီတပ်များ၏ ရက်ရက်စက်စက် ကျူးလွန်မှုများကို ကြိမ်ဖန်များစွာ ရင်ဆိုင်နေရသည်။

လက်နက်ကိုင်တော်လှန်ရေးအစပိုင်း၌ ဆပ်ပြာကျင်းရွာကိစ္စကဲ့သို့ PDF များ အစုအပြုံလိုက် စီးနင်းသတ်ဖြတ်ခံရသည့် ဖြစ်စဥ်နှင့် ကလေးငယ်များ

စာသင်နေသည့် စာသင်ကျောင်းကို ဝေဟင်၊ မြေပြင်တို့မှ တစ်နာရီကျော်အကြာ တိုက်ခိုက်ခံခဲ့ရသည့် လက်ယက်ကုန်းကျေးရွာ ဖြစ်စဥ်များက ကမ္ဘာသိ ထင်ရှားခဲ့သည်။

အာဏာသိမ်းကာလတစ်လျောက်လုံး စစ်ကောင်စီတပ်များ၏ ပြစ်မှု ကျူးလွန်နေခြင်းများကို ဆက်တိုက်ခံနေခဲ့ရသော ဒီပဲယင်းမြို့နယ်၌

ကာကွယ်ရေးတပ်ဖွဲ့များသည် NUG ထံမှ
လက်နက်ချပေးမှု မရရှိသည်သာမက ကျပ်သိန်းပေါင်း ၂၇၀၀၀ ကျော်အထိ ရရှိသော "မမများနဲ့ ပွဲကမယ်" ပရောဂျက်တွင်လည်း မရရှိခဲ့ပေ။

"မမများနဲ့ ပွဲကမယ်" စစ်ကိုင်းတိုင်းအတွက် ပရောဂျတ်တွင် ခရိုင် ၇ ခုမှ တပ်ရင်း ၄၁ ရင်းကို ပေးခဲ့ပြီး

ရွှေဘိုခရိုင်မှ MOD လက်အောက်ခံ တပ်ရင်း ၁၇ အထိ ရရှိခဲ့သော်လည်း ရွှေဘိုခရိုင်အတွင်းပါသည့် ဒီပဲယင်းတပ်ရင်း လေးခုစလုံး ခွဲဝေမှု မရရှိခဲ့ပေ။

ထိုအခြေအနေအား "မမများနဲ့ ပွဲကမယ်" ပရောဂျတ် တာဝန်ရှိသူထံ သံလွက်ခက်က မေးမြန်းခဲ့ရာ ရရှိသော အလှူငွေများသည် MOD ကို ပေးအပ်ပြီး

MOD မှတစ်ဆင့် သက်ဆိုင်ရာ စစ်ဦးစီးချုပ်၊ စစ်ဒေသမှူးများနှင့် ချိတ်ဆက်၍ မြေပြင်တပ်ရင်းများကို

ခွဲဝေပေးကြောင်းနှင့် ဒီပဲယင်းတပ်ရင်းများသည် လိုအပ်ချက်များရှိကြောင်း MOD ထံမှ ကြားသိရသည်ဟု ပြောသည်။

"ဒီအားနည်းချက်နဲ့ ပတ်သက်လို့ကတော့ ကျုပ်တို့ဆီကို တစ်စုံတစ်ခု အကြောင်းပြန်လာတာ မတွေ့ရဘူးဗျ။

နောက်တစ်ခုက မှုခင်းပိုင်းဆိုင်ရာ ပြစ်မှုပိုင်းဆိုင်ရာ အကြောင်းကြားတာမျိုးလည်း မရှိဘူး။ ကျုပ်တို့ တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့လည်း MOD ရဲ့

လက်အောက်ခံတပ်ရင်းတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ စည်းမျည်းစည်းကမ်းအတိုင်းသာ သွားနေတယ်ပေါ့နော်" ဟု MOD လက်အောက်ခံ ဒီပဲယင်း တပ်ရင်း ၂၁ တာဝန်ခံက ပြောသည်။

ဒီပဲယင်းတပ်ရင်းများကို လက်နက်မချပေးသည့် ကိစ္စနှင့်ပတ်သက်ပြီး မည်သည့်အားနည်ချက်၊ လိုအပ်ချက်များ ရှိနေသည်ကို NUGကာကွယ်ရေး

ဝန်ကြီးဌာန MOD အတွင်းဝန်ဦးနိုင်ထူးအောင်ကို သံလွင်ခက်က ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

ဒီပဲယင်းတွင် မကြာခဏ စစ်ကြောင်းထိုးခံနေရသည့် အခြေအနေနှင့် MOD လက်နက်ချပေးရန် ကိစ္စကို မည်သို့မျှ အကြောင်းပြန်ခြင်း မရှိသည့် အခြေအနေ

တို့ကြောင့် စစ်ကြောင်းများ ဝင်လာလျှင် လောက်စလုံးသီးလုံး၍ ပစ်ရန်သာ ရှိတော့သည်ဟု ဒီ

ပဲယင်း PDF တစ်ဦးက ဆိုးရွားသည့် အခြေအနေတစ်ရပ်အား အရွှန်းဖောက်၍

13/01/2023

"အနောက်က ၄ယောက်လုံး ကျသွားတာ အမ ရယ် သူ့မွေးနေ့တုန်းက ထမင်းပေါ် ဖယောင်းတိုင်လေးစိုက်ပြီးတောင် BD cakeလို လုပ်ပေးခဲ့သေးတယ်" တဲ့ … ဆိပ်ဖြူအဖွဲ့က ရဲဘော်လေး လာပြောပြနေတာ။ ပြီးခဲ့တဲ့ ၂ ရက်နေ့ကတင်ပဲ ဆိပ်ဖြူ အဖွဲ့ကို ဒလန်သတင်းပေးလို့ အနီးကပ်ပစ်သ-တ်ခံလိုက်ရတယ်။

ကျဆုံး ရဲဘော် (၁၀)ယောက်မှာ သူ့ညီမလေး ၃ ယောက်ပါတယ်။ ကြင်စဦး ဇနီးမောင်နှံ ၂ယောက်ပါတယ်၊ ဒီဇင်ဘာလကမှ မွေးနေ့ရောက်ခဲ့တဲ့ ရဲဘော်လေးပါတယ်။ ပုံထဲက ညီမလေး ၂ ယောက်က သူ့ညီမလေးတွေ။ အခု FB မှာ တက်ပြောနေကြသလို ကိုရီးယား ဒရမ်မာတွေကြည့်ပြီး အချိန်ကုန်ရမယ့် အရွယ်လေးတွေ။ သမီးချောလေးတွေ။ မိန်းမကောင်းလေးတွေ။

အတိုအရှည်တွေရော၊ ဆိုင်ကယ်တွေရော ရှိသမျှ အကုန်ပါသွားတယ်။ ပြီးခဲ့တဲ့ ၂ လကတောင် သူတို့ထဲက အကောင်းဆုံး ဆိုင်ကယ်လေးကို မဲရောင်းပေးပါလားအမရယ် … အဆံဖိုးမရှိတော့လို့တဲ့။ ကိုယ်လည်း ဟုတ်ဟုတ် ဆိုပြီး သိတဲ့အတိုင်း ပြန်ပြောဖို့မေ့။ သူ့အရင်လှူထားတဲ့ မဲပစ္စည်းတွေရှိတော့ ခနစောင့်နေတုန်း အခုတော့ အဲ့ဒီဆိုင်ကယ်လေးလည်း မီးထဲပါသွားပြီ။

ခုတော့ ဘာမှလုပ်မရတော့ဘူး။
နေ့စဉ်နဲ့ရက်ဆက်ကို လူငယ်လေးတွေ အသက်တွေပေးဆပ်နေရတာနော် … သိသိရဲ့နဲ့လဲ Positive Vibe ဆိုပြီး မသိချင်ယောင်ဆောင်ကြတာပဲ။ သိသိရက်နဲ့ပဲ တော်လှန်ရေးပိုစ့်တွေ ကျော်ခွသွားကြတာပဲ။ သိသိရဲ့နဲ့ကို မကလစ်ဘဲ နေနေကြတာပဲ ….

ဖြစ်နိုင်မယ်ဆို မဘလိန်းချင်ပါဘူး။ ဘလိန်းရတာလဲ ဝါသနာမပါဘူး။ ဒါပေမယ့် ဒီလူငယ်လေးတွေဟာ ငါ့ညီမ၊ ငါ့သားသမီး၊ ငါ့ချစ်ရတဲ့သူ ဆိုတဲ့ စိတ်လေးတွေသာ လူတိုင်းရှိကြမယ်ဆိုရင် …. တော်လှန်ရေးဆိုတာလည်း ခုတော့ အဓွန့်ရှည်မှာ မဟုတ်ဘူးလို့ တွေးမိတာပါပဲ …..

အခုတော့ ကြယ်ကလေးတွေဟာ နေ့တိုင်းနီးပါး တဖြုတ်ဖြုတ်ကြွေလို့ …..

Photos from Myanmar Spring Dream- Current News's post 13/01/2023

ခရစ်ယာန်ဘုရားကျောင်း ဗုံးကြဲတိုက်ခိုက်ခံရ၊ ဆရာတော် နှစ်ပါးအပါအဝင် ငါးဦးသေဆုံး
~~~
■ ကရင်ပြည်နယ်တွင်း KNU ထိန်းချုပ်နယ်မြေ၊ မူတြော်ခရိုင်၊ လူသောမြို့နယ် ပေးကေးကျေးရွာအုပ်စု၊ လေးဝါးရွာကို စစ်ကောင်စီက ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တစ်ဦးနဲ့ ခရစ်ယာန်ဆရာတော်နှစ်ပါး အပါအဝင် ငါးဦးသေဆုံးသွားတယ်လို့ အဲဒီဒေသကိုရောက်နေတဲ့ Free Burma Rangers အဖွဲ့ တည်ထောင်သူ အမေရိကန်တပ်မှူးဟောင်း David Eubank က ပြောပါတယ်။

အသက်သုံးနှစ်နီးပါးရှိသေးတဲ့ ကလေးငယ်နဲ့ မိခင်ဖြစ်သူ၊ နှစ်ခြင်းသင်းအုပ်ဆရာတော်၊ ကက်သလစ်သင်းထောက်ဆရာတော်နဲ့ ရွာသားတစ်ဦး စုစုပေါင်း ငါးဦးနေရာမှာတင် သေဆုံးသွားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်နှစ်စင်း ခရစ်ယာန်ဘုရားကျောင်းပေါ်ကို ပစ်မှတ်ထားပြီး ဗုံးနှစ်လုံးစီကြဲချတာလို့ မျက်မြင်တွေ့ရှိတဲ့ ရွာသားတွေရဲ့ ပြောပြချက်ကို David Eubank က ပြန်ပြောဆိုပါတယ်။

"တကယ်လို့သာ ဘုရားကျောင်းမဟုတ်ဘဲ စာသင်ကျောင်းသာဆိုရင် အဲဒီထဲမှာ စာသင်နေတဲ့ ကလေးတွေ အကုန်လုံးသေကုန်မှာ၊ အဆောက်အအုံ အားလုံး ရစရာမရှိအောင် ပျက်စီးနေတယ်"

စစ်ကောင်စီရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် ရွာသားတော်တော်များများလည်း ဒဏ်ရာရသွားသလို လေးဝါးရွာတစ်ဝိုက်က ဒေသခံတွေ အားလုံး ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှုတွေ အားလုံးရပ်တန့်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာစစ်တပ်ကို သတိပေးထားပေမဲ့ စစ်ကောင်စီဟာ လေကြောင်းသုံးပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်ကျူးလွန်နေပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ်ကို ဂျက်တိုက်လေယာဉ်သုံးဗုံးကြဲ တိုက်ခိုက်ခဲ့လို့ CNF တပ်ဖွဲ့ဝင် ငါးဦးသေဆုံးသွားပါတယ်။
_________________
၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် လေးဝါးရွာ ခရစ်ယာန်ဘုရားကျောင်း၊ ထိခိုက်သေဆုံးသူများနှင့် ဒဏ်ရာရသွားကြသူများ။ (Photo: Free Burma Rangers)

12/01/2023

မေ့မသွားရအောင်လို့...
အမျိုး ဘာသာ သာသနာ နဲ့ နိုင်ငံတော်ကို
ကွာကွယ်နေသော စခများ

Want your school to be the top-listed School/college in Kuala Lumpur?

Click here to claim your Sponsored Listing.

Location

Address


Jalan Genting Klang
Kuala Lumpur
53300