LCEC Zigon

LCEC Zigon The best choice in your learning life! Preschool, English and Maths Center

Learning All About Fruitဒီလရဲ့ Lesson Theme ဖြစ်တဲ့ ''Fruits and Vegetables'' နဲ့ကိုက်ညီအောင် Science ချိန်မှာ ပျော်ပျော...
16/10/2025

Learning All About Fruit

ဒီလရဲ့ Lesson Theme ဖြစ်တဲ့ ''Fruits and Vegetables'' နဲ့ကိုက်ညီအောင် Science ချိန်မှာ ပျော်ပျော်ပါးပါး အသီးလေးတွေ ရဲ့ အရောင် အနံ့ အရသာ မတူညီတဲ့ ပုံပန်းသဏ္ဍာန် အခွံရဲ့ Texture
ကြမ်းလား ချောလားဆိုတာ ကလေးတွေကိုယ်တိုင် လက်နဲ့ ကိုင်တွယ်စမ်းသပ်စေတယ် Sensational Development အတွက်လည်း လေ့ကျင့်ပြီးသားဖြစ် အပြင်ကအခွံနဲ့ အတွင်းကအသား အရောင် မတူညီပုံကို သူတို့ရှေ့မှာ ခွဲပြတယ် အထဲမှာရှိတဲ့ မတူညီတဲ့ အစေ့ပုံံမျိုးစုံကိုလည်း လေ့လာစေတယ်

ပြီးတော့ အရသာတစ်မျိုးစီကို သေချာမြည်းစမ်းကြည့်စေပြီး အတူတကွ သစ်သီးစားပွဲတော်ကြီး ပြုလုပ်ရင်း သင်ယူခဲ့ကြတာ ကလေးတွေ ဘယ်လိုတောင် ပျော်နေကြသလဲဆိုတာတော့ သူတို့မျက်နှာလေးတွေသာ ကြည့်ပါတော့ရှင်

#မူကြို



#ဇီးကုန်း

14/10/2025

I.S(International School) နဲ့ P.S(Private School)အကြောင်းနဲ့ ပတ်သက်လို့ မိဘတွေ
မကြာခန မေးတတ်တဲ့ မေးခွန်းတွေရဲ့ အဖြေများပါ။

၁။P.S လို I.S က စာကျက်ဖို့ လိုလား?
I.S က စာကျက်ဖို့ လုံးဝ မလိုဘူးလား?
စာကျက်တယ်ဆိုတာကို ဤ/သည် မရွေး
ကျက်တာလို့ ယူဆ ကြမယ်ဆိုရင်တော့
I.S က စာကျက်ဖို့ မလိုပါ။ စာမှတ်ဖို့သာ
လိုပါတယ်။ ဘာသာရပ်ဆိုင်ရာအခေါ်အဝေါ်
(Terms) တွေ သိဖို့ မှတ်ရပါမယ်။Theory
တွေ၊ Concept တွေ မှတ်ရပါမယ်။
မေးခွန်းတွေအတွက် မှတ်မိသမျှတိုင်းကို
English လို ဝါကျအသုံးအနှုန်းမှန်မှန်နဲ့
ပြန်ဖြေ၊ပြန်ရေးနိုင်ရင် လုံလောက်ပါတယ်။
P.S မှာလည်း စနစ်သစ် သင်ရိုးအတွက်
Grade-9 အထိ မှတ်ပြီး ပြန်ရေး စနစ်က
အဆင်ပြေပါတယ်။ကိုယ့်ရင်သွေးကို သင်
ပေးနေတဲ့ ဆရာမက ပညာရည်ပြည့်ဝနေဖို့
တော့ လိုအပ်တာပေါ့။


၂။ဘယ်သင်ရိုးက ပိုပြီး ကလေးတွေ အတွက် ကောင်းလဲ?
စနစ်သစ် P.S သင်ရိုးက အရင် စနစ်ဟောင်း
ထက်စာရင် အများကြီး ပိုပြည့်စုံလာပါတယ်။
သင်ရိုးသစ်သင်ကြားမှု ပုံစံစစ်စစ်ကို စနစ်တကျ
သုံးစွဲ သင်ပြတတ်တဲ့ အရည်အသွေး မြင့် ဆရာမနဲ့
သင်ယူခွင့်ရရင် P.S သင်ရိုးကလည်း ကောင်းပါတယ်။
I.S သင်ရိုးအမျိုးမျိုး( UK- based/ US-based/
Other-based)တွေကတော့ Globally Accepted
ပညာရှင် အများစု က လက်ခံကြတဲ့ ပြီးပြည့်စုံအောင်
၂/၃နှစ် တစ်ကြိမ်လောက် Edition လုပ်နေတဲ့ သင်ရိုး
တွေ ဖြစ်တယ်။ ပြီးပြည့်စုံတဲ့ ဆရာလမ်းညွှန်နဲ့
ဟပေါက်မရှိတဲ့ သင်ရိုးတွေကို သင်ကြားရတာက
ပိုကောင်းတာကိုတော့ အများစုက လက်ခံကြမယ်လို့
ယူဆနိုင်ပါတယ်။ကိုယ့်နိုင်ငံယဉ်ကျေးမှုနဲ့ အံဝင်ခွင်ကျ
မရှိတဲ့ သင်ရိုးအနည်းငယ်တော့ ပါတတ်ပါတယ်။

၃။I.S မှာ လောလောဆယ် ထားပေမယ့် နိုင်ငံခြားထိ
ကျောင်းထားပေးလောက်အောင် မချမ်းသာဘူး။
ဘာ ဆက်လုပ်ရမလဲ?
တချိန်မှာ I.S က ရတဲ့ အတန်းကူးပြောင်းခွင့်လက်
မှတ်(Completion Certificate) ကို ပညာရေး
ဝန်ကြီးဌာနက လက်ခံပေးပြီး အဆင့်မြင့်ပညာ
ကောလိပ် နဲ့ တက္ကသိုလ်တွေကို ကူးပြောင်း တက်
ရောက်ခွင့် ပေးမယ့် ပေါ်လစီတွေ ပေါ်ထွက်လာနိုင်
စရာ ရှိပါတယ်။အခုတော့ အဲ့ ဒါတွေက လေထဲမှာပဲ
ရှိပါသေးတယ်။အဖြေကို နံပတ်(၄)မှာ တပေါင်းတည်း
ဖြေထားပါတယ်။


၄။ဘယ်အတန်းလောက်အထိ I.S ထားပြီး P.Sဘက်ကို
ဘယ်အတန်းမှာ ပြန်ကူးသင့်လဲ?
တချိန်မှာတော့ အစိုးရအခြေခံပညာကျောင်း/P.S ကို
ပြောင်းတက်ဖို့ စဉ်းစားမယ်ဆိုရင်တော့ I.S ဘက်မှာ
Secondary 2(Year9) ပြီးတဲ့ အထိ တက်ပြီးမှ
ပြောင်းတာ အကောင်းဆုံးပါပဲ။

၅။I.S ကနေ P.S ပြန်ပြောင်းရင် လွယ်လား?
I.S က P.Sကို ပြောင်းချင်ရင် အခြေခံပညာက မေလ
မှာ စစ်မေးပေးတဲ့ Placement Test ကို ဖြေဖို့ လိုပါ
တယ်။ အစိုးရအသိအမှတ်ပြု I.S ဘက်က အောင်မြင်
ခဲ့တဲ့ အတန်း ၊ကျောင်းသားရဲ့ အသက်နဲ့လည်း ကိုက်ညီတဲ့
အတန်း ကို ဝင်ဖြေရမှာပါ။ ဥပမာ ကျောင်းသားက
Secondary 2(Year9) အောင်မြင်ခဲ့ပြီး ကျောင်းသားရဲ့
အသက်ကလည်း ၁၃ နှစ်ကျော်ပြီ ဆိုရင် အခြေခံပညာက
စစ်ပေးတဲ့ နဝမတန်း placement test ကို ဖြေခွင့်ရပါ
လိမ့်မယ်။နဝမတန်း ဘာသာစုံ အမှတ်(၁၀၀)ဖိုး စစ်မေး
တာကို ဖြေဆိုနိုင်ဖို့ နဝမတန်းစာ ကြိုလုပ်ထားရပါမယ်။

၆။ I.S ရော P.S ရော နှစ်မျိုးလုံး တပြိုင်တည်း
သင်ရင် ပြဿနာရှိလား?စာလိုက်နိုင်ပါ့မလား?
I.S သင်နေရင်း အခြေခံP.S ကို ပြန်ပြောင်းဖို့
အခြေခံ သင်ရိုးကို ပြန်သင်နေကြသူတွေလည်း
ရှိသလို ၊ Dual ကျောင်းတွေမှာ သင်ရိုး(Syllabuses)
နှစ်မျိုးလုံး သင်နေကြတာလည်း ရှိပါတယ်။
English နဲ့ Science ဘာသာရပ်တွေမှာ I.S သင်ရိုး
က မြင့်ပြီး မြန်မာသင်ရိုးက နိမ့်တာ များတာမို့
ကျောင်းသားတွေအတွက် စာလိုက်ရတာ အဆင်ပြေတာ
များပါတယ်။ မြန်မာဘာသာရပ်ကို အခြေအမြစ်ရှိရှိ၊
အခြေခံကောင်းကောင်း သိတတ်ထားရင် မြန်မာ
လိုရေးထားတဲ့ အစိုးရသင်ရိုးဘာသာရပ်တွေကို
စာလိုက်ရတာ အဆင်ပြေပါတယ်။
I.S တိုင်းဟာ မြန်မာစာ၊ပထီဝင် နဲ့ သမိုင်း
ဘာသာရပ်တွေကို မဖြစ်မနေထည့်သင်ခိုင်းလို့
I.S ကျောင်းမှာပါ သင်နေရပါတယ်။ ဒါကြောင့် နှစ်မျိုး
တပြိုင်တည်းသင်ရင်လည်း ရနိုင်တယ်လို့ အကြမ်း
အားဖြင့် ဆိုနိုင်ပါတယ်။

၇။GED က iGCSE ထက် ဘာလို့ စာသင်ချိန်ကာလတိုပြီး
စရိတ်သက်သာတာလဲ။ သူတို့က အခွင့်အလမ်း
အတူတူပဲ မဟုတ်လား?
GED က ပုံမှန် အခြေခံ သင်ရိုး မဟုတ်ဘဲ ဖြတ်လမ်း
ဖြစ်ပါတယ်။ အခြေခံပညာ မပြီးဆုံးခဲ့တဲ့သူတွေက
သက်မွေး Certificate/Diploma တန်းတွေကို တက်ခွင့်
ရနိုင်ဖို့ လိုအပ်အခြေခံကို အတိုဆုံးနည်းနဲ့ ဖြည့်ဆည်းပေး
တဲ့ အတန်း ဖြစ်ပါတယ်။UK ရဲ့ iGCSE ကတော့
အဆင့်မြင့်ပညာ အတွက် လိုအပ်ပညာ အခြေခံတွေကို
အကုန်အစင် ထိထိမိမိ အပြည့်အဝ ဖြည့်ဆည်းပေးပါ
တယ်။ကိုယ့်ရင်သွေးကို အမြင့်ဆုံး ပညာရေးအထိ သွား
စေချင်ရင် iGCSE ကို ရွေးချယ်တာ ပိုကောင်းပါတယ်။

၈။P.S ကနေ I.S ပြောင်းရင် အဆင့်တူ အတန်းကို တန်းပြီး
ရနိုင်ပါ့မလား။
I.S တိုင်းလိုလိုက ဝင်ခွင့် စာမေးပွဲ စစ်ကြပါတယ်။
ကျောင်းသားရဲ့ အခြေခံနဲ့ လိုက်ဖက်ညီတဲ့ အတန်းကိုသာ
တက်စေပါတယ်။ အခြေခံ လိုအပ်ချက် အနည်းငယ်
သာရှိပြီး Bridging Class နဲ့ အချိန်ပိုခေါ်ပြီး အလျင်မီမီ
ပြန်ဖြည့်နိုင်တဲ့ အနေအထားရှိနေနိုင်တဲ့ ကျောင်းသား
ကိုတော့ တောင်းဆိုတဲ့ အတန်းကို ထည့်ပေးတာမျိုး
I.S တွေမှာ ပေါ်လစီ ရှိကြပါတယ် ခင်ဗျာ။

၉။I.S က iGCSE"O" level အောင် ပြီးတဲ့ ကျောင်းသားက
P.S က Grade 11/Grade 12 ကို တိုက်ရိုက်တန်းပြီး
တက်လို့ရလား?
iGCSE"O" level အောင်မြင်ပြီးမြောက်ကြောင်း
အထောက်အထားကို UK ရဲ့ နိုင်ငံတကာ အသိအမှတ်ပြု
Accreditation Body တွေက ပေးတာပါ။
အခုအချိန် အထိတော့ ပညာရေးဝန်ကြီးဌာန က
iGCSE"O" level အောင်တဲ့ကျောင်းသားကို
G11/12 ကို တိုက်ရိုက် တန်းပြီး တက်ခွင့်ကို
ခွင့်ပြုပေးထားခြင်း မရှိသေးပါ ခင်ဗျ။
တချိန်ချိန်မှာတော့ အဲ့သလိုမျိုး ရှိကောင်း ရှိလာ
မယ့် အရိပ်အယောင်တွေတော့ မြင်လာရပါပြီ။
တက္ကသိုလ်/ကောလိပ်တွေကို Autonomy ပေးလာ
ပြီဆိုရင်တော့ သေချာပေါက် အဲ့အခွင့်အလမ်းတွေ
ရဖို့ များပါတယ်။အခု အချိန်မှာတော့ အခြေခံပညာ
Placement test အောင်မြင်မှသာ I.Sမှ P.Sသို့
ကူးပြောင်းခွင့် ရပါတယ်။

၁၀။I.S က iGCSE "A" အောင်ပြီးတဲ့ ကျောင်းသားက
အစိုးရ တက္ကသိုလ်တွေကို တက်ခွင့်ရမှာလား?
နံပတ် (၁၀) က အဖြေလိုပါပဲ။ခု လတ်တလောမှာ
တက်ခွင့်မရသေးပါ။

၁၁။I.S မှာ တက်နေတဲ့ ကျောင်းသားကို အစိုးရက
ကျောင်းသားအဖြစ် တရားဝင် အသိအမှတ်ပြု
ပါသလား?
I.S တွေကို တရားဝင် လိုင်စင် ရယူခိုင်းပြီး ဖြစ်လို့
လိုင်စင်ရဖွင့်ခွင့်ပေးပြီး ဖြစ်တဲ့ I.S ကကျောင်းသား
တွေဟာ တရားဝင် ကျောင်းသားစာရင်းထဲ ပါပါတယ်။

၁၂။GED တက်နေတဲ့ ကျောင်းသားကိုရော အစိုးရက
ကျောင်းသားအဖြစ် တရားဝင် အသိအမှတ်ပြု
ပါသလား?
GEDတန်း ကိုပါ ကျောင်းရဲ့ ဖွင့်ခွင့်လျှောက်လွှာထဲ
မှာ တပါတည်း ထည့်သွင်းလျှောက်ထားပြီး ဖွင့်ခွင့်ရ
လာတဲ့ လိုင်စင်ရI.Sကျောင်းက ကျောင်းသားဟာ
ကျောင်းသားစာရင်းဝင်အဖြစ် အသိအမှတ်ပြုခံရမှာ
ဖြစ်ပါတယ်။

#နိုင်ဝင်းလတ်
(ဂုဏ်ထူးဇီဝ)

Address

At The Corner Of Bo Gyoke Street And Myo Thit 8th Street
Zigon
08221

Opening Hours

Monday 07:00 - 22:00
Tuesday 07:00 - 22:00
Wednesday 07:00 - 22:00
Thursday 07:00 - 22:00
Friday 07:00 - 22:00
Saturday 07:00 - 22:00
Sunday 07:00 - 22:00

Telephone

+9595374436

Website

Alerts

Be the first to know and let us send you an email when LCEC Zigon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to LCEC Zigon:

Shortcuts

Share