01/01/2023
2023 နှစ်သစ်မှစ၍ လူတွေထင်မှတ်မထားလောက်အောင် ဘဝကို တိုးတက်ပြောင်းလဲပစ်လိုက်ပါ..
Change your negative mind -set and you will be successful.
01/01/2023
2023 နှစ်သစ်မှစ၍ လူတွေထင်မှတ်မထားလောက်အောင် ဘဝကို တိုးတက်ပြောင်းလဲပစ်လိုက်ပါ..
31/12/2022
နှစ်သစ်မှာ လိုအင်ဆန္ဒဟူသမျှ ပြည့်စုံကြပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘဝတွေ ပိုင်ဆိုင်နိုင်ကြပါစေ🎉
မြန်မာပြည်ကြီးလည်းအမြန်ဆုံးအေးချမ်းပါစေ..
25/12/2022
Marry christmas to you all 🎄☃
09/12/2022
👉 ကိုယ့်ကိုယ်ကို အမြဲယုံကြည်မှုရှိပါ..
08/12/2022
👉 ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာတာ မင်းအမှားမဟုတ်ပေမဲ့ ဆင်းဆင်းရဲရဲနဲ့ သေဆုံးသွားရင်တော့ မင်းရဲ့အမှားပဲ...(Bill Gates)
08/12/2022
07/12/2022
👉 Everything comes to you at the right time.Be patient.
05/12/2022
#မြင့်မြင့်တွေးမလား?
ခပ်နိမ့်နိမ့်ပဲတွေးနေဦးမလား?
👉 ခပ်နိမ့်နိမ့်ပဲတွေးနေဦးမယ်ဆိုရင်တော့ သေချာတယ် သင့်ဘဝက အောင်မြင်ဖို့ အလှမ်းဝေးနေဦးမှာပဲ..
🔷 ဒါကြောင့် မြင့်မြင့်တွေးတက်သူဖြစ်လာဖို့အတွက် လိုက်နာရမဲ့
အချက်(5)ချက်ကို
(David Schwartz)ဖော်ပြခဲ့ပါတယ်..
1️⃣ ကိုယ့်ကိုယ်ကို သိမ်ငယ်တယ်လို့မတွေးပါနဲ့..
2️⃣(Positive words )လို့ခေါ်တဲ့ အကောင်းမြင်စကားလုံးတွေသာ အသုံးပြုပါ..
3️⃣လက်ရှိအချိန်ကိုမကြည့်ပဲ အနာဂတ်အလားအလာကို မြင်အောင်ကြည့်ပါ..
4️⃣ကိုယ်လုပ်နေတဲ့အလုပ်ရဲ့ အရေးပါပုံကို မြင်အောင်ကြည့်ပါ..
5️⃣အသေးအဖွဲ ကိစ္စတွေကို စိတ်ညစ်မခံပါနဲ့..
ချစ်ခြင်းအားဖြင့်
Soe Lin Nge
04/12/2022
#ကိုယ့်ကိုယ်ကိုပြောင်းလဲပါ..
👉လူတယောက်ဟာ ကိုယ့်ကိုယ်ကို ပြောင်းလဲမှုတွေ ပြုလုပ်လာနိုင်ပြီးဆိုရင် ကိုယ့်ပတ်ဝန်းကျင်က ကမ္ဘာကြီးကိုလည်း ပြောင်းလဲပေးနိုင်စွမ်း ရှိလာတက်သည်တဲ့...
🔷 ဒါပေမယ့် ကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်ဖို့အတွက် ကိုယ့်ရဲ့နှလုံးသားက ကြောက်စိတ်ကင်းပြီး ကြံ့ခိုင်မှုရှိဖို့တော့ လိုပါတယ်..
owner
ချစ်ခြင်းအားဖြင့်
Soe Lin Nge
03/12/2022
#အရိပ်ကောင်းတဲ့သစ်ပင်လိုလူဖြစ်ချင်လား?
👉နေလောင်ဒဏ် တော့ခံရလိမ့်မယ်.
👉မုန်တိုင်းဒဏ်လည်း ကြံ့ကြံ့ခံရဦးမယ်.
🔷 ဒါပေမဲ့..မိတ်ဆွေ..
ဒီလိုလူတဦးရဲ့ ကြံ့ခိုင်မှုကြောင့် သတ္တဝါပေါင်းများစွာ အေးချမ်းမှုနဲ့ခိုနားခွင့် ရလိမ့်မယ်..
ချစ်ခြင်းအားဖြင့်
Soe Lin Nge
30/11/2022
#သာမာန်လူတယောက်ကနေချမ်းသာသူတယောက်ဖြစ်လာစေဖို့အတွက် 👉အချက် (၃) ချက်…
👉နံပါတ် (1)က_ယုံကြည်ချက်ရှိဖို့ဖြစ်ပါတယ်...
ချမ်းသာသူ မိသားစုမှမွေးပီး အမွေတွေအများကြီးရမှ မီလျံနာဖြစ်နိုင်တာ မဟုတ်ပါဘူး..စစ်တမ်းတွေအရ အမေရိကန်မှာရှိတဲ့ မီလျံနာတွေရဲ့ (80%)ဟာ ကိုယ့်အားကိုယ်ကိုးပီး ချမ်းသာလာသူတွေ ဖြစ်ပါတယ်..ဒါကြောင့် မိဘဆီကအမွေမရလို့ အရင်းအနှီးမရှိလို့ ဒီတသက်မချမ်းသာနိုင်ဘူးလို့မထင်ပါနဲ့..ကိုယ့်ရဲ့ဝင်ငွေထက် အသုံးစာရိတ်ပိုနည်းအောင် ချိုးခြံချွေတာပီး စုဆောင်းသွားမယ်ဆိုရင် မီလျံနာဖြစ်နိုင်ပါတယ်..
👉 နံပါတ် (2)က_ အလုပ်ကြိုးစားဖို့ဖြစ်ပါတယ်..
ဘယ်လိုလုပ်ငန်းနယ်ပယ်မျိုးမဆို မီလျံနာ ဖြစ်နိုင်ပါတယ်..ဒါကြောင့် ကိုယ့်နဲ့သင့်တော်မဲ့ နယ်ပယ်ကိုရွေးချယ်ပီး ဖြည်းဖြည်း မှန်မှန်ကြိုးစားသွားပါ..ခေတ်စားပီး hot ဖြစ်နေတဲ့ပေါ်ပင်လုပ်ငန်းတွေကိုရှောင်ပါ..ပေါ်ပင်လုပ်ငန်းတွေက အပြိုင်အဆိုင်များပီး ရည်ရှည်လဲ မခံကြတာများပါတယ်..ကြွယ်ဝချမ်းသာဖို့လည်းမလွဲကူပါဘူး..ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်တဦးဖြစ်တဲ့ Warren Buffet ဟာဒီအချက်တွေကို ကောင်းကောင်းသိတဲ့အတွက် သမားရိုးကျလုပ်ငန်းတွေမှာသာ ရင်နှီးမြှပ်နှ့မှုလုပ်လေ့ရှိပီး နည်းပညာနယ်ပယ် မသေချာမရေရာတဲ့လုပ်ငန်းမျိုးတွေကို ရှောင်လေ့ရှိပါတယ်...
👉 နံပါတ် (3)ကတော့_ချမ်းသာသူတွေရဲ့အလေ့အကျင့်တွေကို အတုယူဖို့ပဲဖြစ်ပါတယ်..ဒါ့အပြင် ချမ်းသာသူတယောက်ဟာ တခြားချမ်းသာပီးသားလူတွေဆီကနေ ပိုက်ဆံယူနိုင်ဖို့လည်း စဥ်းစားတက်ရမှာ ဖြစ်ပါတယ်....
owner
ချစ်ခြင်းအားဖြင့်
Soe Lin Nge