အထက၊ ဆင်မရဲကျေးရွာ၊ ရေစကြိုမြို့နယ်။

  • Home
  • Myanmar
  • Yesagyo
  • အထက၊ ဆင်မရဲကျေးရွာ၊ ရေစကြိုမြို့နယ်။

အထက၊ ဆင်မရဲကျေးရွာ၊ ရေစကြိုမြို့နယ်။ Basic Education High School, Sin Ma Ye Village.

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဇီးပင်ကုန်းကျေးရွာ၊ သုနန္ဒာရာမကျောင်းတိုက်အတွင်းရှိ ဆရာတော် ဦးသုနန္ဒ ဦးစီးတည်ထားကိ...
12/03/2026

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊
ဇီးပင်ကုန်းကျေးရွာ၊ သုနန္ဒာရာမကျောင်းတိုက်အတွင်းရှိ ဆရာတော် ဦးသုနန္ဒ ဦးစီးတည်ထားကိုးကွယ်လျှက်ရှိသော...

`` ဝေနေယျသုခသံသရာဧစေတီတော် ‘‘ အတွက် မိမိတက်စွမ်းသမျှ နည်းသည်များသည်မဆိုပါဝင်လှူဒါန်းနိုင်ရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။

ဆရာတော် Uthunanda KBZ Pay~ 09402788551
အလှူရှင်ငွေလွှဲပြေစာအား Page Cb သို့ပေးပို့နိူင်ပါသည်။

၁-WH (၁၁)ကြိမ်မြောက်အလှူ ၈၀၀,၀၀၀/-ကျပ်။

၂-ကိုနေကြီးနှင့်သူငယ်ချင်းများ ၁,၆၀၀,၀၀၀/-ကျပ်။
ခေတ္တကိုရီးယား။

၃- ဦးရဲကိုကို မန္တလေးမြို့ အလှူငွေ ၁၀၀,၀၀၀/-ကျပ်။

20/01/2026

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊
ဇီးပင်ကုန်းကျေးရွာ၊ သုနန္ဒာရာမကျောင်းတိုက်အတွင်းရှိ ဆရာတော် ဦးသုနန္ဒ ဦးစီးတည်ထားကိုးကွယ်လျှက်ရှိသော...

`` ဝေနေယျသုခသံသရာဧစေတီတော် ‘‘ လက်ရှိပြီးစီးမှု့အဆင့်ဆင့်အား ကြည့်ရှု့သဒ္ဒါပွားနိုင်ပါသည်။ 🙏🙏🙏

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဇီးပင်ကုန်းကျေးရွာ၊ သုနန္ဒာရာမကျောင်းတိုက်အတွင်းရှိ ဆရာတော် ဦးသုနန္ဒ ဦးစီးတည်ထားကိ...
19/01/2026

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊
ဇီးပင်ကုန်းကျေးရွာ၊ သုနန္ဒာရာမကျောင်းတိုက်အတွင်းရှိ ဆရာတော် ဦးသုနန္ဒ ဦးစီးတည်ထားကိုးကွယ်လျှက်ရှိသော...

`` ဝေနေယျသုခသံသရာဧစေတီတော် ‘‘ အတွက် မိမိတက်စွမ်းသမျှ နည်းသည်များသည်မဆိုပါဝင်လှူဒါန်းနိုင်ရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်🙏🙏🙏

စေတီတော်စတင်တည်ထားလုပ်ဆောင်ပုံများနှင့်
လက်ရှိပြီးစီးမှု့အဆင့်ဆင့်အား ကြည့်ရှု့သဒ္ဒါပွားနိုင်ပါသည်။ 🙏🙏🙏

ဆရာတော် Uthunanda KBZ Pay~ 09402788551
အလှူရှင်ငွေလွှဲပြေစာအား Page Cb သို့ပေးပို့နိူင်ပါသည်။

၁-WH (၁၁)ကြိမ်မြောက်အလှူ ၈၀၀,၀၀၀/-ကျပ်။

အပူဇော်ခံ ဆရာကြီး ဦးအောင်ခင် ( ၇၀ ) နှစ်။( ၁၈.၅.၂၀၂၄ )ရက်နေ့တွင် ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့် အတူဝမ်းန...
21/05/2024

အပူဇော်ခံ ဆရာကြီး ဦးအောင်ခင် ( ၇၀ ) နှစ်။
( ၁၈.၅.၂၀၂၄ )ရက်နေ့တွင် ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့် အတူဝမ်းနည်းရပါကြောင်းနှင့် ဆရာကြီးတို့ဇနီးမောင်နှံ
ကောင်းရာသုဂတိ ရောက်ရှိပါစေကြောင်း
ဆုတောင်းလိုက်ပါတယ်။

* မျှားနတ်မောင်ကို မုန်းမိတယ် *အ.လ.က   ( ဆင်မရဲ )တဲ့2005ခုနှစ်မှာ ကျောင်းဖွင့်ပွဲကြီးကျင်းပခဲ့တယ် ဝန်ကြီးဆောင်လို့ခေါ်တဲ...
11/07/2023

* မျှားနတ်မောင်ကို မုန်းမိတယ် *

အ.လ.က ( ဆင်မရဲ )တဲ့
2005ခုနှစ်မှာ ကျောင်းဖွင့်ပွဲကြီးကျင်းပခဲ့တယ်
ဝန်ကြီးဆောင်လို့ခေါ်တဲ့ ကျောင်းဆောင်ကြီးရဲ့ အောက်မှာ အုတ်တွေနဲ့ ပတ်ထားပြီး သဲအပြည့်ထည့်ထားတဲ့အပေါ်မှာ ကျောက်ပြားလေးတွေ စီစီ ရီရီနဲ့ပေါ့ ဖရဲသီးရောင်းတဲ့ သူတွေရှိသလို မုန့်လက်ဆောင်သည်တွေလဲနေရာယူထားတယ်
အရှေ့ဘက်က ကျောင်းမှာ စာသင်ခန်း နှစ်ခုနဲ့ ကြားထဲမှာ စာကြည့်ခန်းလေး သူနဲ့မျက်နှာချင်းဆိုင်နေရာက ကျောင်းအုပ်ကြီး ရုံးခန်းပေါ့ အရှေ့ အနောက် အတန်းလိုက်ဆောက်ထားတဲ့ ကျောင်းဆောင်တွေရဲ့ အရှေ့ထိပ်မှာ သတ္တမတန်းသင်တဲ့ ကျောင်းဆောင်လေးက တောင်နဲ့မြောက်ဆောက်ထားတယ်

ကျောင်းဝန်း အရှေ့ဘက်မှာက ကျူပင်တွေက စိမ်းစိုစို သတ္တမတန်းကျောင်းဆောင်နဲ့ ရုံးခန်းနေရာရဲ့ တြိဂံနေရာလေးမှာ ဆီးပင်လေးတပင် ခပ်လှမ်းလှမ်းမှာက ကုက္ကိုပင်လေးတပင်
ဟိုးးးးး အနောက်ဖျားမှာက ဝန်ကြီးဆောင်ရဲ့ အနောက်ဘက်ကနေ မူလတန်းတွေသင်တဲ့ ကျောင်းဆောင်အရှည်ကြီးရှိတယ်
ဝန်ကြီးဆောင်ရှေ့က ပန်းခြံလေးမှာ ပန်းမျိုးတွေစုံလှပါတယ် နှင်းဆီ,ထတ္တရာ စတဲ့ပန်းတွေနဲ့အတူ စိန်ပန်းပင်တွေလဲရှိတယ်

သံဆူးကြိုးခက်ထားတဲ့ တောင်ဘက်က ဘောလုံးကွင်း အကျယ်ကြီး ထဲမှာ ဘောလုံးကန်သူကန်ကြ ကျောင်းရှေ့ကနေ့ အားပေးရင်း ကြည့်တဲ့သူက ကြည့်ရင်းပေါ့

ဘောလုံးကွင်းတောင်ဘက် ခပ်လှမ်းလှမ်းမှ တံတားလေးတခု အဲ့တံတားလေးကို ကျော်သွားလိုက်ရင် မြက်ခင်းစိမ်းစိမ်းနဲ့ ဘောလုံးကွင်းလေး
တခု မောရင် နားစရာ ကုက္ကိုပင် အရိပ်တွေလဲရှိတယ် လူခြောက်ဆယ်ကျော်တဲ့ကျောင်းခန်းထဲမှာ ပူအိုက် လို့ စိတ်ညစ်ရတဲ့အချိန်ဟာ အပျော်ဆုံးအချိန်တွေဖြစ်ခဲ့ကြတာကို အခုနေပြန်တွေးမှသိရတာပါ

ကျွန်တော်တို့တွေပျော်ကြတယ် ဘောလုံးကွင်းကနေ ကျောင်းဘက်ကိုကြည့်လိုက်ရင်
ကျောင်းတော်ကြီးက ဂငယ်ပုံပေါ့
ဒီလိုနဲ့ ကျောင်းဆင်းချိန်ဆိုရင် ဧရာဝတီ မြစ်ကမ်းပါးမှာ လျှောက်သွားခဲ့ကြတယ်

ဧရာဝတီမြစ်ကြီးနဲ့ ကျွန်တော်တို့ သူငယ်ချင်းဖြစ်လာခဲ့ပါပြီ ဒီလိုနဲ့ အချိန်တွေကြာလာတော့ ဧရာဝတီမြစ်ကြီးပေါ်မှာ အစုန် အဆန်သွားနေကြတဲ့ သင်္ဘော ခရီးသည်တွေနဲ့ ဧရာကမ်းနဘေးမှာ လမ်းလျှောက်ကြတဲ့ကျွန်တော်တို့ လက်ပြ နှုတ်ဆက်ရင် ရင်းနှီးခဲ့ရပါတယ် ဒီလိုနဲ့ အချိန်တွေကြာ သံယောဇဉ်တွေ ပိုလာတယ်ထင်ပါရဲ့

သူတို့က သင်္ဘောပေါ်ကနေ လက်ပြနှုတ်ဆက်ကြတယ် ကျွန်တော်တို့လဲ ကျောင်းပေါ် ဝရံတာကနေ လက်ပြနှုတ်ဆက်ကြတယ်
ခပ်ဝေးဝေးလေးကနေ ဝိုးတဝါး အမြင်အာရုံထဲမှာ သူနဲ့ကျွန်တော် သံယောဇဉ်တွေ ငြိတွယ်ခဲ့ကြတယ်

ဧရာဝတီဟာ နှလုံးသားနုတယ်ထင်ပါရဲ့ ဝိုးတဝါး အမြင်ရုံထဲကနေ သူ့ကို ကျောပေါ်တင်ပြီး ကျွန်းတော့်အနားကို တဖြည်းဖြည်း လှမ်းလာပါတယ်

သူဟာ တနေ့တခေါက် လက်ပြနှုတ်ဆက်တက်တယ် ကျွန်တော်လဲ ထို့အတူပါပဲ ဆရာမကိုကြောက်လို့ အတန်းအပြင်ထွက်ပြီး လက် မပြလိုက်ရတဲ့နေ့ဆို ရင်ထဲမှာ..ဟာ သလို လိုပါ

ဒီလိုနဲ့ အချိန်ကြာ 2007စာသင်နှစ်ကို ရောက်တဲ့အချိန် ကျောင်းစဖွင့်လို့ ကျောင်းကိုရောက်တော့ သူ့ကို မလှမ်းမကမ်းမှာ လှမ်းမြင်လိုက်ရပါတယ် ကျွန်တော် အံ့သြ မှင်သက်မိရပါပြီ
နွေရာ သီ ကျောင်းပိတ်ရက်မှာ
သူ ကျွန်တော့ကိုလွမ်းလွန်းလို့ ဧရာဝတီ မြစ်ကြီးကို ဂျီကျတယ်ထင်ပါရဲ့ ဧရာဝတီဟာ သူ့ကို ကျွန်တော့်အနား ခေါ်ဆောင်လာခဲ့တယ်။ သူ ဘာရောင်လေးဝတ်ထားလဲဆိုတာ သေချာလေးမြင်လာရတယ်။ ကျေးဇူး တင်လိုက်တာ ဧရာဝတီရယ်

ကျွန်တော်တို့ ရင်ခုန်မှုတွေပိုလာခဲ့တယ် သူ့ကို ကျွန်တော်မြင်ရသလို ကျွန်တော့ကိုလဲ သူမြင်ရမယ်ထင်ပါတယ်ဒီလို အခြေနေလေးမှာ ကျွန်တော်အပျော်ဆုံးပါ။ ကျောင်းဆင်းချိန် တံတားကိုကျော်လိုက်တာနဲ့ ဧရာဝတီ ကမ်းပါးထိပ်ကို ရောက်ခဲ့တယ်
သူလာချိန်ကို မျော်ရင်း ဧရာဝတီနဲ့လဲ စကားတွေအများကြီး ပြောဖြစ်ခဲ့ကြပါတယ်

ဒီလိုနဲ့ ဆင်မရဲတောင်ရွာကို ဝါးမြိုပြီး သူ့ကို ကျွန်တော့အနား ခေါ်လာပေးတဲ့ဧရာဝတီ
နှလုံးသားနုတဲ့ ဧရာဝတီ သူနဲ့ ကျွန်တော့တို့ကို နီးဆက်စေခဲ့တဲ့ မျှားနတ်မောင် ဧရာဝတီဟာ မိစ္ဆာတကောင်လို အရိုင်းစိတ်ဝင်သွားခဲ့တယ်

ကျွန်တော်နဲ့ စကားပြောတိုင်း သာယာလှတဲ့ လှိုင်းကြက်ခွပ်သံလေးတွေရဲ့အစား
ကျွန်တော် နားမလည်တိုင်တဲ့
အော်မြည်သံတွေနဲ့အတူ
ကျွန်တော်တို့ ကျောင်းတော်ကြီးကို ဝါးမြို့ကြံစည်နေတာပေါ့

တောင်ဘက်က ဘောလုံးကွင်းလေးလဲ မရှိတော့သလို တံတားလေးကိုလဲ တဝက်လောက်ဝါးမြိုနေပြီ ကျောင်းရှေ့က ဘောလုံးကွင်းထဲမှာ ဘောလုံးကန်နေကြတဲ့အဖြူ အစိမ်း ဝတ်စုံလေးတွေအစား
ခေတ္တ ခန နားခိုလာတဲ့ တဲအိမ်ငယ်လေးတွေက အစားထိုးလာခဲ့တယ်။

ကျွန်တော့်ကျောင်းတော်ကြီး ပူဆွေးနေပြီထင်ပါရဲ့ ဆူညံနေတဲ့ ကလေးတွေရဲ့နေရာမှာ တိတ်ဆိတ် ခြင်းတွေက နေရာယူလာတယ်။

ဧရာဝတီမြစ်ပေါ်မှာ အစုန်အဆန်ကူးနေတဲ့ သူနဲ့ ကျောင်းကြီးပေါ်က ကျွန်တော်
လက်ပြနှုတ်မဆက်မိတော့ပါဘူး
သံယောဇဉ်တွေ အေးခဲသွားသလို
နာကျင်ခြင်းတွေက အစားထိုးလာတယ်

ဧရာဝတီဟာ ကျောင်းတော်ကြီးကို ဝါးမြိုဖို့ဟန်ပြင်နေပါပြီ
ကမ်းပါးပေါ်မှာ ကျွန်တော်တို့တွေစကား မပြောဖြစ်တော့ပါဘူး

*တောင်းပန်ပါတယ် ဧရာဝတီ
သူနဲ့ကျွန်တော့်ချစ်ခြင်း
ရင်အတွင်းပိုင်းက ဖြစ်ခဲ့တာပါ
ဒါပေမဲ့ဧရာဝတီရယ်
ပျော်စရာကောင်းတဲ့ဒီကျောင်း
မေတ္တာစိတ်နဲ့ ဆရာတွေရင်ခွင်က်ို
ငါမခွဲခြင်ဘူး *
သူနဲ့ငါ မဆုံရင် ရင်ကွဲရုံထက်မရှိပါဘူး
ဒီကျောင်းနဲ့ ဒီဆရာ ဒီသူငယ်ချင်းတွေကို ခွဲရ ရင် ငါ သေပွဲဝင်ရလိမ့်မယ် *

ဧရာဝတီကို ငေးကြည့်ရင်း ကျွန်တော့ရင်ထဲမှာ ရွတ်ဆိုမိတာပါ
ဝါးသုံးလုံးပူးထားတဲ့ တံတားလေး ရေတံခွန်လို စီးဆင်းနေတဲ့မြစ်ပေါ်ကနေ ကျွန်တော်နဲ့ကျောင်းနော်ကြီးကိုဆက်သွယ်ထားတယ်
တခါတရံမှာ ကျွန်တော်ဟာ
ဧရာမြစ်ကြီးထဲကို ခြေချော်ကြမိတယ်
အရိုင်းစိတ်ဝင်နေတဲ့ ဧရာဝတီဟာ ကျွန်တော့ကို ဝါးမြိုဖို့ အဆင်သင့်ပါပဲ

ဧရာဝတီဟာ ကျွန်တော်ရဲ့
အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ကိုလဲ ဝါးမြိုဖို့ကြိုးစားလာတယ် ကျွန်တော်ရဲကျေးဇူးရှင် တဝက်လောက်ထိဝါးမြိုခံရပြီးမှ ရုန်းထွက်နိုင်ခဲ့တယ်
ကံကြီးပေလို့ပေါ့ကျေးဇူးရှင်

ကျွန်တော်ဟာ ဧရာဝတီကို ကြောက်လာတယ်
မျှားနတ်မောင်ကြီးကိုမုန်းလာတယ်

နောက်ဆုံးတော့ သူ့ကို နောက်ဆုံး အကြိမ်အဖြစ် ဝမ်းနည်းစွာ နှုတ်ဆက်ရင်း မိခင်ကျောင်းတော်ကြီးနဲ့အတူ သူနဲ့ဝေးရာ ဧရာဝတီနဲ့ဝေးရာ
မျှားနတ်မောင်ကြီးနဲ့ဝေးရာကို ကျွန်တော် ရှောင်ပြေးလာခဲ့ပါတယ် ။

အခုတော့ အ ထ က ဆင်မရဲ ဖြစ်နေပါပြီ ။

2007 ပညာသင်နှစ်က ဆင်မရဲကျောင်းသား/သူ များနဲ့ စီနီယာ အစ်ကိုအစ်မများ
ဒီနေရာပါလို့ လက်ညှိုးထိုး မပြောနိုင်တော့တဲ့ ကျောင်းတော်ကြီးကို ပုံဖေါ် မြင်ယောင် လွမ်းဆွတ်ကြည့်ကြပါအုံး

ကျွန်တော်= ကျောင်းသားအားလုံး ။
သူ = သင်္ဘောပေါ်မှ တိုးရစ်များ ။

ဓါတ်ပုံ သူများတွေဆီကပါ ။copy=ငါးပယ်သားလေးကိုကျော်ထင်

အခြေခံပညာအထက်တန်းကျောင်း၊ဆင်မရဲကျေးရွာ၊ ရေစကြိုမြို့နယ်၊ပခုက္ကူခရိုင်၊  မကွေးတိုင်း။ ဆရာ / ဆရာမများနှင့် ကျောင်းသူ/ ကျော...
01/02/2023

အခြေခံပညာအထက်တန်းကျောင်း၊
ဆင်မရဲကျေးရွာ၊ ရေစကြိုမြို့နယ်၊ပခုက္ကူခရိုင်၊ မကွေးတိုင်း။

ဆရာ / ဆရာမများနှင့် ကျောင်းသူ/ ကျောင်းသားများအတွက် ပညာရေးနှင့်ပတ်သက်သော သတင်းများသိရှိစေရန်အလို့ငှာ ရည်ရွယ်ပါသည်။

Address

Sinmaye Village
Yesagyo

Opening Hours

Monday 08:30 - 15:30
Tuesday 08:30 - 15:30
Wednesday 08:00 - 15:30
Thursday 08:30 - 15:30
Friday 08:30 - 15:30

Website

Alerts

Be the first to know and let us send you an email when အထက၊ ဆင်မရဲကျေးရွာ၊ ရေစကြိုမြို့နယ်။ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to အထက၊ ဆင်မရဲကျေးရွာ၊ ရေစကြိုမြို့နယ်။:

Shortcuts

Share

Category