
  • Home
  • Myanmar
  • Yenangyaung

ပညာတံခွန် ကိုယ်ပိုင်အထက်တန်းကျောင်း YNEC PRIVATE HIGH SCHOOL

15/02/2026

"ဆရာဆိုတာ စာသင်ပေးရုံလား"
ဆရာက ကျောင်းသားကို
စာသင်ဖို့သာ တာဝန်ရှိတာမဟုတ်ပါဘူး။
စာသင်ရင်း လူ့လောကကြီးထဲမှာ
အားလုံးနဲ့ ပြေပြစ်တင့်တယ်စွာ နေတတ်ဖို့၊
အပြစ်မဖြစ်ဘဲ အားလုံးကိုအကျိုးပြုနိုင်ဖို့
စတဲ့စတဲ့ အလွန်များပြားတဲ့
လူ့ယဉ်ကျေးမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို သိတတ်နားလည် လိုက်နာတတ်အောင်
သင်ပေးကြဖို့ လိုပါတယ်။
( စာ-၅၈)

ပညာသင်တယ်ဆိုတာဟာ
စာအုပ်ထဲကစာတွေ ခေါင်းထဲရောက်အောင် ကျက်ခိုင်းပြီး ခေါင်းထဲကစာတွေကို အတောင့်လိုက် ပြန်ထုတ်တတ်တာဟာ ပညာသင်တာမဟုတ်ဘူးဆိုတာကိုတော့ သတိထားရပါမယ်။
သိပ္ပံပညာရှင်ကလေးတွေ
မွေးထုတ်ပေးမယ့်
ဆရာ ဆရာမများဟာ
ပတ်ဝန်းကျင်ကိုမလေ့လာတတ်တဲ့
စာကူးစက်ကလေးများကို
မွေးထုတ်ပေးရာမကျအောင်
သတိထားတတ်ကြရပါမယ်။ (စာ-၆၄)

ဆရာတို့ ဆရာမတို့ရေ
သင်ကြားတာတစ်ခုတည်းနဲ့
ဆရာလို့အခေါ်ခံထိုက်တာ မဟုတ်ပါဘူး။
လိမ္မာအောင် ဆုံးမတတ်မှသာ ဆရာလို့ ခေါ်ထိုက်တာဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဆရာ ဆရာမတို့ကို
ပြောချင်တာက ဆရာ ဆရာမတို့ရဲ့
စကားအခွန်းတိုင်း အခွန်းတိုင်း၊
ဟန်တိုင်း ဟန်တိုင်းဟာ သင်ကြားနည်းမှာ အကျုံးဝင်တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ (စာ-၆၆)

#ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်) "ပညာလိုလျှင် ပျိုမျစ်တယ်" စာအုပ်မွ/

ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကြာ ချမ်းသာကြပါစေ။
မေတ္တာဖြင့်...
M.P.N
ရောင်နီဦး စာကြည့်တိုက်၊ နမီးကျေးရွာ။
15.2.2019 ( Fri )

30/01/2026
28/01/2026

၂၀၂၅-၂၆ပညာသင်နှစ် ကျောင်းတွင်း နှစ်ဆုံးစာမေးပွဲ စစ်ဆေးခြင်းနှင့်အောင်စာရင်းထုတ်ပြန်ခြင်း

(က) မူလ၊အလယ်တန်းဆင့် Grade-(5 / 9) စာမေးပွဲကို (၂၃-၂-၂၀၂၆)ရက် နေ့မှ (၂၈-၂-၂ဝ၂၆)ရက်နေ့အတွင်း ကျင်းပရန်ဖြစ်ပါသည်။ (ပိတ်ရက်မပါ)

(ခ) ကျန်ရှိသော အတန်းများ (Grade-1/2/3/4/6/7/8/10/11) ကျောင်းတွင်းစစ် စာမေးပွဲများကို (၄-၂-၂၀၂၆)ရက်နေ့မှ (၁၁-၂-၂ဝ၂၆)ရက်နေ့အတွင်း (တနင်္ဂနွေနေ့မပါ) ကျင်းပရန်ဖြစ်ပါသည်။

(ဂ)ကျောင်းတွင်း အထက်တန်းဆင့်ပြီးမြောက်မှုစစ်ဆေးခြင်း Grade-12 စာမေးပွဲကို(၄-၂-၂ဝ၂၆)ရက်နေ့မှ (၁၁-၂-၂၀၂၆)ရက်နေ့အတွင်း (တနင်္ဂနွေနေ့မပါ) ကျင်းပရန်ဖြစ်ပါသည်။

(ဃ) Grade-12 Final ဗဟို အစိုးရစစ် စာမေးပွဲကြီးကို (၁၁.၃.၂၀၂၆)ရက်နေ့မှ (၁၇.၃.၂၀၂၆)ရက်နေ့ထိ ကျင်းပရန်ဖြစ်ပါသည်။ တနင်္ဂနွေနေ့ ပိတ်ရက်ပါ။
မှတ်ချက်။ ။ အောင်စာရင်း သီးသန့်ကြေညာမည်ဖြစ်ပါသည်။

အခြေခံပညာအတန်းအားလုံး၏ (Grade-1 မှ Grade-11)ထိ အောင်စာရင်းများကို မိမိ သက်ဆိုင်ရာကျောင်းများတွင် (၁၄-၅-၂၀၂၆)ရက်နေ့တွင် ထုတ်ပြန်ပေးရန် ဖြစ်ပါသည်။
M-Naw Key

 #အလုပ်လျောက်လွှာခေါ်ယူခြင်း💥သေသေချာချာ ဖတ်ပြီး အမှန်တကယ်လုပ်နိုင်မှ လျှောက်စေလိုပါသည်။💥အနည်းဆုံး တစ်နှစ်တာ ပြီးဆုံးသည် ...
25/01/2026

#အလုပ်လျောက်လွှာခေါ်ယူခြင်း

💥သေသေချာချာ ဖတ်ပြီး အမှန်တကယ်လုပ်နိုင်မှ လျှောက်စေလိုပါသည်။💥အနည်းဆုံး တစ်နှစ်တာ ပြီးဆုံးသည် အထိ တာဝန်ယူနိုင်ရမည်။
✨စမ်းသပ်ကာလ 🖌️( သုံးလ ) အခြေခံလစာ 200,000 ကျပ်
နေစားစရိတ်ငြိမ်း
( လုပ်ငန်းကျွမ်းကျင်မှု‌ ပေါ် မူ တည်၍ 4-5 သိန်းကျပ်အထိ )
✴️ ရိုးရိုး B.Sc ,BA ဘွဲ့၊ B.Ed , M.Ed ပညာရေးဘွဲ့၊ M.Sc မဟာဘွဲ့ရဆရာ/ဆရာမများအလိုရှိသည်။

✴️ကျောင်းအိပ်ကျောင်းစားစရိတ်ငြိမ်းနေနိုင်သူဦးစားပေးခန့်ထားပါမည်။
✨ဆရာ ( ၃ )ဦး
✨ဆရာမ ( ၃ ) ဦး
✴️ ရိုးရိုး ဘွဲ့ရ ဖြစ်ပါက ပညာ‌ရေးရက်တိုသင်တန်းဖွင့်လျှင် တက်ရောက်နိုင်ရမည်။
✴️ ကလေးများအပေါ်ချစ်ခင်ကြင်နာ၍ပညာရေးကိုစိတ်ဝင်စားပြီးတက်ကြွစွာလုပ်ကိုင်နိုင်သူဖြစ်ရမည်။(အရည်အချင်း နှင့်အတွေ့အကြုံပေါ်မူတည်၍)လစာချီးမြှင့်မည်။
✴️ ကျောင်းရုံးလုပ်ငန်း အတွက် computer ကျွမ်းကျင် ( ၁ ) ဦး ( ကျား/မ )
✴️ စာရေး ( ၁ ) ဦး ( ကျား/မ )
လိုအပ်သည့်အချက်အလက်များ
(၁)ကိုယ်ရေးအချက်အလက်အပြည့်အစုံ
(၂)မှတ်ပုံတင်မိတ္တူ
(၃)ဘွဲ့ရမိတ္တူ
(၄)အိမ်ထောင်စု ဇယားမိတ္တူ
(၅)လိုင်စင်ဓာတ်ပုံ (၃)ပုံ
( 28.2 ,2026 နောက်ဆုံး ပေးပို့ပါရန် )
ကိုယ်တိုင်မလာရောက်နိုင်ပါက 09 430 71 631 သို့ Viber မှ ပေးပို့နိုင်ပါသည်။

ဆက်သွယ် ရန်

👉 YNEC ပညာတံခွန်ကိုယ်ပိုင်အထက်တန်းကျောင်း
အမှတ် ( 094 )၊မြေနီခင်တောင်ရပ်ကွက်၊ရေနံချောင်းမြို့။
☎️ 09 89 777 3334 / 09 89 777 3335

24/01/2026

G12သားငယ် သမီးငယ်လေးများ

Address

No. 094, South Myenikhin
Yenangyaung

Telephone

+95943071631

Website

Alerts

Be the first to know and let us send you an email when ပညာတံခွန် ကိုယ်ပိုင်အထက်တန်းကျောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ပညာတံခွန် ကိုယ်ပိုင်အထက်တန်းကျောင်း:

Shortcuts

Share

Category