Dawei University Distance Students

Dawei University Distance Students

Share

ထားဝယ်တက္ကသိုလ်အဝေးသင်ကျောင်းသား/
?

Photos from Dawei University Distance Students's post 18/05/2021

ပညာရေး၏မအလ

ပညာရေးလောကတွင် ဒေါက်တာသိန်း၀င်းဟုဆိုလျှင် အဆင့်မြင့်ပညာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် တဖြစ်လည်း စစ်ကျွန်ပညာရေးအသက်ဆက်ရန်၊ နည်းမျိုးစုံဖြင့် လှိုက်စားရှင်သန်နေရန် ဗိုလ်ချုပ်သန်းရွှေမှ မြေတောင်မြှောက် ပြုစုပျိုးထောင်ထားခဲ့သူအဖြစ် သိရှိကြပါလိမ့်မည်။
ပြီးခဲ့တဲ့ (၁၀) နှစ်တာကာလအတွင်း ပညာရေးပြုပြင်ပြောင်းလဲနိုင်ရေး ဆရာ၊ ကျောင်းသား၊ ပြည်သူအားလုံး ရုန်းကန်‌ဆောင်ရွက်ခဲ့ရာတွင် ပုံစံမျိုးစုံဖြင့်လှည့်စားခဲ့သူမှာ ‌ထိုပုဂ္ဂိုလ်ဖြစ်သည်။ အမျိုးသားပညာရေးဥပဒေကိစ္စမှစ၍ အနီးစပ်ဆုံး တက္ကသိုလ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိစ္စအထိ ၎င်း၏ အမျိုးမျိုး အဖုံဖုံ ဖိနှိပ်လှည့်စားမှုကြောင့် ခရီးမတွင်သည့်အပြင် ဘေးဒုက္ခအမျိုးမျိုးရောက်ခဲ့ကြရသည်။

ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ပညာရေး၀န်ကြီးဖြစ်ခဲ့သည့် ဒေါက်တာမျိုးသိန်းကြီးသည် ၀န်ကြီးမဖြစ်ခင်အထိ ဒေါက်တာသိန်း၀င်းလက်အောက် တာ၀န်ထမ်းဆောင်ခဲ့ရသည့် ပါမောက္ခချုပ်များအနက်မှ တဦးဖြစ်သည်။ ညွှန်ချုပ်နှင့် ပါချုပ်သည် အဆင့်အတန်းချင်းတူသော်လည်း ဗဟိုချုပ်ကိုင်မှုအလွန်ကြီးမားပြီး ကြိုးနီစနစ်ခိုင်မာနေသည့် ပညာရေးလောကတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်အားလုံးကို စီမံခန့်ခွဲညွှန်ကြားနေရသည့် အဆင့်မြင့်ပညာညွှန်ချုပ်ဆိုသည်မှာ အာဏာရှင်သဖွယ်ဖြစ်သည်။ "ဦးစီးရုံးက ညွှန်ကြားချက်" ဟုဆိုပါလျှင် တသွေး၊ တသံ၊ တမိန့် မည်သူမှ ပြန်လှန်တင်ပြခွင့် မရခဲ့ကြပေ။

ပါချုပ်ဘ၀တွင် ဒေါက်တာသိန်း၀င်း၏ အကြောင်းစုံကိုသိထားပြီးဖြစ်သော ဒေါက်တာမျိုးသိမ်းကြီးသည် နေ့ချင်းမွေး ဝန်ကြီးဖြစ်လာရသော်လည်း ကွန်ရက်ခိုင်မာသည့် သိန်း၀င်းကို ငယ်ကြောက်သဖွယ် ပြန်လှန်ဆောင်ရွက်ရန် ရဲဝံ့မှုမရှိခဲ့ပေ။

NLD အစိုးရသက်တမ်း (၄)နှစ် ကျော်လာသည်အထိ အဆင့်မြင့်ပညာကဏ္ဍအတွက် သိသာသောပြောင်းလဲမှု မလုပ်နိုင်ဘဲ လိပ်ခဲတည်းလည်းဖြစ်နေခဲ့သည်။ အဓိကအားဖြင့် အဆင့်မြင့်ပညာကဏ္ဍပြုပြင်ရန်အတွက် တက္ကသိုလ်အလိုက် ကိုယ်ပိုင်စီမံခန့်ခွဲနိုင်ရေး ကိုယ်ပိုင်ပဋိညာဉ်များ ရေးသားပြုစုရန် အဓိကသော့ချက်ဖြစ်ရာ ဒေါက်တာသိန်း၀င်းသည် ယင်းသော့ချက်ကို ကိုင်စွဲကာ တသွေး တသံ တမိန့်ကို အရိုးစွဲနေသည့် တက္ကသိုလ်များကို ပရိယာယ်သုံးခဲ့သည်။ ပဋိညာဉ်အတွက် မှီငြမ်းလေ့လာရန်ဟုဆိုကာ ၎င်းတို့လိုသလိုကြိုတင်ရေးသားထားသော ပဋိညာဉ်တခုကို ‌ကျောင်းနာမည်နေရာတွင်သာ ကွက်လပ်ထားပြီး ဖြန့်ဝေခဲ့သည်။

ယင်းကဲ့သို့ ပဋိညာဉ်လမ်းကြောင်းအတွက် ပိုမိုစောစီးသော ဖြစ်ရပ်ကိုမလွဲမ‌သွေ သိရှိထားရန်လိုအပ်ပြီး ယင်းကိစ္စထဲတွင် ရန်ကုန်နည်းပညာတက္ကသိုလ်သည် မပါမဖြစ် ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးသိန်းစိန် ရှေ့ထွက်အာဏာချုပ်ကိုင်သော အဖွဲ့တက်လာရာတွင် ရန်ကုန်နည်းပညာတက္ကသိုလ်သည် ပညာရေး၀န်ကြီးဌာန၏ လက်အောက်မဟုတ်ဘဲ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၏ လက်အောက်တွင်ဖြစ်သည်။ အများသိကြသည့်အတိုင်း ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ဘွဲ့ကြိုသင်တန်းများ ပြန်လည်ဖွင့်လှစ်ရန် ရန်ကုန်စက်မှုတက္ကသိုလ်၊ ပါမောက္ခချုပ်ဟောင်း ဦးညီလှငယ်မှ ကြိုးပမ်းခဲ့သည်။ ၎င်းသည် ဗိုလ်ချုပ်ကြီးခင်ညွှန့် ၀န်ကြီးချုပ်ဖြစ်စဉ်က သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၏ ဒုတိယ၀န်ကြီးအဖြစ် တာ၀န်ပေးခန့်အပ်ခြင်း ခံခဲ့ရသူဖြစ်သည်။ နောင်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဗိုလ်ချုပ်ခင်ညွှန့်ဖြုတ်ထုတ်ရှင်းအစီအစဉ်တွင် ဦးညီလှငယ်လည်း ထုတ်ပယ်ခံခဲ့ရသည်။

ဦးညီလှငယ်သည် ကျောင်းသားဟောင်း ဗိုလ်ချုပ်အေးမြင့် (ဦးသိန်းစိန်၏ သိပ္ပံနည်းပညာ၀န်ကြီး) အကူအညီဖြင့် ဦးသိန်းစိန်ထံ ရန်ကုန်နည်းပညာတက္ကသိုလ် ပြန်လည်ဖွင့်လှစ်ရေးအစီအစဉ်တင်ပြရာတွင် ဦးသိန်းစိန်က ရန်ကုန်တွင်ဖွင့်ပါက မန္တလေးတွင်လည်း ဖွင့်နိုင်ရေး ဆောင်ရွက်ရမည်ဟု ညွှန်ကြားသဖြင့် ၂၀၁၁-၂၀၁၂ ခုနှစ်မှစတင်ကာ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ် နှစ်ကျောင်းကို သီးသန့်အနေဖြင့် အဆင့်မြင့်နည်းပညာတက္ကသိုလ်များ ဦးစီးကော်မတီ (COE Committee)ဆိုသည့် အထူးအာဏာပိုင်အဖွဲ့၏ ကွပ်ကဲမှုအောက်တွင် ဖွင့်လှစ်ခဲ့သည်။ ယင်းကော်မတီတွင် ဦးညီလှငယ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အငြိမ်းစားပါချုပ်များ၊ YTU/MTU ပါ‌ချုပ်များ ပါ၀င်ခဲ့သည်။ ဦးညီလှငယ်သည် YTU တွင် ရုံးထိုင်သဖြင့် ထိုစဉ်က YTU/MTU ပါချုပ် ဒေါက်တာမြမြဦးသည် မန္တလေးကျောင်းတွင်သာ ရုံးထိုင်ခဲ့သည်။

YTU နှင့် MTU သည် ဗိုလ်ချုပ်အေးမြင့်၊ ဦးညီလှငယ်တို့၏ အရှိန်အဝါဖြင့် ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့် အလွန်ရရှိခဲ့သည့် အနေအထားဖြစ်သည်။ စင်စစ်အားဖြင့် ထိုစဉ်က တာ၀န်ရှိသူများသည် YTU ကိုသာ စိတ်ကူးထဲတွင်ရှိခဲ့ကြခြင်းဖြစ်ပြီး ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်ဆိုသည်မှာလည်း ကော်မတီဥက္ကဋ္ဌ၏ သဘောထားအတိုင်းကိုသာ ဆိုလိုသည်။ ယင်းအနေအထားတွင် COE Committee သည် YTU အတွက် တက္ကသိုလ်ပဋိညာဉ်ကို ၂၀၁၃- ၂၀၁၄ ခုနှစ်ကတည်းက‌ စတင်ရေး‌ဆွဲ‌နေခဲ့သည်။ ယင်းသို့ ရေးဆွဲရာတွင် ထိုစဉ်က YTU ပါမောက္ခချုပ် ဒေါက်တာအေးမြင့်ပင် သိရှိခဲ့ခြင်းမရှိပါ။ ကော်မတီသည် ရေးဆွဲပြီးသည့် ပဋိညာဉ်ကို ထိပ်တန်းလျှို့၀ှက်အဆင့်ဖြင့် ပါမောက္ခချုပ်ထံပေးပို့ခဲ့သော်လည်း ပါမောက္ခချုပ်သည် သက်ဆိုင်ရာဌာနမှူးများထံ သဘောထားမှတ်ချက်ပေးရန် ဖြန့်ဝေခဲ့ရာမှ ကန့်ကွက်ချက်များ‌ပေါ်ပေါက်ခဲ့သည်။ သို့သော် ယင်းကာလ ကော်မတီ တန်ခိုးထွားချိန်ဖြစ်၍ အောက်ခြေ၏ကန့်ကွက်ချက်သည် အရာသွင်းခြင်မခံခဲ့ရပါ။

ကော်မတီဥက္ကဋ္ဌသည် ယင်းပဋိညာဉ်ကို ဦးသိန်းစိန်အစိုးရထံတင်ပြခဲ့သော်လည်း တက္ကသိုလ်များကို ဆက်လက်ချုပ်ကိုင်ထားလိုသည့်အတွက် ပယ်ချခဲ့သည်။ အမှန်စင်စစ် ယင်းပဋိညာဉ်သည်ပင်လျှင် COE Committee အား အရေခွံလဲ ပေးထားသည့် စာတမ်းမျှသာဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်လာချိန်တွင် သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာနကို ဖျက်သိမ်းကာ ရန်ကုန်နည်းပညာတက္ကသိုလ်အား ပညာရေး၀န်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်သို့ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် တက္ကသိုလ်ပဋိညာဉ်များ ရေးဆွဲနိုင်စေရေး မူဝါဒချမှတ်ခဲ့ရာတွင် ဗဟိုမှ သေဆိုသေ ရှင်ဆိုရှင်ဆိုသည့်အတိုင်း နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ကြသည့် တက္ကသိုလ်အကြီးအကဲအများစုအတွက် လေထဲတိုက်အိမ်‌ဆောက်သကဲ့သို့ ဖြစ်ပေါ်‌ခဲ့ကြသည်။ ပါ‌မောက္ခချုပ်အဆင့်များတွင်ပင် "ပဋိညာဉ်ဆိုတာ ဂျိုနဲ့လား" ဆိုသည့်အတိုင်း ပရမ်းပတာဖြစ်ခဲ့သည်။ ၎င်းအနေအထားကို မှန်ကန်စွာလမ်း‌ကြောင်း‌ပေးရမည့်အစား ဒေါက်တာသိန်း၀င်းသည် ကြက်တူရွေးစာအံနည်းကိုသုံးကာ ပဋိညာဉ်ဆိုတာ ဒါပါပဲဆိုသည့်ပြီး ကြိုတင်ရေးဆွဲထားသည့် ကွက်လပ်ဖြည့်ပါစာအုပ်ကို နမူနာကူးယူရန်အဖြစ် နှပ်ကြောင်းပေးဖြန့်ဝေခဲ့သည်။ စင်စစ် ယင်းနမူနာသည် YTU /MTU COE Committee မှ အစပျိုးခဲ့သည့် YTU Charter ကို အမှီးတပ် ခေါင်းတပ် ဟိုဖြတ် ဒီဖြတ် လုပ်ထားသည့် စာတမ်းဖြစ်သည်။ ယင်းစာတမ်းကို တက္ကသိုလ်တိုင်းနီးပါးသည် ဤတက္ကသိုလ်ကို (------) တက္ကသိုလ်ဟု ခေါ်တွင်စေရမည် ဆိုသည့်နေရာတွင်သာ မိမိကျောင်းအမည်ကို ဖြည့်စွက်လိုက်ရုံဖြင့် ၀တ်ကျေတန်းကျေလုပ်ဆောင်ခဲ့ကြသည်။ Google နှင့် Edu Site များတွင် ကမ္ဘာ့တက္ကသိုလ်များစွာ၏ ပဋိညာဉ်နှင့် မူဝါဒများကို လွယ်ကူစွာလေ့လာနိုင်သည့်ကာလတွင် ပိုမိုဆိုးရွားသည်မှာ အချို့ပါမောက္ခချုပ်များသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ပညာရေးညွှန်ကြားချက်များကို နောက်ကြောင်းပြန်ကိုးကားခဲ့ကြခြင်းပင်ဖြစ်သည်။

သမဂ္ဂ၏ ပဉ္စမအကြိမ်အမှုဆောင်သက်တမ်းလက်ထက်၂၀၁၇ တွင် ဥက္ကဋ္ဌ ကိုစည်သူခန့်မင်းမှ ချိတုံချတုံဖြစ်‌နေသည့် ၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးကို YTU သို့လာရောက်ကာ ပဋိညာဉ်ကိစ္စဖြေရှင်း‌ပေးရန် အကြောင်းကြားခဲ့သည်။ ဒေါက်တာမျိုးသိမ်းကြီးသည် ဒေါက်တာသိန်း၀င်းနှင့်အတူ YTU သို့ရောက်ရှိလာပြီး ၀န်ထမ်းပေါင်းစုံတွေ့ဆုံပွဲပြုလုပ်သော်လည်း COE ကော်မတီမှ တဦးမှ မတက်ရောက်ခဲ့ပါ။ ဒေါက်တာမျိုးသိမ်းကြီး၏ အဆိုအရ COE Committee ကိုဖျက်သိမ်းပြီးဖြစ်ကြောင်းဆိုသော်လည်း လက်တွေ့တွင်မူ ကျောင်းတွင်းအောက်ခြေကိစ္စမှအစ ပါမောက္ခချုပ်သည် ကော်မတီကိုတင်ပြ‌ဆောင်ရွက်နေရသဖြင့် YTU သည် ဦးညီလှငယ်နှင့် ညွှန်ချုပ်သိန်း၀င်းအကြား လွန်ဆွဲခံနေခဲ့ရသည်။ အကျိုးဆက်အနေဖြင့် တွေ့ဆုံပွဲတွင် သမဂ္ဂှမှ YTU ပဋိညာဉ်ကို သိလိုကြောင်း၊ ရေးဆွဲရာတွင် ဆရာ၊ ကျောင်းသားကိုယ်စားလှယ်မပါကြောင်း၊ ပွင့်လင်းမြင်သာမှု မရှိကြောင်း ပြောကြားရာတွင် ဒေါက်တာသိန်း၀င်းက YTU သည် ပဋိညာဉ်ရေးဆွဲပြီးဖြစ်ကြောင်း ၀င်ရောက်ပြောကြားခဲ့သည်။ သမဂ္ဂမှ ယင်းပဋိညာဉ်ကို မည်သို့ရေးဆွဲခဲ့သည်ကို ညွှန်ချုပ်တာ၀န်ခံရှင်းနိုင်ပါသလားဟု ပြောကြားရာမှ ၀န်ကြီးက ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်းအား YTU Charter ကို ကျောင်းသားများထံ ချပြရှင်းလင်းရန်ညွှန်ကြားခဲ့သည်။

စင်စစ်အားဖြင့် အဆင့်မြင့်ပညာဦးစီးဌာနသည် တက္ကသိုလ်ပဋိညာဉ်လမ်း‌ကြောင်း စံချိန်စံနှုန်းမီ‌ဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခွင့်ကို ဝေဝါးထားခဲ့သည်။ အထူးသဖြင့် ပညာရေး၀န်ကြီးဌာနကို စောင့်ကြည့်ပြီး လွှတ်တော်ကို အစီရင်ခံရသည့် အမျိုးသားပညာရေးမူဝါဒကော်မရှင်ကို သမ္မတအမိန့်ဖြင့် ဖွဲ့စည်းခဲ့ရာတွင် ပညာရေးလောက၏ ကြိုးနီစနစ်ကို အားကောင်းစေခဲ့ကြသည့် ပုဂ္ဂိုလ်များကိုသာ အစုလိုက်အပြုံလိုက် အဆိုပြုပါ၀င်စေခဲ့ခြင်းဖြင့် ပိုမိုဆိုးရွားအောင် ဖန်တီးခဲ့သည်။ ယင်းကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် ရေဆင်းတက္ကသိုလ် ပါချုပ်ဟောင်း ဒေါက်တာမျိုးကြွယ်နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးညီလှငယ်တို့ တာ၀န်ပေးခြင်းခံခဲ့ရသည်။

ဒေါက်တာမျိုးသိမ်းကြီး၏ ပြတ်ပြတ်သားသားဆောင်ရွက်ရန် အားနည်းသော မဝံ့မရဲဖြစ်သည့် အကျင့်ကို ဒေါက်တာသိန်း၀င်းသည် ကောင်းစွာအသုံးချခဲ့သည်။ ကော်မရှင်၏အသုံးစရိတ်များကို ပညာရေး၀န်ကြီးဌာနမှ ကျခံစေခြင်းဖြင့် သီးခြားလွတ်လပ်စွာရပ်တည်ရမည့် ကော်မရှင်အား ၀န်ကြီးဌာန၏ လောင်းရိပ်အောက်ကျရောက်စေခဲ့သည်။ ကော်မရှင်မှ လွှတ်တော်၌ အစီရင်ခံရာတွင် ၀န်ကြီးဌာန၏အားနည်းချက်များကို နည်းနိုင်သမျှနည်းအောင် ရေးသားဖော်ပြခဲ့သည်။ ဒေါက်တာသိန်း၀င်းနှင့် ကော်မရှင်သည် တက္ကသိုလ်ပဋိညာဉ်များကို အမျိုးသားပညာရေးမူဝါဒကော်မရှင်က အတည်ပြုအကဲဖြတ်‌ပေးရမည်ဆိုသည့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း၏ ကနဦးဖော်ပြချက်ကို မျက်ကွယ်ပြုကာ တဖက်နှင့်တဖက်ဟန်ချက်ညီစွာ ဘောလီဘောကစားခြင်းပြုလုပ်နေခဲ့သည်။ တက္ကသိုလ်များပြုပြင်ပြောင်းလဲ‌ရေးအရှိန်မြှင့်ရန်လိုအပ်လာချိန်တိုင်း ပဋိညာဉ်ကတ်ကိုထုတ်သုံးကာ ပဋိညာဉ်များ ရေးဆွဲပါစေဦးဟု အကြောင်းပြသော်လည်း ယင်းပဋိညာဉ်များရှေ့ဆက်ရေးအတွက် ဆောင်ရွက်ပေးရမည့် သူများသည်လည်း ၎င်းတို့ပင်ဖြစ်သည်။ နှစ်ကိုယ့်တစိတ်ဖြင့် သရုပ်ဆောင်ခဲ့ကြပြီး ပညာရေးပြုပြင်ပြောင်းလဲမှုကို ကောင်းစွာဖျက်ဆီးနှောင့်နှေးစေခဲ့သည်။

ပဋိညာဉ်သည် တက္ကသိုလ်မှ အများပြည်သူသို့ တရား၀င်ချပြသော ကတိက၀တ်ဖြစ်ပြီး အသေးစိတ်လုပ်ထုံးလုပ်နည်းများ မဟုတ်ပါ။ သို့သော် ၎င်းတို့သည် အသေးစိတ်အချက်အလက်များကို မလိုအပ်ဘဲ ထည့်သွင်းရေးဆွဲစေခဲ့ပြီး အချိန်ကြန့်ကြာစေရုံသာမက ပြင်ဆင်ရန်ခက်ခဲစေရေးအတွက်ပါ အားထုတ်ခဲ့သည်။

နောက်ထပ်တချက်အနေဖြင့် ဒေါက်တာသိန်း၀င်းနှင့် ကော်မရှင်သည် ပဋိညာဉ်ကိစ္စကို တက္ကသိုလ်စာမေးပွဲများ ကျင်းပခါနီးတွင်သာ အစဉ်အမြဲ ဆောင်ရွက်ခိုင်းခြင်းဖြင့် ဆရာကျောင်းသားများ၏ ပါ၀င်မှုနှင့် စိတ်အားထက်သန်မှုကို လျော့ကျစေခဲ့သည်။

ကျောင်းသားသမဂ္ဂသည် ဒေါက်တာသိန်း၀င်းနှင့်ကော်မရှင်၏ ပေါင်းကစားမှုကို သိရှိသဖြင့် ပဋိညာဉ်ခေါင်းစဉ်အောက် စုပြုံရေးဆွဲစေခြင်းကို ပယ်ချကာ ကြန့်ကြာနေမှုကိုရပ်ဆိုင်းရန် Charter နှင့် Regulations ဟူ၍ (၂) ပိုင်း ခွဲကာရေးဆွဲမည်ဖြစ်ကြောင်း တရား၀င်ကြေညာဆောင်ရွက်ခဲ့သည်။ ယင်းကဲ့သို့ဆောင်ရွက်ခဲ့ခြင်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ လိပ်မူတင်ပြခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်မှ ပဋိညာဉ်များကို တက္ကသိုလ်အလိုက် သဘောသဘာ၀အရ လွတ်လပ်စွာရေး‌ဆွဲနိုင်ရေးကို အားပေးရန် အစိုးရအဖွဲ့အစည်းအဝေးတွင် ညွှန်ကြားခဲ့သည်။

ပဋိညာဉ် ထောင်ချောက်ဖြင့် ရှေ့ဆက်တိုးမရတော့ချိန်တွင် သိန်း၀င်းနှင့်ကော်မရှင်သည် တက္ကသိုလ်ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုသည့် ကစားပွဲအသစ်ကို ပွဲထုတ်လာခဲ့တော့သည်။

(ဆက်ရန်)

ကိုးကား
အင်ဂျင်နီယာပညာရေးသမိုင်း
ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ နှစ်စဉ်မှတ်တမ်း

11/02/2021

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ
စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း ကို ဥတ္တားကြီး(ဥခါးဂီး)လမ်းဆုံမှ စတင်ချီတက်မည်ဖြစ်ပါသောကြောင့် ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားဟောင်းများ၊မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

နေ့ရက်။ ။ ၁၂ ၊ ဖေဖော်ဝါရီ ၊၂၀၂၁။
စုရပ်။ ။ဥတ္တားကြီး(ဥခါးဂီး)လမ်းဆုံ ၊ ထားဝယ်မြို့
အချိန်။ ။ နံနက် ၈ နာရီ။

" သမိုင်းပေးတာဝန်အရ အာဏာရှင်အား ဆန့်ကျင်ကြ "

#သတင်းနှင့်ပြန်ကြားရေး
#ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ

Photos from Dawei University Distance Students's post 05/02/2021

ထားဝယ်တက္ကသိုလ်

04/02/2021

စစ်အာဏာသိမ်းမှုအပေါ် ထားဝယ်အဝေးသင်တက္ကသိုလ် သမိုင်းကျောင်းသား/ကျောင်းသူများ၏ သဘောထားထုတ်ပြန်ချက်

Photos from Dawei University Distance Students's post 03/02/2021

အာဏာသိမ်းစစ်အုပ်စုအပေါ် တနင်္သာရီတိုင်းက ကျောင်းသားများသမဂ္ဂတွေရဲ့ သဘေားထားများ

မှတ်ချက် - တွေ့ရသလောက် စုစည်းထားတာပါ။ ကျန်နေတာရှိနေနိုင်ပါသေးတယ်။

Photos from Dawei University Distance Students's post 15/01/2021

၂၀၁၉ ၂၀၂၀ ပညာသင်နှစ်
မဟာတန်းဒုတိယနှစ်
ဘွဲ့စာမေးပွဲအောင်စာရင်း
ထုတ်ပြန်ကြေညာ
ရူပဗေဒအထူးပြု နှင့် သင်္ချာအထူးပြု

Crd -U kyaw soe

02/12/2020

"ထားဝယ်တက္ကသိုလ် နှစ်လည် မဂ္ဂဇင်းအတွက် စာမူများပေးပို့နိုင်"

ထားဝယ်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း
(၂၀၁၉-၂၀၂၀)အတွက် စာမူဖိတ်ခေါ်ခြင်း

ထားဝယ်တက္ကသိုလ်က ထုတ်ဝေမည့်"ထားဝယ်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း"အတွက် စာမူများကို ယခုနှစ်အတွင်းနောက်ဆုံးအကြိမ်ဖိတ်ခေါ်ခြင်းဖြစ်ပါသည်။

ထားဝယ်တက္ကသိုလ်မဂ္ဂဇင်းတွင်
- ဝတ္ထု တို
-ဆောင်းပါး
_ကဗျာ နှင့်
-ကာတွန်း စသည့်ကဏ္ဍများအတွက် ဖန်တီးရေးသားပြီးပေးပို့နိုင်ပါသည်။

ဝတ္တုတိုနှင့်ဆောင်းပါးရေးသားရာတွင် လက်ရေးဖြင့် A4စာရွက် (၇)မျက်နှာ နှင့် computer စာစီစာရိုက်ဖြင့် A4စာရွက် (၄)မျက်နှာ ဖြစ်ရပါမည် ။
ကာတွန်းရေးဆွဲရာတွင် မင်အနက်ဖြင့် (၅.၅ × ‌၇.၅) လက်မအရွယ်ရေးသားရပါမည် ။

စာမူများပေးပို့ရာတွင်...
၁ ။ ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်းဝန်ခံချက်ပါရမည် ။
၂ ။ အခြားမည်သည့်မဂ္ဂဇင်း ၊ စာစောင်တွင်မှ ပုံနှိပ်ဖော်ပြခဲ့ဖူးခြင်းမရှိကြောင်းဝန်ခံချက်ပါရမည် ။
၃ ။ စာမူများကိုစာမျက်နှာတစ်ဖက်တည်းတွင်သာရေးသားရမည် ။ (computerဖြင့်ရိုက်လျှင် soft copy ပါပေးရန် )
၄။ ဘာသာပြန်စာမူဖြစ်ပါက မူရင်းဝတ္ထုဆောင်းပါးအား မိတ္တူပူးတွဲပေးပို့ရမည် ။
၅ ။ ကလောင်အမည် ၊ အမည်ရင်း ၊ နိုင်ငံသားစီစစ်ရေးကဒ်ပြားအမှတ် (ဝန်ထမ်းဖြစ်ပါက ရာထူး၊ဌာန နှင့် ကျောင်းသား/သူဖြစ်ပါက ခုံအမှတ် ၊ အထူးပြုဘာသာရပ် ) ဆက်သွယ်ရန်လိပ်စာတို့ကို အပြည့်အစုံဖော်ပြရမည် ။

စာမူများကို (၁၅ - ၁၂ - ၂၀၂၀)ရက်နေ့ နောက်ဆုံးထား၍ ထားဝယ်တက္ကသိုလ်ပင်မဆောင်ရှိ မြန်မာစာဌာန စာမူပုံး ( သို့မဟုတ် ) ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ Emailလိပ်စာ [email protected] သို့ပေးပို့နိုင်ပါသည် ။

#စာပေနှင့်သတင်းပြန်ကြားရေး
#ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ

30/09/2020

ထားဝယ်တက္ကသိုလ်ကတော့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်မှုတွေရှိလာနေပြီလို့ပြောရမယ်။ အောက်ကအချက်‌တေွကတော့ (၂၀၂၀-၂၀၂၁) ပညာသင်နှစ်မှာ လုပ်ဆောင်ဖို့ တင်ဒါခေါ်ထားတဲ့အရာတွေပဲဖြစ်ပါတယ်။

၁။ သုံးထပ်စာသင်ဆောင်တစ်လုံး
၂။ကျောင်းသူအိပ်ဆောင်တစ်လုံး
၃။ဝန်ထမ်းအိမ်ယာတစ်လုံး( ၈ ခန်းတွဲ ၄ ထပ်)
၄။ ခြောက်ခန်းတွဲဈေးဆိုင်ခန်းတစ်ခု
၅။ ခြောက်ခန်းတွဲရေလောင်းအိမ်သာ
၆။ မိုးလုံ၊လေလုံအားကစားရုံအသစ်တစ်ဆောင်
၇။ လမ်းမီးတိုင်တွေ
၈။ ပင်မအဆောင်ရဲ့အမိုး အကြီးစားပြုပြင်ခြင်း

28/09/2020

တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေရဲ့အသည်းကိုခွဲခဲ့တဲ့စာ

အဲအချိန်က တစ်ချို့ဆို ကြောက်ကြောက်လန့်လန့်နဲ့ အဆောင်က အထုတ်တွေကိုဆွဲပြီး အိမ်ကိုတန်းပြေးတဲ့သူတွေလည်းရှိခဲ့တယ်
☺️☺️☺️

23/09/2020

ထားဝယ်တက္ကသိုလ် အလွမ်းပြေ

Photos from Dawei University Distance Students's post 23/09/2020

အလုပ်ကိုင်အခွင့်အလမ်း
တက္ကသိုလ်ဝင်တန်းအောင်များလျှောက်ထားနိုင်သည်။

Photos from Dawei University Distance Students's post 18/09/2020

ရာထူးတိုးသွားသော ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသိင်္ဂိရွှေ အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း

Want your school to be the top-listed School/college in Kajang?

Click here to claim your Sponsored Listing.

Location

Website

Address


Kajang