Zero To Hero - English for Myanmar

Zero To Hero - English for Myanmar

Share

This page is dedicated to those who want to study English from Basic.

အခြေခံကနေ Cambridge သင်ရိုးအတိုင်းစနစ်တကျသင်ပေးပါတယ်

Photos from Zero To Hero - English for Myanmar's post 27/03/2026

Pre Intermediate level စာစောင်လေးများ🥰

26/03/2026

ကျွန်တော့်ဆီမှာ သင်တန်းလာတက်ကြတဲ့ သူအများစုက အသက် ၂၀ ကနေ ၅ဝ နှစ်ထိ ရှိပါတယ်။ ဒါကြောင့်မို့
ကျွန်တော့်ဆီမှာ eng စာနဲ့ အလှမ်းဝေးနေတဲ့ သူတွေ အထူးသဖြင့် လူကြီးတွေအတွက် grammar ကို အရမ်းကြီးအားစိုက်ထုတ်စရာမလိုပဲ Basic Speaking ပြောလာနိုင်စေဖို့ကို ရည်ရွယ်ပြီး CEFR အလိုက် One on One Specialized သင်တန်းတွေဖွင့်ထားပါတယ်။

အခု အခြေခံအတွက် Small Group Class
သင်တန်းကာလကတော့ ၂လသတ်မှတ်ထားပါတယ်။

အဓိကကလိုအပ်တာက

အချိန်ပေးနိုင်ဖို့နဲ့ နေ့တိုင်းမပြတ် လေ့ကျင့်
လေ့လာဖို့ပဲလိုတာပါ။

ပေါ့ပေါ့ပါးပါးလေးနဲ့ နားလည်ရလွယ်ကူစေမယ့် lesson plan တွေကို ကျွန်တော်ကိုယ်တိုင် Specialized သေချာလေးပြင်ဆင်ထားတာဖြစ်ပါတယ်။

online class ပါ zoom နဲ့ တီချယ်နဲ့
Live သင်တာဖြစ်ပါတယ်။

ဒီ ၂ လသင်တန်းကတော့လုံးဝ အခြေခံကနေပြန်စလေ့လာချင်တဲ့သူတွေအတွက် Beginner class ဖြစ်ပါတယ်။

Elementary ကစပြီး အခြား Level တွေက မိမိ Progress ပေါ်မူတည်ပြီး အချိန်ကာလကြာမြင့်နိုင်ပါတယ်။

beginner class
No.1,2,3
Day – Wed, Thur, Fri
Time – 9PM – 10:30pm

No.3,4,5,6
Day – Wed, Thur, Fri
Time – 9PM – 10:30pm

No.7,8
Day- Wed, Thur, Fri
Time – 9pm – 10:30pm
Beginner class က April 1 စပါမယ်။

သင်တန်းကာလ ၂လပါခင်ဗျာ။

Zero To Hero - English for Myanmar
ဒီ Page မှာသင်တန်းအပ်နိုင်ပါတယ်

Tr Phone Khant's profile
- Certificate in TEFL = Teaching English as a Foreign Language
- Third year( English major)
- Certificate in Bridge TEFL
- Certificate in Tutoring Training ( TOT )

09/03/2026

“ I am likely to + verb “ ကို

“ တစ်ခုခု ဖြစ်နိုင်ချေ လုပ်နိုင်ခြေ များတဲ့အခြေအနေကိုပြောချင်တဲ့အခါ သုံးပါတယ်။

အလွယ်ကူဆုံးပြောရရင် “ … ကိုလုပ်မိနိုင်တယ် “ လို့ပြောတဲ့အခါ သုံးပါတယ်။

For examples,

I am likely to forget his phone number.

( ငါ သူ့ဖုန်း နံပါတ်ကို မေ့သွားနိုင်တယ်)

I am likely to sleep late tonight.

( ဒီည အိပ်တာနောက်ကျလောက်တယ်)

I am likely to be late tomorrow.

( မနက်ဖြန်ငါ နောက်ကျနိုင်တယ်)

I am likely to feel tired tomorrow.

( မနက်ဖြန် ပင်ပန်းဖို့ ဖြစ်နိုင်ခြေများတယ်)

I am likely to drink coffee.

( ငါကော်ဖီသောက်ဖြစ်နိုင်တယ်)

I am likely to feel tired tonight.

( ငါခုည အိပ်တာနောက်ကျဖို့ဖြစ်နိုင်တယ်)

Probably နဲ့ဆင်တူတဲ့
အသုံးဖြစ်ပါတယ်

I am likely to go out tonight = I will probably go out tonight.

Thanks for reading
Phone Khant


05/03/2026

"ငါ...ကိုလုပ်ခဲ့မိတာနောင်တရတယ်ကွာ " ကို English လိုဘယ်လိုပြောမလဲ လေ့လာမယ်🥰

04/03/2026

A Few နဲ့ A Little ကို
ဘယ်လိုမှန်ကန်အောင်သုံးကြမလဲ ✅🥸

Speaking & Writing မှာ တော်တော်များများမှားကြတဲ့ Grammer Topic တစ်ခုဖြစ်ပါတယ်

" A Few " ကိုဘယ်လိုသုံးကြမလဲ?

✅ ရေတွက်လို့ရတဲ့ နာမ်တွေ( Countable Nouns) နဲ့သုံးပါတယ်

နည်းနည်းလေးပဲရှိပေမယ့် Positive meaning ဖြစ်တာမလို့ " ရှိတယ် " လို့ အဓိပ္ပါယ်ရပါတယ်

🥰အဓိက Pattern လေးကတော့

" A few + Plural Noun"

We use a few with countable nouns.

Countable nouns( Things we can count)

အရေအတွက်အားဖြင့်

ခွဲခြမ်းစိတ်ဖြာပြီးရေလို့ရဲ့

နာမ်တွေကိုပဲ " A Few " နဲ့သုံးပါတယ်

For examples,

I have a few friends in this city.

(ဒီမြို့မှာ သူငယ်ချင်းအနည်းငယ်ရှိပါတယ်)

She bought a few apples.

(သူ(မ) က ပန်းသီးနည်းနည်း
ဝယ်ခဲ့တယ်)

There are a few students in the class.

( အတန်းထဲမှာ ကျောင်းသားအနည်းငယ် ရှိပါတယ်)

ဒီတစ်ခါ " A Little " ဘယ်လိုသုံးမလဲ ကြည့်ရအောင်

✅ ရေတွက်လို့မရတဲ့နာမ်တွေ ( Uncountable Nouns) နဲ့သုံးပါ
တယ်

သူကလည်း အနည်းငယ်ပဲရှိပါ
တယ်ဆိုတဲ့ Positive Meaning ပါပဲ။

Pattern လေးကတော့ " A Little + Uncountable Noun "

For examples,

I need a little water.
( ကျွန်တော် ရေလေးနည်းနည်းလောက်လိုတယ်)

I wanna drink a little water.
( ကျွန်တော် ရေလေးနည်းနည်းလောက် သောက်ချင်တယ်)

He drinks a little milk before bed.
( သူ အိပ်ယာမဝင်ခင် နွားနို့လေးနည်းနည်းသောက်တယ်)

🥰Short Trick လေးပါမှတ်ထားလိုက်

ပန်းသီးသုံးလုံးမြင်ရင် A Few သုံး✅
ရေတစ်ခွက်မြင်ရင် A little သုံး ✅

မေးစရာရှိမယ်

" Some " ကျတော့ရော ဘယ်လိုသုံးရမလဲပေါ့

ကိုယ်က Grammer Rule တွေကို
ခေါင်းမရှုပ်ချင်ဘူး

စကားပြောတာလည်း သဘာဝအကျဆုံးဖြစ်ချင်တယ်ဆို " Some " ကိုသုံးပါ.

I drink some milk before bed.
I have some friends in this city.
Some people don't stay positive.
There is some milk in the fridge.
I need some water.

ကဲ အလွယ်ကူဆုံး Natural အဖြစ်ဆုံးဆို " Some " ကိုသုံးပါ။

Some က Countable Noun ရော Uncountable Noun မှာပါသုံးလို့ရပါတယ်။

Daily speaking မှာ doubt ဖြစ်ရင် → Some ကိုရွေးပါ 👍”

ကျွန်တော့်အနေနဲ့ learners တွေ
အတွက်ဆိုရင်
Some ကို first priority ပေးသင်ရင် ပို natural speaking ရလိမ့်မယ် 💛

💡 Difference in Feeling

✅Some

Neutral feeling
Just normal conversation

✅A few

“မများဘူးနော်” ဆိုတဲ့ feeling ပါတယ်

✅A little

“နည်းနည်းပဲရှိတယ်” ဆိုတဲ့ emphasis ပါတယ်

Thanks for reading
Phone Khant

01/03/2026

Speaking မှာ Comfortable ဖြစ်စေဖို့ သိထားသင့်တဲ့ " it helps me + base verb " ကိုလေ့လာကြမယ်💚


28/02/2026

" ကျွန်တော် ဘယ်အသက်အရွယ်တုန်းက ... ကိုစတင်လုပ်ခဲ့တယ် " ဆိုတာကိုဘယ်လိုပြောမလဲ

" When I was + age, I started doing sth"

ဒီပုံစံကိုလေ့လာကြမယ်🥰


28/02/2026
27/02/2026

( 🤨 အမှားများတဲ့ Collocations အချို့လေ့လာမယ် ✋✋)

" Listen to + object"
" Good at + sth "
" Interested in + sth "

သေချာနားလည်ပြီဆို လက်တွေ့လေ့ကျင့်ဖို့မမေ့ပါနဲ့👌

Thanks for watching my video
Tr Phone Khant


Photos from Zero To Hero - English for Myanmar's post 26/02/2026

သိထားသင့်တဲ့ Grammer အတိုအထွာလေးများ - Part 1

Want your school to be the top-listed School/college in Kuala Lumpur?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Kuala Lumpur