Ko. Tun

Ko. Tun

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko. Tun, Middle School, Johor Bahru.

Photos from Ko. Tun's post 18/06/2024

■ တောင်ကုတ်နယ်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ ကလေးအပါအဝင် ၃ ဦးသေဆုံး

Western News| ဇွန် ၁၈

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ပန်းတင်းတိုက်နယ် ကံဆိပ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦး စုစုပေါင်း ၃ ဦး နေရာ၌ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ယနေ့ ဇွန်လ ၁၈ ရက် နံနက် ၁၀ နာရီကျော်အချိန်က အရပ်သားနေ ကံဆိပ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဒေသခံတစ်ဦးက " အမျိုးသမီးကြီး တစ်ဦးသေတယ်။ ဆက်ကျော်သက် အမျိုးသမီးငယ်တစ်ဦး သေတယ်။ နောက် ကလေးလေးတစ်ယောက် အသက် ၇ နှစ်လောက်ရှိမယ် သေသွားပါတယ်။ ပြည်သူတွေနေတဲ့ရွာကို စစ်ကောင်စီက ရည်ရွယ်ချက် ရှိရှိနဲ့ ဗုံးကြဲတာ။ ဒီရွာမှာ တိုက်ပွဲလည်းမရှိဘူး။ AA ဆိုတာလည်းမရှိဘူး။ စစ်ကောင်စီက ပြည်သူတွေကို သတ်ဖြတ်နေတာပဲ။ " ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်းရှိပြီး အရေအတွက်အတိအကျကို Western News က စုံစမ်းနေဆဲဖြစ်သည်။

တောင်ကုတ်မြို့နယ်ကို ဇွန်လ ၁၅ ရက်နေ့ကစ၍ စစ်ကောင်စီတပ်ရင်းများသည် မြို့အစပ်နှင့် လူနေကျေးရွာများရှိရာသို့ လက်နက်ကြီးများ ယနေ့အချိန်အထိ အဆက်မပြတ်ပစ်ခတ်နေကြောင်းနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကိုလည်း ပြုလုပ်နေသည်။

ဇွန်လ ၁၅ ရက်နေ့ ညက တောင်ကုတ်မြို့အနီး AA နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲများ အချိန်ပိုင်း ဖြစ်ပွားခဲ့ပြီးနောက် ယနေ့အချိန်အထိ ထိတွေ့တိုက်ပွဲများမရှိကြောင်း သိရသည်။

ဇွန်လ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ရွာသစ်ကယ်ကျေးရွာက အသက် ၁၇ နှစ်အရွယ် မောင်အောင်လှိုင်ဝင်းမှာ ဝမ်းဗိုက်၌ ဗုံးစထိမှန်၍ တောင်ကုတ်ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားကြောင်း သိရသည်။

တောင်ကုတ်တိုက်ပွဲ သေဆုံးသူတိုးလာနေပြီး ယနေ့ ဇွန်လ ၁၈ ရက်နေ့အထိ စုစုပေါင်း ၄ ဦးရှိကာ သံတွဲတိုက်ပွဲတွင် သေဆုံးသူ ၃၉ ဦးအထိရှိလာနေသည်။

Western News-WN

15/06/2024

ဘူးသီးတောင်မြို့ အမှတ်(၅)ရပ်ကွက်မှ နေအိမ်ဖောက်ထွင်းလုယက်၊ မီးရှို့ဖျက်စီးခံရသူ ကုလားမောင်(ခေါ်) မောင်ထွန်းနိုင်​၏ကိုယ်တွေ့ပြောပြချက်။

13/06/2024

အာရက္ခတပ်တော် တပ်မှူးချုပ်
ခရီးစဉ်အား တအာင်းလူထုများမှ
နွီးထွီးစွာ ကြိုဆို🦅

တပ်မှူးချုပ် ဂါရဝပါ
ကျမ္မာပါဇီ 🙏
၁၃, ၆, ၂၀၂၄

Photos from Ko. Tun's post 08/06/2024

၂၀၂၄ ခုနှစ် ၊ ဇွန်လ ပထမပတ် အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဇွန်လ (၇) ရက်

အာရက္ခဒေသအတွင်းတိုက်ပွဲများသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ပထမပတ်အတွင်း၌ မောင်တော၊ သံတွဲနှင့် အမ်း မြို့နယ်များအတွင်း အဓိကဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့သည်။ အခြား တစ်ဖက်တွင် စစ်ကောင်စီအကြမ်းဖက်သင်တန်းဆင်း မူဆလင်များ၊ ARSA၊ ARA နှင့် RSO မူဆလင် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များနှင့် မိမိတို့သည် ဘင်္ဂလာနယ်စပ်တစ်လျှောက်၌ ရံဖန်ရံခါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

အာရက္ခဒေသအတွင်း၌ စစ်စခန်းများ မြောက်မြားစွာမကျန်တော့သည့် စစ်ကောင်စီသည် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများကိုသာ အဓိကပြုလုပ်ခြင်း၊ ရက္ခိုင်-မူဆလင် လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ခြင်းတို့ကို ရည်ရွယ်ချက်ရှိရှိပြုလုပ်လျက်ရှိသည်။ ထို့အပြင် အရပ်သားပြည်သူလူထုများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အရပ်သားပြည်သူလူထုများ သွားလာသည့်လမ်းများတွင် မိုင်းထောင်ခြင်းများကို ယခင်ထက် ပိုမိုလုပ်ဆောင်လျက်ရှိသည်။

ဘူးသီးတောင်မြို့ရှိ ရန်သူစစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန်သိမ်းပိုက်ပြီးသည့်အချိန်တွင် ဘူးသီးတောင်နှင့် နယ်မြေချင်းကပ်လျက်ရှိသော မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများထဲမှ အချို့ကို ဇွန်လ (၂) ရက်နေ့မှစတင်၍ အာရက္ခတပ်တော်သည် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိရာ-

(၁) “တာဝါတိုင်စခန်း” အား ဇွန်လ (၂) ရက်၊ ညနေ (၅) နာရီအချိန်တွင်လည်းကောင်း၊

(၂) “ကျောက်ပန္ဒူစခန်း” အား ဇွန်လ (၃) ရက်၊ နံနက် (၅) နာရီ (၄၀) မိနစ်တွင်လည်းကောင်း၊

(၃) “ခွဆုံပြင်စခန်း” ကို ဇွန်လ (၄) ရက်နေ့၊ နံနက် (၅) နာရီ (၁၅) မိနစ်အချိန်တွင်လည်းကောင်း၊

(၄) “မြင်းလွှတ်စခန်း” ကို ဇွန်လ (၄) ရက်နေ့၊ နံနက် (၇) နာရီ (၃၀) မိနစ်အချိန်တွင်လည်းကောင်း

(၅) “အင်းဒင်စခန်း” (သို့မဟုတ်) “နခခ (၆) စခန်း” အား ဇွန်လ (၆) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် လည်းကောင်း၊

(၆) “နခခ (၉) စခန်း” အား ဇွန်လ (၇) ရက်နေ့၊ နေ့လယ် (၃) နာရီအချိန်တွင်လည်းကောင်း အသီးသီး အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်။

စစ်ကောင်စီ၏ ဘူးသီးတောင်၊ မောင်တောရှိစခန်းများမှ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိမိတို့မှ လိုက်လံရှင်းလင်းလျက်ရှိသကဲ့သို့ စစ်ကောင်စီ၏ အခြားသော လက်ကျန်စခန်းများဖြစ်သော “နခခ(၄)” ၊ “မောရဝတီ” ၊ “အလယ်သံကျော်” ၊ “နားခေါင်းတိုစခန်း” များ အပါအဝင် တခြားလက်ကျန်စခန်းများကိုလည်း မိမိတို့မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ အဆိုပါစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စောစီးစွာလက်နက်ချအညံ့ခံ ပါက အသက်အန္တရာယ်ကင်းဝေးမည်ဖြစ်သည်။

အာရက္ခတပ်တော်မှ ဘူးသီးတောင်မြို့အား မသိမ်းပိုက်မီ ၂၀၂၄ ခုနှစ်၊ မေလ (၁၈) ရက်နေ့၊ မွန်းတည့် (၁၂) နာရီကတည်းကပင် စစ်ကောင်စီသည် မောင်တောမြို့အတွင်းသို့ ဝင်ရောက်နိုင်သည့် ကုန်းလမ်းများကို ပိတ်ဆို့ထားသကဲ့သို့ အချို့သောတံတားများကိုလည်း ဖျက်ဆီးထားပြီးဖြစ်သည်။ မေလ (၆) ရက်နေ့တွင် "လဘော်ဇားတံတား” ၊ မေလ (၇) ရက်နေ့တွင် "ကံကျမြောက်ရွာတံတား” ၊ မေလ (၈) ရက်နေ့၌ "(၃) မိုင် တံတား” ၊ “သံတံတား"နှင့် "ရွာသစ်ကေတံတား" တို့အား မိုင်းခွဲဖျက်ဆီးထားခဲ့ပြီးဖြစ်သည်။

မောင်တော၏ အထက်ဖော်ပြပါနေရာများအပြင် အခြားနေရာများ၌လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွား လျက်ရှိပြီး ၎င်းတိုက်ပွဲများအထဲမှ ဇွန်လ (၃) ရက်နေ့၊ နေ့လယ် (၁) နာရီခန့်အချိန်တွင် မောင်တောမြို့၊ မြောက်ပိုင်း၊ သာယာကုန်းရွာမြောက်ဘက် မီတာ (၂၀၀) ခန့်အကွာတွင် စစ်ကောင်စီ၏ မောင်တောမြို့၊ (၄) မိုင်၊ နခခ (၂) မှ စစ်ကြောင်းတစ်ခုနှင့် အာရက္ခတပ်တော်တို့သည် တစ်နာရီခန့်ကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ရန်သူသည် အထိနာပြီး နောက်ဆုတ်သွားခဲ့သော်လည်း ဇွန်လ (၄) ရက်၊ နံနက် (၈) နာရီ အချိန်တွင် အဆိုပါဆုတ်ခွာသွားသော ရန်သူများနှင့် ညနေ (၃) နာရီခန့်အချိန်အထိ တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာ သာယာကုန်းရွာပတ်ဝန်းကျင်မှ ရွာသား (၅) ဦးကိုလည်း လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

တိုက်ပွဲကာလအစ ဇွန်လ (၄) ရက်၊ ညနေ (၄) နာရီခန့်တွင် စစ်ကောင်စီတပ်၏ နခခ (၂) စစ်ကြောင်းသည် သာယာကုန်းရွာမှ ဦးမောင်လှသန်း၊ ဦးထွန်းနုစိန်၊ ဦးလှထွန်းနှင့် မကျည်းကုန်းရွာမှ ဦးဒူးရီနှင့် ဦးလှသိန်း တို့အား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ အဆိုပါ အဖမ်းဆီးခံရသူများထဲမှ ဦးမောင်လှသန်း တစ်ဦးမှလွဲ၍ ကျန် (၄) ဦးမှာ လွတ်မြောက်လာခြင်းမရှိသေးကြောင်းသိရှိရသည်။

ထို့အတူ ဇွန်လ (၇) ရက်၊ ယနေ့တွင်လည်း သာယာကုန်းရွာပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန် နေခဲ့သည်။ မောင်တောမြို့နယ်၊ မကျည်းကုန်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ (၂၀၀) ခန့်အကွာရှိ တောင်ကုန်းနှင့် မြောက်ဘက်မီတာ (၂၀၀) ခန့်အကွာရှိ တောင်ကုန်းနှစ်ကုန်းရှိ စစ်ကောင်စီ၏ စစ်စခန်းနှစ်ခု ကိုလည်း ဇွန်လ (၇) ရက်၊ နံနက် (၁၁) နာရီ (၅၀) မိနစ်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ နခခ (၂) ၏ ကာကင်းစခန်းနှစ်ခုဖြစ်သော ဤစခန်းနှစ်ခုအား လွန်ခဲ့သောနှစ်ရက်ကတည်းကပင် ဝိုင်းရံပိတ်ဆို့ထားပြီး ယနေ့တွင် အပြီးသတ် ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်ရှုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မောင်တောမြို့ဘက်ရှိ သီဟိုဠ်ခြံ နှင့် နခခ (၂) ဘက်သို့ ထွက်ပြေးသွားခဲ့ကြသည်။ ဤတိုက်ပွဲအတွင်းမှ ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

သံတွဲမြို့နယ်၊ ဒေါ်ပွဲခုံကျေးရွာ၏ အနောက်မြောက်ဘက် (၃) ကီလိုမီတာအကွာအဝေး နှင့် ဂေါ့တ် (Gawt) တောင်တန်းအနီးတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂/၃) ရက်နေ့များ၌ တိုက်ပွဲများ အသီးသီးဖြစ်ပွားခဲ့သည်။ ရန်သူသည် ပင်လယ်ပြင်မှ စစ်သင်္ဘော (၃) စီး၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူအမြောက်အမြား၊ Navy Seal တပ်ဖွဲ့ဝင်များဖြင့် ၎င်းနေရာအား အသည်းအသန်ခုခံနေခဲ့သော်လည်း အာရက္ခတပ်တော်မှ သတ္တိ၊ ဗျူဟာမြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့သောကြောင့် ရန်သူ့ဘက်မှ အထိအခိုက်၊ အကျအဆုံးများစွာဖြင့် ကစဉ့်ကလျား ထွက်ပြေးလျက်ရှိသည်။ သံတွဲ၊ ဂေါ့ ပတ်ဝန်းကျင်တိုက်ပွဲများအတွင်း ရန်သူ၏ Speed Boat တစ်စီးအား မိမိတို့မှ နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည်။

ရန်သူအလောင်းအမြောက်အမြားနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ထွက်ပြေးလွတ်မြောက်နေသော ရန်သူများကိုလည်း ကမ်းခြေတစ်လျှောက် လိုက်လံရှင်းလင်းလျက်ရှိသည်။ ဤတိုက်ပွဲဖြစ်ပွားနေသောနေရာများသည် သံတွဲ၊ ငပလီ (မဇင်) လေယာဉ်ကွင်း၏ အနောက် မြောက်ဘက် (၂.၆) ကီလိုမီတာနှင့် (၆.၅) ကီလိုမီတာခန့်သာ ကွာဝေးသည်။

ထို့အပြင် အမ်းမြို့နယ်အတွင်းတွင်လည်း စစ်ကောင်စီ၏ တောဟိန်းတောင်စခန်းအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ရေးအတွက် မိမိတို့မှ ကြိုးပမ်းလျက်ရှိသောကြောင့် တောဟိန်းတောင်ပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့သည်။

ထို့ကြောင့် ဇွန်လ၊ ပထမအပတ်သည် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး မိမိတို့ အာရက္ခစစ်သည်များ၏ တစ်ပတ်တာ ထိုးစစ်အတွင်း မျက်မြင်နှင့် ဖမ်းဆီးရမိထားသောသုံ့ပန်းများအဆိုအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးသည့် အရေအတွက်မှာ (၄၀၀) အထက်ရှိခဲ့သည်။ အဆိုပါ သေဆုံးသူများထဲတွင် တိုက်ပွဲအတွင်းမှ ထွက်ပြေး၍ ကျောက်ပန္ဒူကမ်းခြေ၊ အလယ်သံကျော်ကမ်းခြေ၊ ဥဒေါင်းချောင်းနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ရေနစ်သေဆုံးသူများ ပါဝင်ခဲ့သည်။ အမ်း၊ သံတွဲဘက် တိုက်ပွဲများအတွင်း၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀) ဦးထက်မနည်း သေဆုံးခဲ့သည်။

လက်နက်ခဲယမ်းအမြောက်အမြားနှင့်အတူ စစ်ကောင်စီသုံ့ပန်းအမြောက်အမြားကို ဖမ်းဆီးရမိခဲ့သည်။ ဤ တစ်ပတ်တာ ထိုးစစ်များအတွင်း ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များ၊ အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ကြသော စစ်သည်တော်များကို အာရက္ခတပ်တော်၊ စစ်ရုံးချုပ်မှ လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်

Photos from Ko. Tun's post 06/04/2024

မင်းပြားတွင် စစ်ကောင်စီ၏ လက်ကျန် ဗုံးအား တူဖြင့် ထုမိရာမှ ပေါက်ကွဲပြီး အမျိုးသား ၁ဦးပွဲချင်းပြီး သေဆုံး၊ သမီးဖြစ်သူ ပြင်းထန်ဒဏ်ရာရ

AB News - ဧပြီ ၆၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် စစ်ကောင်စီအဖွဲ့၏ စစ်ကြွင်းစစ်ကျန် ဗုံးအား တူဖြင့် ထုမိရာ ပေါက်ကွဲပြီး ထုသည့်အမျိုးသား ပွဲချင်းပြီး သေဆုံးခဲ့ပြီး အနီးရှိ သမီးဖြစ်သူလည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ ဧပြီလ ၂၈ရက်နေ့၊ နေ့လယ် ၂နာရီ ၂၆ မိနစ်အချိန်တွင် မင်းပြားမြို့နယ် င/တန်ပျင်းရွာမှ အမျိုးသား ၁ဦးသည် ကောက်ရလာသည့် စစ်ကျန်ဗုံးသီးအား သံတူဖြင့် ထုကြည့်မိရာ ပေါက်ကွဲပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ၎င်း၏ သမီးဖြစ်သူလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ဗုံးပေါက်ကွဲပြီး သေဆုံးခဲ့သူမှာ မင်းပြားမြို့နယ်၊ င/တန်ပျင်းကျေးရွာမှ ဦးလှကျော်ခိုင် အသက် ၆၀ နှစ် ဖြစ်ပြီး သမီးဖြစ်သူ မဖြူမချေ ၂၈နှစ်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

"ရွာအတွင်းမှာက မပေါက်ကွဲဘဲ ကျန်နေတဲ့ စစ်လက်နက်တွေ ရှိပါသေးတယ်။ သံပိုက်လို အရာတစ်ခုကို ဦးလှကျော်ခိုင်က ကောက်ယူပြီး တူနဲ့ ထုခဲ့တာကြောင့် ခုလို ဖြစ်ခဲ့ရတာပါ" ရွာသားတစ်ဦးက ပြောဆိုသည်။

ဦးလှကျော်ခိုင်မှာ ဗုံးပေါက်ကွဲသည့်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကာ သမီးဖြစ်သူ၏ နောက်ကျောတွင်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

သမီးဖြစ်သူ မဖြူမချေမှာ နောက်ကျောတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့၍ အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

မင်းပြားမြို့ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်စဉ်အတွင်း စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် င/တန်ပျင်းရွာတွင် တပ်စွဲစခန်းချခဲ့ပြီး ကျေးရွာအတွင်း စစ်လက်နက်ပစ္စည်းများနှင့် မြေမြှုပ်မိုင်းများကို မြေမြှုပ်ချန်ထားခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဂျန်နဝါရီလ ၁၆ ရက်နေ့တွင် ထိုမင်းပြားမြို့နယ် င/တန်ပျင်းကျေးရွာတွင် သမီးဖြစ်သူကို စစ်သား ၅ ဦးက အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီးနောက် သားအမိနှစ်ဦးစလုံးအား ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။

#မင်းပြား #စစ်ကျန်လက်နက်

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

Photos from Ko. Tun's post 05/04/2024

ရက္ခိုင်ပြည်တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဧပြီလ (၅) ရက်

ရက္ခိုင့်တပ်တော်သည် ၂၀၂၄ ဧပြီလအတွင်း သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ထို့အပြင် ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိုင်ဒေသတစ်ခုလုံးကို အပြီးသတ်ပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် လက်နက်ချအညံ့မခံသေးသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်းများအား တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ရန်သူ့အတွက် အရေးပါသကဲ့သို့ မိမိတို့၏ ထိုးစစ်များကို နှောင့်ယှက်ထိခိုက်စေသော စခန်းတိုင်းကိုလည်း တစ်ခုမကျန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ၎င်းရန်သူ့စခန်းများထဲမှ ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၅) ရက်၊ နံနက် (၈) နာရီအချိန်တွင် တပ်ရင်းဌာနချုပ်တစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

ဤစခန်းအား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ (၅) ရက်၊ နံနက် (၈) နာရီအချိန်တွင် တပ်ရင်းဌာနချုပ်တစ်ခုလုံးအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ရန်သူ့အနေဖြင့် ၎င်းတို့၏ စစ်ရေးအရ အရေးပါသော ခမရ (၅၆၄) စခန်းအား ကြည်းတပ်၊ လေတပ်တို့ဖြင့် အသည်းအသန် ပူးပေါင်းခုခံကာကွယ်နေခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက်ထိုးစစ်အား မည်သို့မျှ ယှဉ်နိုင်ခြင်းမရှိဘဲ (၅) ရက်အကြာတွင် ရက္ခိုင့်တပ်တော်လက်အောက်သို့ ကျရောက်ခဲ့ရပြီးဖြစ်သည်။ နောက်ထပ်စခန်းများကိုလည်း ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သည်။

ဤတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ အရေအတွက် (၈၀) ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး မိမိတို့ဖက်မှလည်း ထိုက်သင့်သော ပေးဆပ်မှု၊ ရင်းနှီးမှုများဖြင့် ရယူသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဤ (၅) ရက်ကြာ ခမရ (၅၆၄) တပ်ရင်းဌာနချုပ် စခန်းသိမ်းတိုက်ပွဲအတွင်း ပေးဆပ်စွန့်လွှတ်ခဲ့သော အာရက္ခစစ်သည်တော်များအား ရက္ခိုင့်တပ်တော်၊ စစ်ရုံးချုပ်မှ လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

တိုက်ပွဲအတွင်း ရန်သူ့အလောင်းများစွာနှင့် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်းရရှိခဲ့သည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်၊ မွန်းတည့် (၁၂) နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် ခမရ (၅၅၂) တပ်ရင်းအား ရန်သူ၏ ကြည်းတပ်၊ လေတပ်တို့ပေါင်းကာ အပြင်းအထန်ခုခံနေသည့်ကြားမှ ရက်ပေါင်း (၃၂) ရက်အကြာတွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။ ထို့နောက် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့တွင်ပင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာစခန်းအား ထပ်မံသိမ်းပိုက်ရရှိခဲ့သည်။

မောင်တော၊ ကြိမ်ချောင်း စခန်းကိုလည်း ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ရက္ခိုင်ဒေသ၌ အကြမ်းဖက် စစ်ရှုံးစစ်ကောင်စီသည် ပြည်သူကိုပစ်မှတ်ထားလျက် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ၊ စစ်ဘေးရှောင်နေရာများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့ရွာများရှိ လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို နေ့စဉ်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ (၄) ရက်၊ နေ့လယ် (၂) နာရီ (၄၇) မိနစ်အချိန်တွင် ကျောက်တော်မြို့အား အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၁၈) နှစ်အရွယ် အပြစ်မဲ့ပြည်သူ လူငယ်တစ်ဦးသေဆုံးခဲ့ပြီး (၆) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၆) ဦး ဒဏ်ရာရရှိခဲ့သည်။

ထပ်မံရရှိသော တိုက်ပွဲနောက်ဆက်တွဲသတင်းများကို ဆက်လက်တင်ဆက်ပေးသွားပါမည်။

သတင်းနှင့် ပြန်ကြားရေး
ရက္ခိုင့်တပ်တော်

05/04/2024
05/02/2024

(ရခိုင်တိုက်ပွဲသတင်းများ)
တောင်ပြို(ယာ)စခန်းရက္ခိုင့်တပ်တော်သိမ်းပိုက်၊ စစ်ကောင်စီအလောင်းနှင့် လက်နက်ခဲယမ်းအမြောက်အမြားသိမ်းဆည်းရမိ

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၅/၂၀၂၄

ရက္ခိုင့်တပ်တော် (AA) သည် မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကပ်ရပ် တည်ရှိသည့် တောင်ပြို(လက်ယာ) စခန်းကို ဖေဖော်ဝါရီ ၄ ရက် ညနေ ၆ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်သည်။

တောင်ပြို (လက်ယာ) စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့အလောင်းအမြောက်အမြားနှင့် လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ရက္ခိုင့်တပ်တော် ဖက်မှလည်း ရဲရင့်ပြောင်မြောက်သော အာရက္ခစစ်သည်အချို့သည် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်ဟု ဖေဖော်ဝါရီ ၄ ရက်နေ့ ညီနောင် ၃ ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြသည်။

ရက္ခိုင့်တပ်တော်သည် မောင်တောမြို့နယ် မြောက်ပိုင်းမှ အရေးကြီးဆုံး လက်ကျန်စခန်းများ ဖြစ်ကြသည် တောင်ပြိုမြို့ (လက်ဝဲ) နှင့် (လက်ယာ) စခန်းကြီးနှစ်ခုကို ဖေဖော်ဝါရီ ၄ ရက် နံနက်က တစ်ပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲသည် ပြင်းထန်ခဲ့ပြီး သေနတ်သံများ၊ လက်နက်ကြီးပေါက်ကွဲသံများကို နယ်စပ်တစ်လျှောက် ကြားခဲ့ရသည်ဟု ဘင်္ဂလာမီဒီယာများတွင် ရုပ်သံဖိုင်များနှင့် သတင်းဖော်ပြကြသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲနှင့် စစ်သား စုစုပေါင်း (၆၀) နီးပါးသည် နယ်စပ်မှတစ်ဆင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ လက်နက်များဖြင့် ထွက်ပြေး လွတ်မြောက် သွားခဲ့ကြပြီး လက်နက်များကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ အပ်နှံခဲ့ကြရသည်ဟု သိရသည်။

ကျန်ရှိနေသည့် တောင်ပြို (လက်ဝဲ) စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ချအညံ့ခံပါက အသက်ချမ်းသာရာရမည် ဖြစ်ကြောင်းကိုလည်း ရက္ခိုင့်တပ်တော်က အသိပေးထားကြောင်း သိရသည်။

ရက္ခိုင်ပြည် မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင် စစ်ကောင်စီမှ လက်လွှတ်ဆုံးရှုံးရန် ရာနှုန်းပြည့် သေချာနေသော စခန်းအချို့အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း၌လည်း မြစ်ကြောင်းမှ တက်လာသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့်တပ်တော်တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ စစ်တွေမြို့၊ ရွှေမင်းဂံဆိပ်ကမ်းရှိ နေဗီသင်္ဘောမှ တိုက်ပွဲဖြစ်ရာနေရာသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ၏ စစ်တွေအခြေစိုက် “ခမရ (၃၅၄) တပ်ရင်း” မှလည်း လက်နက်ကြီးများဖြင့် ညအချိန်မတော် ရမ်းကားပစ်ခတ်လျက်ရှိသည်။

ရမ်းဗြဲမြို့ သိမ်တောင်ဘုရားကုန်း၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှ ရမ်းဗြဲမြို့နှင့် အနီး အနားနေရာများသို့ လက်နက်ကြီးများဖြင့် နံနက် (၆) နာရီ (၄၀) မိနစ်အချိန်တွင် (၂) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်မှု များ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ရက္ခိုင်ဒေသတွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သကဲ့သို့ စစ်အာဏာရှင်စနစ်အား တော်လှန်နေကြသော အခြားနေရာများ၌လည်း စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။

(ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည့် ၁၀၂၇ စစ်ဆင်ရေး (၁၀၁) ရက်မြောက်နေ့တိုက်ပွဲသတင်းများမှ ထုတ်နှုတ်ဖော်ပြသည်။)

ယခုသတင်းအား အောက်ပါလင့်တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်>>>

https://burmese.narinjara.com/news/detail/65c0287092112f0350988823

05/02/2024

RlPပါ
ပြည်သူလူထုဘားကပီးရေ
ထမင်းတစ်လုပ်ကိုစားပနာ အသက်ကိုပီးဆပ်လားရေ
ညီချေ ကောင်းရာဘုံဌာနမှာ
အနားယူပါ😭

Photos from Ko. Tun's post 02/02/2024

မြောက်ဦးအခြေစိုက်ခမရ (၅၄၀) တပ်ရင်းမှ
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ
ရက္ခိုင့်​တပ်​​တော်​ AA ထုတ်ဖော်ပြသ

၂, ၂, ၂၀၂၄

02/02/2024

သာလီဇွပါ

ရက္ခိုင့်​ဒေသတစ်ခုလုံးကို ပြီးပြည့်စုံအောင်
ထိန်းချုပ်နိုင်ဖို့ တိုက်ပွဲ ဝင်သွားမယ်လို့ ရက္ခိုင့်တပ်တော်
AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဘီဘီစီ သီးသန့်
မေးမြန်းခန်း

ဗိုလ်ချူပ်​ထွန်းမြတ်​နိုင်
၂, ၂, ၂၀၂၄

31/01/2024

■ တောင်ကုတ်တွင် စစ်ကောင်စီ တပ်သား ၁၂ ဦး လက်နက်အပြည့်အစုံဖြင့် ထွက်ပြေး

Western News| ဇန်နဝါရီ ၃၁

ရခိုင်ပြည်၊ တောင်ကုတ်မြို့ အတွင်း တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်သား စစ်သား ၁၂ ဦးမှာ လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားကြောင်း ခိုင်လုံသည့် တပ်တွင်း သတင်းရင်းမြစ်များ၏ ပြောဆိုချက် အရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်နေ့ တောင်ကုတ်တက္ကသိုလ်အနီး၊ မီးကျောင်းထိုးရွာအနီး တောင်ကုတ်-အမ်း၊ စစ်တွေ စစ်ဆေးရေး ဂိတ်မှ ၅ဦး၊ စကခ (၅)တပ်ထဲက (၇)ဦး၊ စုစုပေါင်း ၁၂ဦးတို့မှာ လက်နက်ကိုယ်စီးနှင့် ထွက်ပြေးသွားကြကြောင်း သတင်းရင်းမြစ်က Western News ကို ပြောသည်။

အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက "အားလုံးက ၁၂ ဦးပါခင်ဗျ။ တောင်ကုတ်-အမ်း၊ စစ်တွေ စစ်ဆေးရေး ဂိတ်မှ ၅ဦးရယ်။ ပြီးတော့ စကခ (၅)တပ်ထဲ က (၇) ဦးပါ စုစုပေါင်း ၁၂ ဦးပါ။ လက်နက်တွေ အကုန် ပါသွားပါတယ်။ လက်နက်အပြည့်အစုံနဲ့ ပြေးသွားတာပါ။ ၂၇ ရက်နေ့ ကတည်းက ထွက်ပြေးသွားတာပါ"ဟုပြောသည်။

အဆိုပါစစ်ကောင်စီ တပ်သားများသည် တောင်ကုတ်မြို့ အဝင် စစ်ဆေးရေးဂိတ်များဖြစ်သည့် မောင်းတန်စစ်ဆေးရေးဂိတ်နှင့်၊ ဖုံညိုစစ်ဆေးရေးဂိတ်မှတို့ဖြစ်ကြပြီး ၎င်းတို့မှာ ယင်းဂိတ်တို့တွင် တာဝန်ကျနေသူများဖြစ်ကြောင်း သိရသည်။

လက်နက်ကိုယ်စီဖြင့် ထွက်ပြေးသွားသည့် အဆိုပါ စစ်ကောင်စီတပ်သားများကို ရအောင်ဖမ်းဆီးရန် တောင်ကုတ် တပ်မမှူးကိုယ်တိုင် ညွန်ကြားထားပြီ အဆိုပါ တပ်သားများဖမ်းဆီး၍ မရပါက တပ်သားများအား အပြစ်ပေး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ဇန်နဝါရီ ၂၇ ရက်နေ့က ထွက်ပြေးသွားသည့် အဆိုပါ စစ်သားများမှာ ရာထူးနှင့် အဆင့်များကို Western News က သီးခြားအတည်ပြု၍ မရရှိသော်လည်း ၎င်းတို့မှာ တပ်သားအဆင့်ရှိသူများ ဖြစ်ကြကြောင်း သိရသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်စဉ်ကတည်းက စစ်ကောင်စီတပ်သားများမှာ မိမိထမ်းဆောင်နေသည့်နေရာမှ တစ်ခြားနေရာသို့ အများအပြား ထွက်ပြေးနေကြပြီး AA ထံသို့ အလင်းဝင်ရောက်မှုလည်း ရာနှင့်ချီ ရှိနေသည်။

ထို့ပြင် လက်ရှိ AAနှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်နေချိန်တွင်လည်း စစ်ကောင်စီတပ်၏ တပ်ရင်း၊ စခန်းကြီး၊ စခန်းငယ်တို့မှ ရုပ်သိမ်းပြီး ထွက်ပြေးကြသလို တစ်ခြားတပ်များနှင့်လည်း ပူးပေါင်းသွားသည့်များလည်း ရှိကြောင်း သိရသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ၃ လတာကာလအတွင်း လက်နက်ချအညံ့ခံလာပြီး အသက်ရှင်ခွင့် ရသွားသည့် စစ်ကောင်စီတပ်သား ၆၀၀၀ ကျော်ရှိကြောင်း ညီနောင်အဖွဲ့ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

Western News-WN

ပုံစာ-ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျီးကန်းပြင်ဌာနချုပ်အနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၁၆ အောက်တိုဘာ ၁၃ က တွေ့ရစဉ် ။ (ဓာတ်ပုံ-EPA)

Want your school to be the top-listed School/college in Johor Bahru?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Johor Bahru