Explore with Agri Student,チャン

Explore with Agri Student,チャン Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Explore with Agri Student,チャン, Education, Yezin.

သစ်‌တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှာ တက်ရောက်နေတဲ့ ကျောင်းသူ/ကျောင်းသားတွေအတွက် အသုံးဝင်မဲ့ online courseလေး...
23/02/2022

သစ်‌တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှာ တက်ရောက်နေတဲ့ ကျောင်းသူ/ကျောင်းသားတွေအတွက် အသုံးဝင်မဲ့ online courseလေး အကြောင်း မျှဝေချင်ပါတယ်။

Course နာမည်က Community Forestry 101 ဖြစ်ပြီး၊ online ကနေ အခမဲ့ (free) သင်ယူနိုင်မှာဖြစ်ပါတယ်။ course ထဲမှာပါတဲ့ quiz/ assessmentတွေပြီးဆုံးခဲ့ရင်တော့ အောက်ဖော်ပြပါပုံထဲကလို Certificateရရှိမှာဖြစ်ပါတယ်။

ယခု course ကိုတော့ RECOFTC ရဲ့ e learning platformမှာ accountဖွင့်ပြီး သင်ယူနိုင်ပါတယ်။

bit.ly/CF101enrol

Photo credit to RECOFTC



Switzerland 🇨🇭ကနေ အခမဲ့ နီးပါး ဘွဲ့ယူကြမယ်🎆Switzerlandမှာရှိတဲ့ School of Business and Trade (Sobat) ဆိုတာ tution free o...
09/02/2022

Switzerland 🇨🇭ကနေ အခမဲ့ နီးပါး ဘွဲ့ယူကြမယ်

🎆Switzerlandမှာရှိတဲ့ School of Business and Trade (Sobat) ဆိုတာ tution free online schoolတစ်ခုဖြစ်ပါတယ်။ ဒီကျောင်းမှာဆိုရင်
Tution free (ကျူရှင်ကြေး အခမဲ့)၊ Exam fee - free ( စာမေးပွဲကြေး အခမဲ့ဖြင့်) online ကနေ သင်ယူနိုင်မဲ့ degree အတန်းတွေရှိပါတယ်။

Certificate programmes,
Diploma programmes,
Associate Degree,
Bachelor Degree နှင့်
Master Degree တို့ကို အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

🎆စီးပွားရေးဆိုင်ရာအတန်းတွေကို တက်ရောက်နိုင်မှာဖြစ်ပြီးတော့၊ Bachelor degree ကိုတက်ရောက်မယ်ဆိုရင်တော့၊

Bachelor of Science in Business Studiesနှင့်၊
Bachelor of Arts in Social Sciences တို့ကို အခမဲ့တက်ရောက်နိုင်မှာဖြစ်ပါတယ်။

🎆Master degree ကို တက်ရောက်မယ်ဆိုရင်တော့၊
Master of Science in Business Studiesနှင့်၊
Master of Arts in Social Sciencesတို့ကို အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

🎆Degree programတွေဖြစ်တဲ့အတွက် 2နှစ်၊3နှစ်လောက် အချိန်ပေးပြီးတက်ရောက်ရမှာဖြစ်တဲ့အပြင်၊ self study အားသန်ဖို့လိုပါလိမ့်မယ်။

🎆စာမေးပွဲကြေး၊ကျောင်းလခ အခမဲ့ ဖြစ်ပြီးတော့၊
စာမေးပွဲ‌ေဖြဆို‌တဲ့အခါမှာ၊ Multiple choice questionsတွေကို ဖြေရတာဖြစ်လို့ အရမ်းတော့မခက်ပါဘူး။

🎆ကိုယ်တက်ရောက်တဲ့ degree programအတွင်းပါတဲ့၊ ဘာသာရပ်တွေကို အောင်မြင်စွာတက်ရောက်ပြီးပြီးဆိုရင်တော့၊ ဘွဲ့လက်မှတ်နဲ့ အမှတ်စာရင်း ထုတ်ယူဖို့အတွက် Graduation fee သွင်းရပါတယ်။

Bachelor Degreeအတွက် ဘွဲ့လက်မှတ်ထုတ်ယူမယ်ဆိုရင် CHF 149 (မြန်မာကျပ် 2သိန်း9‌ေသာင်းခန့်) ကိုပေးသွင်းရပါမယ်။

Master degree အတွက် ဘွဲ့လက်မှတ်ထုတ်ယူမယ်ဆိုရင် CHF 169 (မြန်မာကျပ် 3သိန်းဝန်းကျင်) ပေးသွင်းရပါမယ်။

🎆စိတ်ဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင်
Google or Chrome မှာ School of Business and Tradeဆိုပြီး ရိုက်ရှာပြီး တက်ရောက်နိုင်ပါတယ်။ ( link ထည့်ရေးပေမဲ့ ဇူဇူက linkဖျက်ချနေလို့ပါ)

မေးမြန်းလိုတာရှိရင် page chat box ကနေတစ်ဆင့် မေးမြန်းနိုင်ပါတယ်ခင်‌ဗျ။



Free online agriculture courses from University of Arkansas🎆ယခု postက‌‌တော့ စိုက်ပျိုးရေးတက္ကသိုလ်နဲ့ မွေးမြူရေးဆိုင်ရာ‌...
26/01/2022

Free online agriculture courses from University of Arkansas

🎆ယခု postက‌‌တော့ စိုက်ပျိုးရေးတက္ကသိုလ်နဲ့ မွေးမြူရေးဆိုင်ရာ‌ဆေးတက္ကသိုလ်က ကျောင်းသူ/သားတွေအတွက် ဖြစ်ပါတယ်။

🎆United Statesမှာရှိတဲ့ University of Arkansas, Division of Agriculture‌ကနေ online မှ တစ်ဆင့်လေ့လာသင်ယူနိုင်မဲ့ စိုက်ပျိုး၊မွေးမြူရေးဆိုင်ရာ ဘာသာရပ်တွေကို သင်ကြားပေးနေတာဖြစ်ပါတယ်။ လေ့လာသင်ယူနိုင်တဲ့ course အမျိုးအစားတွေကတော့

1. Animal Science
2. Biotechnology course series
3. Child Care Courses
4. Community Food System Development
5. Nematology
6. Nutrient Management
7. Row Crops
8. Water Quality အစရှိသဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးဆိုင်ရာ ဘာသာရပ်တွေကို သင်ယူနိုင်မှာဖြစ်ပါတယ်။

🎆မိမိစိတ်ဝင်စားတဲ့ course ပါလို့ တက်ရောက်ချင်တယ်ဆိုရင် အောက်ပါ linkကိုနှိပ်ပြီး accountဖွင့်ပါ။ မိမိတက်ရောက်ချင်တဲ့course ကို enroll လုပ်ပြီး သင်ယူနိုင်ပြီဖြစ်ပါတယ်။

https://courses.uada.edu/

🎆Course အတွင်းပါတဲ့ quiz/ evaluationတွေအောင်မြင်စွာပြီးဆုံးခဲ့ရင်တော့၊ E certificateရရှိမှာဖြစ်ပါတယ်။

နေ့တိုင်း Click ဖို့နဲ့၊ လိုအပ်တဲ့နေရာတွေကို လှူပေးဖို့ မမေ့ပါနဲ့ခင်‌ဗျ။



Free online certificate course from U.S. Mission To ASEANU.S. Mission To ASEAN မှာဆိုရင် online courseတွေကို အခမဲ့လေ့လာသ...
22/01/2022

Free online certificate course from
U.S. Mission To ASEAN

U.S. Mission To ASEAN မှာဆိုရင် online courseတွေကို အခမဲ့လေ့လာသင်ယူနိုင်မှာဖြစ်ပြီးတော့၊ final quiz အောင်ရင် အခမဲ့ certificateလဲရမှာဖြစ်ပါတယ်။

leadership, business and entrepreneurship, civic leadership, and public management စတဲ့နယ်ပယ်က online courseတွေသင်ယူနိုင်မှာဖြစ်ပါတယ်။

တက်ရောက်နိုင်သည့် course များ:
1. Fundamentals of Starting and Running a Business

2. Fundamentals of Business Expansion

3. Community Organizing for Action

4. Creating and Maintaining Social Enterprises

5. Strategies for Personal Growth and Development

6. Fundraising Concepts

7. Advancing the Role of Women in Politics, Peace and Security, and Economics

8. Community Journalism: Basic Principles for Effective Storytelling

မိမိစိတ်ဝင်စားတဲ့ course ပါလို့ တက်ရောက်ချင်တယ်ဆိုရင် အောက်ပါ linkကနေ တစ်ဆင့်ဝင်ရောက်ပြီး သင်ယူနိုင်ပါတယ်။

https://asean.usmission.gov/education-culture/courses/

နေ့တိုင်း click ဖို့နဲ့၊ လိုအပ်တဲ့နေရာတွေကို လှူပေးဖို့ မမေ့ပါနဲ့ခင်ဗျ။



How to get a diploma for free !! ( No registration fee, No certificate fee) စစ်ကောင်စီကနေဖွင့်တဲ့ကျောင်းတွေသွားတက်မဲ့အစာ...
19/01/2022

How to get a diploma for free !! ( No registration fee, No certificate fee)

စစ်ကောင်စီကနေဖွင့်တဲ့ကျောင်းတွေသွားတက်မဲ့အစား၊ Europeကနေ အခမဲ့တက်ရမဲ့ Online Diploma Programကိုတက်ပြီး၊ အခမဲ့ Diplomaလက်မှတ်ရယူကြရအောင် !!

Academy Europeလို့ခေါ်တဲ့ European Open University မှာဆိုရင် online courseပေါင်း 19,000ကျော်ခန့်ကို အခမဲ့တက်ရောက်နိုင်မှာဖြစ်ပြီး အခမဲ့ လက်မှတ်လဲရပါလိမ့်မယ်။

Diploma Program
Certificate Program
E Certificate courseဆိုပြီး (3)မျိုးရှိမှာဖြစ်ပြီး၊
Business, Technology, Language, Law, Food..etc အစရှိသဖြင့် နယ်ပယ်ပေါင်းစုံက courseတွေရှိပါတယ်။

Certificate courseအတွက်ဆိုရင် courseပေါင်းထောင်နဲ့ချီရှိမှာဖြစ်ပြီး၊ Diploma programအတွက်တော့ course အနည်းငယ်ပဲရှိပါတယ်။

ဒီ ကျောင်းနဲ့ပတ်သတ်ပြီး ကျွန်တော်သဘောကျတဲ့အချက်ကတော့ ဘာကြေး၊ညာကြေးမှပေးစရာမလိုပဲ လက်မှတ်ပါ အခမဲ့ ရတာပါ။

သဘောမကျတဲ့အချက်တစ်ခုကတော့ Diploma/Certificateလက်မှတ်ရဖို့ ဘာစာမေးပွဲမှ ဖြေစရာမလိုပဲ ရတာပါ။ (No quizz / No exam)

Exam ဘာညာဖြေစရာမလိုပဲ၊ ကိုယ်တက်ရမဲ့ modulesတွေအကုန်ပြီးတာနဲ့ လက်မှတ် တန်းရတော့ သိပ်တော့ သဘောမကျမိပါဘူး။

စိတ်ဝင်စားလို့တက်ချင်ရင် အောက်ပါ linkကိုဝင်ပါ။ ကိုယ့်ရဲ့ Gmail နဲ့ accountဖွင့်ပါ။ ပီးရင် စာစသင်လို့ရပါပြီ။

https://www.academyeurope.org/

သူတို့ရဲ့ online learning platformထဲမှာဆိုရင် ကြော်ငြာတွေ အရမ်းတက်ပြီး၊ နဲနဲအသုံးပြုရတာလေးပါတယ်။ ကြော်ငြာတွေက ရတဲ့ဝင်ငွေနဲ့ free တက်နိုင်အောင် လုပ်ပေးတာဆိုပြီးတော့ ကျောင်းဘက်က ပြောထားဝောာ့၊ ကြော်ငြာ ခနခနတက်တဲ့ ဒုက္ခ‌ကိုတော့ ‌ခနခနကြုံရပါလိမ့်မယ်။

Ps: ကျွန်တော်ပေးတဲ့ informationက အသုံးဝင်တယ်ဆိုရင်၊ နေ့တိုင်း click ဖို့နဲ့၊ လိုအပ်တဲ့နေရာတွေကို လှူပေးဖို့ တောင်းဆိုချင်ပါတယ်။


Rural Resilience: Farm Stress Training (Free certificate online course)စိတ်ဖိစီးမှု ဆိုတာက လူတိုင်းလူတိုင်းမှာ အနည်းနဲ့အ...
08/01/2022

Rural Resilience: Farm Stress Training (Free certificate online course)

စိတ်ဖိစီးမှု ဆိုတာက လူတိုင်းလူတိုင်းမှာ အနည်းနဲ့အများ စီတော့ ကိုယ်စီ ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှု ဒဏ်တွေများစွာခံစားလာရတဲ့အခါမှာ suicideလုပ်တဲ့အထိပါ ဖြစ်နိုင်ပါတယ်။

ကျွန်တော်တို့ စိုက်ပျိုးရေးလောကမှာဆိုရင်လည်း၊ လယ်ယာစိုက်ပျိုးရေးကိုလုပ်ကိုင်နေကြတဲ့ လယ်သမားတွေဆိုရင်လည်း စိတ်ဖိစီးမှူဒဏ်တွေကို များစွာခံစားကြရပါတယ်။

ကျွန်တော် အခု sharing လုပ်ပေးချင်တဲ့ courseလေးကတော့ Rural Resilience : Farm Stress Training ဖြစ်ပြီးတော့ online ကနေ မိမိအားတဲ့အချိန်မှာ ဝင်ရောက်သင်ယူနိုင်တဲ့ self paced courseပဲဖြစ်ပါတယ်။

ယခု courseမှာဆိုရင် Unit 3ခုရှိမှာဖြစ်ပြီး၊ Unit 1ခုပြီးတိုင်း quiz ဖြေရပါမယ်။ (မအောင်မချင်း quiz ဖြေခွင့်ရှိ)။ Unit 3ခုလုံးတက်ပြီးတော့ quiz တွေအောင်ပြီးရင် အောက်ပါပုံထဲကလို E- Certificateရပါလိမ့်မယ်။

Unit 1: Managing Stress
Unit 2: Communication with Distressed Farmers
Unit 3: Su***de Awareness

ယခု courseကိုတော့ Desire 2 Learn (D2L) လို့ခေါ်တဲ့ online learning platformမှာ သင်ယူနိုင်မှာဖြစ်ပြီးတော့၊ ယခု course ကို Michigan State University Extension and University of Illinois Extension တို့ကနေ ပူးပေါင်းတင်ဆက်တာဖြစ်ပါတယ်။ ယခု courseကို sponsoredပေးတာကတော့ Farm Credit, American Farm Bureau Federation, and National Farmers Unionတို့ကဖြစ်ပါတယ်။

https://opencoursesstore.d2l.com/

အထက်ပါlinkကိုနှိပ်ပြီး E mail ဖြင့် accountဖွင့်ပြီး သင်ယူနိုင်မှာဖြစ်ပါတယ်။ D2L platformမှာဆိုရင် တစ်ခြား courseတွေလဲရှိလို့ စိတ်ဝင်စားတဲ့ courseကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။



ANNOUNCEMENT:Burma Study Center is now accepting new student registrations for our new 6-month term of free (online) Eng...
05/01/2022

ANNOUNCEMENT:

Burma Study Center is now accepting new student registrations for our new 6-month term of free (online) English classes!
• Registration: today until January 14
• In-person and online assessments: January 11–14
• Online classes begin: January 17, 2022.

See contact details in image. Please share this post with any friends who may be interested! Thank you.

Credit to Burma Study Center

Diploma in Nanotechnology in Agriculture (Free Diploma course)Nanotechnology လို့ပြောလိုက်ရင် လူတော်တော်များများ (အထူးသဖ...
29/12/2021

Diploma in Nanotechnology in Agriculture (Free Diploma course)

Nanotechnology လို့ပြောလိုက်ရင် လူတော်တော်များများ (အထူးသဖြင့် လူငယ်တွေ) အနေနဲ့ ကြားဖူးကြပါလိမ့်မယ်။ သိပ္ပံအက်ရှင်ဇာတ်ကားတွေမှာဆိုရင်လည်း Nanotechnologyနဲ့ပက်သက်ပြီး တွေ့ရလေ့ရှိပါတယ်။ ယခုအသစ်ထွက်တဲ့ No Way Home ဇာတ်ကားမှာဆိုရင်လဲ ပီတာပါကာရဲ့ Spider man ဝတ်စုံဆိုရင် nanotechnologyနဲ့ပြုလုပ်ထားတာကို တွေ့မြင်နိုင်ပါတယ်။ ဒီလောက်ဆိုရင် Nanotechnologyဆိုတာ ဘာလဲဆိုတာကို ပြန်မှတ်မိလောက်ပြီလို့ ယူဆပါတယ်။

စိုက်ပျိုးရေးနယ်ပယ်မှာ Nanotechnologyကို အသုံးပြုမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေရှိနိုင်မလဲ?၊ ဘယ်လိုမျိုးအသုံးချမှာလဲ?၊ ဘယ်လိုတွေ အသုံးပြုကြဝာာလဲ? ဆိုပြီး တွေးမိကောင်းတွေးမိပါလိမ့်မယ်။

ကျွန်တော်က တော့ အပေါ်ကအတိုင်းတွေးမိပြီးတော့ Agricultural Nanotechnologyကို ဘယ်မှာလေ့လာရင်ရနိုင်မလဲဆိုပြီး ရှာကြည့်တာ၊
Diploma in Nanotechnology in Agricultureဆိုတဲ့ diploma programကို အခမဲ့ (Free)တက်ရောက်လို့ရတဲ့ online learning platformတစ်ခုကို တွေ့လိုက်ပါတယ်။

Alison လို့ ခေါ်တဲ့ online learning platformဖြစ်ပြီး၊ Courseraတို့၊ Edxတို့၊ Udemyတို့လိုမျိုး မိမိအားတဲ့အချိန်ဝင်ရောက်သင်ယူနိုင်တဲ့ self paced course‌တွေကို သင်ယူလို့ရတဲ့ online learning platformတစ်ခုပဲဖြစ်ပါတယ်။

https://alison.com/course/diploma-in-nanotechnology-in-agriculture

အပေါ်က linkကိုနှိပ်ပြီး enrollလုပ်ကာသင်ယူနိုင်ပါတယ်။

Alisonမှာရှိတဲ့ certificate/diploma courseတွေကို Free တက်ရောက်နိုင်မှာဖြစ်ပြီးတော့၊ စီးပွားရေးဆိုင်ရာဒီပလိုမာတွေ၊ စိုက်ပျိုးရေးဆိုင်ရာဒီပလိုမာတွေ၊ နည်းပညာ၊ ဘာသာစကားဆိုင်ရာ ဒီပလိုမာ တွေကိုလဲ သင်ယူနိုင်ပါလိမ့်မယ်။




Government of Ireland – International Education Scholarships 2022The Irish Government offers a Fully Funded Scholarship ...
29/12/2021

Government of Ireland – International Education Scholarships 2022

The Irish Government offers a Fully Funded Scholarship 2022 for all International Students to Pursue Full-time Bachelor, Master, and Ph.D. Degree Programs in Irish Universities.

Irelandမှာ ကျောင်းတက်ချင်သူတွေအတွက် Government of Ireland – International Education Scholarships 2022ကို စတင်လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။
Bachelor, Master, Ph.D. Degree တွေကိုလျှောက်နိုင်မှာဖြစ်ပါတယ်။

For more information:
https://eurireland.ie/2021/11/26/government-of-ireland-international-education-scholarships-2022/

The offer is open to students from non-EU/EEA countries and is applicable to all fields of study.

The deadline for the submission of applications is 5pm (Irish Time) 25 March 2022.


Basics of Organic Farming: Free Online CourseOrganic Farmingလို့ ပြောလိုက်ရင် လူတော်တော်များများက ကြားဖူးကြပါလိမ့်မယ်။ ဒ...
28/12/2021

Basics of Organic Farming: Free Online Course

Organic Farmingလို့ ပြောလိုက်ရင် လူတော်တော်များများက ကြားဖူးကြပါလိမ့်မယ်။
ဒီနေ့မှာတော့ Basics of Organic Farming: Free Online Courseတစ်ခုအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ယခု Organic Farming courseကိုတော့ Organic Farming Research Foundation (OFRF), the University of California Sustainable Agriculture Research and Education Program (UC SAREP), နှင့် California Polytechnic State University in San Luis Obispo တို့ကနေ ပူးပေါင်းတင်ဆက်တာဖြစ်ပါတယ်။

Organic Farming courseမှာဆိုတော့ Module 6ခုပါဝင်မှာဖြစ်ပါတယ်။
1. soil health
2. w**d management
3. irrigation and water management
4. insect pest management
5. disease management
6. economics and marketing

ယခု Basics Organic Farming courseကို အခမဲ့ (Free)တက်ရောက်နိုင်မှာဖြစ်ပြီး၊ မိမိအားတဲ့အချိန်မှာ ဝင်ရောက်လေ့လာသင်ယူနိုင်ပါလိမ့်မယ်။

https://canvas.instructure.com/courses/1286132

အပေါ်က link ကိုနှိပ်ကာ လေ့လာသင်ယူနိုင်ပါတယ်။


Free Certificate & Free Diploma from Alisonမြန်မာနိုင်ငံမှာလက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေကြောင့်၊ ကျောင်းတွေပြန်တက်ရဖို...
24/12/2021

Free Certificate & Free Diploma from Alison

မြန်မာနိုင်ငံမှာလက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေကြောင့်၊ ကျောင်းတွေပြန်တက်ရဖို့ကလည်း ကြာဦးမယ်လို့ထင်ပါတယ်။ အဲ့တာကြောင့် ဒီကာလအတွင်းမှာ ကိုယ့်ရဲ့ skillsတွေကို မြှင့်တင်နိုင်ဖို့အတွက်၊ Certificate courseတွေနဲ့ Diplomaတွေကို Free (အခမဲ့) တက်ရောက်နိုင်ဖို့အတွက် online learning platformတစ်ခုအကြောင်းကို မျှဝေချင်ပါတယ်။ 🍁

Online learningဆိုတာ ကျွန်တော်တို့လူငယ်တွေနဲ့ ရင်းနှီးတဲ့အရာတစ်ခုဖြစ်ပြီးတော့၊ online programတွေကနေရတဲ့ Certificateတွေ၊ Diplomaလက်မှတ်တွေကိုလဲ အလုပ်ရှင်တော်တော်များများက အသိအမှတ်ပြု‌ပေးကြပါတယ်။ ဒီနေ့အကြောင်းအရာကတော့ Certificateနဲ့ Diplomaအတန်းတွေကို Free တက်ရောက်နိုင်မဲ့ Alisonလို့ခေါ်တဲ့ online learning platformပဲဖြစ်ပါတယ်။ 🍁

Alison ဆိုတာ၊ Courseraတို့ Edxတို့လိုမျိုး online ကနေတစ်ဆင့် မိမိအားတဲ့အချိန်မှာ လေ့လာသင်ယူနိုင်မဲ့ Self paced courseတွေကို သင်ယူနိုင်တဲ့ platformပဲဖြစ်ပါတယ်။ 🍁

Alisonမှာဆိုရင် နည်းပညာ၊စီးပွားရေး၊ဘာသာစကား၊ကျန်းမာရေး၊ပညာရေး၊ Personal developmentပိုင်းဆိုင်ရာ courseများတက်ရောက်နိုင်ပြီး၊ Certificate programနဲ့ Diploma programနှစ်ခုရှိကာ ကိုယ်နှစ်သက်ရာကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။ 🍁(ဥပမာ- Diploma in Project Management)

Alisonမှာတစ်ခုကောင်းတာက courseအများစုဟာ tution free ဖြစ်ပါတယ်။ ကိုယ်တက်ရောက်လိုတဲ့ certificate or Diploma programကို တက်ရောက်ပြီး၊ exam တွေအောင်မြင်ပြီးရင်၊ လက်မှတ်ထုတ်ယူလိုပါက ကိုယ်တက်ရောက်တဲ့ programအပေါ်မူတည်ပြီး ပိုက်ဆံသွင်းကာ လက်မှတ်ထုတ်ယူနိုင်ပါလိမ့်မယ်။ လက်မှတ်မထုတ်ပဲ Diploma programကို အခမဲ့ တက်ချင်ရင်လည်း တက်လို့ရပါတယ်။ 🍁

Certificate & Diploma programများကို တက်ရောက်လိုပါက:
https://alison.com/diploma-courses

Alisonမှာရှိတဲ့ courseတွေရဲ့ publisherတွေက နာမည်ကြီး အဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေကဖြစ်လို့ တကယ်ကောင်းပါတယ်။ 🍁



Address

Yezin
15013

Website

Alerts

Be the first to know and let us send you an email when Explore with Agri Student,チャン posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category