အထက - ၁ ရေစကြိုမြို့ အာစရိယပူဇော်ပွဲကျင်းပရေးအဖွဲ့ 

  • Home
  • Myanmar
  • Yesagyo
  • အထက - ၁ ရေစကြိုမြို့ အာစရိယပူဇော်ပွဲကျင်းပရေးအဖွဲ့ 

အထက - ၁ ရေစကြိုမြို့ အာစရိယပူဇော်ပွဲကျင်းပရေးအဖွဲ့  Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အထက - ၁ ရေစကြိုမြို့ အာစရိယပူဇော်ပွဲကျင်းပရေးအဖွဲ့ , School, Yesagyo.

18-4-2026ရေစကြို အထက ၁  ဆရာကန်တော့ ပွဲ ကော်မတီ ၏အငြိမ်းစား ဆရာ ဆရာမ များဆေးကုသမှူ လှူဒါန်းရေး အဖွဲ့သည်2026 ခုနှစ်ဧပြီ လတ...
18/04/2026

18-4-2026
ရေစကြို အထက ၁ ဆရာကန်တော့ ပွဲ ကော်မတီ ၏
အငြိမ်းစား ဆရာ ဆရာမ များ
ဆေးကုသမှူ လှူဒါန်းရေး အဖွဲ့သည်
2026 ခုနှစ်
ဧပြီ လတွင်
ဖော်ပြပါ ဆရာကြီး ဆရာမကြီး
တို့အတွက် ဆေးကုသမှူ
အလှူငွေ တဦးလျှင် ၅သိန်းကျပ်စီ
ကုသိုလ်ပြု လှူဒါန်း ထားပါသည်

ဆရာကြီး ဦးဘငြိမ်
ဆရာကြီး ဦးထွန်းသန်းဦး
ဆရာမကြီး ဒေါ်မာလာမြင့်

တို့အား လှူဒါန်း ပူဇော်ပါသည်
ဆရာကြီး ဆရာမကြီး တို့ သက်ရှည်ကျန်းမာ ကြပါစေ ကြောင်း
ဆုတောင်းအပ်ပါသည်
ယခုလို လှူဒါန်း နိုင်ခြင်းသည်
အထက ၁ ကျောင်းသား
ကျောင်းသူဟောင်းများ၏
လစဥ် အလှူငွေများ
ပဒေသာပင် အလှူငွေ များ
ကြောင့်လှူဒါန်းနိုင်ခြင်း
ဖြစ်ပါတယ်
ကျောင်းသား ကျောင်းသူဟောင်းများအားလုံး
ကိုယ်စိတ်နှလုံးချမ်းမြေ့ကြပါစေ ကြောင်းဆုတောင်းလိုက်ပါတယ်

17-4-2026ရေစကြို အထက ၁  ဆရာကန်တော့ ပွဲ ကော်မတီ ၏အငြိမ်းစား ဆရာ ဆရာမ များဆေးကုသမှူ လှူဒါန်းရေး အဖွဲ့သည်2026 ခုနှစ်ဖေဖော်ဝ...
17/04/2026

17-4-2026
ရေစကြို အထက ၁ ဆရာကန်တော့ ပွဲ ကော်မတီ ၏
အငြိမ်းစား ဆရာ ဆရာမ များ
ဆေးကုသမှူ လှူဒါန်းရေး အဖွဲ့သည်
2026 ခုနှစ်
ဖေဖော်ဝါရီလ
မတ်လ များတွင်
ဖော်ပြပါ ဆရာကြီး ဆရာမကြီး
တို့အတွက် ဆေးကုသမှူ
အလှူငွေ တဦးလျှင် ၅သိန်းကျပ်စီ
ကုသိုလ်ပြု လှူဒါန်း ထားပါသည်
ဆရာမကြီး ဒေါ်တင်အေးကြည်
ဆရာကြီး ဦးပွ
ဆရာကြီး ဦးအောင်ထိုက်
ဆရာမကြီးဒေါ်သန်းသန်းဌေး
ဆရာမကြီး ဒေါ်အေးနုရီ
ဆရာမကြီး ဒေါ်မာမာသန်း
တို့အား လှူဒါန်း ပူဇော်ပါသည်
ဆရာကြီး ဆရာမကြီး တို့ သက်ရှည်ကျန်းမာ ကြပါစေ ကြောင်း
ဆုတောင်းအပ်ပါသည်
ယခုလို လှူဒါန်း နိုင်ခြင်းသည်
အထက ၁ ကျောင်းသား
ကျောင်းသူဟောင်းများ၏
လစဥ် အလှူငွေများ
ပဒေသာပင် အလှူငွေ များ
ကြောင့်လှူဒါန်းနိုင်ခြင်း
ဖြစ်ပါတယ်
ကျောင်းသား ကျောင်းသူဟောင်းများအားလုံး
ကိုယ်စိတ်နှလုံးချမ်းမြေ့ကြပါစေ ကြောင်းဆုတောင်းလိုက်ပါတယ်

အထက ၁ ရေစကြို၏အပူဇော်ခံ ဆရာမကြီး ဒေါ်လှမြိုင် (ခ) ဒေါ်ရွှေမြိုင် ၈၄ နှစ်ကွယ်လွန် ကြောင်းကြားသိရပါတယ်မိသားစုနှင့်အတူဝမ်းန...
23/02/2026

အထက ၁ ရေစကြို၏
အပူဇော်ခံ ဆရာမကြီး ဒေါ်လှမြိုင် (ခ) ဒေါ်ရွှေမြိုင် ၈၄ နှစ်
ကွယ်လွန် ကြောင်းကြားသိရပါတယ်
မိသားစုနှင့်အတူဝမ်းနည်းရပါကြောင်းနှင့်
ဆရာမကြီး ကောင်းရာသုဂတိ ရောက်ရှိ ပါစေကြောင်းဆုမွန်တောင်းအပ်ပါသည်

01/01/2026

ပူဇော်ပွဲ မှတ်တမ်းစာအုပ် ကို
27-12-25 စနေနေ့တွင် ပေးဝေဌနိုင်ရန်အတွက်
အလှူရှင်စာရင်းကို
25-12-2025 ရက်နေ့တွင်-
အပြီး ဆောင်ရွက်ရပါသဖြင့်
--- ယခုနှစ် စာအုပ်တွင် မပါဝင်နိုင်တော့ပါ
လာမယ့် 29 ကြိမ် တွင် နောက်တိုးအလှူရှင်များ စာရင်းများ
ဖော်ပြပေးပါမည် ***

ရေစကြို၊ အထက(၁)ကျောင်းသား/သူဟောင်းများ၏ (၂၈)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲအတွက် လှူဒါန်းခဲ့ကြပြီး
မှတ်တမ်းစာအုပ်တွင် အချိန်မမီလိုက်ပါသဖြင့် မပါဝင်ခဲ့ကြသည့် ထပ်တိုးအလှူရှင်များ-
၁။ ဦးတင်အောင်+ဒေါ်ခင်ခင်ဝင်း ကျောင်းအုပ်၊
အထက၊ စိတ္တသုခ - ၂၀၀၀၀ိ/-
၂။ ဒေါ်ဆွေဆွေခိုင် ခေတ်မီအောင်မိုး၊ ရေစကြို- ၅၀၀၀၀/-
၃။ ဦးသောင်းတင်လှ၊ ဦးသန်းတင်လှ၊ ဦးညီညီထွန်း
ရန်ကုန် - ၁သိန်းကျပ်
၄။ ဒေါ်သီတာလှိုင်(မောင်) ကိုကျော်မျိုးလှိုင် မြို့မ- ၅၀၀၀၀ိ/-
၅။ ဒေါ်ဖြိုးဝေထွန်း အထက၊ စိတ္တသုခ - ၁၅၀၀၀ိ/-
၆။ ဦးစိုးသန်း(လ/ထညွှန်မှူး)နှင့် ဇနီး ဥပဒေရေးရာ
ဝန်ကြီးဌာန၊ နေပြည်တော် - ၁သိန်း ကျပ်
၇။ ကိုသန့်ဇင်+မမိုးသက် ရေစကြို မွေးနေ့ကုသိုလ်- ၃၀၀၀၀ိ/
၈။ ကိုနွေဦးမောင်+မအေးအေးမော် နမ့်စန်မြို့- ၅၀၀၀၀ိ/-
၉။ မထက်ထက်တင် ရေစကြို - ၃၀၀၀၀/-
၁၀။ မခင်မိုးသန့် ရေစကြို - ၁၅၀၀၀/-
၁၁။ ဦးသိန်းထွန်း+ဒေါ်ခင်ဆင့် ရေစကြို - ၂၀၀၀၀ိ/-
၁၂။ ဦးကြံအောင်+ဒေါ်မို့မို့အောင် ရေစကြို - ၅၀၀၀ိ/-
၁၃။ ကိုဝင်းညွန့်အောင် - ၃၀၀၀၀ိ/-
၁၄။ ကိုထွန်းလတ်စိုး+မသင်းသင်းထွေး လားရှိုး - ၃၀၀၀၀ိ/-
၁၅။ ဒေါ်နီနီမော် ကျောက်ဆည် - ၃၀၀၀၀ိ/-
၁၆။ ဒေါ်စုလှိုင်မိုး မန္တလေး - ၂၀၀၀၀ိ/-
၁၇။ မောင်အောင်ကိုထွန်း ခေတ္တကိုရီးယား - ၅၀၀၀၀ိ/-
၁၈။ ကိုခိုင်စိုး+မယုယုနွယ်ဦး ရန်ကုန်- ၅၀၀၀၀ိ/-
၁၉။ ၂၀၀၄ ကျောင်းသား/သူဟောင်းများ- ၂သိန်း ကျပ်
၂၀။ ဦးသန်းစိန်+ဒေါ်ဝင်းမြင့် ပေါက္ကူရွာ- ၁၀၀၀၀ိ/-
၂၁။ ဦးတင်ထွန်း+ဒေါ်တင်မြင့် စိတ္တသုခ- ၁၀၀၀၀ိ/-
၂၂။ ဦးသောင်းဦး+ဒေါ်လှလှသန်း အမှတ်(၇)- ၂၀၀၀၀ိ/-
၂၃။ ကိုဟန်နိုင်ဝင်း+မထိုက်ထိုက်စိုး ပခုက္ကူ- ၅၀၀၀၀ိ/-
၂၄။ ကိုအေးသိန်း+မဆုမြတ်လွင် ရန်ကုန်- ၃၀၀၀၀ိ/-
၂၅။ ဦးမောင်မြင့်+ဒေါ်မာမာကြည် ရွာပိုးရပ်- ၅၀၀၀၀ိ/-
၂၆။ ဦးဝင်းအေး+ဒေါ်သန်းတင့် ကောင်းစံ ပွဲရုံ၊
ပျဥ်းမနား၊ နေပြည်တော်- ၃သိန်း ကျပ်
၂၇။ ဒေါ်ခင်မင်းထွန်း၊ ဒေါ်ခင်ညိုထွန်း၊ ဒေါ်ဝါဝါလွင်၊
ဒေါ်သန့်အေးမိုး ရန်ကုန်- ၃၀၀၀၀ိ/-
၂၈။ ဆရာကြီးဦးတင်ဆင့် ပခုက္ကူ- ၁၀၀၀၀ိ/-
၂၉။ ကိုသန့်ဇင်ဝင်း+မအေးအေးကျော် မကွေး- ၅၀၀၀၀ိ/-
၃၀။ ကိုအောင်ကိုကိုလွင်+မသန္တာဝင်း
ငြုပ်သီး ရောင်းဝယ်ရေး၊ ရေစကြို- ၅၀၀၀၀ိ/-
ထပ်တိုး အလှူရှင်(၃၀)၏ လှူဒါန်းငွေ စုစုပေါင်းမှာ-
၁၅၀၅၀၀၀ိ/- တစ်ဆယ့်ငါးသိန်းငါးထောင်ကျပ် ဖြစ်ပါသည်။ ၄င်းအလှူရှင်များ၏ စာရင်းကို နောက်နှစ်
မှတ်တမ်းစာအုပ်တွင် ကျန်ရှိအလှူရှင်များအဖြစ် ဖော်ပြပေးမည် ဖြစ်ပါသည်။
ဤသို့ လှူဒါန်းရသည့် အကျိုးအားကြောင့် အလှူရှင်
မိသားစုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ၍ နှစ်သစ်
တွင် ကောင်းကျိုး လိုရာဆန္ဒများနှင့် ပြည့်ဝကြပါစေကြောင်း
ပူဇော်ပွဲကျင်းပရေးကော်မတီမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

ရေစကြို၊ အထက(၁)၏ ကျောင်းသား/သူဟောင်းများအားလုံး သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ပါရန်-     ရေစကြို၊ အထက(၁)ကျောင်းသား/သူဟောင်းမ...
28/12/2025

ရေစကြို၊ အထက(၁)၏ ကျောင်းသား/သူဟောင်းများအားလုံး သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ပါရန်-
ရေစကြို၊ အထက(၁)ကျောင်းသား/သူဟောင်းများ၏
(၂၈)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကြီးကို ၂၇-၁၂-၂၀၂၅
စနေနေ့တွင် အစဥ်အလာမပျက် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။
ယခုနှစ် (၂၈)ကြိမ်မြောက်ပူဇော်ပွဲကြီးတွင် အသက်(၉၀)
အထက် ဆရာကြီး/ဆရာမကြီး (၂)ဦး၊ အသက် (၈၀)အထက်
ဆရာကြီး/ဆရာမကြီး (၂၀)ဦး၊ အသက် (၇၀)အထက် ဆရာကြီး/ဆရာမကြီး (၆၆)ဦး၊ အသက် (၇၀)အောက် ဆရာကြီး/ဆရာမကြီး (၈၉)ဦး၊ စုစုပေါင်း (၁၇၇)ဦးတို့ကို
ပူဇော်ပွဲပဒေသာပင် အတိုးအပွားငွေများနှင့် ကျောင်းသား/သူဟောင်းများ၏ လှူဒါန်းငွေများစုပေါင်းပြီး ဂါရဝပူဇာအလှူငွေ (၁၅၇၅၀၀၀၀ိ/)ကျပ် ပူဇော်လှူဒါန်းနိုင်ခဲ့ပါသည်။
ပူဇော်ပွဲရက် သတ်မှတ်ထားသည့် ၂၇-၁၂-၂၀၂၅နေ့ နံနက်
(၉း၃၀)နာရီအချိန်တွင် သံဃာ (၅)ပါးပင့်ဖိတ်၍ ဆွမ်းချိုင့်နှင့်
ဝတ္ထုငွေများကို ကော်မတီနှင့် ကျောင်းသား/သူဟောင်းအဖွဲ့ စုပေါင်း၍ ဆက်ကပ်လှူဒါန်းကြပြီး ကွယ်လွန်သူ ဆရာကြီး/ဆရာမကြီးများအား ကောင်းရာဘဝ ဘုံဌာနသို့ ရောက်ရှိစေရန် ရည်စူးရည်မှန်း၍ တပည့်များကိုယ်စား ရေစက်ချ အမျှအတမ်းများ ပေးဝေခဲ့ကြပါသည်။
ထို့နောက် ရေစကြိုမြို့ပေါ်ရှိ ဆရာကြီး/ဆရာမကြီးများအား အထက (၁)ဆရာ/မများနှင့် ကော်မတီဝင် ကျောင်းသား/သူဟောင်းမျာက လက်ရောက်ပူဇော် ကန်တော့ခဲ့ကြပါသည်။ အခြားမြို့နယ်များရှိ ဆရာကြီး/ဆရာမကြီးများနှင့် ရေစကြိုမြို့နယ်ရှိ ဆရာကြီး/ဆရာမကြီးများအား လူကြုံနှင့်သော်လည်းကောင်း၊ K-Pay ဖြင့်သော်လည်း အဝေးရောက်
ပူဇော်ကန်တော့ခဲ့ကြပါသည်။
ယခုလို အခက်အခဲ အကြပ်အတည်း ကာလကြီးတွင် အားတက်သရော လှူဒါန်းပေးကြသည့် ပြည်တွင်း/ပြည်ပမှ
ကျောင်းသား/သူဟောင်းများအားလုံးနှင့် ယခုလို ပူဇော်ပွဲကြီး
အောင်မြင်အောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြသည့်
ကော်မတီဝင်များနှင့် ကျောင်းသား/သူဟောင်းများအား
အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဤကဲ့သို့ ကောင်းမြတ်သည့် အစဥ်အလာပွဲကြီးကို ဆက်လက်အောင်မြင်အောင်
ကြိုပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

28/12/2025

Celebrating my 9th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

၂၈ ကြိမ်မြောက်အာစရိယ ပူဇော်ပွဲအစီအစဥ်27-12-2025 စနေနေ့---နံနက် ၉ နာရီ အချိန်အထက၁ ဓမ္မာရုံမှာသံဃာ ၅ ပါး ကိုပင့်ဖိတ်ပြီးကွ...
26/12/2025

၂၈ ကြိမ်မြောက်
အာစရိယ ပူဇော်ပွဲ
အစီအစဥ်
27-12-2025 စနေနေ့
---
နံနက် ၉ နာရီ အချိန်
အထက၁ ဓမ္မာရုံမှာ
သံဃာ ၅ ပါး ကိုပင့်ဖိတ်ပြီး
ကွယ်လွန်သူ ဆရာကြီး
ဆရာမကြီး များအားလုံး
အတွက် ရည်စူး၍
ပရိတ်တရားနာယူပြီး
ရေစက်ချအမျှဝေ
ကုသိုလ် ပြုပါမည်
---
နံနက် ၁၀ နာရီ မှစပြီး
မြို့ပေါ် ရှိ ပူဇော်ကန်တော့ခံ
ဆရာကြီး ဆရာမကြီးများအားလုံး ကို
ရပ်ကွက် အလိုက်
တာဝန်ယူထားသော
ကျောင်းသား -သူ
ဟောင်းများ မှ
ကာယကံမြောက်
ပူဇော်ကန်တော့ ပါမည်
( ကော်မတီ
ကန်တော့ငွေများ ကို ပါဝင်
ကုသိုလ်ပြု လိုက်ပါ လို သူများ သည်
နံနက် ၉နာရီ ကျောင်းဝန်းထဲသို့ လာရောက်ကြပြီး မိမိနှစ်သက်ရာ အဆင်ပြေရာ
ရပ်ကွက် အဖွဲ့များနှင့်အတူ
ပါဝင်ဆောင်ရွက်နိုင်ပါသည်)
---
အဝေးရောက်
ဆရာကြီးဆရာမကြီးများအားလုံး ကို
Kpay. Wave pay ဖြင့်ဖြစ်စေ
နီးစပ်ရာ ကျောင်းသား-သူဟောင်းများ က ဖြစ်စေ
ပူဇော်ကန်တော့ ကြပါမည်**
---
ယခုနှစ်တွင်
ပူဇော်ခံ ဆရာကြီး ဆရာမကြီး
177 ဦး ကို ပူဇော်ကန်တော့ မှာ
ဖြစ်ပါတယ်။
Photo-2017

13/12/2025

အထက ၁ ရေစကြို ၏
အငြိမ်းစား ဆရာကြီး ဆရာမကြီး များခင်ဗျာ
--
မိမိတို့နေထိုင်ရာ လိပ်စာ များ
အပြောင်း အလဲ ရှိခဲ့ပါလျှင်
28 ကြိမ်မြောက်
အာစရိယ ပူဇော်ပွဲ
ကျင်းပ ရေးကော်မတီ ထံသို့
ပူဇော်ပွဲ သတ်မှတ် ရက်
**
27-12-2025
စနေနေ့
မတိုင်မှီ
ဆက်သွယ် ပြောကြား
ပေးနိုင်ပါရန် လေးစားစွာ
အသိပေးအပ်ပါတယ်ခင်ဗျာ

--ဆက်သွယ် ရန်
U thein zaw (နာယက)
09-401517223
U swe hlaing oo(အတွင်းရေးမှူး)
09-259624563
U htay lwin (ဘဏ္ဍာရေးမှူး)
09-401671360

13/12/2025

အထက ၁ ရေစကြို ၏
အာစရိယပူဇော်ပွဲ ကျင်းပရေးကော်မတီ သည်
အထက ကျောင်း
ရွှေရတုကာလ
1997---မှစ၍
2019 အထိ အစဥ်အလာမပြတ် ပူဇော်ပွဲ ကြီးကို အခမ်းအနား ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ခဲ့ပြီး
2020--2025 အထိ
အခမ်းအနား ဖြင့် မကျင်းပဘဲ အဝေးရောက် ကန်တော့ပွဲ ကို
နှစ်စဥ် မပြတ်ကျင်းပခဲ့ပါသည်
အကြောင်း အမျိုးမျိုးကြောင့်အလှူခံ ခြင်းအစီအစဥ် ကို အကျယ်တဝင့်
မဆောင်ရွက်နိုင်သော်ငြားလည်း
ယခုလို မြတ်ဆရာ
ပူဇော်ပွဲ ကြီး ကျင်းပ နိုင်ရန်
နှစ်စဥ်မပြတ် လှူဒါန်း ပေးကြပါသော
ပြည်တွင်းပြည်ပ ကျောင်းသား / သူ ဟောင်းများ ကို
ကျေးဇူးဥပကာရတင်ရှိပါကြောင်း
မှတ်တမ်းတင်အပ်ပါတယ်---

​28 ကြိမ်မြောက်
အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီ

နိုဝင်ဘာ လ အလှူ-------ရေစကြို မြို့အထက ၁ ကျောင်းသားသူဟောင်းများ၏ ဆေးကုသမှုလှူဒါန်းရေး ကော်မတီ ကယခုလတွင်ဆေးကုသမှူ ခံယူနေရ...
19/11/2025

နိုဝင်ဘာ လ အလှူ
-------
ရေစကြို မြို့
အထက ၁ ကျောင်းသား
သူဟောင်းများ၏ ဆေးကုသမှု
လှူဒါန်းရေး ကော်မတီ က
ယခုလတွင်
ဆေးကုသမှူ ခံယူနေရသော
မြို့ပေါ် ထက် လယ် မူ
ကျောင်းများတွင်
တာဝန်ထမ်းဆောင်ခဲ့သည့်
အငြိမ်းစား ဆရာကြီး ဆရာမ​ကြီး
များကို
တစ်ဦးလျှင် ၅ သိန်းကျပ်
လှူဒါန်း ပါသည်
---
၁ ဒေါ်အမာခင် (စည်ပင်သာယာရပ်
အထက ၁ ရေစကြို ၅ သိန်းကျပ်
လှူဒါန်းကုသိုလ်ပြု ပါသည်
၂ ဒေါ်ဌေးတင် (ငါးရာပြည့်ရပ်
အထက ၁ ရေစကြို ၅ သိန်း ကျပ်
လှူဒါန်း ကုသိုလ်ပြု ပါသည်
---
ဆေးကုသမှူ ပဒေသာပင်
အလှူငွေများ လှူဒါန်း လိုပါက
ကော်မတီ ထံသို့ ဆက်သွယ် လှူဒါန်း
နိုင်ပါသည်

Address

Yesagyo

Website

Alerts

Be the first to know and let us send you an email when အထက - ၁ ရေစကြိုမြို့ အာစရိယပူဇော်ပွဲကျင်းပရေးအဖွဲ့  posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category