နည်းပညာလမ်းညွှန်

နည်းပညာလမ်းညွှန်

Share

I’ll explore some of the ways in which the communication process – personal and professional –

06/10/2023

မြန်မာပြည်ကနေ Google Drive ဝယ်ယူလိုသူများ
~~~
💫 Google Storage တိုးချင်သူများအတွက် ဇူလိုင်လကုန်အထိ အထူးအခွင့်အရေး 💫
Gmail , Drive , Photos များကို Storage တိုးချင်သူများအတွက် မူလ 15GB မှ 100GB , 200GB နဲ့ 2TB အထိ တိုးပေးတဲ့ဝန်ဆောင်မှုလေး Myanmar Host မှာ ရရှိနိုင်ပါတယ်ရှင်။ အသေးစိတ်ကို အောက်ပါ Link လေးထဲ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။
https://www.facebook.com/375828395795249/posts/6089529497758415/
💁 ဈေးနှုန်းများအနေနဲ့ကတော့ USD Rate နဲ့ ဖော်ပြထားတာကြောင့် Exchange Rate အပြောင်းအလဲရှိနိုင်ပေမယ့် လက်တလောမှာတော့ ဇူလိုင်လကုန်အထိကို မူလ ရောင်းချနေကျ Rate နဲ့သာ ကောက်ခံပေးသွားမှာပါရှင့်။ ✨✨
နောက်လများမှာဆိုရင်တော့ Exchange Rate ပြောင်းလဲသွားနိုင်တာဖြစ်လို့ Storage တိုးထားချင်သူများအနေနဲ့ အမြန်ဆုံး လာရောက်ဝယ်ယူလိုက်ကြဖို့ ဖိတ်ခေါ်လိုက်ပါရစေနော် ... ။
အသေးစိတ်ကို Messenger မှသော်လည်းကောင်း ၊ 📞09 793333372 ၊ 09 450002205 ၊ 09 33333372 သို့လည်းကောင်း တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းမေးမြန်းလို့ ရပါတယ်ရှင်။
Direct Messenger : https://m.me/myanmarhost
Viber : 09 793333372 , 09 450002205

Myanmar Host Your trusted partner for a complete online presence. We offer domains, web hosting, design, and essential business tools like Google Workspace & M365 to help your business thrive.

24/06/2023

Data 101 လို့ အမည်ပေးထားတဲ့ Course တစ်ခုကို လာမယ့် ဇူလိုင် ၁၀ ရက်နေ့က စပြီးတော့ INDRA Innovation & Communication မှာ လုပ်သွားပါမယ်။ ဒီ Course မှာ ဘာတွေ ပါမလဲ ဆိုရင် ကိန်းဂဏန်း အချက်အလက်တွေနဲ့ အလုပ် လုပ်ကိုင်နည်းတွေနဲ့ အခြေခံ သုတေသန လုပ်ငန်းတွေ အကြောင်း ပါဝင်မှာ ဖြစ်ပါတယ်။

မဖြစ်မနေ သိထားရမယ့် သဘောတရား Concept တွေကို တီးမိခေါက်မိအောင် လေ့လာပြီးရင် Tools တွေကို အဓိကထားပြီး သင်ပါမယ်။ ဥပမာ Microsoft Excel, Google Spreadsheet အစရှိတဲ့ Spreadsheet တွေကို ကျင်ကျင်လည်လည် သုံးတတ်အောင်၊ ပြဿနာ တော်တော်များများကို ဒီ Spreadsheets တွေမှာပါတဲ့ Built-in Function တွေ၊ Add-on/Plugin တွေနဲ့ ဖြေရှင်းတတ်အောင်၊ အဖြေထွက်အောင် လုပ်နိုင်တဲ့ အဆင့်အထိ လေ့ကျင့်ပါမယ်။

တစ်ချိန်တည်းမှာပဲ Survey လုပ်ငန်းတွေမှာ သုံးကြတဲ့ Kobo, Google Forms, Microsoft Forms, Survey Monkey အစရှိတဲ့ From Applications တွေကို သုံးတတ်အောင်၊ Form Elements တွေကို စနစ်တကျ သုံးတတ်အောင် ပြောပြပါမယ်။ လက်တွေ့ဘ၀မှာ Survey ကောက်ယူတဲ့ အခါ Geo-location Data တွေကို ဘယ်လို ကောက်ယူမလဲ၊ ဘယ်လို ပြန်ပြီး အသုံးချမလဲ ဆိုတာကိုလည်း GIS Applications တွေနဲ့ တွဲပြီး လေ့ကျင့်ခန်း လုပ်တာတွေ ရှိပါမယ်။

အဓိက ဦးစားပေး အနေနဲ့ Regular Expression (RegEx) ကို သုံးပြီးတော့ Raw Data (Textual Data) တွေ အထဲကနေ ကိုယ် လိုချင်တဲ့ အချက်အလက်တွေ ဆွဲထုတ်တာ၊ ပြုစုတာ၊ ပြင်ဆင်တာ၊ ပြောင်းလဲတာ အစရှိတဲ့ Data Wrangling ကိစ္စတွေကို သင်ပါမယ်။ အကြမ်းထည် အနေနဲ့ ရှိနေတဲ့ Text Data (String) တွေကို Transformation လုပ်တဲ့ အပိုင်းကို အဓိက ပြောပါမယ်။

အဲဒါတွေ ပြီးရင်တော့ STATA Application ကို အခြေခံ သုံးတတ်အောင်၊ Manipulation လုပ်တတ်အောင်၊ အခြေခံ ပေါင်း၊ နှုတ်၊ မြောက်၊ စား၊ ပျမ်းမျှ၊ ရေတွက် အစရှိသဖြင့် တွက်တတ်အောင် သင်ပါမယ်။ STATA ကတော့ သင်တန်းပြီးရင် ကိုယ့်ဖာသာ ဆက်ပြီး လေ့လာရမယ့် Tools ပါ။ STATA ကို သုံးတတ်သွားရင် အခု Popular ဖြစ်နေတဲ့ Pandas ကို ပြောင်းပြီး လေ့လာဖို့က မခက်ခဲပါဘူး။

STATA က Command Line Interface ဖြစ်ပေမယ့် Syntax တွေက အင်မတန် လွယ်ကူ ရိုးရှင်းပြီး သုံးရတာ ကောင်းတဲ့ အတွက်ကြောင့် အခြေခံ အဆင့်ကို STATA နဲ့ သွားတဲ့ သဘောပါ။ STATA သိသွားရင် နောက်ပိုင်း Python နဲ့ အချက်အလက်ကိစ္စတွေကို ဆက်လုပ်မယ် ဆိုရင်လည်း လွယ်သွားမှာပါ။

ဒီ Course က အခမဲ့ Course ပါ။ အခမဲ့ Course ဖြစ်တဲ့ အတွက်ကြောင့် သင်တန်း တက်ရောက်သူတွေ အနေနဲ့ စူးစိုက်မှု ရှိဖို့ လိုပါတယ်။ Course ကို အပြည့်အ၀ ပုံမှန် တက်ဖို့ လိုပါတယ်။ သင်တန်း ၂ ချိန် ဆက်တိုက် ပျက်ရင် ဆက်ပြီး တက်ခွင့် ရှိမှာ မဟုတ်ပါဘူး။ သင်တန်း ၂ ချိန် ပျက်သွားရင် အချိတ်အဆက် လွဲသွားမှာပါ။ အထူးသဖြင့် လေ့ကျင့်ခန်းတွေက နေ့တိုင်း ရှိမှာ ဖြစ်တဲ့ အတွက်ကြောင့် ၁ ချိန် လွတ်သွားရင် ရှေ့ ဆက်ပြီး သွားဖို့ရာ အခက်အခဲ ရှိတော့မှ ဖြစ်တဲ့ အတွက်ကြောင့်ပါ။ ဒီ Course ကို တက်ရင် Certificate ထုတ်ပေးမှာ မဟုတ်ပါဘူး။

စိတ်ဝင်စားသူတွေ အနေနဲ့ ဒီ Course Curriculum/Agenda ကို သေသေချာချာ ဖတ်ကြည့်ဖို့ လိုပါတယ်။ Selection Process ကို ဖတ်ပြီးလို့ စိတ်ဝင်စားရင် https://indramyanmar.com/indra-data-101/ မှာ Application တင်လို့ ရပါတယ်။

# # Introduction to Data Lifecyle Management and Applied Research # #

Course Name: Introduction to Data Lifecyle Management and Applied Research
Course Fees: Free of Charge (Dedicated Commitment of Participants is Mandatory)
Schedule: 10 July 2023 to 31 July 2023 (Monday to Friday, 3:00 PM to 5:00 PM)
Location: 137, 27th Street (Between 76th Street and 77th Street), Haymarzala Ward, Chanayethazan Township, Mandalay

# Learning Goal

By the end of the program, participants will have a solid understanding of the basic concepts and terminologies of data science and applied research. They will be able to perform fundamental tasks related to data lifecycle management, including data collection, data cleaning, data validation, data verification, data manipulation, data visualization, and data analysis.

Participants will gain hands-on experience using standard tools such as Microsoft Excel/Google Spreadsheet, Microsoft Power BI/Tableau, Google Earth, and form building applications (e.g., Kobo, Google Forms, Microsoft Forms, Survey Monkey). Additionally, participants will develop proficiency in using powerful text editors (e.g., Notepad++, Visual Studio Code) for data transformation, basic regular expression methods (RegEx) to extract useful information from raw data, and acquire introductory STATA skills.

The training will consist of interactive activities designed to reinforce these skills and concepts.

# Datasets for Training

1. Automobile Data (StataCorp LLC)
2. Titanic Dataset (Unknown)
3. Place Codes Dataset (Myanmar Information Management Unit)
4. Student Performance Data Set (Paulo Cortez, University of Minho, Guimarães, Portugal, http://www3.dsi.uminho.pt/pcortez)

# Primary Readings

1. The Quartz Guide to Bad Data: A comprehensive guide on handling data quality issues. Available at: [https://github.com/Quartz/bad-data-guide]
2. Maths is Fun: An online resource to strengthen mathematical foundations. Available at: [https://www.mathsisfun.com]
3. Research Skills for Students (1996) by Brian Allison, Anne Hilton, Tim O'Sullivan, Alun Owen, Arthur Rothwell

# Application Process

Participants will be selected through a competitive process to ensure the utmost dedication and commitment from the chosen individuals. The process consists of the following stages:

# # (1) Application Submission
Interested individuals are required to submit their applications through the online application form at https://indramyanmar.com/indra-data-101/.

# # (2) Application Review
The organizing team will carefully review all received applications. The review process aims to assess the applicants' background, enthusiasm, and their potential to benefit from the training program.

# # (3) Shortlisting
Based on the application review, a shortlist of candidates will be created. The shortlisted applicants will be invited to proceed to the next stage, which is the placement test.

# # (4) Placement Test
Shortlisted candidates will be required to take a placement test to evaluate their basic knowledge. The test may cover topics such as problem-solving and basic computer operating skills.

# # (5) Final Selection
The final selection of participants will be based on the performance in the placement test and the overall assessment of the application. Only 10 individuals will be selected for the program.

# Criteria for Shortlisting Participants

The selection committee will consider several criteria when shortlisting participants. While meeting all the criteria does not guarantee selection, it enhances the chances of being shortlisted. The criteria include:

# # (1) Educational Background
Preference will be given to individuals with a background in research, statistics, computer science, engineering, or related fields. However, applicants from other disciplines with a strong interest in data science are also encouraged to apply.

# # (2) Motivation and Enthusiasm
The committee will assess the applicants' motivation and enthusiasm for learning data management and applied research. Applicants are encouraged to highlight their passion for the field and how they plan to utilize the acquired skills.

# # (3) Potential Benefit
The committee will consider the potential benefit the training program can provide to the applicants in their personal and professional development.

Please note that these criteria are provided as a general guideline, and the selection committee will have the final discretion in the shortlisting and selection process.

# Participant Requirements

• Participants are required to bring their own laptop computers with the Windows operating system (OS).
• Selected participants are required to attend all courses. Participants will be dismissed if they fail to attend more than two consecutive sessions.
• We strictly adhere to a zero-tolerance policy for sexual harassment and abuse at the learning space.

# Special Note to Persons with Disabilities (PWDs)

Persons with disabilities (PWDs) are welcome to participate in the training program. However, it's important to note that the training venue is not PWD-friendly. We encourage PWD participants to make their own arrangements to ensure their accessibility and comfort during the training sessions. If selected, PWD participants are advised to assess their specific needs and make any necessary arrangements or accommodations to fully engage in the program. We are committed to providing equal opportunities for all participants and will support PWDs to the best of our abilities within the limitations of the training venue.

To apply, please submit your application at https://indramyanmar.com/indra-data-101/.

Scribd အသုံးပြုနည်း 11/10/2022

"ကမ္ဘာ့အကြီးဆုံး ဒစ်ဂျစ်တယ် လိုက်ဘရယ်ရီ" Scribd
****************************************************
Scribd ဆိုတာ eBooks & Audiobooks တွေကို အခပေး/အခမဲ့ ဖတ်ရှုနိုင်မယ့် စာကြည့်တိုင်တခု ဖြစ်ပါတယ်။ လစဉ်ကြေးပေးပြီး စာအုပ်တွေ၊ မဂ္ဂဇင်းတွေ၊ Audiobooks တွေ အကန့်အသတ်မရှိ ဖတ်လို့ နားထောင်လို့ရပါတယ်။
Classics တွေကအစ နောက်ဆုံးထွက် Bestsellers တွေအထိ စာအုပ်အမျိုးအစား စုံလင်စွာ၊ Audiobooks အသံသွင်းထားတဲ့စာအုပ်တွေကိုလည်း နားထောင်နိုင်ပါတယ်။ မဂ္ဂဇင်းတွေမှာဆိုရင်တော့ နာမည်ကြီး TIME, Newsweek အပါအဝင် ကဏ္ဍအစုံက ကမ္ဘာကျော် မဂ္ဂဇင်းတွေ ထားရှိပါတယ်။

Scribd မှာ eBooks, Audiobooks ပေါင်း တစ်သန်းကျော်ရှိပြီး Documents ပေါင်း သန်း ၆၀ ကျော် ရှိပါတယ်။ Scribd က သူ့ကိုယ်သူ "ကမ္ဘာ့အကြီးဆုံး ဒစ်ဂျစ်တယ် လိုက်ဘရယ်ရီ" လို့ ကြွားထားပါတယ်။ Scribd ကို "စာအုပ်တွေရဲ့ နက်ဖလစ်ခ်စ်" (the Netflix for books) လို့လည်း တင်စားကြပါသတဲ့။

Scribd တစ်လစာ membership ကို USD 8.99$ သတ်မှတ်ထားပါတယ်။ ပုံမှန် Free trial အနေဖြင့် ရက်ပေါင်း (၃၀) အခမဲ့ဖတ်ခွင့်ပေးထားပါတယ်။ Scribd ကို ကွန်ပျူတာ Browser, Android ဖုန်း, iOS ဖုန်း မိမိ ကြိုက်ရာနဲ့ သုံးလို့ ရပါတယ်။

#နည်းပညာလမ်းညွှန်

Scribd အသုံးပြုနည်း Scribd မှာ eBooks, Audiobooks ပေါင်း တစ်သန်းကျော်ရှိပြီး Documents ပေါင်း သန်း ၆၀ ကျော် ရှိပါတယ်။ Scribd က သူ့ကိုယ်သူ "ကမ္ဘာ့အကြီးဆုံး ဒ.....

Facebook တွင် အမည်မသိ (Anonymous) ဖြင့် ရေးသားခွင့်ပြုခြင်း 30/12/2021

Facebook Group လိပ်စာအမည် (URL) ပြောင်းခြင်း နှင့်
အမည်မသိ (Anonymous) ဖြင့် ရေးသားခွင့်ပြုခြင်း
****************************************************
Telegram
https://t.me/tentechtorials/6
Youtube
https://youtu.be/nspKPqE_Wzs
#နည်းပညာလမ်းညွှန်

Facebook တွင် အမည်မသိ (Anonymous) ဖြင့် ရေးသားခွင့်ပြုခြင်း Facebook Group လိပ်စာအမည် (URL) ပြောင်းခြင်း နှင့် အမည်မသိ (Anonymous) ဖြင့် ရေးသားခွင့်ပြုခြင်း

Zoom တွင် နောက်ခံ စာသား/ရုပ်ပုံ ထည့်သွင်းအသုံးပြုခြင်း 29/12/2021

Zoom တွင် နောက်ခံ စာသား/ရုပ်ပုံ ထည့်သွင်းအသုံးပြုခြင်း
*******************************************************
Zoom Video Meeting မှာ မိမိတို့ရဲ့ ကိုယ်ပိုင်နောက်ခံ (Background) စာသား၊ ရုပ်ပုံ (သို့) ကုမ္ပဏီအမှတ်တံဆိပ်၊ သင်တန်း ဆိုင်းဘုတ် ပုံတွေကို စိတ်ကြိုက် ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ အဆိုပါ ဒီဆိုင်းများကိုလည်း အွန်လိုင်းမှာ အလွယ်တကူ လုပ်နိုင်အောင် Canva ကိုအသုံးပြုနိုင်ပါတယ်။ Canva ဆိုဒ်ကိုသုံးပြီး မိမိတို့စိတ်ကြိုက် ပုံတွေကို (Photoshop) ကဲ့သို့သော ဆော့ဝဲများ သုံးစရာမလိုပဲ အလွယ်တကူ
ပြုလုပ်ထားနိုင်မှာပါ။

Zoom တွင် နောက်ခံ စာသား/ရုပ်ပုံ ထည့်သွင်းအသုံးပြုခြင်း ဒီလင့်မှာ အသေးစိတ်လေ့လာနိုင်ပါပြီ။

Telegram
https://t.me/tentechtorials/5

Youtube
https://youtu.be/QdARbZXvsu0

#နည်းပညာလမ်းညွှန်

Zoom တွင် နောက်ခံ စာသား/ရုပ်ပုံ ထည့်သွင်းအသုံးပြုခြင်း

08/12/2021

ဒါကတော့ Facebook မှ သင့်ရဲ့ Facebook စဖွင့် စသုံးတဲ့အချိန်ကစ​​ပြီး ယခုချိန်အထိ သင့်ရဲ့ Phone Contact တွေကို မှတ်သားထားပါတယ်။

သင် မမှတ်ထားတော့တဲ့ ဖျက်လိုက်မိတဲ့ Phone No အဟောင်းတွေကို နာမည်နဲ့ တကွ ပြန်ကြည့်နိုင်ပါတယ်။

သင့်ဖုန်းတွေ ပြောင်းသုံးတဲ့အခါ Contact တွေ ဖျက်လို​က် အသစ်ထည့်လိုက် လုပ်နေပါစေ Facebook က Auto Save နေမှာပါ။ အောက်ပါ Link မှာ ဝင်ကြည့်လိုက်ပါ။

m.facebook.com

Camtasia ဖြင့် Screen ဗီဒီယိုဖမ်းခြင်း (၁) 31/10/2021

Camtasia ဖြင့် Screen ဗီဒီယိုဖမ်းခြင်း (၁)
***************************************
Camtasia စတူဒီယိုသည်အကောင်းဆုံးဗီဒီယိုရိုက်ကူးခြင်းနှင့်တည်းဖြတ်ခြင်းပရိုဂရမ်များထဲမှတစ်ခုဖြစ်သည်။ အသုံးပြုသူများအနေဖြင့်ဗီဒီယိုမှတ်တမ်းတင်ရန်နှင့်ကျယ်ပြန့်သောဗွီဒီယိုတည်းဖြတ်ရေးရွေးချယ်မှုများကိုထောက်ပံ့ပေးသည့်အောင်မြင်သောမျက်နှာပြင်ဗွီဒီယိုရိုက်ကူးသည့်ဆော့ဖ်ဝဲလ်မှနောက်ဆုံးပေါ် Camtasia Studio 2021 ဗားရှင်းထိအသုံးပြုနိုင်ပါသည်။

၎င်းသည် ဗီဒီယိုသင်ခန်းစာများ၊ အစည်းအဝေးမှတ်တမ်းတင်ခြင်း၊ အွန်လိုင်းသင်ကြားပို့ချခြင်းများ၊ ကဲ့သို့သော ဗီဒီယိုများ၊ သင်ခန်းစာတင်ဆက်မှုအသံသွင်းခြင်းများအား လွယ်ကူစွာ လုပ်ဆောင်နိုင်ပါသည်။

https://youtu.be/ZxUkH3xxh9g
#နည်းပညာလမ်းညွှန်

Camtasia ဖြင့် Screen ဗီဒီယိုဖမ်းခြင်း (၁) Camtasia စတူဒီယိုသည်အကောင်းဆုံးဗီဒီယိုရိုက်ကူးခြင်းနှင့်တည်းဖြတ်ခြင်းပရိုဂရမ်များထဲမှတစ်ခုဖြစ်သည်။ အသုံးပြ.....

Zotero ထည့်သွင်းနည်းလမ်းညွှန် 23/09/2021

Zotero ထည့်သွင်းနည်းလမ်းညွှန် (၂)
*****************************
Zotero ကို အခမဲ့ သုံးစွဲနိုင်ပြီး၊ Desktop/Laptop ကွန်ပျူတာတွင် အသုံးပြုနိုင်သော သုတေသနနှင့်ကျမ်းပြုစုရေးတွင် အင်မတန်အသုံးတည့်သည့် ဆော့ဝဲလ် တစ်ခုဖြစ်သည်။

ကျမ်းကိုးစာရင်း နှင့် ရည်ညွှန်းချက်များ၊ ကိုးကားလိုသည့် အချက်အလက်များကို အလွယ်တကူစုဆောင်းနိုင်စေပြီး၊ LibreOffice Writer (သို့) Microsoft Word တွင်ထည့်သွင်း အသုံးပြုနိုင်သည်။ Zotero ကို GNU / Linux, Windows နှင့် macOS တို့တွင်လည်း အသုံးပြုနိုင်သည်။

https://youtu.be/whkfjF5igTw

#နည်းပညာလမ်းညွှန်

Zotero ထည့်သွင်းနည်းလမ်းညွှန် Zotero ကို အခမဲ့ သုံးစွဲနိုင်ပြီး၊ Desktop/Laptop ကွန်ပျူတာတွင် အသုံးပြုနိုင်သော သုတေသနနှင့်ကျမ်းပြုစုရေးတွင် အင်မတန်အ.....

Zotero အသုံးပြုနည်းလမ်းညွှန် 23/09/2021

Zotero အသုံးပြုနည်းလမ်းညွှန် (၁)
****************************
Zotero တွင် စာအုပ်ပေါင်းများစွာရဲ့ metadata ကိုဖမ်းယူကာ အချက်အလက်များကိုစုဆောင်းနိုင်စေပြီး၊ လွယ်ကူစွာပြန်လည် အသုံးပြုစေနိုင်ပါသည်။

DOI မှ ISBN သို့ သမ္မာကျမ်းစာဆိုင်ရာအရင်းအမြစ် စာအုပ်၊ ဆောင်းပါး၊ ဝက်ဆိုက်ဒ်များကို လွယ်ကူကောင်းမွန်စွာ ကိုးကားနိုင်စေပြီး၊ အလိုအလျှောက်ဖြည့်စွက်ပေးနိုင်သည်။

ဆောင်းပါးများရေးသားခြင်း၊ သုတေသနစာတမ်းများပြုစုရာတွင် ကိုးကားချက်များအား Zotero ကိုအသုံးပြုနိုင်သည်။ နောက်ဆုံးတွင် ကိုးကားစာအုပ်စာရင်းများအား အလိုအလျောက်ပေါင်းပေးကာ Bibliographies မှတ်တမ်းကိုဖန်တီးပေးနိုင်သည်။

အသုံးပြုရန် အခမဲ့သုံးစွဲသူအကောင့်တစ်ခုဖွင့်နိုင်ပြီး၊ စာကိုးများအား သိမ်းဆည်းရန် သိုလောင်နိုင်မှုပမာဏ အ‌တော်အသင့်ကိုလည်း အခမဲ့ပေးထားပါသည်။

https://youtu.be/92RMXSU_jso

#နည်းပညာလမ်းညွှန်

Zotero အသုံးပြုနည်းလမ်းညွှန် Zotero တွင် စာအုပ်ပေါင်းများစွာရဲ့ metadata ကိုဖမ်းယူကာ အချက်အလက်များကိုစုဆောင်းနိုင်စေပြီး၊ လွယ်ကူစွာပြန်လည် အသုံ...

Office 365 ထည့်သွင်းနည်း လမ်းညွှန် 17/09/2021

Office 365 ထည့်သွင်းနည်း လမ်းညွှန်
*********************************
Microsoft Office 365 ကို ၂၀၁၃ တွင်စတင်မိတ်ဆက်ခဲ့သည် လစဉ်/နှစ်စဉ် အခကြေးငွေဖြင့်၊ ကွန်ပျူတာများ၊ ဖုန်းများနှင့် အွန်လိုင်းရသည့်နေရာတိုင်းတွင် အသုံးပြုခွင့်ပေးထားသည်။ ဖိုင်များသိုလှောင်နိုင်ရန် Cloud ဝန်ဆောင်မှုလည်း ပါရှိပြီး၊ subscription service အလိုက် Cloud ဗားရှင်းများကွာခြားပါသည်။

2019 ခုနှစ်တွင်မိုက်ကရိုဆော့အနေဖြင့် Office 365 မှ Microsoft 365 ကိုအမည်ပြောင်းခဲ့သည်။

https://youtu.be/htfeOXbkRTI

#နည်းပညာလမ်းညွှန်

Office 365 ထည့်သွင်းနည်း လမ်းညွှန် Microsoft Office 365 ကို ၂၀၁၃ တွင်စတင်မိတ်ဆက်ခဲ့သည် လစဉ်/နှစ်စဉ် အခကြေးငွေဖြင့်၊ ကွန်ပျူတာများ၊ ဖုန်းများနှင့် အွန်လိုင....

Notion အက်ပရီကေးရှင်း အပိုင်း (၁) 07/09/2021

Notion အက်ပရီကေးရှင်း အပိုင်း (၁)
************************************
https://youtu.be/iW9t7-quCQ8

ကျောင်းသူ ကျောင်းသားများအတွက် အင်မတန်အသုံးတည့်တဲ့ Notion App ပါ။ အလွယ်ပြောရရင် Personal Notes တွေမှတ်တာ၊ Project တွေကို ကိုယ့်သူငယ်ချင်တွေနှင့် အတူလုပ်ဖို့မျှဝေလုပ်တာတွေ၊ လေ့လာဖို့ မှတ်တမ်းတွေ၊ မှတ်စုတွေစုတာ၊ ထုတ်တာတွေ ကောင်းကောင်းလုပ်လို့ ရတဲ့ အပ်ပရီကေးရှင်းတစ်ခုပါ။

Notion အက်ပရီကေးရှင်းက အစီအစဥ်တွေရေးဆွဲတာ (Productivity App) ဆိုတဲ့အတိုင်း Notes မှတ်တာ တခုထက် ပိုတဲ့အလုပ်တွေကို လုပ်နိုင်ပါတယ်။ ကိုယ့်သူငယ်ချင်းတွေနှင့် Assignment တွေအတူလုပ်တာ၊ တခြားဖိုင်အမျိုးအစားများစွာကိုလည်း Integration အနေနှင့် Google Drive, Dropbox,… စတာတွေကို Embed သို့ Link ချိတ်လို့ရတာပါတယ်။ အချင်းချင်း မျှဝေထားရင် ကိုယ့်ရဲ့ အကောင့် (ဆိုဒ်) ထဲမှာ ကွန်မင့်ရေးတာတွေကို
စသဖြင့် များစွာလုပ်ဆောင်နိုင်တာဖြစ်ပါတယ်။

https://www.notion.so

#နည်းပညာလမ်းညွှန်

Notion အက်ပရီကေးရှင်း အပိုင်း (၁) ကျောင်းသူ ကျောင်းသားများအတွက် အင်မတန်အသုံးတည့်တဲ့ Notion App ပါ။ အလွယ်ပြောရရင် Personal Notes တွေမှတ်တာ၊ Project တွေကို ကိုယ့်သ....

Want your school to be the top-listed School/college in Kuala Lumpur?

Click here to claim your Sponsored Listing.

Location

Address


Cheras
Kuala Lumpur