YN Classhouse

YN Classhouse British Council Advantage Member | Cambridge Prep Center | CELTA & TKT Qualified Teachers | Primary & Secondary | Yekyi

🏆 Congratulations to our KET Star! 🏆​YN Classhouse ရဲ့ ဂုဏ်ဆောင်သင်တန်းသူလေး Hsu Paing Sett ဟာ  Cambridge A2 Key for Sch...
06/03/2026

🏆 Congratulations to our KET Star! 🏆
​YN Classhouse ရဲ့ ဂုဏ်ဆောင်သင်တန်းသူလေး Hsu Paing Sett ဟာ Cambridge A2 Key for Schools (KET) စာမေးပွဲမှာ Grade A (Score 143 - B1 Level) နဲ့ ထူးချွန်စွာ အောင်မြင်ခဲ့ပါတယ်။ 🎉
​Grade A ရရှိတဲ့အတွက် သတ်မှတ်ထားတဲ့ A2 Level ထက် ကျော်လွန်ပြီး B1 Level အထိ အရည်အချင်းရှိကြောင်း သက်သေပြနိုင်ခဲ့တာ ဖြစ်ပါတယ်။
​ကလေးရဲ့ ကြိုးစားမှု၊ မိဘတွေရဲ့ ပံ့ပိုးမှုနဲ့အတူ YN Classhouse က စနစ်တကျ လေ့ကျင့်ပေးမှုတွေ ပေါင်းစပ်လိုက်တဲ့အခါ အခုလို ထူးချွန်တဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
​ရှေ့ဆက်ပြီးတော့လည်း ကလေးရဲ့ ပညာရေးခရီးမှာ ဒီထက်မက အောင်မြင်မှုတွေ ရရှိပါစေကြောင်း YN Classhouse မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🎉✨
​

🌿 YN Classhouse – Student Trip Day 🌿ဒီနေ့တော့ YN Classhouse ရဲ့ သင်တန်းသားလေးတွေနဲ့အတူ ရေကြည် – ဟင်္သာတ ရထားခရီးစဉ် လေးက...
17/02/2026

🌿 YN Classhouse – Student Trip Day 🌿

ဒီနေ့တော့ YN Classhouse ရဲ့ သင်တန်းသားလေးတွေနဲ့အတူ ရေကြည် – ဟင်္သာတ ရထားခရီးစဉ် လေးကို ပျော်ပျော်ရွှင်ရွှင် ထွက်ခဲ့ကြပါတယ် 🚂✨

​ရေကြည်-ဟင်္သာတ ရထားလမ်းပိုင်းမှာ သဘာဝအလှတရားတွေကို ကြည့်ရှုရင်း သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး စီးနင်းခဲ့ကြပါတယ်။

​ဟင်္သာတဘူတာကနေတစ်ဆင့် မြို့တွင်းလမ်းတစ်လျှောက် အဖွဲ့လိုက် စနစ်တကျ လမ်းလျှောက်ခဲ့ကြပါတယ်။

​ ပန်းခြံထဲမှာ အာဟာရပြည့်ဝတဲ့ နေ့လည်စာကို အတူတူသုံးဆောင်ပြီး၊ ဦးနှောက်နဲ့ လူမှုဆက်ဆံရေး ဖွံ့ဖြိုးစေမယ့် Fun Activities တွေ၊ ပျော်စရာ Game တွေကို ကစားခဲ့ကြပါတယ်။

​ ကလေးတို့ဘာသာဘာဝ ကစားကွင်းမှာ စိတ်လွတ်ကိုယ်လွတ် ဆော့ကစားရင်း ပျော်ရွှင်စရာ ညနေခင်းလေးကို ဖြတ်သန်းခဲ့ပါတယ်။

​အထူးကျေးဇူးတင်လွှာ 🙏
​ဒီခရီးစဉ်လေး အောင်အောင်မြင်မြင်နဲ့ ပျော်ပျော်ပါးပါး ပြီးဆုံးသွားဖို့အတွက် ဟင်္သာတအထိ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြိုဆိုပေးကြတဲ့ မိဘအုပ်ထိန်းသူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။
​မိဘတွေရဲ့ ယုံကြည်မှုနဲ့ ပံ့ပိုးကူညီမှု (Supporting) တွေကြောင့်သာ ကလေးတွေအတွက် ဒီလို အဖိုးတန်တဲ့ ပြင်ပဗဟုသုတ ခရီးစဉ်လေးကို ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ နောင်မှာလည်း ဒီထက်ပိုကောင်းတဲ့ သင်ယူမှု အတွေ့အကြုံသစ်တွေကို ဖန်တီးပေးသွားပါဦးမယ်။
​YN Class house 🏠
"Unlock accurate pronunciation & confident communication."

YN Classhouse🌿 Summer IPA Phonics Class (Grade 6–8)မိဘတစ်ယောက်အနေနဲ့ကိုယ့်ကလေးကို စာဖတ်ခိုင်းလိုက်တဲ့အချိန်အသံတိတ်နေပြီး...
12/02/2026

YN Classhouse
🌿 Summer IPA Phonics Class (Grade 6–8)
မိဘတစ်ယောက်အနေနဲ့
ကိုယ့်ကလေးကို စာဖတ်ခိုင်းလိုက်တဲ့အချိန်
အသံတိတ်နေပြီး မရဲမရဲနဲ့ ဖတ်နေတာမြင်ရင်
စိတ်မကောင်းဖြစ်ဖူးပါသလား?
“အသံထွက်မှားသွားရင် ဘယ်လိုလုပ်မလဲ” ဆိုတဲ့ စိုးရိမ်စိတ်ကြောင့်
ကလေးတွေက စာဖတ်တာ၊ စကားပြောတာ ကို မရဲကြတာပါ။
တကယ်တော့ ပြဿနာက
ကလေးမတော်တာ မဟုတ်ပါဘူး။
👉 Phonics အခြေခံ မခိုင်လုံသေးတာပါ။
ဒီနွေရာသီမှာ
Grade 6–8 တက်မယ့် ကျောင်းသားများအတွက်
International Phonetic Alphabet (IPA) စနစ်ဖြင့်
အသံထွက်ကို အခြေခံမှစပြီး စနစ်တကျ သင်ကြားပေးပါမယ်။
📌 Oxford / Jolly Phonics မဟုတ်ပါ။
📌 ဆယ်ကျော်သက်အရွယ်နဲ့ ကိုက်ညီတဲ့ Academic Approach ဖြင့် သင်ကြားမှာဖြစ်ပါတယ်။
သင်တန်းပြီးသွားရင်
✔ ယုံကြည်မှုနဲ့ စာဖတ်နိုင်လာမယ်
✔ Speaking လုပ်ရာမှာ မကြောက်တော့မယ်
✔ အသံထွက် မှန်ကန်လာမယ်
🎁 Free Level Test Available
သင်တန်းမအပ်ခင်
ကလေးရဲ့ လက်ရှိအဆင့်ကို Free Placement Test နဲ့ စစ်ဆေးပေးပါမယ်။
လိုအပ်ချက်အလိုက် Individual Support ပေးပါတယ်။
📌 Class Details
• သင်တန်းကာလ – (၂) လ(မတ်လ၊ဧပြီလ)
• အတန်းချိန် – အင်္ဂါ / ဗုဒ္ဓဟူး / ကြာသပတေး
• အချိန် – ၃:၃၀ – ၄:၃၀
• သင်တန်းကြေး – ၁၂၀,၀၀၀ ကျပ် (စာရွက်စာတန်းဖိုးပါပြီး)
• လက်ခံဦးရေ – (၂၀) ယောက်သာ
⚠ Seat ကန့်သတ်ထားလို့ နောက်မကျအောင်
ကြိုတင်စာရင်း ပေးလိုက်တော့နော်….။
📩 ကိုယ့်ကလေးအတွက်
ယုံကြည်မှုရှိတဲ့ အသံထွက်အခြေခံ တည်ဆောက်ပေးချင်တယ်ဆိုရင်
Page Messenger မှ ဆက်သွယ်နိုင်ပါတယ်..။

နွေရာသီ English စာသင်တန်းများOxford Phonics Level-1&2KG ပြီးဆုံးပြီးသား ကလေးများအတွက်ပါ။ ကြာချိန်။ (၃)လ၊ (၁) ပတ် (၃)နာရီ...
04/02/2026

နွေရာသီ English စာသင်တန်းများ
Oxford Phonics Level-1&2
KG ပြီးဆုံးပြီးသား ကလေးများအတွက်ပါ။

ကြာချိန်။ (၃)လ၊ (၁) ပတ် (၃)နာရီ၊
သင်တန်းရက်။ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး။
သင်တန်းချိန်။ မနက် (၈)နာရီ - (၉)နာရီ။
သင်တန်းကြေး။ ၃၅၀၀၀(လစဉ်)၊ စာအုပ်ဖိုး-၁၅၀၀၀၊ စာရွက်စာတန်းဖိုး-၁၅၀၀၀၊ (၃)လလုံးအတွက် ။

Oxford Phonics Level-5
ယမန်နှစ်က Level-4 တက်ရောက်ပြီးသား ကျောင်းသား၊ ကျောင်းသူများအတွက်ဖြစ်ပါတယ်။

သင်တန်းကာလ။ (၃)လ၊ (၁) ပတ် (၃)နာရီ၊
သင်တန်းရက်။ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး။
သင်တန်းချိန်။ မနက် (၉:၃၀)နာရီ - (၁၀:၃၀)နာရီ။
သင်တန်းကြေး။ ၃၅၀၀၀(လစဉ်)၊ စာအုပ်ဖိုး-၁၅၀၀၀၊ စာရွက်စာတန်းဖိုး-၁၅၀၀၀၊ (၃)လလုံးအတွက် ။

မတ်လမှာ Level အသစ်နဲ့ပြန်စမယ့် ပုံမှန်အတန်းများOxford Phonics Level- 3(၆) ယောက်အတန်းပဲဖြစ်လို့ လူပြည့်ပါပြီ။Movers(၆) ယေ...
03/02/2026

မတ်လမှာ Level အသစ်နဲ့ပြန်စမယ့် ပုံမှန်အတန်းများ

Oxford Phonics Level- 3
(၆) ယောက်အတန်းပဲဖြစ်လို့ လူပြည့်ပါပြီ။

Movers
(၆) ယောက်အတန်းပဲဖြစ်လို့ လူပြည့်ပါပြီ။

Flyers ( ၄-နေရာကျန်)
တက်ချင်သူများ Level Test ဖြေရပါမယ်။
စုစုပေါင်း (၈)ယောက်ပဲရှိတဲ့အတန်းဖြစ်လို့ အတန်းပြီးဆုံးသည်အထိတက်မည့်သူများသာ လက်ခံပါမယ်။

ကြာချိန်။ (၈)လ၊ (၁) ပတ် (၃)နာရီ၊
သင်တန်းရက်။ စနေ၊ တနင်္ဂနွေ၊ တနင်္လာ။
သင်တန်းချိန်။ ညနေ (၅)နာရီ - (၆)နာရီ။
သင်တန်းကြေး။ ၄၅၀၀၀(လစဉ်)၊ စာအုပ်ဖိုး-၁၅၀၀၀၊ စာရွက်စာတန်းဖိုး-၂၅၀၀၀၊ (၈)လလုံးအတွက် ။

KET
အသက်(၁၀)နှစ်၊ (၁၃)နှစ် အရွယ် တက်ချင်သူများ အတွက်ပါ။ Level Test ဖြေရပါမယ်။
စုစုပေါင်း (၈)ယောက်ပဲရှိတဲ့အတန်းဖြစ်လို့ အတန်းပြီးဆုံးသည်အထိတက်မည့်သူများသာ လက်ခံပါမယ်။

ကြာချိန်။ (၈)လ၊ (၁)ပတ် (၃)နာရီ၊
သင်တန်းရက်။ စနေ၊ တနင်္ဂနွေ၊ တနင်္လာ။
သင်တန်းချိန်။ မနက် (၉)နာရီ - (၁၀)နာရီ။
သင်တန်းကြေး။ ၅၅၀၀၀(လစဉ်)၊ သင်ရိုးစာအုပ်ဖိုး-၂၅၀၀၀၊ စာရွက်စာတန်းဖိုး-၃၀၀၀၀(၈)လလုံးအတွက်။

Big congratulations ပါ ဒါဒါ။ Movers ကို course မပြီးသေးခင် သွားဖြေတဲ့ ကျောင်းသူပါ။
15/01/2026

Big congratulations ပါ ဒါဒါ။

Movers ကို course မပြီးသေးခင် သွားဖြေတဲ့ ကျောင်းသူပါ။

Big Congratulations ပါ မချစ်ချစ်။Flyers Story Writing က ကလေးတွေအတွက် လွယ်မနေလို့ သေချာလေ့ကျင့်ပေးထားတာ အမောပြေပါတယ်။
15/01/2026

Big Congratulations ပါ မချစ်ချစ်။

Flyers Story Writing က ကလေးတွေအတွက် လွယ်မနေလို့ သေချာလေ့ကျင့်ပေးထားတာ အမောပြေပါတယ်။

သင်တန်းသစ်/ဟောင်းစုံစမ်းကြသူများ စာသင်ဆရာ အသံကြိုးရောင်နေလို့ ဆရာဝန်ကအသံချွေတာခိုင်းထားတဲ့အတွက် ထပ်တိုးအတန်းများမဖွင့်နိ...
10/08/2025

သင်တန်းသစ်/ဟောင်းစုံစမ်းကြသူများ စာသင်ဆရာ အသံကြိုးရောင်နေလို့ ဆရာဝန်ကအသံချွေတာခိုင်းထားတဲ့အတွက် ထပ်တိုးအတန်းများမဖွင့်နိုင်သေးကြောင်းနဲ့ ယင်းအတွက်အားနာရပါကြောင်း၊

ကျောင်းဖွင့်ရာသီဖြစ်သည့်အလျောက် ကြို/ပို့ ခက်ကြလို့ အွန်လိုင်းသင်တန်းစိတ်ဝင်စားကြလျှင်ဖြင့် စက်တင်ဘာလမှာ ဆရာမသင်မည့် အသက် ၇-၈ နှစ် အရွယ် ကလေးများအတွက် Starters အတန်း(၁)တန်းဖွင့်ဖို့ရှိပါကြောင်း၊

အတန်း။ Starters
အချိန်။ ညနေ (၇) နာရီ - (၈)နာရီ။ (Wed, Thu, Fri)
ကြာမြင့်ချိန်။ (၅)လ။ (၂၀၂၅ စက်တင်ဘာ - ၂၀၂၆ဇန်နဝါရီ )
သင်တန်းကြေး။ ၃၅၀၀၀ (ပထမ (၃)လစာကို အတန်းအပ်ချိန်ပေးသွင်းရပါမည်။)

သင်တန်းစတင်မည့်ရက်။ စက်တင်ဘာလ (၃)ရက်။
မှတ်ချက်။ ကျောင်းသား (၈)ယောက်သာ လက်ခံပါမည်။

6.7.25. တနင်္ဂနွေနေ့ အထိသင်တန်းများအားလုံး ပိတိပါတယ်။7.7.25 တနင်္လာနေ့မှာ ပုံမှန် ပြန်စပါမယ်။ပိတ်ရက်များအတွက် အစားထိုးရက...
04/07/2025

6.7.25. တနင်္ဂနွေနေ့ အထိ
သင်တန်းများအားလုံး ပိတိပါတယ်။
7.7.25 တနင်္လာနေ့မှာ ပုံမှန် ပြန်စပါမယ်။
ပိတ်ရက်များအတွက် အစားထိုးရက်များ ပြန်ပြောပေးပါမယ်။

ဉာဏ်မမှီတာဟုတ်ရဲ့လား ကျောင်းနေစအရွယ် ကလေးတွေကြုံရတဲ့ ကလေးလောကဓံတွေထဲမှာ အဆိုးဆုံးလောကဓံက အများနည်းတူ စာမရေးနိုင်မဖတ်နိုင...
02/06/2025

ဉာဏ်မမှီတာဟုတ်ရဲ့လား

ကျောင်းနေစအရွယ် ကလေးတွေကြုံရတဲ့ ကလေးလောကဓံတွေထဲမှာ အဆိုးဆုံးလောကဓံက အများနည်းတူ စာမရေးနိုင်မဖတ်နိုင်သေးရုံနဲ့ ဉာဏ်မမှီဘူး၊ တုံးတယ် လို့ တံဆိပ်အကပ်ခံရခြင်းပါပဲ။ အထူးသဖြင့် ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ သင်ယူခြင်းပြဿနာလေးတွေကို မသိရှိကြတဲ့ ပတ်ဝန်းကျင်မှာရှင်သန်ရတဲ့ကလေးတွေက ပိုခံစားရပါတယ်။

ဒါကြောင့်သင်ကြားရေး ရပ်ဝန်းထဲမှာရှိကြတဲ့ မိဘ အုပ်ထိန်းသူ ဆရာဆရာမများအနေနဲ့ ကလေးက ဉာဏ်မမှီလို့ လို့ လွယ်လွယ်ဆုံးဖြတ်ချက်မချဘဲ ကလေးမှာ ဘာပြဿနာရှိနေလဲဆိုတာကိုအရင်ဆုံး နားလည်အောင်ကြိုးစားဖို့လိုပါလိမ့်မယ်။

ကလေးငယ်တွေမှာဖြစ်တတ်တဲ့ သင်ယူခြင်းပြဿနာတွေထဲကမှ အဖြစ်များတဲ့ (၄) မျိုးကို နားလည်လွယ်အောင်ရေးတင်လိုက်ပါတယ်။

၁။ စာဖတ်ခက်ခြင်း (Dyslexia)
ဒီပြဿနာရှိတဲ့ကလေးတွေအတွက် အသံတိတ်ဖြစ်ဖြစ်၊ အသံထွက်ပြီးတော့ပဲဖြစ်ဖြစ် စာဖတ်ရတာခက်ပါတယ်။ ပြီးရင်ဖတ်လိုက်တဲ့စာရဲ့အဓိပ္ပါယ်ကို နားလည်ရခက်သလို အရင်က တွေ့ဖူးပြီးသားကိုလည်း ပြန်ဖော်ရတာ သူတို့အတွက်ခက်ပါတယ်။

၂။ အရေးခက်ခြင်း (Dysgraphia)
ဒီပြဿနာရှိတဲ့ကလေးတွေအတွက် စာကို သပ်သပ်ရပ်ရပ်ရေးရတာက သူတို့အတွက် ဧဝရတ်တောင်တက်ရသလိုပါပဲ။ စာတွေက မျဉ်းကြောင်းအပြင်ဘက်ထွက်ထွက်သွားတာ၊ အက္ခရာတစ်လုံးနဲ့တစ်လုံးကြား အကွာအဝေး မပိုင်းခြားတတ်တာ၊ စာရေးအရမ်းနှေးတာ၊ ခဲတံ ဘောပင်ကို ပုံကြအောင်ကိုင်ဖို့ခက်တာ၊ စာပြောင်းပြန်ရေးတာတွေက သူ့ရဲ့လက္ခဏာတွေပါပဲ။

၃။ အတွက်ခက်ခြင်း (Dyscalculia)
ဂဏန်းတွေနဲ့ ဂဏန်းသင်္ချာတွေ တွက်ရချက်ရတဲ့အခါ ကျိုးကြောင်းဆီလျော်အောင်မတွက်ချက်နိုင်တာ ဖြစ်ပါတယ်။

၄။ အပြုအမူခက်ခြင်း (Dyspraxia)
အဝတ်အစားဝတ်တာ၊ ကတ်ကြေး ဓား ဇွန်း ခရင်း စတဲ့ ကိရိယာတွေအသုံးပြုတဲ့အခါ ပုံကြအောင်မကိုင်တတ်တာမျိုးပါ။ ဒီပြဿနာက နံပါတ် (၁) က ပြဿနာနဲ့တွဲပြီးလည်းဖြစ်တတ်ပါတယ်။

အခုရေးပြခဲ့တဲ့ ပြဿနာတွေအားလုံးက ကလေးတွေရဲ့ ဉာဏ်ရည်နဲ့ ကောင်း မကောင်းနဲ့ မသက်ဆိုင်ပါဘူးခင်ဗျာ။ အမှန်တကယ်တော့ ဒီကလေးတွေမှာ သာမန်ကလေးတွေထက်ထူးချွန်တာတစ်ခုခုရှိနေတတ်ပါတယ်။ ပြီးတော့ ကလေးအရွယ်ရလာတဲ့အခါ ဒီပြဿနာတွေက ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ဆိုးတာက ဒါကိုနားမလည်ကျတဲ့ မိဘ ဆရာ နဲ့ လူကြီးတွေကပေးတဲ့ ဖိအားနဲ့ တံဆိပ်တွေကသာ ကလေးကို အညွန့်ချိုးသလိုဖြစ်စေနိုင်တာဖြစ်လို့ သတိထားရအောင်တိုက်တွန်းလိုက်ပါတယ်။

https://youtu.be/zafiGBrFkRM?si=vEJzaD-t4GjJx8R1

ဘာကြောင့် phonics သင်သင့်သလဲ?Phonics ကိုနားလည်လွယ်အောင်ပြောရရင် အရင်ကဘုန်းတော်ကြီးကျောင်းတွေမှာ သင်ရတဲ့  “က ကြီးရေ က၊ ယ ...
17/03/2025

ဘာကြောင့် phonics သင်သင့်သလဲ?

Phonics ကိုနားလည်လွယ်အောင်ပြောရရင် အရင်ကဘုန်းတော်ကြီးကျောင်းတွေမှာ သင်ရတဲ့ “က ကြီးရေ က၊ ယ ပင်း ကျ” မြန်မာစာသင်ပုန်းကြီးသင်ရိုးနဲ့သဘောတူပါပဲ။ မြန်မာစာ သင်ပုန်းကြီးသင်ရိုး ပြီးသွားရင်ကလေးက မြန်မာစာကောင်းကောင်းဖတ်တတ်သွားပါတယ်။ ရေးထားတဲ့စာကို အဓိပ္ပါယ်နားမလည်ရင်တောင် သူ့ဘာသာစကားရဲ့အသံအတိုင်းအသံထွက်ဖတ်တတ်သွားတာပါ။ မိခင်ဘာသာစကားကိုတောင် ရေးထားတဲ့စာကိုဖတ်တတ်ဖို့ အက္ခရာတွေနဲ့ သူတို့ရဲ့ အသံကို သင်ယူရသေးတာဖြစ်လို့ မိခင်ဘာသာစကားမဟုတ်တဲ့ ဒုတိယဘာသာစကား အင်္ဂလိပ်စာကို သင်ကြတဲ့အခါ အလွတ်ကျက်မှတ်ခိုင်းတာထက် သူ့ဘာသာစကားမှာအသုံးပြုတဲ့ အသံတွေနဲ့ သူတို့အချင်းချင်းစပ်ဆပ်ပုံ၊ ပြီးတော့ အဲဒီအသံတွေကို ကိုယ်စားပြုတဲ့ အက္ခရာတွေနဲ့ သူတို့ကိုယ်စားပြုတဲ့အသံတွေကို သင်လိုက်တာက တစ်ချက်ခုတ် သုံးလေးချက် ပြတ်ပါတယ်။ ကလေးအနေနဲ့ အသံကြားတာနဲ့ အနီးစပ်ဆုံးစာလုံးပေါင်းရေးနိုင်သလို စာလုံးအသစ်မြင်တာနဲ့ (စကားလုံးအဓိပ္ပါယ်မသိပေမယ့်) အသံထွက်ဖတ်နိုင်ပါတယ်။

Jolly Phonics လား၊ Oxford Phonics လား

Systematic Synthetic Phonics Programmes တွေကို UK အစိုးရရဲ့ပညာရေးဌာနက သတ်မှတ်ချက်နဲ့အညီ စစ်ဆေးပြီး တရားဝင်အသိပြုပေးထားပါတယ်။ အသိအမှတ်ပြုထားတဲ့ စနစ်တွေအများကြီးရှိတဲ့အထဲကမှ မြန်မာပြည်မှာ လူသိအများဆုံး အသုံးပြုအများဆုံးက Jolly ပါ။ သူက အုပ်စု(၁)ခုမှာ အသံ (၆)သံနဲ့ အသံအုပ်စုပေါင်း (၇)ခု၊ စုစုပေါင်း အသံ (၄၂)သံရှိပါတယ်။ အုပ်စုတိုင်းကို ဗျည်းသံနဲ့ သရသံရောနှောထားပြီး သူတို့တွေကို စာလုံပေါင်းခိုင်းတာဖြစ်ပါတယ်။

Oxford Phonics ကတော့ Level ၅ ခုခွဲထားပြီး အဆင့်-၁ မှာ အက္ခရာ (၂၆) လုံးနဲ့ သူတို့ရဲ့အသံတွေကို စသင်တာဖြစ်ပါတယ်။ ပြီးမှ အဆင့်-၂ နဲ့ အဆင့်-၃ မှာ သရသံကို အသံတို၊ အသံရှည် ခွဲပြီးသင်ပါတယ်။ နောက် အဆင့်-၄ မှာ ဗျည်းသံတွေကို ရောနှောပြီးအသံထွက်ရတဲ့ ဗျည်းသံအရော အသံထွက်တွေသင်ပါတယ်။ နောက်ဆုံးအဆင့်မှာတော့ ရှေ့ က အဆင့်တွေမှာမပါသေးတဲ့အသံတစ်ချို့ရယ်နဲ့အခြား ရှေ့ဆက် နောက်ဆက် အက္ခရာအရော အသံထွက်နည်းတွေသင်ပါတယ်။ Level-3 အထိသင်ထားဖူးရင်ကို ကလေးအတွက်အဆင်ပြေပါပြီ။

စနစ် နှစ်ခုက ချဉ်းကပ်ပုံ မတူကြလို့ မတူတဲ့စနစ်နှစ်ခုကို ဘယ်ဟာပိုကောင်းသလဲလို့ မေးလို့မရပါဘူး။ ကိုယ့်ကလေး၊ ကိုယ့်ကျောင်းနဲ့ကိုက်ညီမယ့်ဟာကိုရွေးကြရတာပါ။ ဒီစနစ် ၂ ခုကိုမကြိုက်လို့ အခြားစနစ်ကိုရွေးချင်သပဆိုရင်လည်း LetterLand၊ Twinkl၊ Bug Club၊ All Aboard စတဲ့အခြားနည်းတွေရှိပါတယ်။

Address

3rd Street Sayarsan Ward
Yegyi
10081

Opening Hours

08:00 - 11:00
15:30 - 18:00

Telephone

+959792571265

Alerts

Be the first to know and let us send you an email when YN Classhouse posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to YN Classhouse:

Shortcuts

Share

Category