GEA Private School - Golden Eagle Academy

GEA Private School - Golden Eagle Academy GEA

 ိုယ်ပိုင်အထက်တန်းကျောင်း(2020)ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ကြသောကျောင်းသား/သူ များ၏အမှတ်စာရင်းပေါင်းချုပ်
19/01/2021

ိုယ်ပိုင်အထက်တန်းကျောင်း(2020)ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ကြသောကျောင်းသား/သူ များ၏အမှတ်စာရင်းပေါင်းချုပ်

GEAကိုယ်ပိုင်အထက်တန်းကျောင်း(2020)ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ကြသူများ၏အမှတ်စာရင်းများ
17/01/2021

GEAကိုယ်ပိုင်အထက်တန်းကျောင်း(2020)ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ကြသူများ၏အမှတ်စာရင်းများ

GEAကိုယ်ပိုင်အထက်တန်းကျောင်း 2020ခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်ကြသူများ၏အမှတ်စာရင်းများ
17/01/2021

GEAကိုယ်ပိုင်အထက်တန်းကျောင်း 2020ခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်ကြသူများ၏အမှတ်စာရင်းများ

မင်္ဂလာပါနှစ်ဟောင်းတန်းများ စတင်ဖွင့်လှစ်နေပါပြီတစ်နှစ်ထက်တစ်နှစ်ပို၍ပို၍တိုးတတ်စေရန် GEAမှအစွမ်းကုန်ကြိုးစားလျှက်ရှိပါသ...
11/08/2020

မင်္ဂလာပါ
နှစ်ဟောင်းတန်းများ စတင်ဖွင့်လှစ်နေပါပြီ
တစ်နှစ်ထက်တစ်နှစ်ပို၍ပို၍တိုးတတ်စေရန် GEAမှအစွမ်းကုန်ကြိုးစားလျှက်ရှိပါသည်။

ကျွန်တော်တို့GEA၏ဒုတိယနှစ်အောင်မြင်မှုမှတ်တမ်းသည်ပထမနှစ်ထက်များစွာသောဂုဏ်ထူးရှင်များအားမွေးထုတ်ပေးနိုင်ခဲ့ပြီးအောင်ချက်ရ...
09/08/2020

ကျွန်တော်တို့GEA၏ဒုတိယနှစ်အောင်မြင်မှုမှတ်တမ်းသည်ပထမနှစ်ထက်များစွာသောဂုဏ်ထူးရှင်များအားမွေးထုတ်ပေးနိုင်ခဲ့ပြီးအောင်ချက်ရာခိုင်နုန်းလည်းတိုးတတ်ကောင်းမွန်လျှက်ရှိပါသည်။ထိုသို့ကောင်းမွန်သောအောင်ချက်များရရှိခြင်းမှာကျောင်းအုပ်ကြီးနှင့်တကွဘာသာရပ်နည်းပြဆရာ/ဆရာမများ စာကြည့်ခန်းကြီးကြပ်ပေးကြသောStudy Guide များ၏အတူတကွကြိုးစာမှု၏ရလဒ်ဖြစ်ပါသည်။ယခုနှစ်ကျောင်းသားကျောင်းသူများပို၍အောင်မြင်စေရန်GEAမှဆက်လက်ကြိုးစားသွားပါ့မည်။

 ိုယ်ပိုင်ကျောင်းမှဒုတိယကြိမ်မြောက်အောင်မြင်မူ့မှတ်တမ်း(၃)ဘာသာဂုဏ်ထူးရှင်=(၄)ဦး(၂)ဘာသာဂုဏ်ထူးရှင်=(၂)ဦး(၁)ဘာသာဂုဏ်ထူးရ...
08/08/2020

ိုယ်ပိုင်ကျောင်းမှဒုတိယကြိမ်မြောက်အောင်မြင်မူ့မှတ်တမ်း

(၃)ဘာသာဂုဏ်ထူးရှင်=(၄)ဦး
(၂)ဘာသာဂုဏ်ထူးရှင်=(၂)ဦး
(၁)ဘာသာဂုဏ်ထူးရှင်=(၁၆)ဦး

ဖြေဆိုသူ၉၁ဦး
အောင်မြင်သူ၅၅ဦး

ဇီဝဗေဒ ဖြေဆိုသူ ၅၁ဦး
ဂုဏ်ထူးထွက်သူ ၂၂ဦး

ရှားရှားပါးပါးမြန်မာဂုဏ်ထူးရှင် ၃ဦး

အောင်မြင်သောကျောင်းသား/သူများအတွက်ဂုဏ်ယူဝမ်းမြောက်ပါသည်။
GEAမိသာစုမှလည်းဆက်လက်လည်းကြိုးစားပါ့မည်။

မင်္ဂလာပါ။ ိသားစုကိုယ်ပိုင်အထက်တန်းကျောင်း ယနေ့စတင်ဖွင့်လှစ်ပါပြီခင်ဗျာ။ပုံစံသစ်နေ့စဉ်လုပ်ရှားမှုဖြင့် ကျောင်းစတက်ရသည်မှ...
27/07/2020

မင်္ဂလာပါ။
ိသားစုကိုယ်ပိုင်အထက်တန်းကျောင်း ယနေ့စတင်ဖွင့်လှစ်ပါပြီခင်ဗျာ။
ပုံစံသစ်နေ့စဉ်လုပ်ရှားမှုဖြင့် ကျောင်းစတက်ရသည်မှာ အခက်အခဲများစွာရှိပေမဲ့
အမေစုပြောထားသကဲ့သို့ “ပညာရှာ၊ပမာသူဖုန်းစား”ဆိုတဲ့ စကားလေးအတိုင်း စနစ်ဟောင်းပညာသင်နှစ် နောက်ဆုံးနှစ်နှင့် စနစ်သစ်ပညာသင်နှစ် စတင်ခြင်းအား တိုတောင်းသောအချိန်ဖြစ်လင့်ကစား အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်းမိဘများအား အသိပေးတင်ပြအပ်ပါသည်ခင်ဗျာ။

21/07/2020

ိုယ်ပိုင်အထက်တန်းကျောင်း #သည် နိုင်ငံတော်လမ်းညွှန်ချက်များနှင့်ကိုက်ညီအောင်ဆောင်ရွက်ထားရှိပြီး စစ်ဆေးမှုအဆင့်(A)ရရှိပါသဖြင့်
နေ့တတ်(အပြင်တက်)ကျောင်းအဖြစ်ဖွင့်လှစ်ခွင့်ရရှိပါသည်။
-ဇူလှိုင်လ(၂၇)နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပါမည်။
-ကျောင်းအပ်လက်ခံနေပါပြီ။
#သင်တန်းကြေးအစီအစဥ် #
-စနစ်သစ်ဒဿမတန်း= တစ်လ(60000)ကျပ်
-စနစ်ဟောင်းဒဿမတန်း=တစ်လ(၈၀၀၀၀)ကျပ်
မှတ်ချက်- ညွှန်ကြားချက်များအတိုင်းအတိအကျလိုက်နာဆောင်ရွှက်၍ဖွင့်လှစ်ပါမည်
-ဘော်ဒါဆောင်လုံးဝမထားရှိပါ။
#ဆက်သွယ်စုံစမ်းရန် #
ဦးဗိုလ်ဆန်း
(၀၉-၂၅၉၆၆၁၈၂၃)
ဦးတိုးမြင့်+ဒေါ်တင့်တင့်ဌေး
၀၉-၇၇၁၇၁၇၂၀၉
၀၉-၆၉၄၃၈၉၉၁၇

 ျောင်းအုပ်ကြီးနှင့်တကွဘာသာရပ်ဆိုင်ရာဆရာဆရာမကြီးများကျောင်းတည်ထောင်သူ၏ဆုံးဖြတ်ချက်အရကျောင်းလခအား​​ကျောင်းဖွင့်ရက်နောက်ကျ...
11/07/2020

ျောင်းအုပ်ကြီးနှင့်တကွဘာသာရပ်ဆိုင်ရာဆရာဆရာမကြီးများကျောင်းတည်ထောင်သူ၏ဆုံးဖြတ်ချက်အရကျောင်းလခအား​​ကျောင်းဖွင့်ရက်နောက်ကျသည်ဖြစ်၍ပြောင်းလဲ ပြင်ဆင် သတ်မှတ်လိုက်ပါသည်။ကိုရိုနာရောဂါကြောင့်မိဘများသည်စီးပွါးရေးလူမှုရေးများလျှော့နည်းသည့်ဒဏ် ခံရသော်လည်း မိမိရင်သွေးများ၏ပညာရေးသည် နှောင့်နှေးမသွားစေရန် မ ဖြစ်မနေထားရမည်ဖြစ်သောကြောင့် မိသားစုသည်မိဘများ၏ပညာရေးဝန်ထုပ်အားမျှတစွာခံယူ၍ယခုကဲ့သို့ကျောင်းလခများပြောင်းလဲသတ်မှတ်လိုက်ပါသည်။ယခင်ကျောင်းလခ​ပေးသွင်းထားသောသူများလည်းယခုကျောင်းလခအတိုင်းတစ်ပြေးညီသတ်မှတ်ထား၍ကျောင်းလခအားပြန်လည်ပေးအပ်ပါမည်။
#ကျောင်းလခအားကျောင်းဖွင့်နောက်ကျသည်ဖြစ်၍ပြန်လည်လျှော့ပေးခြင်းဖြစ်ပါသည်။

#ပြင်ပနှင့်ထိတွေ့မူ့အားလျှော့ချနိုင်ရန်GEAကိုယ်ပိုင်ကျောင်းပြင်ပတွင်လုံးဝမထားရှိပါ။အဆောင်သစ်၃ဆောင်လည်းကျောင်းဖွင့်အမှီဆောက်လုပ်နေပါသည်။

#လူနည်းနည်းနှင့်ကျန်းမာပျော်ရွင်ရောဂါကင််းစွာပညာသင်ရမည်။

26/06/2020

ှကျောင်းသားများအားပြုစုပျိုးထောင်ခြင်း

စည်းကမ်းနှင့် ကျောင်းထုတ်ခြင်းသည် ကလေးများအားပြုစု ပျိုးထောင်ရာတွင် ထိရောက်လှသော ပြုစုပျိုးထောင်ခြင်းမျိုးမဟုတ်ဟု ကျတော်တို့ ိသားစုမှ မှတ်ယူထားပါသည်.။ စည်းကမ်းဖောက်ဖျက်သောကျောင်းသားများအား ကျောင်းထုတ်ခြင်းသည် ထိုကလေး၏ ဘဝ တစ်ခုလုံးနီးပါး ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။ သို့သော် ရာဇဝတ်မှု နှင့် ဒုစရိုက် ကျူးလွန်တတ်သော ကျောင်းသားများအား လက်ခံထားရန်လည်း မဖြစ်နိုင်ပါ.။ ဆရာဟူသည် လိမ္မာသော စာတော်သော ထူးချွန်သော ကျောင်းသား ကျောင်းသူများအားလက်ခံ သင်ကြား၍ မလိမ္မာသော စာမတော်သော ဥာဏ်ရည်နိမ့်သော ​ကျောင်းသားကျောင်းသူများအား ကျောင်း၏အောင်ချက်ရာခိုင်နှုန်းနှင့် ကျောင်း၏စီးပွားရေးအပေါ် ထိခိုက်မည်စိုးသဖြင့် ကျောင်းမှ ထုတ်ပယ်ခြင်းအား ကျတော်တို့ ကျောင်းမှ ဆရာ ဆရာမများ အားလုံး လုံးဝလက်မခံခဲ့ပါ.။ ထို့ကြောင့်အတတ်နိုင်ဆုံး ကျောင်းထုတ်ပယ်ခြင်းအား မပြုလုပ်ခဲ့ပါချေ။ ကျောင်း မထုတ်ခြင်းဖြင့် ကလေးများအား
☑အလုပ်တစ်ခုအား ပြီးမြောက်အောင် လုပ်စေခြင်း ☑မိမိကိုယ့်ကို ပြန်လည် တည်ဆောက်နိုင်ရန် ယုံကြည်မှု ထားစေခြင်း စသည့်အချက်နှစ်ချက်ကို ဦးစားပေး သင်ကြားခဲ့ပါသည်။

ကျောင်းသားများအပြစ်တစ်စုံတစ်ရာ ပြုလုပ်ခဲ့ပါလျှင် ထိရောက်စွာ အရေးယူခြင်းဖြင့် စည်းကမ်းအား အကြောက်တရားထက် အသိတရားဖြင့်သာ ထိန်းသိမ်းသွားမည်ဖြစ်ပါသည်။

👉မှတ်ချက် ❌ ဆရာ ဆရာမ များအား မထီမဲ့မြင် မလေးမစား ဆက်ဆံခြင်းနှင့် ဒုစရိုက် ရာဇဝတ်မှု ကျူးလွန်သောကျောင်းသားများအားမှအပအလွယ်တကူကျောင်းမထုတ်ပါ။၂၀၁၈/၁၉ပညာသင်နှစ်၂၀၁၉/၂၀၂၀ပညာသင်နှစ်တွင်ကျန်းမာရေးမှအပကျောင်းမှထုတ်ပယ်သောကျောင်းသားမရှိပါ။

 ာရေးမိသားစုမှ(၂၀၂၀/၂၀၂၁)ပညာသင်နှစ်ကိုကျန်းမာရေးပညာရေးနှစ်ဟုခေါ်ဆိုလျှင်ကျောင်းသားကျောင်းသူများအားကျောင်းဖွင့်ခြင်းနှင့်...
21/06/2020

ာရေးမိသားစုမှ(၂၀၂၀/၂၀၂၁)ပညာသင်နှစ်ကိုကျန်းမာရေးပညာရေးနှစ်ဟုခေါ်ဆိုလျှင်ကျောင်းသားကျောင်းသူများအားကျောင်းဖွင့်ခြင်းနှင့်စပ်လျဉ်းပြီးအောက်ပါအချက်အလက်နှင့်တင်ပြအပ်ပါသည်။

၁/ကိုရိုနာရောဂါကြောင့်ကျောင်းဖွင့်နောက်ကျသည်ဖြစ်၍ကျောင်းလခများလည်းပြင်ဆင်သတ်မှတ်ထားပါသည်။
#ဒဿမတန်းယခင် (၂၀သိန်း) ယခု(၁၅သိန်း)
#ဧကဒဿမတန်းယခင်(၂၂သိန်း)ယခု(၁၈သိန်း).

၂/ကျန်းမာရေးစောင့်ရှောက်မူ့နှင့်စပ်လျဉ်း၍ကျောင်းဖွင့်စပထမ(၁လ)အားကျန်းမာရေးစောင့်ရှောက်မူ့အပြည့်အဝရှိစေရန်သူနာပြုဝန်ထမ်းများ(special nurse)ထားရှိပါ့မည်။ဖျားနာပါကသီးသန့်ဖျားနာဆောင်ဆောက်လုပ်လျှက်ရှိပြီးသီးသန့်ခွဲ၍ထားပါ့မည်။လက်ဆေးခြင်းများ၊နေ့စဉ်ကိုယ်ပူချိန်တိုင်းခြင်းများလည်းအတိအကျဆောင်ရွက်ပါ့မည်။

၃/ကိုရိုနာရောဂါသည်ကာကွယ်ဆေးမပေါ်သေးသော်လည်းကိုယ်ခံအားဖြင့်ပြန်လည်တိုက်ထုတ်နိုင်သည်ဖြစ်၍ကျောင်းလခလျှော့ချထားသော်လည်းကျောင်းသား/သူများ၏ကျွေးမွေးပုံအားအစဉ်မပြတ်မည်သည့်ဟင်းလျှာများကျွေးသည်ကိုတင်ပြပေးပါ့မည်။

၄/ကျောင်းသားများ၏အိပ်ဆောင်စာသင်ဆောင်များလည်းအတိအကျလိုက်နာ၍အိပ်ဆောင်တစ်ဆောင်လျှင်၆ပေခြားစီစဉ်ထားပြီးတစ်ခန်းလျှင်လူဦးရေ၁၅ဦးသာလက်ခံပါ့မည်။စာသင်ခန်းမအသစ်ထပ်မံဆောက်လုပ်နေပါသည်ကျောင်းသားတစ်ဦးလျှင်၆ပေခွါစာသင်ကြားစေရပါမည်။

၅/အထက်ပါအစီစဉ်များဖြင့်မဖြစ်မနေတတ်ရောက်သင်ကြားရမည်ဖြစ်၍ယခုနှစ်စာသင်သားများအားအောက်ပါတိုင်းလက်ခံသင်ကြားပါ့မည်။
အိပ်ဆောင်ကျား(၅ခန်း)တစ်ခန်း(၁၅)ယောက်နှုန်း(၇၅)ယောက်
မ အိပ်ဆောင်(၄)ခန်းယောက် (၄၅)ယောက်စုစုပေါင်း(၁၃၀)စာစီစဉ်ထားပါသည်။
#ပြင်ပနှင့်ထိတွေ့မူ့အားလျှော့ချနိုင်ရန်GEAကိုယ်ပိုင်ကျောင်းပြင်ပတွင်လုံးဝမထားရှိပါ။အဆောင်သစ်၃ဆောင်လည်းကျောင်းဖွင့်အမှီဆောက်လုပ်နေပါသည်။

#လူနည်းနည်းနှင့်ကျန်းမာပျော်ရွင်ရောဂါကင််းစွာပညာသင်ရမည်။

#စာရင်းစတင်လက်ခံပြီးလူဦးရေပြည့်လျှင်စာရင်းပိတ်ပါမည်။

GEA Private School.ရေဦးမြို့ အောင်ချမ်းသာရပ်ကွက် ၊မုံရွာလမ်းထွက်
☎ဖုန်း - 09-762307103
09-771717209

2019-2020ပညာသင်နှစ် GEAကိုယ်ပိုင်ကျောင်း ခြေခံပညာ အထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်ရရှိမည့်သူများစာရင်း
13/06/2020

2019-2020ပညာသင်နှစ် GEAကိုယ်ပိုင်ကျောင်း ခြေခံပညာ အထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်ရရှိမည့်သူများစာရင်း

Address

မုံရွာလမ်းထွက်၊အောင်ချမ်းသာရပ်
Ye-U

Telephone

+959771717209

Website

Alerts

Be the first to know and let us send you an email when GEA Private School - Golden Eagle Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category