Pwint Tharaphu Academic House Private School Ye-U

Pwint Tharaphu Academic House Private School Ye-U Pwint Thara Phu Academic House Private School
Shin Minn Nu Street, Aung Chan Thar Quarter, Ye-U, Sagaing, Myanmar.

အထက်တန်းဆင့် grade 10,11,12 ပညာရေးဝန်ဆောင်မှု

Big shout out to my new rising fans! Smile Smile
04/10/2024

Big shout out to my new rising fans! Smile Smile

သမီးအတွက် ၃၂ထွင်းဖေါက်မြင်နိုင်မှု (Transparency)        သမီးရေ...ဖေဖေစာရေးလိုက်တယ်။ ယနေ့ခေတ်လူအချို့ တစ်ဦးသဘောကိုတစ်ဦး ...
23/12/2021

သမီးအတွက် ၃၂
ထွင်းဖေါက်မြင်နိုင်မှု (Transparency)

သမီးရေ...ဖေဖေစာရေးလိုက်တယ်။ ယနေ့ခေတ်လူအချို့ တစ်ဦးသဘောကိုတစ်ဦး ထွင်းဖေါက်မြင်နိုင်မှုအားနည်းကြတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း၊ သူငယ်ချင်းအချင်းချင်း၊ အထက်နှင့်အောက်ဝန်ထမ်းအရာထမ်းအချင်းချင်း၊ ညီအစ်ကိုမောက်နှမအချင်းချင်း နောက်ပြီး မိဘနှင့်သား၊သမီး အဲလိုဆက်ဆံမှုတွေမှာ တစ်ဦးပြောစကားကိုတစ်ဦး နားလည်မှုလွဲ၊ အဓိပ္ပာယ်ကောက်ယူမှုလွဲကြတတ်ကြပြီး လုပ်ငန်းခွင်ဆက်ဆံရေးမပြေလည်မှု၊ ပြဿနာဖြစ်မှု အဆုံးအစွန်ရန်ပွဲလူသတ်မှုထိဖြစ်တတ်ကြတယ်သမီးရေ။ အဲဒါ ဘာ့ကြောင့်လဲဆိုတော့ ထွင်းဖေါက်မြင်နိုင်မှု transparency စွမ်းရည်နည်းလို့ပဲ။ ပြောတဲ့သူကလည်းအပြောစွမ်းရည်နည်းတာဖြစ်နိုင်သလို တဘက်လူရဲ့လက်ခံနားလည်နိုင်မှုစွမ်းရည်နည်းတာလဲဖြစ်နိုင်တယ်။
ကိုယ်ကပြောတဲ့သူနေရာ မှာနေရင် စကားကြီးဆယ်မျိုးထဲကနည်းတွေ ဘယ်နည်းနှင့်ပြောရမလဲသိတတ်ရမယ်။ ကိုယ်ကနားထောင်သူနေရာမှာနေရင် လဲ စကားကိုအစအဆုံးနားထောင်ပေးပါ ဒါမှဘာကိုဆိုလိုတာသိရမှာပေါ့။ ဖြည့်တွေးပြီးနားလည်ပေးတတ်ရမယ်သမီးရေ။ လူတိုင်းအပေါ်နားလည်ပေးပြီး ဆက်ဆံတတ်တာဟာလည်း လူမှုဆက်ဆံ‌ရေး
(personal relationship) ကောင်းသူဖြစ်တာပဲ။ နားလည်တတ်အောင်လည်းကြိုးစားရမယ်သမီး။
လူတိုင်းမှာအနဲဆုံးစွမ်းရည်တစ်ခု‌တော့ရှိကြတတ်ကြတယ်သမီး။ အဲဒီစွမ်းရည်မျိုးသမီးဆီမှာမရှိရင်ယူတတ်ရတယ်သမီး။ ပြီးပြည့်စုံတဲ့လူဆိုတာမရှိဘူး ဘုရား၊ရဟန္တာတွေကလွဲလို့ပေါ့။ယုတ်စွအဆုံး တိရိစ္ဆာန်ဆီကတောင်နည်းယူသင့်ရင်ယူရမှာပဲ။ ငယ်တုန်းကသင်ခဲ့ရတဲ့ပုံပြင်မှတ်မိသေးလား?နွားကျောင်းသားလေးက ဗျိုင်းဆီကအတုယူတာလေ။ အချင်းချင်းလေးစားတတ်ရမယ်။ ‌လူတိုင်းအရည်အချင်းကိုယ်စီရှိတတ်ကြတယ်သမီး။ အတုယူတတ်ဖို့ပဲလိုတာ။ တီကောင်လေးမှာတောင် မြေကြီးထဲထိုးဝင်သွားတတ်တဲ့စွမ်းရည်ရှိတယ်။ ငှက်လေးတွေကပျံနိုင်တယ်။ငါး‌တွေကရေကူးတတ်တယ်။ လူမိုက်က သတ်ရဲပုတ်ရဲတဲ့စွမ်းရည်၊ သူခိုးက ခိုးတတ်တဲ့စွမ်းရည်ရှိကြတာပဲ။
အဲလိုစွမ်းရည်ကိုယ်စီရှိကြတယ်ဆိုတာ မသိတတ်ကြတဲ့ လူငမိုက်တွေဟာ ဓါး၊လှံ၊လေးမြှား ကိုင်ပြီး ပညာရှိကို စိန်ခေါ်ဝံ့ကြတယ်။ ပညာရှိရဲ့စွမ်းရည်က ပညာပဲရှိတာမိုက်ရဲတဲ့စွမ်းရည်မရှိဘူး‌လေ။ #လူမိုက်ရဲ့စွမ်းရည်ကလက်နက်အားကိုးမိုက်တတ်တာပဲလေ။ တစ်ခါတုန်းက သိပ္ပံပညာရှင်တစ်ယောက် လှေစီးခရီးသွားရင်း လှေသမားကို သင်္ချာပညာတတ်လား?ရူပဗေဒတတ်လား? စတဲ့လားမေးခွန်း‌တွေမေးတယ်။ ပညာမတတ်တဲ့လှေသမားကဘာမှမတတ်တော့ ခင်မျာ့ဘဝက၅၀%သေနေရသလိုပဲလို့ပြောတယ်။ အဲချိန်မှာ လေမုန်တိုင်းစကျတယ် လှေသမားကမေးတယ် ခင်များရေကူးတတ်လား ဆိုတော့ ပညာရှင် ရေမကူးတတ်ဘူးတဲ့ လှေသမားကပြောတယ် ခင်များဘဝက တကယ်သေရတော့မယ်လို့ပြောတယ်။ ဆိုလိုချင်တာ ဘဝနိမ့်ကျပေမယ့် ဘဝကိုယ်စီမှာ ပညာရပ်ကိုယ်စီရှိကြတယ်သမီး။
သမီးရေ ဆုံးမစကား၊ အကြံပေးစကား ဆိုတာလူတိုင်းနှင့်မထိုက်တန်ဘူး။ လူတိုင်းကလဲ အလိုမရှိကြဘူး။ ဆုံးမစကားကိုလိုလိုခြင်ခြင် အရှိဆုံးက အရှင်ရာဟုလာတဲ့သမီးရဲ့။ ဘုရားသာသနာမှာအဆိုဆုံးမရ အလွယ်ကူဆုံး ဧတဂဒ်ရတော်မူတယ်။ မထေရ်ဟာ သဲတစ်ဆုပ်ကိုကိုင်ပြီး နေ့စဉ် ဤသဲပွင့်ပမာဏမျှ ဆုံးမသူ တွေ့ရပါစေလို့ဆုတောင်းသတဲ့။
ရှင်သာရိပုတ္တရာမထေဆိုတာ ဗုဒ္ဓသာသနာမှာ ဘုရားပြီးရင် ပညာအရာမှာအထက်ဆုံးနော် မနက်ခင်းကသူကိုယ်တိုင်သင်္ကန်းဝတ်ပေးခဲ့တဲ့ကိုရင်လေးက သင်္ကန်းမညီမညွတ်ဖြစ်နေတာကိုပြောတာတောင် ပြန်ပြင်ဝတ်ပြီး လက်အုပ်ချီပြီး နောက်လဲအမြင်မတော်တာရှိလျှင်ဆုံးမပါဘုရားလို့ပြန်လျှောက်သတဲ့။ အတုယူလေးစားစရာပဲသမီးရေ။
တစ်ခါက ဘုရားလောင်းတရားဟောဆရာဟာ သုံးပိုဒ်ပါတဲ့ဂါထာတစ်ပုဒ်ကို ဘုရင်ကြီးရှေ့ရွတ်ဖတ်တော့ တစ်ပိုဒ်ပြီးတိုင်း အသပြာတစ်သိန်းပူဇော်သတဲ့၊ တစ်ရက်မှာ လှေစီးရင်း လှေခအသပြာ၂၅ပြား ပါမလာလို့ အဲဒီဂါထာကိုပဲရွတ်ပြတာ ပထမအပိုဒ်ပြီးတော့ ရွတ်မပြပါနှင့် အသပြာ၂၅ပြားသာပေးပါပြောတာ ဆက်ရွတ်လို့ လှော်တက်နှင့်ရိုက်ခံရပြီး သေပွဲဝင်ခဲ့ရသတဲ့။ဆိုဆုံးမစကားကလူတိုင်းနှင့်မထိုက်တန်ဘူးသမီး။ ကျွဲပါးစောင်းတီး၊နွားပလာတာကျွေး ဆိုတာပေါ့။
အနှစ်ချုပ်ရရင် ပြောရမယ့်စကား၊နားထောင်ရမယ့်စကား‌တွေကိုလည်းနာလည်အောင်ပြောပါ၊နားလည်အောင်နားထောင်ပါ။ သင့်တော်မယ့်၊ တန်မယ့်စကားသာပြောပါ။ လူတိုင်းကိုအထင်မသေးမိပါစေနှင့်၊လေးစားပါ။ ဆိုဆုံးမရလွယ်သူဖြစ်ပါစေ။

သမီးရဲ့ဖေဖေ
၂၃.၁၂. ၂၀၂၁

သိမှတ်စရာ🌷ရှေးရူမေတ္တာ ဂရုဏာနှင့် နာနာကျင်ကျင်အပြစ်မြင်တိုင်း ဝမ်းတွင်းမသို ဟုတ်တိုင်းဆို၍ကျိုးလိုစိတ်က ဆုံးမတတ်သူ ဆရာဟူ...
19/12/2021

သိမှတ်စရာ

🌷ရှေးရူမေတ္တာ ဂရုဏာနှင့် နာနာကျင်ကျင်
အပြစ်မြင်တိုင်း ဝမ်းတွင်းမသို ဟုတ်တိုင်းဆို၍
ကျိုးလိုစိတ်က ဆုံးမတတ်သူ ဆရာဟူလော့။

🌷အာဏာတန်ခိုး အမျိုးစည်းစိမ် ဘုန်းဂုဏ်သိမ်လည်း
ထင်တိမ်ပေါ်ငုတ် ဖြစ်ချုပ်တတ်စွာ ဓမ္မတာတည်း။

🌷မိုးပျံမြေရှိုး အမျိုးမျိုးနှင့် ပုံးလျှုိုးနေခို
မသေလို၍ ကြံဖန်နေကာ ဤခန္ဒာသည်
မသွေမုချ မနေရဘူး။

🌷ပညာချင့်ထောက် မာန်မမောက်နှင့်
ကိုယ့်အောက်တန်းတူ အထက်သူဟု
မှတ်ယူမြဲသို သုံးပုဂ္ဂိုလ်တွင်
အောက်ကိုသနား တန်းတူအားမူ
မြှောက်စားအမျှ မယုတ်ချနှင့်
ထက်ကသူမှာ ရိုသေရာ၏။

🌷ဉာဏ်ရှိယောက်ျား မှားလတ်သောခါ
ဆေးလွန်နာကို ဆရာနောက်ဆက် အကုခက်သို့
ဖျက်၍အမြဲ ပြင်နိုင်ခဲ၏။

🌷မတော်လောဘ ရသည့်ဥစ္စာ ဝမ်းမသာနှင့်
ခဏတာမျှ မကြာပျက်စီး လောင်စာမီးသို့
အချည်းနှီးသာ ဖြစ်တတ်ရာ၏။

❤️ငါသာငါထက် မာန်မတက်နှင့်
အထက်နေမင်း လေးကျွန်းခြင်းလဲ
မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏။

❤️ပညာပြည့်ဝ နှလုံးလှသော်
ကိစ္စကြီးငယ် ဆောင်ရွက်ဖွယ်လျှင်
ကျဉ်းကျယ်ထွင်းဖောက် ဖြတ်တောက်လိုရာ
ပြီးနိုင်စွာ၏။

❤️တရားမြင်သိ ပညာရှိနှင့် ကြိုက်ဘိကြုံတွေ့
တစ်နေ့တစ်ရက် တစ်မနက်မျှ ပေါင်းဖက်ရက
ဒေါသမစွန်း ကျေးဇူးထွန်း၏။

❤️သူတစ်ဖက်သား မျက်မာန်ပွားသော် တရားမကွာ
စောင့်ထိမ်းကာဖြင့် မေတ္တာနှလုံး ကိုယ်ကသုံးလျှင်
အရှုံးဘယ်မှာ ရှိချိမ့်နည်း။

❤️တရားမပျက် မေတ္တာဆက်၍
မဖျက်စီးမှု ချီးမြှောက်ပြုလော့
သူ့ကိုချီးမြှောက် ကိုယ့်ဂုဏ်မြှောက်၏။

❤️မွဲမည့်အရေး ကြံတွေးမလှူ ကြောက်နေမူကား
ထိုသူလွန်ကဲ သူ့ထက်မွဲ၏။

🌹မိမိကိုယ်ကို အလိုရှိရာ ငါပြုနိုင်စွ
အစိုးရဟု မှတ်ကြသူဝယ် သေမင်းရယ်၏။ ။

01/10/2021

သမီးအတွက် ၃၁
[ ] အတုယူမမှားကြပါနှင့်
သီးချိန်တန်သီးပွင့်ချိန်တန်ပွင့်ရတယ်။ ဒါသဘာဝပဲ။ အချိန်မတန်ပဲအိမ်ထောင်ပြုကြရင် ဘူးသီးနုနု ခူးပြီး ပြုတ်စားမရ၊ ချက်စားမရ၊ နေလှမ်းစားမရ။ ကိုယ့်အညွန့်ကိုယ်ချိုးတာပဲ။ ဒါဂုဏ်ယူစရာမဟုတ်ဘူး။တစ်ချို့ ပညာမစုံ ဘာမှမလုပ်တတ်မကိုင်တတ် Facebook‌ ပေါ်ကသူများအိမ်ထောင်ကျတဲ့ပုံတွေကြည့်အားကျနေကြတယ်။ မဟုတ်ရာ အားကျနေကြတယ်။ လူငယ်ဆိုတော့ အားကျကြတယ် အတုခိုးခြင်ကြတယ်ဆိုတာလက်ခံပါတယ်။ ကောင်းတဲ့ဘက်အတုခိုးကြပါလား။ဘယ်သူတော့ Ph.D. ဘွဲ့ရသတဲ့။ ဘယ်သူတော့ ဘာဘွဲ့တွေရသတဲ့ ဆိုတာမျိုးအားကျပါ။ ၁၀တန်း မအောင်သေးတဲ့ သားတို့သမီးတို့အနေနှင့် ဘာသာစုံဂုဏ်ထူးပါသူကိုအားကျ ကြပါ။ အားကျမှု၊ အတုခိုးမှု မမှားကြပါနှင့်။
တစ်ချို့လူငယ်တွေက မိတကွဲ၊ဖတကွဲ နေပူမရှောင်မိုးရွာမရှောင် အလုပ်လုပ်နေကြချိန်မှာ မိဘအရိပ်ခိုလှုံနေရသူတွေက ဖုန်းကိုင် ပုံအမျိုးမျိုးတင် လင်တရူး၊မယားတရူး ရူးနေကြတယ်။ ရှက်တတ်ကြစမ်းပါ။
မိန်းမရတာ ထီပေါက်တာမဟုတ်သလို၊ ‌အောင်မြင်မှုမရခင် အရွယ်မရောက်ခင်မိန်းမရတာ၊ အရွယ်မရောက်ခင်ယောက်ျားရတာ ကိုယ့်အညွန့်ကိုယ်ချိုးတာပဲ။ အိမ်ထောင် ဆိုတာ တစ်သက်ထောင်ကျတာ လွတ်လမ်းမရှိတဲ့ထောင်ပဲ။လူတော်တော်များများကြုံနေရတယ်။ ဆေးခါးကြီး ကိုသကာအုပ်ထားသလိုပဲ။ ပျော်စရာကြီးလို့ထင်ရပေမယ့် ပူပင်သောကတွေတစ်လှေကြီးနှင့် လောကကိုအံတု ရင်ဆိုင်နေကြရတဲ့ ထောင်ကျသူတွေပါ။ မိမိကိုယ်မိမိ ထောင်ကျမှန်းမသိ ကျနေရင်း ဒုက္ခတွေစုစည်းနေကြတာပေါ့။ သူသူငါငါ အကုန်ပါပဲ။ အဲဒီထဲ ဆရာကြီးလဲပါတယ်လေ
အရွယ်မရောက်ခင် ၉တန်းအရွယ်၊၁၀တန်းအရွယ်အိမ်ထောင်ကျတာ ဂုဏ်ယူစရာမဟုတ်ပါဘူး ကလေးတို့။ ၉တန်းအရွယ်အိမ်ထောင်ရေးအဆင့်ဟာ အရွယ်တူ၉တန်းပဲရမှာပဲ။ ဘာမှအားကိုးလို့မရဘူး။ ၁၀တန်းအရွယ်လဲဘာမှအားကိုးလို့မရဘူး။ ဘွဲ့ရပြီး အလုပ်အကိုင်လေးရလာမှစဉ်းစားရင် မိမိနှင့်အတူ အလုပ်ထဲကဘဝတူဖြစ်မှာပဲ။ ဒါဆိုနှစ်ဦးဘဝရုံးကန်ရတာအဆင်ပြေနိုင်တယ်။
ပုံပြင်လေးတစ်ပုဒ် ရှိတယ်။ ရွာသားတစ်အုပ် အခြားရွာကိုသွားရာ တောအုပ်တစ်ခုကိုဖြတ်ရသတဲ့။ တောအုပ်အလယ်လည်းရောက်ရော တော်အတန်နက်တဲ့ကျင်းအကျယ်ကြီးတစ်ခုတွေ့ကြသတဲ့။ ငုံ့ကြည့်ကြတော့ ဝင်းပြောင်လက်နေတဲ့ အလုံးတွေတွေ့သတဲ့။ သူတို့ကစိန်တွေထင်သတဲ့။ဒါနှင့် နှစ်ယောက်ကိုကြိုးချည်ချပြီးကြည့်ခိုင်းတော့ အနီးကပ်ကြည့်တဲ့အခါစိန်မဟုတ်ဘဲ မြွေကြီးတွေရဲ့မျက်လုံးတွေဖြစ်နေလို့ စိန်တွေမဟုတ်ဘူးဟေ့ မြွေကြီးတွေရဲ့မျက်လုံးတွေဟ ငါတို့ကိုဆွဲတင်ပါလို့ပြောတာ အဲဒါ တွေကိုသူတိုချည်းလိုခြင်လို့လိမ်ပြောတာထင်ပြီးဆွဲမတင်ပဲ အကုန် အဲဒီကြိုးနှင့်ဆင်းကြလို့ မြွေတွေရဲ့ဓါတ်စာဖြစ်သေကြရသတဲ့။ အပျက်ကိုဦးတည်စေတဲ့အတွေး၊ စဉ်းစားဉာဏ်တွေဟာ ပျက်ဆီးစေတယ်ဆိုတာ ပညာပေးတာပဲ။
ကျောင်းတက်ရမယ့်အရွယ် ရည်းစားရှိတယ်၊ဆော်ရှိတယ်၊ဘဲရှိတယ် ဆိုပြီးဂုက်မဆာကြပါနှင့်ကလေးတို့ရေ။ မိန်းကလေးတွေလည်း ဘဲများများရပါစေဆိုတဲ့ဂုဏ်မဆာကြပါနှင့်။ ယောက်ျားလေးကိုတုပြီးမယှဉ်ကြပါနှင့်။ သော့‌ခလောက်ပေါင်းများစွာဖွင့်လို့ရတဲ့သော့တန်ဟာ မာစတာကီး ဖြစ်ပေမယ့်၊ သော့ပေါင်းများစွာနှင့်ဖွင့်လို့ရတဲ့သော့ခလောက်ကတော့ သော့ပျက်ပဲဆိုတာသိထားကြပါ။
အားလုံးကိုမှာခြင်တာက လိမ္မာကြပါဆိုတာပါပဲ။
30/9/2021

02/08/2021

သားသမီးကိုချစ်ရင်ခိုင်းပါ...

နေရာတကာလိုက်မလုပ်ပေးပါနဲ့..

သူ့အရွယ်နဲ့တန်တဲ့အလုပ်တွေကိုခွဲတမ်းချပေးပါ...

ပန်းကန်ဆေးခိုင်းပါ...
တံမြတ်စည်းခိုင်းခိုင်းပါ...
အိပ်ယာသိမ်းခိုင်းပါ..
ရေခဲသေတ္တာထဲရေဘူးတွေဖြည့်ခိုင်းပါ...
အိမ်သာဆေးခိုင်းပါ..
အိမ်အကူရှိရင်လည်း တခြားသူလုပ်နိုင်တဲ့အလုပ်တွေကိုလုပ်ခိုင်းပါ..

ဒီလိုလုပ်ခိုင်းတာဟာ
ကလေးကိုခိုင်းတယ်လို့မမြင်ပါနဲ့

အလုပ်တစ်ခုကို သူလုပ်နိုင်တယ်
သူလုပ်ပြီးသွားပြီ သူလုပ်တတ်တယ်ဆိုတဲ့
ယုံကြည်မှုကိုတဖြေးဖြေးချင်း
တည်ဆောက်ပေးတာပါ...

ကလေးကိုချစ်ရင် နေရာတကာလိုက်လုပ်မပေးပါနဲ့...
ခိုင်းပါ..

စလုပ်လုပ်ချင်းမှာတော့ အချိုးမပြေတာတွေ
Concept မမိတာတွေ ကျကွဲတာတွေ
မသေသပ်တာတွေဖြစ်ပေမယ့်....
ဒီအချက်တွေဟာ ဘာ့ကြောင့်ဖြစ်ရတယ်
မဖြစ်အောင်ဘယ်လိုလုပ်ရမယ်
နောက်တစ်ခါဖြစ်ရင် ဘယ်လိုတာဝန်ယူရမယ်
ဆိုတာမျိုးအကျင့်လုပ်ပေးပါ..

ပန်းကန်ကွဲရင် မုန့်ဖိုးထဲကပြန်ဝယ်ရမယ်ဆိုတာမျိုး...
ဒီအလုပ်ပြီးမှ အပြင်ထွက်ဆော့ရမယ်ဆိုတာမျိုး
ဒီဟာမပြီးရင် ဟိုဟာလုပ်ခွင့်မပြုဘူးဆိုတာမျိုး
အကျင့်လုပ်ကြည့်ပါ...

ရိုက်နှက်တာထက်စာရင်
တာဝန်ယူမှုရှိအောင်လုပ်ပေးခြင်းက
ပိုထိရောက်ပါတယ်..

ဘာမှမလုပ်တတ်တဲ့ကလေးတွေဟာ
ဘာမှမသိပါဘူး...
အလုပ်သေးသေးလေးတွေ
မလုပ်ဖူးတဲ့ကလေးတစ်ယောက်ဟာ
ယုံကြည်မှုလည်းမရှိကြပါဘူး...
"ဒါလေးများ သားလုပ်တတ်တယ်"
"အဲဒါ သမီးလုပ်တတ်တယ်" ဆိုတဲ့စကားတွေ
သင့်ကလေးဆီကကြားဖူးပါသလား...

မှားမှာမစိုးရိမ်ပါနဲ့
သင့်ကလေးမလုပ်ဖူးမှာကိုပဲကြောက်ပါ...

အသက်၁၆နှစ်အရွယ်လူငယ်တစ်ယောက်ဟာ
ဖုန်းမပြောတတ်
ရပ်ကွက်ရုံးမှာထောက်ခံစာမဖြည့်တတ်..
အိမ်ကလိုက်မပို့ရင်
ဘယ်မှမသွားတတ် မလာတတ်
ဧည့်သည်လာရင် အိမ်ထဲဝင်ပြေး
ဘာတစ်ခုမှမသိဘဲ
ကျူရှင်တက်ဖို့နဲ့စာကျက်ဖို့
ရတဲ့စာကိုအလွတ်ချရေးပြီး
အဆင့်၁ရဖို့သာကြိုးစားနေတယ်ဆိုရင်
ဒါဟာတော်တော်လွဲမှားနေတဲ့
အုပ်ထိန်းမှုအောက်မှာကြီးပြင်းလာတဲ့
ကလေးဖြစ်နေတာသေချာပါပြီ...

အသက်၂၀ကျော်တဲ့အထိ
ထမင်းခူးပေးရတုန်း...
မိဘမချက်ထားရင် ဘာမှမစားတတ်ဘူး
ဘာလုပ်လုပ်မိဘပါမှလုပ်တတ်တယ်
မိဘပြောမှစလုပ်တယ် ဆိုတာ
ဂုဏ်ယူရမယ့်အရာတွေမဟုတ်ပါဘူး.....

သင့်ကလေးသင့်ကိုလိုအပ်တာထက်ပိုပြီး မှီခိုလွန်းနေတာဟာ
သင့်ကိုချစ်လို့ဆိုတာထက်
သင်သူတို့ကိုမသုံးမကျအောင်
ပုံသွင်းထားခဲ့လို့ဆိုတာ မမေ့ပါနဲ့။

'နေရာတကာအမေပါရတယ်'ဆိုတာ
ဂုဏ်ယူစရာစကားမဟုတ်ပါဘူး

ကိစ္စသေးသေးလေးတွေကို
သူကိုယ်တိုင်အစအဆုံးလုပ်တတ်ဖို့
စဉ်းစားတတ်ဖို့ တာဝန်ယူတတ်ဖို့
တဖြေးဖြေးချင်းသင်ပေးပါ...

ဒါမှသာ တဖြေးဖြေးချင်း
လောကရဲ့ပြဿနာတွေကို
သူတို့ဘယ်လိုဖြေရှင်းရမလဲဆိုတာ
တွေးတဲ့အကျင့်ရသွားမှာဖြစ်ပါတယ်...

အပြိုင်အဆိုင်ဖွင့်လာကြတဲ့
အမှန်အကန်ကျောင်းတွေရော
အကြံအဖန်ကျောင်းတွေမှာပါ
သူများထက်သာဖို့ငွေတွေအကုန်ခံပြီး
သင်တာလည်းသင်ပါ.....

အရာတော်တော်များများကိုလည်း
ကိုယ်တိုင်သင်ပေးပါ....
ကိစ္စတော်တော်များများကို
သူတို့ကိုယ်တိုင်ဆောင်ရွက်ခိုင်းပါ.....
လူတော်တော်များများနဲ့ထိတွေ့ခိုင်းပါ.....

လောကမှာစာတော်ဖို့လိုအပ်သလို
အကင်းပါးဖို့ လူရည်လည်ဖို့
လူ့အထာနပ်ဖို့နဲ့ သူတို့ကိုယ်သူတို့ဘယ်ကိစ္စမှာမဆို
ယုံကြည်မှုအပြည့်ရှိဖို့လည်း
လိုအပ်တယ်ဆိုတာ သတိပြုပါ...

ကျွန်တော်တို့နိုင်ငံကကျောင်းတွေမှာ
မစဉ်းစားခိုင်းပါဘူး
ဤ သည်မရွေးကျက်ခိုင်းပါတယ်
ဆရာမတွက်နည်းအတိုင်းမတွက်ရင်
အမှတ်မရပါဘူး
ဒါသင် ဒါကျက် ဒါရ ဒါဖြေစနစ်နဲ့
စခန်းသွားခဲ့တာ မျိုးဆက်၂ဆက်မကတော့ပါဘူး

အိမ်တွေရဲ့ထိန်းကျောင်းမှုကလည်း
လုံးဝပစ်ထားတဲ့မိဘနဲ့
အကုန်လိုက်ကြည့်နေတဲ့မိဘတွေနဲ့သာ
ကြီးပြင်းလာရတော့
လူငယ်တွေရဲ့ခေါင်းထဲမှာ
စဉ်းစားတဲ့ချိန်ဆိုတာ game နှိပ်မှပဲပေါ်လာတဲ့အခြေအနေဖြစ်လာပါတယ်...

နည်းနည်းလေးမေးခွန်းလှည့်လိုက်တာနဲ့
မဖြေတတ်တော့ဘူး...
နည်းနည်းလေးမိဘမပါတာနဲ့
ယုံကြည်မှုမရှိကြတော့တဲ့အထိဖြစ်နေပါတယ်...

ခေါင်းမပါတဲ့လူငယ်တွေကြီးလာခဲ့လို့
တိုင်းပြည်လည်းအခွံပဲကျန်ပါတော့တယ်

စဉ်းစားတတ်တဲ့မျိုးဆက်တစ်ခု
ယုံကြည်မှုအပြည့်ရှိတဲ့မျိုးဆက်တစ်ခု
ဖန်တီးနိုင်စွမ်း ထိုးဖောက်နိုင်စွမ်းရှိတဲ့
မျိုးဆက်တစ်ခုဖန်တီးပေးဖို့
အချိန်တော်တော်တောင်နောက်ကျနေပါပြီ

ဒါကြောင့်
မူကြိုပို့ဖို့ပဲမစဉ်းစားကြပါနဲ့
ကျောင်းကောင်းကောင်းထားဖို့တစ်ခုပဲ
အာရုံမစိုက်ကြပါနဲ့
သူများထက်အမှတ်ကောင်းဖို့တစ်ခုပဲ
တွန်းအားမပေးပါနဲ့...

သူတို့ဖာသာသူတို့ စဉ်းစားတွေးခေါ်ဖို့
အလှည့်ပေးလိုက်ပါ....
သူတို့တာဝန္သူတို့ယူတတ္ဖို့
သူတို့ဘဝကိုသူတို့အမှန်တကယ်ကျေနပ်ကြဖို့
အခွင့်အရေးပေးလိုက်ပါ...
'ဘာမဆိုငါလုပ်နိုင်တယ် '
'ငါလုပ်တတ်တယ်ဆိုတဲ့'
ယုံကြည်မှုမျိုးကိုသာ ဖန်တီးပေးလိုက်ပါ...

ဒါဟာ
သူတို့အတွက်သင်ပေးနိုင်တဲ့
တစ်ဘဝလုံးစာအကောင်းဆုံးလက်ဆောင်ပါ....

Credit to original writer
Sharing by MKK Business Group

တပည့် ကောင်လေး တစ်ယောက်က မေးလာတယ်       ဘုန်းဘုန်း  #မိန်းမ ဖျက်ရင် လူ မပြော နဲ့ တိုင်းပြည်တောင်ပျက်တယ် ဆိုတာ ဟုပ်သလား? ...
15/06/2021

တပည့် ကောင်လေး တစ်ယောက်က မေးလာတယ်

ဘုန်းဘုန်း #မိန်းမ ဖျက်ရင် လူ မပြော နဲ့ တိုင်းပြည်တောင်

ပျက်တယ် ဆိုတာ ဟုပ်သလား? ဘုရား တဲ့။

ဟေ

ငါ့ တပည့် အသဲကွဲ လာပြီ ထင်တယ် ကွ

မ ဟုပ်ပါ ဘုရား သိချင်လို့ပါတဲ့ လေ။

သူ တကယ် အသဲ ကွဲ မကွဲ တော့ မစပ်စု တော့ ပါ။

ဒီလိုရှိတယ် ငါ့ တပည့်ရဲ့ မင်းကို မေးပါရစေအုံးတော့ မင်းကို

ဘယ်သူက မွေးတာလဲ?

အမေ ကလေ ဘုရား

အေး မင်း အမေ ဟာ ဘာလဲ မိန်းမလား ယောက်ျားလား

ဘုန်းဘုန်း ကလည်း အမေ ပါဆို မိန်းမ ပေါ့ ဘုရား။

ဟုပ်ပါပြီ မိန်းမ များစွာထဲက မိန်းမ တစ်ယောက် ဖြစ်တဲ့ မင်းအမေက

မင်းကို ပျက်စီးအောင်များ ဖျက်စီး တာ ရှိသလား? ဒါမှ မဟုပ် မပျက်စီးအောင်

ကောင်းအောင်များ လမ်းညွှန်သလား? မင်း ဖြေကြည့်

ကောင်းအောင် လိမ်မာ အောင် လမ်းမှား မရောက်အောင်

လမ်းပြတာ ပေါ့ ဘုရား။

ဒါဆို မင်း အမေလည်း မိန်းမ လေကွာ မိန်းမ က ဖျက်သလား

ကောင်းအောင် လမ်းပြသလား? စဉ်းစား ပေါ့။

အေး

မောင်တို့ နားလယ်မှု့ လွဲ နေတာလေး ကို ငါ ပါချုပ် ဆရာတော်ကြီး တရား

နာထားရလို့ သိတယ် ဖြေနိုင်တယ်ကွ။

ဒီ လို ကွာ တို့ မြန်မာ စာပေမှာ တားမြစ်တဲ့ အက္ခရာ ရှိတယ်

ဘာဖြစ်မယ် ထင်လဲ?

#မ ဆိုတဲ့ အက္ခရာ လေ ကွာ

ဥပမာ ပြ ပေးမယ် ကွာ မင်း နားလယ် အောင်

သူတပါး အသက် #မသတ်စေချင်ရင်

မ ရှေ့က ခံပြီး မသတ်နဲ့။

မ ခိုးစေချင်ရင် မ ဆိုတာလေးနှင့် တားမြစ်တယ်

#မခိုးနှင့် မကောင်းဘူး

#မသတ်နှင့် မကောင်းဘူး

#မသောက်နှင့် မကောင်းဘူး

#မလုပ်ဘို့ရာ တားမြစ်ချက် မှန်သမျှ #မ ရှေ့က ခံ ရေးတယ် လေကွာ

သစ်ပင် မ ခုပ်ရ

ကွမ်း မ ထွေးရ

လာဘ်။ မ စားရ

အနိုင် မ ကျင့်ရ

ဖဲ မ ရိုက်ရ

ကြက် မ တိုက်ရ

ဘိန်း မ ရှူရ

ဆေးလိပ် မ သောက်ရ

ထို ဥပမာ ထဲက မ အက္ခရာ လေး ဖြုပ်ပြီး အကုန်လုပ်မယ်

ဆိုရင် ဘာဖြစ်မလဲ?။

မလုပ်ရလို့ တားမြစ်ထားတဲ့ မ အက္ခရာ ကို ဖြုပ် အကုန်လုပ်ရင်

ထောင်ကျနိုင်တယ် အပါယ်ကျနိုင်တယ် လူတော မတိုး ဖြစ်နိုင်တယ်

အရှက်‌လည်း ကွဲတတ်တယ်။

ဘာဖြစ်လို့ လဲဆိုရင် မ ဆိုတဲ့ တားမြစ်ချက်ကို ဖြုပ်ပြီး ချိုးဖေါက်လို့

မဟုပ်လား။

ကိုယ့်ရဲ့ ဘဝ ထဲ မှာ #မ ဆိုတဲ့ တားမြစ်ချက် လေး ဖြစ်တဲ့

မ အက္ခရာ ကို ဖျက်ပြီး မလုပ်သင့် တာကို လုပ်ရင် ဘဝ ပျက်တတ်တယ်

ဆိုတဲ့ အဓိပ္ပါယ် ပါ ငါ့ တပည့် ရဲ့။

အမျိုးသမီး ဖြစ်တဲ့ မ ဖျက် လို့ ပျက်တာ မဟုပ်ဖူး

တားမြစ်ချက် မ ကို ဖျက်ပြီး မကောင်းတာလုပ် လို့ပါကွယ် လို့

ဖြေလိုက်မိပါရဲ့။

စာ ဖတ် သူ များ သဘော ပေါက်နိုင်ကြပါစေ။။။။။

#မေတ္တာဖြင့် လောကသရဖူ မှန်ကင်း။။။။။

(၁)ဘာသာဂုဏ်ထူးရှင်များ
18/01/2021

(၁)ဘာသာဂုဏ်ထူးရှင်များ

နှစ်ဘာသာဂုဏ်ထူးရှင်များ
18/01/2021

နှစ်ဘာသာဂုဏ်ထူးရှင်များ

သုံးဘာသာဂုဏ်ထူးရှင် ၆ ယောက် ရဲ့အမှတ်စာရင်းတွေပါ
17/01/2021

သုံးဘာသာဂုဏ်ထူးရှင် ၆ ယောက် ရဲ့အမှတ်စာရင်းတွေပါ

Address

Ye-U

Telephone

09440333630

Website

Alerts

Be the first to know and let us send you an email when Pwint Tharaphu Academic House Private School Ye-U posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Pwint Tharaphu Academic House Private School Ye-U:

Shortcuts

Share