NOBEL English Language Academy

NOBEL English Language Academy Let's join "NOBEL" for Better English.

🎤 English Impromptu Talk Competition ပြိုင်ပွဲဝင်မယ့်ကလေးတွေ မဖြစ်မနေသိထားသင့်တဲ့ အချက်များ♦️♦️♦️“impromptu Talk ပြိုင်ပ...
21/08/2026

🎤 English Impromptu Talk Competition ပြိုင်ပွဲဝင်မယ့်ကလေးတွေ မဖြစ်မနေသိထားသင့်တဲ့ အချက်များ♦️♦️♦️

“impromptu Talk ပြိုင်ပွဲမှာ ခေါင်းစဉ်တစ်ခုကို ကြိုမသိဘဲ ချက်ချင်း English လိုပြောရမယ်ဆိုရင်… ဘယ်လိုလုပ်မလဲ?” 🤔

♦️Competition မှာ စာကျက်ထားတဲ့ Speech တစ်ပုဒ်ကို ပြောတာနဲ့ Impromptu Talk က မတူပါဘူး။
♦️Impromptu Talk ဆိုတာက
👉 Topic ကို ချက်ချင်းရယူရမယ်
👉 အချိန်တိုအတွင်း စဉ်းစားရမယ်
👉 ကိုယ့်အတွေးကို English လို စနစ်တကျ ပြောရမယ်
👉 ပြီးတော့ Audience နဲ့ Judges တွေရှေ့မှာ Confidence ရှိရှိ ပြောရမယ်။

ဒါကြောင့် English ကောင်းရုံနဲ့ မလုံလောက်ပါဘူး။
Think Fast + Organise Ideas + Speak Clearly + Stay Confident လုပ်နိုင်ဖို့ လေ့ကျင့်ထားဖို့လိုပါတယ်။ 🌱

🌟 English Impromptu talk Competition မဝင်ခင် သိထားသင့်တဲ့ အချက်တွေကို ‌မျှဝေပေးချင်ပါတယ်🌟
📌1. Think Before You Speak 🧠
Topic ရတာနဲ့ ချက်ချင်းမပြောသေးဘဲ စက္ကန့်အနညးငယ်အတွင်း ကိုယ်ပြောမယ့် Main Points 2ခု /3 ခု ကိုစိတ်ထဲမှာ အရင်စီစဉ်ပါ။

📌2. Use a Simple English Structure 📝
အတွေးတွေကို ရှုပ်မနေအောင်
Introduction → Main Points → Example →
Conclusion ဆိုတဲ့ပုံစံနဲ့ ပြောပါ။

📌3. Don't Try to Use Difficult Words 📚
Vocabulary ခက်ခက်တွေ အများကြီးသုံးတာထက် ကိုယ်သေချာသိတဲ့ simple & correct English ကို သဘာဝကျကျသုံးတာ ပိုအရေးကြီးပါတယ်။

📌4.Speak Clearly, Not Quickly 🗣️
Englishလို မြန်မြန်ပြောတာက Fluency မဟုတ်ပါဘူး။ အသံရှင်းရှင်း၊ Pronunciation မှန်မှန်နဲ့ သင့်တော်တဲ့ Pace ကို ထိန်းပြီးပြောပါ။ အရေးကြီးတဲ့စကားလုံးတွေကို stress ပေးပါ။

📌5.Eye Contact & Body Language 👀
စကားပြောတဲ့အခါ Judgeတွေ နဲ့ Audience တွေကို ကြည့်ပြီးပြောပါ။ အောက်ကိုပဲ ကြည့်ပြီး မပြောပါနဲ့။ သဘာ၀ကျတဲ့ Facial Expression နဲ့ လက်ဟန်အနည်းငယ်ကို အသုံးပြုပါ။

📌6. Don't Panic When You Forget a Word 💪
စကားလုံးတစ်လုံး မေ့သွားတာနဲ့ ရပ်မနေပါနဲ့။
အခြားစကားလုံးနဲ့ ပြန်ရှင်းပြပါ။
“Keep going. Stay calm. Keep speaking.” 💪
Keep Going! 🌟

📌7. Give Examples 💡
ကိုယ်ပြောမယ့်အကြောင်းအရာကို ပိုမိုစိတ်ဝင်စားဖို့ကောင်းပြီး နားလည်လွယ်အောင် သက်ဆိုင်တဲ့ Examples လေးတွေ ထည့်ပြောပါ။ ကိုယ်တွေ့အတွေ့အကြုံ၊ နေ့စဉ်ဘဝက ဥပမာလေးတွေကို အသုံးပြုနိုင်ပါတယ်။ ဒါက ကိုယ့်ရဲ့အတွေးအမြင်ကို ပိုပြီးရှင်းလင်းစေပြီး Audience နဲ့ Judges တွေရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိစေပါတယ်။ 💡✨

📌📌⭐နောက်ဆုံးအရေးကြီးဆုံးအချက်ကတော့…
Impromptu Talk Competition မှာ “Perfect English”
ထက်
“Clear Ideas + Confidence + Communication Skills” က ပိုအရေးကြီးပါတယ်။
ကလေးတစ်ယောက်က မှားမှာကြောက်လို့ မပြောရဲတာ
မဖြစ်အောင်၊“I can do it!” ဆိုတဲ့ ယုံကြည်ချက်လေး
ရလာအောင် လေ့ကျင့်ပေးကြရအောင်။ 🌱✨
Think Fast. Speak Clearly. Stay Confident. 🎤🏆

with 💕 (21.8.2026) Friday
🧑‍🎓Tr.Daw Htet Htet Lwin
🧑‍🎓M.A (English)
🧑‍🎓Founder & Principal
⭐ NOBEL English Language Academy




📚 Grammar တိုးတက်အောင် ဘာလုပ်သင့်လဲ?*********************************************♦️ ကျမကတော့ English Language Teacherတစ်...
20/08/2026

📚 Grammar တိုးတက်အောင် ဘာလုပ်သင့်လဲ?
*********************************************
♦️ ကျမကတော့ English Language Teacher
တစ်ယောက်အနေနဲ့ ကျောင်းသားတွေ Grammar လေ့လာတဲ့အခါ Grammar Rules တွေကို အလွတ်ကျက်ထားရုံနဲ့ မလုံလောက်ဘူး လို့ အမြဲပြောဖြစ်ပါတယ်။

♦️Grammar ဆိုတာ စာမေးပွဲဖြေဖို့အတွက်ပဲ လေ့လာရတဲ့အရာမဟုတ်ဘဲ English ကို မှန်မှန်ကန်ကန် ပြောနိုင်၊ ရေးနိုင်ဖို့ အသုံးချရတဲ့ Language Tool တစ်ခု ဖြစ်ပါတယ်။

♦️ဒါကြောင့် Grammar တိုးတက်လာစေဖို့—
🩷 1. Grammar Rulesတွေကို နားလည်အောင် လေ့လာပါ။
Rule ကို အလွတ်ကျက်တာထက် ဘယ်အခြေအနေမှာ ဘယ်လိုအသုံးပြုရမလဲဆိုတာ နားလည်ဖို့ အရေးကြီးပါတယ်။

🩷 2. Examples တွေကို များများလေ့လာပါ။
Grammar Point တစ်ခုကို လေ့လာပြီးတိုင်း Example Sentences တွေကို ဖတ်ပြီး ကိုယ်တိုင်လည်း Sentences တွေ တည်ဆောက်ကြည့်ပါ။

🩷 3. Reading လုပ်ပါ။ 📖
English စာများများဖတ်လေလေ မှန်ကန်တဲ့ Sentence Structures တွေကို သဘာဝအတိုင်း ပိုမိုသိရှိလာလေလေပါပဲ။ ဒါကြောင့် ကလေးတို့ စာများများဖတ်ဖို့ လိုအပ်ပါတယ်။

🩷4. Writing မှာ အသုံးချပါ။ ✍️
လေ့လာထားတဲ့ Grammar ကို Paragraph Writing, Diary Writing, Short Stories စတာတွေမှာ အသုံးချကြည့်ပါ။

🩷5. Speaking မှာလည်း အသုံးချပါ။ 🗣️
Grammar ကို စာအုပ်ထဲမှာပဲ သိထားတာထက် နေ့စဉ်ပြောဆိုမှုထဲမှာ အသုံးချနိုင်ဖို့ ပိုအရေးကြီးပါတယ်။

🩷6. ကိုယ့်အမှားတွေကို ပြန်လေ့လာပါ။
အမှားလုပ်တာဟာ မကောင်းတာမဟုတ်ပါဘူး။ အမှားကို သိပြီး ပြန်ပြင်နိုင်တာက Learning Process ရဲ့ အရေးကြီးတဲ့အပိုင်းတစ်ခုပါ။

💡♦️ As an English Language Teacher, I always believe that Grammar improves through meaningful practice, not memorisation alone. So,
Learn it. Practise it. Use it. Correct it. Repeat it.

♦️ဒီလိုနည်းလမ်းနဲ့ ပုံမှန်လေ့လာသွားမယ်ဆိုရင် Grammar Accuracy တင်မကဘဲ Speaking & Writing Skills တွေပါ တဖြည်းဖြည်း တိုးတက်လာမှာ ဖြစ်ပါတယ်။
📌(20.8.2026) Thursday

💕 with Love 💕
🧑‍🎓Tr.Daw Htet Htet Lwin
🧑‍🎓M.A (English)
🧑‍🎓Founder & Principal
NOBEL English Language Academy ⭐




#ကေတုမတီမြို့သစ်
#ရေတာရှည်မြို့

20/08/2026

Come & Join!
Let's Sing Together 🎶🎶🎶
English Language Academy # #ကေတုမတီမြို့သစ်
#ရေတာရှည်မြို့


17/08/2026

🗣️✨ Debate Time at NOBEL!

♦️ကလေးတွေကို Debate လုပ်ခိုင်းခြင်းဖြင့် ကလေးတွေရဲ့ အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်စေရုံသာမက မိမိအမြင်ကို ယုံကြည်မှုရှိရှိနဲ့ ထုတ်ဖော်ပြောဆိုတတ်လာနိုင်ပါတယ်။

💪ဒီvideoလေးမှာ ကလေးတွေက အစပိုင်းမှာ ရှက်ရွံ့ပြီး စကားပြောဖို့ တွန့်ဆုတ်နေကြပေမယ့် ပြောရင်း၊ ဆွေးနွေးရင်းနဲ့ ကိုယ့်အမြင်ကို ပိုမိုအားပါပါ ပြောလာကြတာ တွေ့ရပါတယ်။

🗣️ဒါ့အပြင် မိမိပြောဆိုနေတဲ့အကြောင်းအရာအပေါ် ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်အောင် ပြောဆိုတင်ပြတတ်ခြင်း၊ နားထောင်သူတွေကို ဆွဲဆောင်နိုင်ခြင်း စတဲ့ Communication Skills တွေကိုလည်း တဖြည်းဖြည်း ဖွံ့ဖြိုးလာတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်

💭 Think
🗣️ Speak
👀 Engage
💡 Inspire

🤗ဒီနေ့ရဲ့ Debate လေ့ကျင့်မှုကနေ
စကားပြောရဲတဲ့ကလေး၊ စဉ်းစားတတ်တဲ့ကလေး၊ နားထောင်သူကို ဆွဲဆောင်နိုင်တဲ့ကလေး တွေ ဖြစ်လာစေဖို့ ရည်ရွယ်ပါတယ်။ 💙

NOBEL English Language Academy

#ကေတုမတီမြို့သစ်
#ရေတာရှည်မြို့


17/08/2026

🎤✨ Debate Time! ✨
မတူညီတဲ့အမြင်တွေကို ယုံကြည်မှုရှိရှိ ထုတ်ဖော်ပြောဆိုရင်း 💬
အကြောင်းအရာတစ်ခုကို အချက်အလက်နဲ့တကွ စဉ်းစားသုံးသပ်ပြီး Critical Thinking, Communication Skills & Confidence တွေကို တိုးတက်စေမယ့် Debate Time လေး 🗣️✨
📚 Think • Speak • Listen • Respect • Debate 🌟
ကျောင်းသား/သူလေးတွေရဲ့ အတွေးအမြင်တွေ၊ အကြောင်းပြချက်တွေကို မျှဝေပြီး အတူတူလေ့လာခဲ့ကြတဲ့ Debate Time လေးကို မျှဝေပေးလိုက်ပါတယ်။ 💙


#ကေတုမတီမြို့သစ်
#ရေတာရှည်မြို့

17/08/2026

🎤✨ Debate Time! ✨

❤️မတူညီတဲ့အမြင်တွေကို ယုံကြည်မှုရှိရှိ ထုတ်ဖော်ပြောဆိုရင်း 💬
အကြောင်းအရာတစ်ခုကို အချက်အလက်နဲ့တကွ စဉ်းစားသုံးသပ်ပြီး Critical Thinking, Communication Skills & Confidence တွေကို တိုးတက်စေမယ့် Debate Time လေး 🗣️✨

📚 Think • Speak • Listen • Respect • Debate 🌟
ကျောင်းသား/သူလေးတွေရဲ့ အတွေးအမြင်တွေ၊ အကြောင်းပြချက်တွေကို မျှဝေပြီး အတူတူလေ့လာခဲ့ကြတဲ့ Debate Time လေးကို မျှဝေပေးလိုက်ပါတယ်။ 💙


#ကေတုမတီမြို့သစ်
#ရေတာရှည်မြို့

16/08/2026

🌟 သားလေး ခန့်ဇမ္ဗူနိုင် က
Phonics Level 1 – Alphabet Sounds ကို

📅Saturdays & Sundays(တစ်ပတ် ၂ ရက်)၊ စုစုပေါင်း (8)ပတ် ကာလအတွင်း စနစ်တကျ သင်ယူလေ့လာခဲ့ပါတယ်။

📌သင်ယူမှုကာလအတွင်းမှာ—
🔤 Alphabet Sounds တွေကို မှန်ကန်စွာ သိရှိလာခြင်း
👂 အသံများကို နားထောင်ခွဲခြားနိုင်လာခြင်း
🗣️ Letter Sounds များကို ပီပီသသ ထွက်ဆိုနိုင်လာခြင်း
📖 Phonics Words များကို ဖတ်နိုင်လာခြင်း
📚 ယခုဆိုရင် Story Books လေးတွေကိုပါ ကိုယ်တိုင်
ဖတ်ရှုနိုင်လာပြီ ဖြစ်ပါတယ်။

✨ အချိန်တိုအတွင်း စနစ်တကျ လေ့လာကြိုးစားပြီး တစ်ဆင့်ချင်း တိုးတက်လာတဲ့ သားလေးခန့်ဇမ္ဗူနိုင်ရဲ့ Phonics & English Reading Journey လေးကို
မျှဝေပေးလိုက်ပါတယ်။ 💛📚

🤗 Small Steps, Big Progress!

⭐NOBEL English Language Academy ⭐

#ရေတာရှည်မြို့
#ကေတုမတီမြို့သစ်

15/08/2026

🎶✨ Learning English Through Songs! 🎤💛

📌စာသင်ခန်းထဲမှာ English Languageကို လေ့လာရုံတင်မကဘဲ 🎵သီချင်းလေးတွေဆိုရင်း အသံထွက်၊ စကားလုံးနဲ့ Speaking Confidence တွေကိုပါ တဖြည်းဖြည်း တိုးတက်လာအောင် လေ့ကျင့်နေကြပါတယ်။ 🌱
✨ပျော်ရွှင်စွာ သီဆိုရင်း English Languageကို ချစ်မြတ်နိုးလာကြတဲ့ ကလေးလေးတွေရဲ့ ချစ်စရာအခိုက်အတန့်လေးကို မျှဝေပေးလိုက်ပါတယ်။ 🥰
🎤Sing • Learn • Enjoy • Grow 🌈
#ကေတုမတီမြို့သစ်
#ရေတာရှည်မြို့



⭐NOBEL English Language Academy ⭐

15/08/2026

🌸📚 သမီးလေး တွယ်တာမိုးဦးရဲ့ Phonics Learning Journey 💗

🌱 Learn the sounds. Blend the words. Read with confidence! 💖

📌Alphabet Sounds & Short Vowels တွေကို စနစ်တကျလေ့လာပြီးနောက်
🔤✨Phonics Words တွေ၊ Sentences တွေနဲ့ Story Books တွေကို အသံထွက်မှန်မှန်၊ Intonation မှန်မှန် နဲ့ ယုံကြည်မှုရှိရှိ ဖတ်ပြနေတဲ့ သမီးလေး တွယ်တာမိုးဦး ရဲ့ ချစ်စရာမှတ်တမ်းတင် Video လေးပါ။ 🌷

📖အသံတစ်လုံးချင်းစီကို မှန်ကန်စွာဖတ်နိုင်လာခြင်းကနေ စာကြောင်းတွေနဲ့ Story တွေကို သဘာဝကျကျ ဖတ်နိုင်လာတဲ့အထိ… 💕 တစ်ဆင့်ချင်းစီ တိုးတက်လာတဲ့ Phonics Journey လေးကို မျှဝေပေးလိုက်ပါတယ်။ 👏

⭐ NOBEL English Language Academy ⭐
🧑‍🎓Tr.Daw Htet Htet Lwin
🌟Founder & Principal of NOBEL


#ရေတာရှည်မြို့
#ကေတုမတီမြို့သစ်


Address

Center (1) *(No. 1763), Yangon-Mandalay Highway Street, Kaytumati, Toungoo, , Center(2) * (1) Quarter, KanPatLan
Yedashe

Telephone

09254289263

Website

Alerts

Be the first to know and let us send you an email when NOBEL English Language Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category