The English Hub Preschool

The English Hub Preschool Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The English Hub Preschool, School, ရန်ကုန်-မန္တလေး လမ်းဟောင်း, Yezin.

07/06/2026

👉 Job Vacancy Announcement 📌📌📌

The English Hub
Preschool
တွင် အောက်ပါရာထူးများအတွက် လျှောက်ထားနိုင်ပါသည်။

1) Assistant Teacher (၂) ဦး

- ဘွဲ့ တစ်ခုခုရရှိပြီးသူ

- English (CEFR B1) အနည်းဆုံးရှိသူ
(Level Test စစ်ပါမည် )

- သင်ကြားရေးတွင် စ်ိတ်ပါဝင်စားသူ

- ကလေးငယ်များ ကို အမှန်တကယ် ချစ်ခင်ကြင်နာတက်သူ

- တကိုယ်ရည် သန့်ရှင်းမှု အပြည့်ရှိသူ (ရွေးချယ်ခံရသူသည် ကျောင်းမှ ဆေးစစ်ပေးမည်)

- အရည် အသွေးဖြည့် သင်တန်းများ တက်ရောက် ရန် စိတ်အား ထက်သန်သူ

2) သန့်ရှင်းရေးဝန်ထမ်း

- အထက်တန်းအထိ ပညာသင်ယူဖူးသူ

- တကိုယ်ရေ သန့်ရှင်းရေး အပြည့်အဝ ရှိသူ

- ကလေးငယ်များ အားအမှန်တကယ် ချစ်ခင်ကြင်နာနိုင်သူ

- အသက် ၂၀ မှ ၄၀ အတွင်း

လျှောက်ထားလိုသူများသည်

The English Hub
Preschool
ရန်ကုန်-မန္တလေးလမ်းဟောင်း ၊ ရေဆင်းစျေးကြီး အနီး ၊ ရေဆင်းရွာ နယ်မြေ(၁) ၊ ဇေယျာသီရိမြို့နယ် ၊ နေပြည်တော် သို့
လူကိုယ်တိုင်သော်လည်းကောင်း

09265560856
Viber နံပါတ်သို့ လည်းကောင်း

[email protected]
သို့လည်းကောင်း

-CV
-အိမ်ထောင်စုစာရင်းမိတ္တူ
-မှတ်ပုံတင် မိတ္တူ
- ရပ် /ကျေး ထောက်ခံစာ
- ပညာအရည်အချင်း မှတ်တမ်းများ

နှင့်အတူ အမြန်ဆုံးပေးပို့လျောက်ထား နိုင်ပါသည်။

The English Hub Preschool ဆိုတာ ...
05/06/2026

The English Hub Preschool ဆိုတာ ...

05/06/2026

ဖေဖေ မေမေတို့ The English Hub Preschool ကို ဘာကြောင့်ရွေးချယ်ကြသလဲ 💕💕💕

Preschool စဝင်ဝင်ခြင်း မှာ သားသားမီးမီးတို့ အတွက် နေရာစိမ်း ပါတ်ဝန်းကျင် အစိမ်းမို့ ကြောက်လန့်တက်ကြတာ ငိုယိုကြတာ မပျော်မ...
03/06/2026

Preschool စဝင်ဝင်ခြင်း မှာ သားသားမီးမီးတို့ အတွက် နေရာစိမ်း ပါတ်ဝန်းကျင် အစိမ်းမို့ ကြောက်လန့်တက်ကြတာ ငိုယိုကြတာ မပျော်မရွှင်ဖြစ်ကြတာက ဖေဖေမေမေ တို့အတွက်အလွန်စိတ်မချမ်းမြေ့စရာပါ။

ဒါတွေကို ကျော်ဖြတ်နိုဖို့ ဖေဖေ မေမေတို့ အနေနဲ့ သားသားမဇိးမီးတို့ကို Preschool မပို့ခင် ဘယ်လိုပြင်ဆင်ထားသင့် သလဲ ဆိုတာလေး ကို ဖော်ပြလိုက်ပါတယ်။



03/06/2026

Preschool တက်ခွင့်ရတဲ့ သားသားမီးမီး မှာ ဘာတွေ အားသာချက်ရှိမှာလဲ ။

🧠 အထွေထွေဖွံ့ဖြိုးတိုးတက်မှု (Holistic Development)

ကလေးတွေကို စာသင်ပညာအပေါ်မတင်ပဲ စိတ်ပိုင်း၊ လူမှုဆက်ဆံရေး၊ စိတ်ခံစားမှု၊ အာရုံစူးစိုက်မှု တို့ကို အဓိကထားပေးတယ်။

🤝 လူမှုဆက်ဆံရေးနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု (Social & Emotional Development)

မျှဝေခြင်း၊ အတူတူလုပ်ခြင်း၊ ခံစားချက်ဖော်ပြခြင်း၊ မိတ်ဆွေဖော်ခြင်းတို့က ကလေးတွေကို ယုံကြည်မှု၊ စာနာမှု၊ သည်းခံမှု တိုးတက်စေတယ်။

🗣 ဘာသာစကား ဖွံ့ဖြိုးတိုးတက်မှု (Language Development)

သီချင်းဆိုခြင်း၊ စာပေဖတ်ခြင်း၊ စကားပြောခြင်း၊ အက္ခရာသင်ခန်းစာတွေက Vocabulary တိုးတက်စေပြီး Listening Skill ကို အားပေးတယ်။

🎓 ဂဏန်းနဲ့ ပုံစံသင်ခန်းစာများ (Numeracy Skill)

အရေတွက်ဂိမ်း၊ ပဟေဠိ၊ ပုံစံချိန်ညှိခြင်းတို့က ဂဏန်းနဲ့ Pattern ကို သဘာဝကျကျ သင်ပေးတယ်။

👐👀 လက်နှင့် ကိုယ်ခန္ဓာ အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်မှု (Hand-eyes Coordination)

Drawing, Playdough, Cutting က Fine Motor Skill တိုးတက်စေပြီး Running, Dancing, Climbing က Gross Motor Skill တိုးတက်စေတယ်။

👇👇👇

ပြည့်စုံ စိတ်ချရတဲ့ Preschool ဟာ ဖေဖေမေမေတို့အတွက် အလုပ်ကို စိတိဖြောင့်လက်ဖြောင့် စိတ်ချလက်ချလုပ်နိုင်မယ်။

Consistency for Children ဆိုသလို ကလေးတွေ အိမ်ပြင်ပမှာလည်း အများနဲ့ ကိုယ့်ကိုကိုယ် အားကိုးယုံကြည့်မှု အပြည့်နေတက်လာပါတယ်။

တကယ် ကတော့ Preschool ဆိုတာ ကလေးတွေကို စာသင်ပညာအတွက်သာ မဟုတ်ဘဲ သူတို့ကိုယ်သူတို့မူလတန်းပညာ မသင်ယူခင် ရရှိရမည် Skill -Set တွေ Milestone တွေ အခြေခံအဆင့်တွေ တည်ဆောက်ပေးတဲ့ နေရာ ဖြစ်ပါတယ်။






03/06/2026

ဖေ​ဖေ မေမေ တို့ရေ...

Preschooler အရွယ် ကလေးလေးတစ်ယောက်က သူဆွဲထားတဲ့ ပုံလေးအကြောင်းကို ယုံကြည်မှုအပြည့်နဲ့ ရှင်းပြနေတာကို မြင်ရတဲ့အခါ… ဒါဟာ ချစ်စရာကောင်းတဲ့ အခိုက်အတန့်လေးတစ်ခုတင် မဟုတ်ပါဘူး။

ဒါဟာ အနာဂတ်မှာ...
🥰 မိမိရဲ့ လုပ်ငန်းပရောဂျက်ကို ယုံကြည်မှုအပြည့်နဲ့ ချပြမယ့် CEO တစ်ယောက်ရဲ့ ပုံရိပ် ဖြစ်ပါတယ်။

🥰 ကမ္ဘာ့အလယ်မှာ ရဲရဲဝံ့ဝံ့ ဆွေးနွေးမယ့် သံတမန်တစ်ယောက်ရဲ့ ခြေလှမ်း ဖြစ်ပါတယ်။

🥰 မိမိယုံကြည်ချက်အတွက် မကြောက်မရွံ့ မတ်တပ်ရပ်ရဲမယ့် ခေါင်းဆောင်တစ်ဦးရဲ့ အစပျိုးခြင်း လည်း ဖြစ်ပါတယ်။

ကလေးကို ငယ်စဉ်ကတည်းက ✍ “မိမိကိုယ်မိမိ ထုတ်ဖော်ပြောဆိုနိုင်တဲ့ စွမ်းရည်” လက်ဆောင်ကို👄🗣 ပေးထားခြင်းအားဖြင့် သူတို့လေးတွေ ကြီးပြင်းလာတဲ့အခါ ဘယ်လိုပတ်ဝန်းကျင်မျိုးကိုမဆို ယုံကြည်မှုရှိရှိ ရင်ဆိုင်ကျော်ဖြတ်နိုင်မှာပါ။

ကလေးလေးရဲ့ အနာဂတ်ပြေးလမ်းကို The English Hub Preschool မှာ ယနေ့ပဲ စတင်ပြင်ဆင်လိုက်ပါ...
#

ကလေးကိုပြုစုစောက်ရှောက်တယ်ဆိုတာPhysical care-ရုပ်ပိုင်းဆိုင်ရာဂရုစိုက်မှု (အစာရေစာ                         နို့ချိုတိုက်...
25/05/2026

ကလေးကိုပြုစုစောက်ရှောက်တယ်ဆိုတာ

Physical care-ရုပ်ပိုင်းဆိုင်ရာဂရုစိုက်မှု (အစာရေစာ
နို့ချိုတိုက်ကျွေး သင့်တော်တဲ့အဝတ်အစား ဆင်။ ကိုယ်လက်သုတ်သင် စသဖြင့်)

Love & acceptance- ချစ်ခြင်းမေတ္တာနှင့်လက်ခံမှု
(ကြင်နာယုယစွာ ချီပိုးချော့မြူ အကြွင်းမဲ့ ချစ်ခြင်းမေတ္တာပြပြီးနွေးထွေးစွာလက်ခံမှုပြ)

Emotional support-စိတ်လှုပ်ရှားမှုဆိုင်ရာပံ့ပိုးမှု
(ကလေးပျင်းတဲ့အခါအဖော်လုပ် ပျော်တဲ့အခါမျှဝေခံစား၊ ကြောက်ရွံ့ဝမ်နည်း တဲ့အခါ၊ နေမကောင်းကိုယ်လက်မအီမသာ ဖြစ်တဲ့အခါ နှစ်သိမ့်အားပေး)

Intellectual stimulation-အသိဉာဏ်ဆိုင်ရာလှုံ့ဆော်မှု (ကမ္ဘာလောကအကြောင်းသိ မြင်လာအောင် ပြသ သင်ကြား ပြောပြ။ အန္တရာယ်တို့ဖြစ်တတ်ပုံပြော ရှောင်တတ် ဖို့လေ့ကျင့်)ပေးတာတွေပါပါလိမ့်မယ်)

Socialization-ဆက်ဆံရေးပုံသွင်းသင်ကြားပေးမှု
(လူတွေနဲ့ ယဉ်ကျေးပျူငှါစွာဆက်ဆံတတ် အောင် ကောင်းစွာညှိယူတတ်အောင် လူကျင့်ဝတ်နားလည်အောင် သင်ကြား ပေးဖို့လည်း လိုပါလိမ့်မယ်။)

အရာရာကိုအန္တရာယ်ဖြစ်မှာစိုးလို့ကလေးရှေ့ကနေ ကာဆီးကာဆီးလုပ်တာဟာ ကလေးကိုချစ်တာမဟုတ်။ ချုပ်ချယ်ခြင်း အကာအကွယ်ပေးလွန်းခြင်း- overprotectionလုပ်
ခြင်းသာဖြစ်ပါတယ်။

ဒေါက်တာမြင့်လွင် (စိတ်ပညာ)

The English Hub Preschool တွင်တက်ရောက် ကြမည့် သားငယ်သမီးငယ်များအတွက် ဖေဖေမေမေတို့ ထည့်ပေးလိုက်ရမည့် ပစ္စည်းများပါရှင့်။T...
24/05/2026

The English Hub Preschool တွင်တက်ရောက် ကြမည့် သားငယ်သမီးငယ်များအတွက် ဖေဖေမေမေတို့ ထည့်ပေးလိုက်ရမည့် ပစ္စည်းများပါရှင့်။

The English Hub
Preschool
Yezin
Nay Pyi Daw

09973203226
09265560856

Address

ရန်ကုန်-မန္တလေး လမ်းဟောင်း
Yezin
15013

Alerts

Be the first to know and let us send you an email when The English Hub Preschool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category