Yenanchaung GTI EP students

Yenanchaung GTI EP students ကျောင်းသားအချင်းချင်းအဆက်အသွယ်မပြ?

15/06/2021

Technological University/GTI CDMကျောင်းသားများအတွက်စဥ်ဆက်မပြတ် အွန်လိုင်းပညာ သင်ကြားရေး

CRPH NUG ပံ့ပိုးမှုအဖွဲ့ Australia ၏အဖွဲ့ ၀ င်ဖြစ်သောThe Institution of Professional Engineers Myanmar ၏ IPEMTU ဒီဂရီကောလိပ်သည် Technological University CDM ကျောင်းသားများအတွက်စဥ်ဆက်မပြတ်အွန်လိုင်းအခမဲ့ပညာသင်ကြားနိုင်ရေးအစီအစဉ်
အောက်ပါပုံတွင်ပါဝင်သော major များလျှောက်ထားနိုင်သည်။
စိတ်ပါဝင်စားသူများ register လုပ်နိုင်ပါသည်။

IPEMTU Degree College of The Institution of Professional Engineers Myanmar
TU/GTI Students Support Program

Hello all,

Welcome to the program,

The followings are
(1)Link--- today Zoom meeting lesson+ resources link
https://www.highlightcomputer.com/13june.htm

(2)Video---Today meeting video
https://youtu.be/9NxMQwQis4Q

(3)Enrolment Form---Fill the forms
http://www.justiceformyanmarpeople.org/education.htm
then
FILL TWO FORMS
FORM 1
Spring Revolution Education Support Program Enrolment
https://www.emailmeform.com/builder/form/7v9gZFxa3r6hz4lf4R4WJAn
If you have already filled the above form, do not fill again.
FORM 2
Submission of Work Form
• Fill the Form
https://www.emailmeform.com/builder/form/CnTG31s3ywAm5qrVBd39ddc0
• You need to submit the work study report related to bridging program by filling the information in the space provided in the form
• Attach your evidence of your latest study in TU/GTI Course (Student ID card/ Academic Transcript/Letter from your teacher etc)
• Your Degree/ Diploma will be sent electronically



( No. 2 videoကိုအရင်ကြည့်ရင်နားလည်လွယ်ပါတယ်။)

http://www.justiceformyanmarpeople.org/Certificate%20Format%20Joint%20Program%20of%20IPEMTU%20Deg%20College+CDM%20TU%20Teacher.pdf

11/05/2021

ရေနံချောင်း GTI မှ CDM ပြုလုပ်သည့် ဆရာ/မများ စာရင်း ဖြစ်ပါတယ် (Update - 10/5/2021)
Civil
၁ ဦးဆလိုင်းသန်းဇော်
၂ ဦးမျိုးဝင်းဇော်
၃ ဒေါ်သူဇာလှိုင်
၄ ဒေါ်ဖြူဖြူသွယ်
၅ ဒေါ်ဂျူလိုင်မို့မို့ကျော်
၆ ဒေါ်သဲအိဖြူ
၇ ဦးကျော်ကျော်အေး
EC
၁ ဒေါ်မိုးမိုး
၂ ဒေါ်ခိုင်ယဥ်မွန်
၃ ဒေါ်ဝတ်ရည်ဇော်
၄ ဒေါ်သန်းမြင့်ကြည်
၅ ဒေါ်နေသူဇင်
၆ ဒေါ်သီသီဆွေ
၇ ဒေါ်မြကေသွယ်
၈ ဒေါ်လှလှမော်
၉ ဒေါ်ဇင်မာနွယ်
၁၀ ဒေါ်အီရွှေစင်
EP
၁ ဒေါ်နီလာဝင်း
၂ ဒေါ်လှလှဌေး
၃ ဒေါ်မာမာညိုသင်း
၄ ဒေါ်သဥ္ဇာမျိုး
၅ ဒေါ်လှလှမြင့်
Mechanical
၁ ဒေါ်မြင့်မြင့်ဇော်
၂ ဦးတင်မျိုးအောင်
၃ ဒေါ်သက်စုရည်
၄ ဦးဟန်ညွှန့်
စာပေ
Myanmar
၁ ဒေါ်နှင်းနှင်းဆွေ
English
၁ ဦးအောင်စည်သူ
၂ ဒေါ်လှသူဇာမြင့်
Maths
၁ ဒေါ်ခင်သက်လွင်
၂ ဒေါ်အေးစန်း
၃ ဒေါ်မေစုစုအေး
၄ ဒေါ်မြမြမိုး
Physics
၁ ဒေါ်စောမြတ်မွန်
၂ ဒေါ်ချောစုလှိုင်
စီမံ
ဝန်ထမ်းရေးရာ
၁ ဒေါ်စိုးမြမြ
ကျောင်းသားရေးရာ
၁ ဒေါ်ခိုင်ငြိမ်းသူ
ငွေစာရင်း
၁ ဒေါ်လှလှမိုး
၂ ဒေါ်မေသန့်ဇင်
စတို
၁ ဦးဟန်ငြိမ်းဦး
ဝင်းဌာန
၁ ဦးသိန်းဇော်ဝင်း
၂ ဦးကံမြင့်
၃ ဦးနိုင်လင်းထွန်း
၄ ဒေါ်ကြည်ကြည်ဦး
စုစုပေါင်း(၄၄)ယောက်
Crd Civil gti pageရေနံချောင်း

(CDMမပါဝင်ရသေးဆရာ၊ဆရာမများသိစေရန်)❗️📌Non CDM အကြမ်းဖက်အုပ်စုအားပေး လက်ပါးစေများအား ထိရောက်စွာအပြစ်ပေးအရေးယူသွားမည်ဟုသိရ ...
23/03/2021

(CDMမပါဝင်ရသေးဆရာ၊ဆရာမများ
သိစေရန်)❗️

📌Non CDM အကြမ်းဖက်အုပ်စုအားပေး လက်ပါးစေများအား ထိရောက်စွာအပြစ်ပေးအရေးယူသွားမည်ဟုသိရ .....

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမ္မတရုံးဝန်ကြီးဌာန
အမိန့်ကြေညာစာအမှတ် (၄/၂၀၂၁)
၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်
(၂၀၂၁ ခုနှစ်၊ မတ်လ ၂၁ ရက်)
---------------------------------
အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု နှင့် ပတ်သက်၍ အသိပေးကြေညာခြင်း
==============

၁။ လက်ရှိအချိန်တွင် တိုင်းပြည်အာဏာကို လူတစ်စုက လက်နက်အားကိုးဖြင့် ပုန်ကန်သိမ်းပိုက်ထားခြင်းကို နိုင်ငံ့ဝန်ထမ်းများသည် အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု CDM ဖြင့် ဆန့်ကျင်တော်လှန်လျက်ရှိကြသည်။

၂။ ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု CDM တံခါးကို ခြွင်းချက်မရှိ ပိတ်သိမ်းမည်ဖြစ်သည်။

၃။ အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု CDM တွင် ပါဝင်ကြသော ပြည်သူ့ဝန်ထမ်းများကို CDM နှင့် သက်ဆိုင်သော ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်များချီးမြှင့်သွားမည်ဖြစ်သည်။

၄။ အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှုတွင် မပါဝင်ကြသော အကြမ်းဖက်အုပ်စုအားပေး လက်ပါးစေ Non CDM ဝန်ထမ်းများကို ထိရောက်စွာအပြစ်ပေးအရေးယူသွားမည်ဖြစ်သည်။

၅။ ပြည်သူနဲ့အတူ သစ္စာရှိရှိ ရပ်တည်ပြီး တိုက်ပွဲဝင်ခဲ့သော နိုင်ငံ့ဝန်ထမ်းများကို ဦးဆောင်မှုကဏ္ဍတွင် ဂုဏ်ပြု တာဝန်ပေးအပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်မှု ယန္တရားသစ်ကိုလည်း တည်ဆောက်သွားမည်ဖြစ်သည်။

၆။ နိုင်ငံ့ဝန်ထမ်းများအားလုံးအနေဖြင့် ပြည်သူနှင့်အတူ အချိန်မီ ရပ်တည်၍ အကြမ်းမဖက် ပြည်သူ့အာဏာ ဖီဆန်မှု CDM တွင် ပါဝင်ကြရန် နောက်ဆုံးထားတိုက်တွန်းလိုက်သည်။

( CDMလုပ်ဆောင်၍ပြည်သူလူထုနှင့်ရပ်တည်းေသာတာဝန်သိဆရာ၊ဆရာမများသိရှိစေရန်)ပြည်သူသို့အသိပေးတင်ပြခြင်း (၃)၂၀၂၁ခုနှစ်၊ မတ်လ၊ (၈...
08/03/2021

( CDMလုပ်ဆောင်၍ပြည်သူလူထုနှင့်ရပ်တည်းေသာတာဝန်သိဆရာ၊ဆရာမများသိရှိစေရန်)

ပြည်သူသို့အသိပေးတင်ပြခြင်း (၃)
၂၀၂၁ခုနှစ်၊ မတ်လ၊ (၈)ရက်

ယခု ဆင်နွှဲလျက်ရှိသော ပြည်သူလူထုတစ်ရပ်လုံး၏ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် Civil Disobedience Movement(CDM) အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ အဓိကကျသောအခန်းကဏ္ဍမှပါဝင်လျက်ရှိပြီး စစ်အာဏာရှင် အထိနာလျက်ရှိကြောင်း သိရှိရပါသည်။
CRPH(CDM Support Team) အနေနှင့် ရုံးမတက်ပဲ ရုန်းထွက်ခဲ့ကြသော ပြည်သူ့ဝန်ထမ်းများအား မှတ်တမ်းတင်ရေးနှင့် လိုအပ်သည်များကူညီထောက်ပံ့နိုင်ရေးကို ရည်ရွယ်ချက်တူ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်လျက်ရှိပါသည်။
ယခင်က Viber Phone နံပါတ်များမှတဆင့် စာရင်းကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာတွင် အခက်အခဲအတားအဆီးအမျိုးမျိုးကြောင့် အဆင်မပြေမှုများရှိခဲ့ခြင်းကို အနူးအညွတ် မေတ္တာရပ်ခံတောင်းပန်အပ်ပါသည်။
CRPH(CDM Support Team) အနေနှင့် CDM တိုက်ပွဲတွင် အသိစိတ်ဓါတ်ရဲရင့်ခိုင်မာစွာဖြင့် အမှန်တကယ်ပါဝင်နေကြသည့် ပြည်သူ့ဝန်ထမ်း တစ်ဦးတစ်ယောက်ချင်းစီတိုင်း မှတ်တမ်းစာရင်းတွေပါဝင်လာနိုင်ရန်နှင့် လိုအပ်သောအကူအညီများရရှိနိုင်ရန် Online မှတဆင့် စာရင်းပေးသွင်းသော စနစ်ကို မိတ်ဆက်လိုက်ပါသည်။
အောက်ပါ လင့်ခ်သို့သွားရောက်၍ စာရင်းပေးသွင်းပေးကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

https://cdm.crphmyanmar.org

Civil Disobedience Movement(CDM) နှင့်ပတ်သက်သည့် ညွှန်ကြားချက်များကို CDM Central Committee က ဆက်လက်ထုတ်ပြန်ညွှန်ကြားသွားမည်ဖြစ်ပါသည်။

(CRPH Website ဖြစ်သည့် https://crphmyanmar.org တွင်ပါဝင်သော CDM စာရင်းပေးသွင်းရန် link မှတဆင့်လည်း စာရင်းပေးသွင်းနိုင်ပါသည်။)

CRPH
ပြန်ကြားရေးနှင့်ပြည်သူ့ရေးရာကော်မတီ

( YGTI EPမှ Civil Disobedience Movement တွင်မပါဝင်သေးသော ဆရာမ4ဦးအားသတိပေးတိုက်ရိုက်စာရေးသားပါသည်။ )❕❕ CDM Last Day, Las...
07/03/2021

( YGTI EPမှ Civil Disobedience Movement တွင်
မပါဝင်သေးသော ဆရာမ4ဦးအားသတိပေးတိုက်ရိုက်စာရေးသားပါသည်။ )❕❕

CDM Last Day, Last Call, Last Door 🚨🚨

ပူးပေါင်းပါဝင်ကြပါ အချိန်မှီပါသေးတယ်🙏

CDM တံခါးက 7.3.2021 (ည ၁၂:၀၀) မှပိတ်မှာပါ။
ဆရာကြီး ဒေါက်တာဇော်ဝေစိုးကိုယ်တိုင် အာမခံပေးထားတာပါ။

အချိန်မီပါသေးတယ် ခုမှစာရင်းပေးလို့ သူများတစ်မျိုးထင်မလား ဘာညာ လုံးဝ မတွေးပါနဲ့။ ရှက်စရာ၊ အားငယ်စရာ၊ ကြောက်စရာမလိုပါ။ မိမိကိုယ်တိုင် online ကနေ ကိုယ့်မြို့နယ်အလိုက် CDM viber များကိုဆက်သွယ်ပြီး
✅အမည်
✅မှတ်ပုံတင်
✅ရာထူး
✅တာဝန်ထမ်းဆောင်သည့်ဌာန
✅CDM စတင်ပါဝင်သည့်နေ့ရက်
✅မိမိဆန္ဒဖြင့်ပါဝင်ကြောင်းခံဝန်ချက် လက်မှတ်တို့ကို ရေးထိုးပြီး ဓာတ်ပုံရိုက်ကာ ပေးပို့လို့ရပါတယ်။

အခု လူတွေသတ်နေတာ
ကျောင်းသားတွေနဲ့အပြစ်မဲ့ပြည်သူတွေကိုဥပဒေမဲ့ဖမ်းဆီးထားတာတွေ
ညညဆိုကြောက်လန့်နေရတာတွေ
အကုန်မြင်ကြ ကြားကြမှာပါ

အဲ့လိုလူတွေဘက်မှာနေပြီး အကြမ်းဖက်အုပ်စုဘက်မှာရပ်တည်ကြပြီး လူသတ်အားပေးမလုပ်ကြပါနဲ့။

ပြည်သူ့အစိုးရအမိန့်ကိုနာခံကြဖို့ ထပ်လောင်းတိုက်တွန်းပါတယ် ❤️🙏

(အခွင့်သာခိုက်မှာလိုက်ခဲ့ကြပါ
ဆရာမလေးဦးခင်မျာ။)

💥 CDM form နမူနာလေးအောက်မှာပေးထားပါတယ်

ည ၁၂:၀၀ ထိအချိန်ရတာမို့ ပြည်သူတွေဘက် ကျောင်းသားတွေဘက်မှာ ရပ်တည်ပြီး list ပို့ကြဖို့ သက်ဆိုင်ရာဌာနများ၊ဆရာ ဆရာမများကို တောင်းဆိုအပ်ပါတယ် 🤍

[email protected]
[email protected] ( CRPH ကမအဝ)
[email protected] (CRPH ပညာရေး)
[email protected] ( CRPH လဝက)

သက်ဆိုင်ရာဌာနအလိုက်ပေးပို့ပေးကြပါ 💪🏻
“အရေးတော်ပုံအောင်ရမည်”

Crd.

ဒီ နွေဦးတော်လှန်ရေးမှာ ဝန်ထမ်းအားလုံး CDMပါဝင်ဖို့ အရေးကြီးတယ်ဆိုတာ အားလုံး သိပြီးလောက်ကြပြီထင်ပါတယ် ။ ဒါကြောင့် ရှည်ရှည...
05/03/2021

ဒီ နွေဦးတော်လှန်ရေးမှာ ဝန်ထမ်းအားလုံး CDMပါဝင်ဖို့ အရေးကြီးတယ်ဆိုတာ အားလုံး သိပြီးလောက်ကြပြီထင်ပါတယ် ။

ဒါကြောင့် ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး ။

ငါတို့အလှည့်ပါ...
ငါတို့က ငါတို့ရဲ့ ဆရာ/ဆရာမတွေကို
ပြန်ကြည့်ရမယ့် အချိန်ပါ။ ငါတို့မှ မကြည့်ရင်
ဘယ်သူမှ လာပြီး ကြည့်မှာ မဟုတ်ပါဘူး❗

ငါတို့တွေ စိတ်ဝမ်းကွဲကုန်ကြပြီ
ဆရာ/မ တို့နောက်မာ အမာခံတပည့်‌တွေ ရှိတယ် ဆိုတာ ငါတို့ ပြကြရအောင်ပါ ။

CDM မလုပ်တဲ့ ဆရာ/မတွေလည်း အခက်အခဲမျိုးစုံ ရှိကြလို့နေမှာပါ ။

ဆရာ/မ များခင်မျာ
လူငယ်ဘဝရဲ့အကောင်းဆုံးအချိန်တွေကို
ဘယ်နှယောက် သေပေးရဦးမလဲ
ဘယ်နှယောက် ထောင်ထဲဝင်ပေးရဦးမလဲ
ပြိုင်တူရပ်ရင် ရွေ့နိုင်ပါတယ် ၊
ပြည်သူ့ကျည်ဆံ CDM

အကြောင်းအမျိုးမျိုးကြောင့်
CDM မလုပ်နိုင်သေးတဲ့ ဆရာ/မများကိုလဲ
ထပ်မံပါဝင်လာဖို့ အလေးနက်ထား တိုက်တွန်းနှိုးဆော်အပ်ပါတယ် ။

အခု
အလှူငွေစုပြီး CDMဆရာ/မ တွေကို
ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
ဆရာ/မတွေအပြင် စာပေ၊ စီမံ၊ ငွေစာရင်း၊ ဝန်းအထိ
တတ်နိုင်သလောက် ထောက်ပံ့သွားမှာဖြစ်ပါတယ်။

အလှူငွေများကို အောက်ပါနံပါတ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည် ။

☎ 09788080100 (K Pay & Wave)
☎ 09440003344

#ဆရာဆရာမတွေကိုငါတို့ကျေးဇူးသိတတ်ရမယ်
်လုပ်နိုင်ဖို့အရေးကြီးပါတယ်

ကျောင်းသားဟောင်းများမှလဲ အလှူငွေကဖို့မျှော်လင့်ပါတယ်
🚨 YGTI Major Page ၄ခုလုံး ကူးယူ၍ပြန်တင်ပေးရန်🚨


Social Punishment In YGTI
#အရေးတော်ပုံအောင်ရမည်။
#များများShareပေးခြင်းဖြင့်ကူညီပါ။

YGTI လျှပ်စစ်စွမ်းအားမေဂျာမှ ဆရာ၊ဆရာမများထံသို့ မေတ္တာရပ်ခံလွှာ 💌( ဆရာမ၊ဆရာများထံသို့ရောက်အောင်ရှယ်ပေးစေလိုပါတယ်။)
02/03/2021

YGTI လျှပ်စစ်စွမ်းအားမေဂျာမှ ဆရာ၊ဆရာမများထံသို့ မေတ္တာရပ်ခံလွှာ 💌
( ဆရာမ၊ဆရာများထံသို့
ရောက်အောင်ရှယ်ပေးစေလိုပါတယ်။)

22/03/2020

ရေနံချောင်း စက်မှုလက်မှုသိပ္ပံမှ ကျောင်းသားကျောင်းသူများခင်ဗျာ

မနက်ဖြန်မနက် ၈:၃၀ နာရီမှာ ပထမနှစ်ဝက်စာမေးပွဲများ စတင်ဖြေဆိုတော့မှာဖြစ်ပါတယ်။

ကျောင်းသား/သူများအနေဖြင့် ကျောင်းသားကဒ်နှင့် စာရေးကိရိယာများကို မိမိနှင့်အတူတစ်ပါတည်းယူဆောင်လာကြပါရန် သတိပေးတိုက်တွန်းအပ်ပါတယ်။

အကယ်၍ စာရေးကိရိယာများ မေ့ကျန်ခဲ့သည်ဖြစ်စေ၊ ပျက်ဆီးနေသည်ဖြစ်စေ ပူပင်စရာမလိုပါဘူး။
ကျွန်တော်တို့ ကျောင်းသားသမဂ္ဂအလုပ်အမှုဆောင်အဖွဲ့ကနေ

ဘောပင်
ခဲဆံဘောပင်
ခဲတံ
ခဲဖျက်
ခဲဆံဘူး
ပေတံ
ဓား
သံပတေံ
ကော်ရက်ရှင်
Drawing Sets နှင့်
Calculator များကို စာမေးပွဲဖြေဆိုသသူများ အခက်အခဲမရှိအောင် ထားရှိပေးသွားမှာဖြစ်ပါတယ်။

ကျောင်းသား/သူများအနေဖြင့် အခက်အခဲတစ်စုံတစ်ရာကြောင့် လိုအပ်ခဲ့သည်ရှိသော် ယူသုံးပါ။ ပြီးလျှင် အခြားသူများပါသုံးလို့ရအောင် ပြန်ထားပါ။ စေတနာ၊သဒ္ဒါတရား ထက်သန်သောသူများအနေဖြင့်လည်း ဤအစီအစဉ်တွင်ပါဝင်ကူညီလှူဒါန်းနိုင်ပါသည်။(09976364890သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်)

စာရေးကိရိယာများကို အရေအတွက်ဖြင့် မှတ်ထားပါသည်။

✅☑️ YGTI ကျောင်းသား/သူများရဲ့ စည်းကမ်းရှိမှုကို ကြည့်ရအောင်ဗျာ ☑️✅

🙏 ကျောင်းသား/သူများအားလုံး စာမေးပွဲကို အခက်အခဲအတားအဆီးမရှိ ထူးချွန်စွာဖြေဆိုနိုင်ကြပါစေ 🙏

Crd ဝင့်မြတ်သူ
ဥက္ကဌ
ရေနံချောင်းစက်မှုလက်မှုသိပ္ပံကျောင်းသားများသမဂ္ဂ

Address

Yenangyaung
545468

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+95 9 785 907547

Website

Alerts

Be the first to know and let us send you an email when Yenanchaung GTI EP students posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share