Planner Private School

Planner Private School Good Quality, Fair Price & Satisfied Service!

18/08/2026

G-1 "Mathematics"
Adding (1-20)
@



"ဖုန်းအသုံးပြုခြင်းဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲ"ဒီနေ့ (၁၈-၈-၂၀၂၆)၊ PLANNER ကိုယ်ပိုင်အလယ်တန်းကျောင်းမှာ "ဖုန်းအသုံးပြုခြ...
18/08/2026

"ဖုန်းအသုံးပြုခြင်းဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲ"
ဒီနေ့ (၁၈-၈-၂၀၂၆)၊ PLANNER ကိုယ်ပိုင်အလယ်တန်းကျောင်းမှာ "ဖုန်းအသုံးပြုခြင်းဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲ" ပြုလုပ်ကျင်းပပါတယ်။

Social Media အသုံးပြုရင်း၊ လိုင်းပေါ်ကနေ မှားယွင်းတဲ့ အသုံးပြုမှုတွေ မဖြစ်စေဖို့၊ အလိမ်မခံရဖို့၊ ဂိမ်းမစွဲစေဖို့၊ တလွဲမသုံးဖို့၊ လိုအပ်လို့ ဖုန်းသုံးတဲ့ခါ အကျိုးရှိစေမဲ့အရာတွေသိဖို့အတွက် ရည်ရွယ်ပြီး "Social Media မှန်ကန်စွာ အသုံးပြုတတ်စေရေး အသိပညာပေးဟောပြောပွဲ" ပြုလုပ်ကျင်းပတာဖြစ်ပါတယ်။

• Social Media တွေအကြောင်း၊
• ကောင်းကျိုးဆိုးကျိုးတွေအကြောင်း၊
• လေ့လာသင်ယူမှုတွေကလွဲရင် ဦးနှောက်နဲ့အသိပညာ မရင့်ကျက်သေးတဲ့ အတန်း အရွယ်မှာ အသုံးပြုရမဲ့၊ အသုံးမပြုရမဲ့ ကန့်သတ်မှုတွေအကြောင်း၊
• ဖုန်းစွဲ၊ ဂိမ်းစွဲရင် နောက်ဆက်တွဲ ဆိုးကျိုးတွေအကြောင်း၊
• TikTok, Telegram, Viber, Facebook, Game App တွေမှာ Group ဖွဲ့ပြီး အသုံးပြုခြင်း၊ သီးသန့် တစ်ဦးချင်းဆက်သွယ်ခြင်းတွေမှာ အသုံးပြုသင့်တာ မသုံးသင့်တာ၊ မလိုအပ်တာ မသုံးသင့်တာတွေကို မိဘခွင့်ပြုချက် မရှိဘဲ၊ မိဘမသိဘဲ အသုံးမပြုသင့်ကြောင်း။
• အကောင့်အတုတွေ၊ မသင့်လျော်တဲ့ အမည်တွေနဲ့ အကောင့်ဖောက်ပြီး၊ ဂိမ်းထဲကပုံတွေနဲ့ ပရိုဖိုင်ထား၊ ရေးချင်ရာရေး တင်ချင်ရာတင် ပြောချင်တဲ့သူနဲ့ ပြောတဲ့ခါ မသမာသူတွေရဲ့ လိမ်ညာမှု ခံရနိုင်ကြောင်း၊
• ဆေးလိပ်နဲ့ မူးယစ်ဆေးဝါး၊ လူလိမ်လည်မှုနဲ့ လူကုန်ကူးမှု စတာတွေလဲ၊ ဖုန်း သို့မဟုတ် Social Media ကနေ အန္တရာယ်ရှိနိုင်ကြောင်း၊
• ဆေးလိပ်ကင်းစင်ပတ်ဝန်းကျင်ဖြစ်တဲ့အတွက်၊ ဆေးလိပ်အတု အသုံးပြုမှု၊ အသုံးပြုရန် စည်းရုံးပြောပြတာကအစ ခွင့်မပြုကြောင်း၊
• ကျောင်းသား/သူအချင်းချင်း ကျောင်းသင်ခန်းစာ သင်ကြားသင်ယူမှုရဲ့ ခင်မင်ရင်းနှီးမှုမှလွဲပြီး မိဘ ဆရာ အသိမပေးဘဲ မသိဘဲ... ဖုန်း၊ Social Media တွေကတဆင့် စကားပြောခြင်း၊ ဆက်သွယ်ချိတ်ဆက်ခြင်းခွင့်မပြုကြောင်း၊
စသဖြင့်... ဖုန်း၊ Social Media ဆိုင်ရာ သိသင့်တာတွေကို ဥပမာတွေ၊ နမူနာအဖြစ်အပျက် အတွေ့အကြုံတွေ၊ ကြားဖူးသိဖူးတဲ့ ဆိုးကျိုးတွေနဲ့ ဆွေးနွေးဖလှယ်ကြပါတယ်။

ကလေးတွေရဲ့ အရွယ်နဲ့ သိချင်ကြတဲ့ မေးခွန်းတွေ မေးကြ၊ ပြန်ဖြေပေးရနဲ့ မြိုင်ဆိုင်လှပါတယ်။

ကလေးတွေ အသိပညာ ဗဟုသုတသာမက အတွေးအခေါ်နဲ့ ပြောတတ်ဆိုတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးပါ မျက်မြင် တိုးတက်လာလို့ ကျေနပ်မိပါတယ်။
@
PLANNER ကိုယ်ပိုင်ကျောင်း
သီရိရတနာအဆင့်မြင့်စျေး၊ ဇမ္ဗူသီရိမြို့နယ်၊
နေပြည်တော်။ 0943059355, 09443059355
***

#ဖုန်းအသုံးပြုခြင်းဆိုင်ရာအသိပညာ‌ပေးဟောပြောပွဲ
ှန်ကန်စွာအသုံးပြုရေးအသိပညာပေးဟောပြောပွဲ

16/08/2026

တိုက်ကွမ်ဒို လေ့ကျင့်မှုများ
Weekend Class မှာ၊ ကလေးလူငယ်များ၊ မိမိစိတ်ဝင်စား ဝါသနာပါရာ ဖြည့်ဆည်းမှုအဖြစ်၊
ကာယစွမ်းရည်မြင့်မားပြီး၊ စိတ်ဓာတ်သန်မာစေဖို့ တိုက်ကွမ်ဒို အားကစား လေ့ကျင့်မှုများ။
@




#တိုက်ကွမ်ဒို

16/08/2026

G-3 English
Fruits & Vegetables
Activity
@



16/08/2026

Music (Piano)
ညနေပိုင်း Piano Class က ကလေးတွေရဲ့၊ အခြေခံက စတင် သင်ယူလေ့ကျင့်မှုလေးတွေပါ။

Practice makes Perfect. တဲ့။ လေ့ကျင့်ရင်းနဲ့ ကျွမ်းကျင်လာမှာပါ။

Music (Piano) Class
Thursday & Friday (Evening)
@


15/08/2026

G-6 သိပ္ပံ
"အဏုကြည့်ကိရိယာ"

အဏုကြည့်ကိရိယာ (Microscope) ရဲ့ အစိတ်အပိုင်းများနဲ့ အသုံးပြုပုံကို အုပ်စုလိုက် လက်တွေ့ သင်ကြား သင်ယူမှု ပြုလုပ်နေကြတာပါ။

@
PLANNER ကိုယ်ပိုင်အလယ်တန်းကျောင်း
သီရိရတနာအဆင့်မြင့်စျေး၊ ဇမ္ဗူသီရိမြို့နယ်၊
နေပြည်တော်။ 0943059355, 09443059355
***



>

G-3 "စာကြည့်တိုက်ချိန်"G-3 စာကြည့်တိုက်ချိန်မှာ၊ ကလေးလေးတွေရဲ့ စာဖတ်ရှိန် မြှင့်တင်ပေးဖို့၊ စာဖတ်သွက်ဖို့ အလှည့်ကျ ဖတ်ကြ...
15/08/2026

G-3 "စာကြည့်တိုက်ချိန်"

G-3 စာကြည့်တိုက်ချိန်မှာ၊ ကလေးလေးတွေရဲ့ စာဖတ်ရှိန် မြှင့်တင်ပေးဖို့၊ စာဖတ်သွက်ဖို့ အလှည့်ကျ ဖတ်ကြတာ ဖြစ်ပါတယ်။

ဒီလို အလေ့အကျင့်လေးတွေကနေတဆင့် ကလေးတွေ အသိပညာ ဗဟုသုတသာမက၊ အတွေ့အကြုံအသစ်လဲ ရရှိစေပါတယ်။

အရင်ကလဲ ပုံပြင်လေးတွေ အလှည့်ကျ ဖတ်ဖူးထားကြတာမို့ အရင်ထက် စာဖတ်ပိုသွက်လာပြီး၊ စာအုပ်ဖတ်ရတဲ့အပေါ် ပိုစိတ်ဝင်စားကြတာ တွေ့ရပါတယ်။
@
PLANNER ကိုယ်ပိုင်ကျောင်း
သီရိရတနာအဆင့်မြင့်စျေး၊ ဇမ္ဗူသီရိမြို့နယ်၊
နေပြည်တော်။ 0943059355, 09443059355
***

ာကြည့်တိုက်ချိန်
#လူငယ်နှင့်စာပေ

G-5 "စာကြည့်တိုက်ချိန်""အလှအတွက် မှန်ကြည့်သလို၊ ဘဝအတွက် စာကြည့်ပါ" တဲ့။ ကိုယ်တွေငယ်ငယ်က ပြောခဲ့တဲ့ ကလေးစကားလေးပါ။G-5 စာက...
15/08/2026

G-5 "စာကြည့်တိုက်ချိန်"
"အလှအတွက် မှန်ကြည့်သလို၊ ဘဝအတွက် စာကြည့်ပါ" တဲ့။ ကိုယ်တွေငယ်ငယ်က ပြောခဲ့တဲ့ ကလေးစကားလေးပါ။

G-5 စာကြည့်တိုက်ချိန်မှာ၊ ကလေးတွေကို စာအုပ်စာပေကို နှစ်သက်မြတ်နိုးတတ်အောင်၊ စာဖတ်တတ်တဲ့အလေ့အကျင့်ရအောင်၊ ကလေးတို့ကို စာဖတ်စေပြီး၊ သူတို့ ဖတ်ထားတဲ့အကြောင်းအရာကို အလှည့်ကျ ပြောပြကြတာဖြစ်ပါတယ်။

ပြီးတော့... နားထောင်ကြတဲ့ ကလေးတွေက၊ ရရှိလိုက်တဲ့ သုတ ရသတွေကို ထပ်ဆင့် ဆွေးနွေးကြတာဖြစ်ပါတယ်။

အလှည့်ကျ ပြောသွားမှာဖြစ်ပြီး မပြောပြရသေးတဲ့သူတွေကလဲ သူတို့အလှည့်ရောက်လာမဲ့အချိန်ကို စိတ်ဝင်စားနေကြပါတယ်။
@
PLANNER ကိုယ်ပိုင်ကျောင်း
သီရိရတနာအဆင့်မြင့်စျေး၊ ဇမ္ဗူသီရိမြို့နယ်၊
နေပြည်တော်။ 0943059355, 09443059355
***

#စာကြည့်တိုက်
#လူငယ်နှင့်စာပေ

12/08/2026

G-7 - မြန်မာစာ
"နောင်အင်းလေးကိုလာဖို့ ဖိတ်ခေါ်တယ်"
"Presentation"
• Project Based Learning
• Presentation Based Learning
> Collaboration,
> Communication,
>Creativity.
@

Address

No. 65, ThiriAnawYaHtar 3rd Street, , ThiriYadanar Shopping Complex,
Zabu Thiri Township

Website

Alerts

Be the first to know and let us send you an email when Planner Private School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category