Sayar Aung Aung Compuer + English သင်တန်းကျောင်း

Sayar Aung Aung Compuer + English သင်တန်းကျောင်း

Share

မင်္ဂလာပါ ကွန်ပျူတာ+အင်္ဂလိပ်စာ ကျွမ်းကျင်မှုသင်တန်း တက်လိုပါက အမြန်ဆုံး ဆက်သွယ်ပါ။
09262519230ဆက်ပါ။

21/10/2025

Hi

06/09/2025

🌠▪️ #ဂရုဓမ္မအခါတော်နေ့ (သို့)
#တော်သလင်းလပြည့်နေ့"▪️🌠
************************
ဗုဒ္ဓဘာသာဝင်များအတွက် တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ဟု သတ်မှတ်ထားကြပါတယ်။

ထိုနေ့ကိုရောက်လာရင် ငါးပါးသီလ ချို့ယွင်းနေသူများအား သတိပေးတဲ့အနေ့နဲ့

ငါးပါးသီလကို အသက်ထက်ဆုံး လုံခြုံအောင် စောင့်ထိန်းကြဖို့အသိပေးတယ်တဲ့နေ့ ဆိုလည်း မှားမည်မထင်ပါ။

ဂရုဓမ္မဆိုတာ လူသားတို့ အနေဖြင့် တလေးတစား စောင့်ထိန်းအပ်တဲ့ (ကုရုဓမ္မ) ငါးပါးသီလကိုပဲ ဆိုလိုခြင်းဖြစ်ပါတယ်။
ကုရုဓမ္မကနေ ဂရုဓမ္မဖြစ်လာတာပါ။

ထိုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းက ရဟန်းနှစ်ပါး ဟင်္သာတစ်ကောင်ကို အလောင်းအစားလုပ်ကာ ကျောက်ခဲနှင့် ပစ်သတ်ခဲ့တဲ့အတွက် သာသနာတွင်းရဟန်းများအနေဖြင့်

ပါဏာတိပါတကံကို
မကျူးလွန်သင့်ကြောင်းနှင့် ရှေးပညာရှိများအနေဖြင့် သာသနာပ ကာလလူဘောင်ဘဝဖြင့်ပင်
ပါဏာတိပါတကံ စတဲ့ သီလများကို စောင့်ရှောက်ထိန်းသိမ်းခဲ့ကြောင်းကို အကြောင်းပြုပြီး ပေါ်ပေါက် လာခဲ့ခြင်းဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် အလောင်းတော်ဘဝတစ်ခုမှာ
ကုရုတိုင်း
ဣန္ဒပတ္တနဂိုရ်မြို့
ဓနဉ္စယကောရဗျမင်းရဲ့ မိဖုရားကြီးတို့ရဲ့ သားတော်တစ်ဦးဖြစ်ခဲ့ပြီး အရွယ်ရောက်တာနဲ့ တက္ကသိုလ်မှာ အလုံးစုံသော အတတ်ပညာတို့ကို သင်ကြားတတ်မြောက်ပြီး အိမ်ရှေ့မင်းအရာမှာ ခန့်အပ်ခြင်းကို ခံရပါတယ်။

ဖခင်မင်းကြီးကွယ်လွန်တဲ့အခါမှာ မင်းအဖြစ်ဆက်လက် အုပ်ချုပ်ခွင့်ရပြီး ဆယ်ပါးသော မင်းကျင့်တရားနှင့် ညီစွာအုပ်ချုပ်လျက် ငါးပါးသီလလို့ခေါ်တဲ့ ကုရုဓမ္မကိုလည်း စောင့်ထိန်းပါတယ်။
ဘုရားအလောင်းတော် မင်းဟာ ငါးပါးသီလကိုစောင့်ထိန်းသကဲ့သို့၊ ဘုရားအလောင်း၏ မယ်တော်၊ မိဖုရားကြီး၊ ညီတော် အိမ်ရှေ့မင်း၊ ပုရောဟိတ်ပုဏ္ဏား၊ အမတ်၊ ရထားထိန်း၊ သူဌေး၊ အမတ်ကြီး၊ တံခါးစောင့်၊ ပြည့်တန်ဆာမတို့လည်းပဲ ငါးပါးသီလလို့ခေါ်တဲ့ ကုရုဓမ္မ(ဂရုဓမ္မ)ကို စင်ကြယ်စွာစောင့်ထိန်းကြတာပါ။

ဘုရားအလောင်းတော်ဟာ မြို့တံခါးလေးမျက်နှာ၊ မြို့လယ်၊ နန်းတော် ဤခြောက်ဌာနတို့မှာ အလှူမဏ္ဍပ်တွေဆောက်လုပ်ပြီး နေ့စဉ် ခြောက်သိန်းသော ဥစ္စာများကို စွန့်လှူခြင်းမှာလည်း မွေ့လျော်တာကြောင့် ဇမ္ဗူဒိပ်၌ ကျော်ကြားနေပါတယ်။
တစ်တိုင်းပြည်လုံးမှ လူများလည်း ကုရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလမြဲကြပါတယ်။

ဘုရားအလောင်း၏ နိုင်ငံနှင့်မနီးမဝေး ကာလိင်္ဂတိုင်း ဒန္တပူရမြို့မှာ ကာလိင်္ဂမင်းဟာ မင်းပြုနေပါတယ်။
ထိုမင်းရဲ့ တိုင်းမှာတော့ မိုးမရွာ။
မိုးမရွာတော့ တစ်တိုင်းပြည်လုံးမှာ ငတ်မွတ်ခြင်းဘေး၊ ရောဂါဘေး ရာသီဥတုဖောက်ပြန်တဲ့ဘေးဆိုပြီး ဘေးသုံးမျိုးနှင့်ကြုံတွေ့ရပါတော့တယ်။

တိုင်းသူပြည်သားတွေက ကာလိင်္ဂမင်းကြီးဆီ ထိုကဲ့သို့ကပ်ဆိုက်နေချိန်မှာ ရှေးမင်းများ ပြုကျင့်သည့်အတိုင်း ဒါန သီလများပြုပါက မိုးရွာမည်ဖြစ်ကြောင်းလျောက်ထားပါတယ်။
ဒါပေမယ့် ထိုကဲ့သို့ ဒါန သီလများပြုသော်လည်း မိုးမရွာပါဘူး။
နောက်တစ်ဖန် ကုရုတိုင်းမှာ အဥ္ဏနဝဏ္ဏမင်္ဂလာဆင်ကြီးကို အလှူခံပြီး သယ်ဆောင်ပါက မိုးရွာနိုင်ပါသည်ဟု ဒုတိယအကြိမ်လျောက်ထားပြန်ပါတယ်။
ဆင်တော်မင်္ဂလာကြီး သယ်ဆောင်လာနိုင် သော်လည်း မိုးမရွာပြန်ပါဘူး။
နောက်ဆုံးမှာ အကြောင်းစုံကို စုံစမ်းပြီး ကုရုတိုင်းမှ ဘုရားအလောင်းအတော် အပါဝင်၊ မယ်တော်၊ မိဖုရား၊ ညီတော်၊စတဲ့ ပုဂ္ဂိုလ်ဆယ်ယောက်အပြင် တစ်တိုင်းပြည်လုံးမှ လူများ စောင့်ထိန်းကြတဲ့ ကုရုဓမ္မ(ဂရုဓမ္မ)လို့ခေါ်တဲ့ ငါးပါးသီလကို ရွှေပေလွှာမှာ ကူးစေပြီး ကာလိင်္ဂတိုင်းသူ ပြည်သားအားလုံးအပြင် ဘုရင်မှစ၍ ထိုကုရုဓမ္မကိုစောင့်ထိန်းကျင့်သုံးတော့မှ ရာသီဥတုတွေ မှန်ကန်လာပြီး တစ်တိုင်းပြည်လုံး သာယာဝပြောကာ ဘေးသုံးပါးမှ ကင်းလွှတ်ခဲ့ပါတယ်။

အချုပ်အားဖြင့် ဘုရားအလောင်းတော် အုပ်ချုပ်သော တိုင်းပြည်မှာ
ဘုရင်မှစ၍ မယ်တော်၊ မိဖုရားအပါဝင်
တစ်တိုင်းပြည်လုံး ငါးပါးသီလမြဲကြသဖြင့်၊ ရာသီဥတုမှန်ကန်ကာ
တိုင်းပြည်တစ်ခုလုံး သာယာဝပြောခြင်း၊
ကာလိင်္ဂတိုင်းမှာ ဘုရင်မှအစပြု၍ တိုင်းပြည်တစ်ခုလုံး ကုရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလ မမြဲကြသဖြင့် ရာသီဥတုဖောက်ပြန်ကာ ဘေးဆိုးများနှင့်ရင်ဆိုင်ရခြင်း၊ ငါးပါးသီလမြဲပါမှ တစ်ဖန် ရာသီဥတု မှန်ကန်ပြီး တိုင်းပြည်သာယာဝပြောလာခြင်း စတဲ့အချက်များကို ထောက်ဆကြည့်မည်ဆိုပါလျှင်

ယနေ့ခေတ် ရာသီဥတုဖောက်ပြန်ခြင်း၊
အစာငတ်မွတ်ခြင်း၊ ရောဂါထူပြောခြင်းစတဲ့ဘေးဆိုများနှင့် ရင်ဆိုင် နေရခြင်းသည် လူတို့စောင့်ထိန်းအပ်သည့် ဂရုဓမ္မခေါ် ငါးပါးသီလ ဖောက်ဖျတ်ခြင်း၊ လောဘ၊ ဒေါသ မောဟ စတဲ့ကိလေသာများထူပြောခြင်းကြောင့် သုံးသပ်ရမည်ဖြစ်ပါတယ်။

ဒါကြောင့် တိုင်းပြည်သာယာဝပြောပြီး ရာသီဥတုမှန်ကန်၊
ကပ် ဘေးအန္တရာယ်အပေါင်းမှ ကင်းလွတ်စေရန် မိမိမှအစပြု၍ တစ်ဦးချင်းလိုက်၊ တစ်မိသားစုချင်းလိုက်၊ အစပြုကာ တစ်တိုင်းပြည်လုံး၊ တစ်ကမ္ဘာလုံး ဂရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလကို မြဲမြံစွာ စောင့်ထိန်းသင့်လှကြောင်း နေ့စဉ်စောင့်ထိန်းကြဖို့ အသိပေးလိုခြင်း ဖြစ်ပါတယ်။
ငါးပါးသီလဖောက်ပြားနေသူများ၊ ပျက်ယွင်းနေသူများအား ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းကြဟု ဘုရားအလောင်းတော် ကုရုမင်းကြီး သတိပေးနေဟန် တူပါတော့တယ်။

ဆက်လက်စဉ်းစားမိသည်က ထိုဇာတ်တော်ကို မြတ်စွာဘုရားရှင် တော်သလင်းလပြည့်နေ့တွင် ဟောတော်မူခဲ့ခြင်းလား၊ (သို့မဟုတ်) ကာလိင်္ဂတိုင်းသားတို့အား ငါးပါးသီလကို ရွှေပေလွှာပေါ်တွင် ကူးစေခဲ့သည့်နေ့ကား တော်သလင်းလပြည့်နေလား၊ အနီးစပ်ဆုံးအားဖြင့် ကုရုမင်းကြီးကား ပန္တွရသီဥပုသ်နေ့တွင် ပရိတ်သတ်အလယ်၌ အလှူဒါနပြုစဉ် ကာလိင်္ဂတိုင်းသားတို့အား ငါးပါးသီလကို ရွှေပေပေါ်တွင် ကူးစေခြင်းဆိုတဲ့အချက်ကို ထောက်ဆကြည့်မည်ဆိုပါက တော်သလင်းလပြည့်နေ့သာ ဖြစ်ပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ငါးပါးသီလဟူသော အခြေခံလူ့ကျင့်ဝတ်ကို အချိန်မရွေး စောင့်ထိန်းသင့်လှသည်ဆိုသောအချက်ကတော့ ငြင်းမရပါ။
ငါးရာ့ငါးဆယ် ဇာတ်တော်ထဲက ကုရုဓမ္မဇာတ်တော်ကို အကြောင်းပြုပြီး တော်သလင်းလပြည့်နေ့ကို ကုရုဓမ္မ(ဂရုဓမ္မ)အခါတော်နေ့ဟု သတ်မှတ်ခြင်းသာဖြစ်ပါတော့တယ်။

ဒေါက်တာအရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
🙏🌷🙏🌷🙏🌷🙏🌷🙏

တော်သလင်းလပြည့်၊
ဂရုဓမ္မအခါတော်နေ့

#ငါးပါးသီလအကြောင်းသိမှတ်ဖွယ်ရာများ”
🌺🍀🌺🍀🌺🍀🌺🍀🌺🍀🌺🍀🌺🍀

တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ --
ဂရုဓမ္မဇာတ်တော် ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့်ဆက်စပ်၍ ကျင်းပရခြင်း ဖြစ်ပါသည်။

(၁)။ “သတ်၊ခိုး၊ကာမေ၊မုသား၊သေ”ငါးမျိုး
တို့မှ ရှောင်ကြဉ်ခြင်းကို"ငါးပါးသီလ
ဟု ခေါ်၏။

(၂)။သူတော်ကောင်းတို့ အလေးဂရုထား၍
ကျင့်သုံးအပ်သောကြောင့် “ဂရုဓမ္မ
သီလ”ဟုခေါ်၏။

(၃)။ကမ္ဘာဦးအခါက စတင်ဖြစ်ပေါ်လာ
သောတရားဖြစ်၍ “ပဝေဏီဓမ္မ” ဟု
ခေါ်၏။

(၄)။ငါးပါးသီလကို လူမျိုးမရွေး၊ဘာသာမ
ရွေး စောင့်သုံးသင့်၏။ခါးဝတ်လုံချည်
ကဲ့သို့ မြဲသင့်၏။

(၅)။ငါးပါးသီလသည် ဗုဒ္ဓဘာသာတို့၏
အခြေခံတရားဖြစ်၏။
ငါးပါးသီလ ပျက်စီးသောသူသည်
ခြေထောက် ကျိုးသောသူနဲ့တူ၏။(လို
ရာခရီးသို့ ရောက်အောင်မသွားနိုင်ပါ)

(၆)။ငါးပါးသီလသည် ဗုဒ္ဓဘာသာတို့၏
နားမျက်စိနဲ့တူ၏။
ငါးပါးသီလပျက်စီးသောသူသည် နား၊
မျက်စိချို့ယွင်းသောသူကဲ့သို့ ဆင်းရဲ
ဒုက္ခရောက်တတ်၏။

(၇)။ငါးပါးသီလကို လူတိုင်းကိုယ်စီမြဲကြ
ပါလျှင် မိုးလေဝသမှန်ကန်၍
သယံဇာတသဘာဝပစ္စည်းများ ပေါ
ကြွယ်နိုင်၏။

(၈)။ငါးပါးသီလကို လူတိုင်းကိုယ်စီ စောင့်
ထိန်းကြပါလျှင်တရားရုံးများ၊
အချုပ်ထောင်များ ထားစရာပင် မလို
တော့ပါ။

(၉)။ငါးပါးသီလကို လူတိုင်း ကိုယ်စီ မြဲကြ
ပါလျှင်ကမ္ဘာကြီးတစ်ခုလုံး ထာဝရ
ငြိမ်းချမ်းနိုင်၏။

(၁၀)။ငါးပါးသီလ ပျက်စီးသူသည်
အသက်ရှင်လျက် သေသူ မည်၏။
အမှိုက်သဖွယ်စွန့်ပစ်အပ်သူမည်၏။
အပုပ်နံ့ထွက်သောအကောင်နှင့်တူ
၏။ခြေပြတ်၊လက်ပြတ်၊ဦးခေါင်း
ပြတ်သောသူနှင့် တူ၏။

(၁၁)။ငါးပါးသီလအကျိုးတရားများကို ဣ
တိဝုတ်အဋ္ဌကထာနှင့်ခုဒ္ဒကပါဌ
အဋ္ဌကထာ တို့တွင် မှတ်သားဖွယ်ရာ
အကျယ်အဝင့်ဖွင့်ပြထား၏။

(၁၂)။မဟာသုဒဿန စကြာမင်းကြီးသည်
လေးကျွန်းစကြာဝဠာလှည့်လှည်
ကာဖြင့် ဤငါးပါးသီလတရားကို
ဓမ္မသတ်သဖွယ်ဟောဆိုညွှန်ပြ
ဆုံးမလေ့ရှိ၏။

(၁၃)။တိကနိပါတ် ဂရုဓမ္မဇာတ်တွင် အမြင့်
ဆုံးရှင်ဘုရင်မှအနိမ့်ဆုံးပြည်တန်
ဆာမအထိ ငါးပါးသီလကိုစောင့်
ထိန်းသောကြောင့် မိုးလေဝသ
မှန်ကန်၍ ကပ်ကြီးသုံးပါးမှ
လွတ်ကင်းကြရ၏။

(၁၄)။ဒသကနိပါတ် ဓမ္မပါလဇာတ်တွင် ။
ငါးပါးသီလမြဲ၍ဓမ္မပါလတစ်မျိုး
လုံး အသက်အရွယ်ငယ်ငယ်ဖြင့်
သေရိုးထုံးစံမရှိဘဲ သက်တမ်းစေ့နေ
ကှရ၏။

(၁၅)။ဧကနိပါတ် ကုလာသကဇာတ်တွင်
အိုးလုပ်သမလေးသုဇိတာသည်
ငါးပါးသီလမြဲ၍ ရွှေအတိပြီးသော
သစ်သီးများကို ရရှိသည့်အပြင်
အသုရာမင်းကြီး၏ သမီးပျိုဘဝ၌
သူမတူအောင် ချောမောလှပရ၏။

(၁၆)။မြောက်ကျွန်းသူ/သားတို့သည်
-ငါးပါးသီလမြဲ၍ စားဝတ်နေရေး မပူ
ရခြင်း၊
-သေသူအတွက် သောက မရောက်ရ
ခြင်း၊
-သေပြီးနောက် နတ်ပြည်သို့ရောက်ရ
ခြင်း၊
-အနှစ်တစ်ထောင် သက်တမ်းစေ့နေ
ရခြင်း
စသော အကျိုးများကိုခံစားရ၏။

(၁၇)။ငါးပါးသီလ မစောင့်ထိန်းလျှင် သေ
သောအခါအပါယ်ဆင်းရဲ ကျ
ရောက်တတ်၏။

(၁၈)။ ငါးပါးသီလ စောင့်ထိန်းလျှင် သေ
သောအခါနတ်ပြည် ရောက်နိုင်၏။

မင်းတုန်းဘုရင် လက်ထက်တွင် ဂရုဓမ္မအမိန့်တော်ပြန်တမ်းကို ဆင်ပေါ်တင်၍ လေးပြင်လေးရပ် လှည့်လည်ပြီး ငါးပါးသီလစောင့်ထိန်းကြရန် တိုင်းသူပြည်သားတို့အား
နှိုးဆော်လေ့ရှိပါသည်။

“ငါးပါးသီလ၏ အမည်ထူးများ”
••••••••••••••••••••••••••••••••••••••••••••••••
(၁)။ လူမှန်လျှင် လိုက်နာကျင့်သုံးရမည့်
ဓမ္မတာတရားဖြစ်သောကြောင့်
“ဓမ္မတာသီလ”။
(၂)။ သူတော်ကောင်းတို့ အလေးဂရု
ထား၍ ကျင့်သုံးအပ်သောကြောင့်
“ဂရုဓမ္မသီလ”။
(၃)။ စကြ၀တေးမင်းတို့ ဓမ္မသတ်သဖွယ်
ကျင့်သုံးသောကြောင့် “စက္က၀တ္တိ
ဓမ္မသတ်”။
(၄)။ ကုရုတိုင်းနေ လူတို့ လိုက်နာကျင့်သုံး
သောတရားဖြစ်၍ “ကုရုဓမ္မသီလ”။
(၅)။ အရေအတွက် ငါးပါး ရှိသောကြောင့်
“ပဉ္စသီလ”။
(၆)။ လူပုဂ္ဂိုလ်တို့၏ ကိုယ်ကျင့်တရား
ဖြစ်သောကြောင့် “ဂဟဋ္ဌသီလ”။
(၇)။ လူတို့အမြဲနိစ္စ စောင့်သုံးအပ်သော
ကြောင့် “နိစ္စသီလ”။
(၈)။ မြတ်စွာဘုရားက တားမြစ်ထားသော
ကြောင့် “ဝါရိတ္တသီလ”။
(၉)။ အရိယာပုဂ္ဂိုလ်တို့ နှစ်သက်မြတ်နိုး
အပ်သောကြောင့် “အရိယကန်သီလ”။
(၁၀)။ ကျင့်သုံးအပ် ကျင့်သုံးသင့် ကျင့်
သုံးထိုက်သောကြောင့်
“သိက္ခာပဒသီလ”တို့ ဖြစ်ပါတယ်။ ။

-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊
မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ “အခါတော်နေ့များမှ”-

Crd-✍️
===============

✍️
#မူရင်းပို့စ်တင်ပူဇော်သူ_အဆင့်ဆင့်မျှဝေသူများကို_ကျေးဇူးတင်စွာဖြင့်
#ကူးယူပြီးထပ်ဆင့်မျှဝေကုသိုလ်ပြု

09/02/2025

နည်းပညာနဲ့ ပတ်သတ်တဲ့ စာအုပ်များ စုစည်းမှု 🗣️

🗣️ ကိုပေါက် – Google Sketchup https://docs.google.com/open?id=0ByoybHO2EueJdHBoekx2ci0yRW8

🗣️ ၀င်းဟိန်း – Basic Android https://docs.google.com/open?id=0B9UcDHcVpAz6dkpXYUlMX2RIdXM

🗣️ သန်းထိုက် – idevice လက်တွေ့အသုံးချနည်း https://docs.google.com/open?id=0B9UcDHcVpAz6aV9kWjduRmJ5VUE

🗣️ သရ – ၀င်းဒိုး(၈) အသုံးပြုနည်း https://docs.google.com/open?id=0B9UcDHcVpAz6aGN6WU1PZ0tSWjQ

🗣️ စုကြည်တွေး – Facebook ၏လုပ်ဆောင်ချက်များ https://docs.google.com/open?id=0B9UcDHcVpAz6aTU2TzNVVTZrYVU

🗣️ မျိုးသူရ-အင်တာနတ်လုံခြုံရေး https://docs.google.com/open?id=0B9UcDHcVpAz6VmEtaXJENGI2cXc

🗣️ တင်ဦး – အခမဲ့၀က်ဆိုက်ရေးနည်း တင်နည်း https://docs.google.com/open?id=0ByoybHO2EueJWV9TSHI1aFdxRWc

🗣️ သန်းထိုက်(ရွှေရိပ်) – မိုလ်ဘိုင်းနည်းပညာ https://docs.google.com/open?id=0B9UcDHcVpAz6SVE0SUEtbGkxNWM

🗣️ ကွန်ပျုတာအမေးအဖြေ https://docs.google.com/open?id=0B7HZIUBvCH1EMkRIUWt0VTA3LWM

🗣️ Photoshop effects 2 (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EMmZKS1k0czd1R1U

🗣️ e-mail server (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ENFNKdGNtYU5vdmc

🗣️ Streaming Server (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EODNYaWRfdG95NlE

🗣️ Video Conferening Server (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EOGR6R0tmUGUxLXc

🗣️ Windows 2000 Server (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EOV9CdEJBTlFyaVE

🗣️ Photoshop (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EOWlseUMwN0pKUDA

🗣️ EXCEL(မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EQ0g3Ul9QYjA5Uk0

🗣️ Hardware (ကွန်ပျူတာ) https://docs.google.com/open?id=0B7HZIUBvCH1EQ1NsSS1sUUJQNjQ

🗣️ Word (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EQjRPY1RlLXZ3UkE

🗣️ AccessXP (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EQl9kQlkwbkNCU2s

🗣️ Powerpoint XP (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ERVdUYWZVR3pIelk

🗣️ Data Connection (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ERmlTbXlCT2JPZ28

🗣️ Basic Windows & Microsoft Word (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ES3hLSVAyQU90SFE

🗣️ MS Word XP (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ES3pjRVNzajRJWms

🗣️ ကွန်ပျူတာပြုပြင်ထိန်းသိမ်းခြင်း https://docs.google.com/open?id=0B7HZIUBvCH1ESWVRWGp3elhvdFk

🗣️ Acrobat (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ESmdITGV1VHJ1RTg

🗣️ blog helpdesk book (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ET25CR2N1MlY3d0E

🗣️ Front page XP (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ETVZWblpGV0pGQnM

🗣️ Protecting from Network Threats (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EUUZ5ZWZ6cU1xZnM

🗣️ Linux OS (မြန်မာပြန်) https://docs.google.com/open?id=0B7HZIUBvCH1EUlphQXI3RDNQc2M

🗣️ MS Excel XP (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EVDlLNXdwaU9qRGc

🗣️ Win2003 DHCP (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EVnFrajR6T0ZTbjg

🗣️ DNS Server (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EVzF5dDB6RDdmQnc

🗣️ Networking edition 1 (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EWEFFNzhTMThKWkE

🗣️ Visual Basic6.0 (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EWGZ5UFZwZXRfRVE

🗣️ Apache WEB Server (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EWUhBWU1uSENHams

🗣️ ကွန်ပျူတာတပ်ဆင်ပြုပြင်ထိန်းသိမ်းနည်းအခြေခံ https://docs.google.com/open?id=0B7HZIUBvCH1EYmF4X1VabGh0cUE

🗣️ PM 7 (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EY0NWbW54YXFVZjQ

🗣️ Computer Knowledge Book (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EamRhd0ltbms4V2M

🗣️ Autocad 2002 (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EbFRxd1JqaVc5WmM

🗣️ Turbo C (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EbFpFRDhMLWEycEU

🗣️ Making aBlog.pdf (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EbG1DQnhWUTY0OW8

🗣️ vnc (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EbjhqT185ellGZGM

🗣️ Dynamic Host Configuration Protocol (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EbkM3OGVtNkllTDg

🗣️ WEB Design (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1Ec1hjQmlESHNFM00

🗣️ windows installation (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EcHdpaHV2VlNac28

🗣️ Streaming (Unreal) Server (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1Eclg5d0VEeEptdE0

🗣️ hardisk (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EdERXU3NrNmM1a3c

🗣️ NetMeeting 3 (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EdThVTGZuXzRxb28

🗣️ Photoshop effects (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EdUR2Y0R2OVV5LXc

🗣️ mail server & client (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EdUROWGZsUkFBdXc

🗣️ Learning Web Design (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EdUhrR1dTaWdqX0E

🗣️ HTML (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EeDJJMjRXejZMSm8

𝐁𝐨𝐨𝐤𝐢𝐬𝐡 𝐛𝐲 𝐊𝐚𝐫𝐢𝐧𝐞 📚✨



08/02/2025

သားလေးကောင်းခန့်မိုး Grade 6/English Essays ပေါင်းများစွာကိုအင်္ဂလိပ်မြန်မာနှစ်ဘာသာဖြေဆိုနေပါသည်။အခြားသော English စကားပြောအရေးဖတ်အပြော Grammar Exercises များစွာကိုအထူးလေ့ကျင့်သင်ကြားပေးနေသည်.
essays




Saya Aung Aung Mkn
Sayar Aung Aung Institute
Sayar Aung Aung English language Academy

08/02/2025

သားလေးကောင်းခန့်မိုး Grade 6=English Essays ပေါင်းများစွာကိုအင်္ဂလိပ်မြန်မာနှစ်ဘာသာဖြေဆိုနေပါသည်။အခြားသော English စကားပြောအရေးဖတ်အပြော Grammar Exercises များစွာကိုအထူးလေ့ကျင့်သင်ကြားပေးနေသည်.
essays




Saya Aung Aung Mkn
Sayar Aung Aung Institute
Sayar Aung Aung English language Academy

Want your school to be the top-listed School/college in Ye?

Click here to claim your Sponsored Listing.

Location

Ye

Telephone

Website

Address


Mawkanin, Lamaing, Ye Township, Mon State, Myanamr
Ye